နှင်းမုန်တိုင်း နှစ်ဖွဲ့တည်းတိုက်ဖို့ လက်ခံရဲလား
Vol. 21 Ch. 413
“ခွေးအိုကြီးမာ့ ခင်ဗျားဘာပြောလိုက်တာလဲ.. ကျုပ်တို့နှင်းမုန်တိုင်းကို အဲလိုပြောရဲတာလား” အန်းပိုစီသည် ဒေါသထွက်ပြီး ထခုန်လေသည်။ သူသည် မာ့ရှေ့သို့ရောက်လာကာ ဓားရှည်ကြီးကိုထုတ်လိုက်သည် “ကျုပ်ကို လာစိန်ခေါ်ရဲတာလား”
“စိန်မခေါ်ဝံ့ပါဘူး” မာ့သည် သူ့ကိုအထင်သေးစွာဖြင့် ကြည့်လိုက်သည် “သူများတွေမသိပေမဲ့ ကျုပ် မာ့က မသိဘူးလို့ထင်နေလား.. မင်းတို့က ညအရှင် အိမ်တော်နဲ့ အပေးအယူလုပ်ပြီး ညအရှင်အိမ်တော်ကို အသနားခံထားတာ.. ကျုပ် မာ့က ပင်မတိုက်ကြီးတခွင် ခရီးသွားလာတာ.. ဒါပေမဲ့ ဒီလို အရှက်မဲ့တဲ့ လူမျိုးမတွေ့ဖူးပေါင်”
“ဟင်း မင်း ဘာပြောလိုက်တာလဲ” အန်းပိုစီသည် အော်လေသည် “မင်း ဘာသိလို့လဲ.. နောက်ပိုင်း နှင်းမုန်တိုင်းမှာ ပြဿနာတစ်ခုခုရှိရင် ညအရှင် အိမ်တော်ကို လာရှာပါလို့ သခင်ကြီးချုံချီက ပြောပြီးသွားပြီ.. စောင့်ကြည့်နေ လိုက် မာ့… မင်းကို ညအရှင်အိမ်တော်နဲ့ တိုင်ပြောမယ်.. ဂိုဏ်းခွဲဥက္ကဌဆိုတဲ့ နေရာမှာ ထိုင်နိုင်ဦးမလားဆိုတာ ကြည့်ကြတာပေါ့”
“ဟွန့်” ပေထင်းဟွမ်သည် နှာမှုတ်လိုက်သည်။ မာ့သည် သူမအတွက် ရပ်တည်သဖြင့် သူမလည်း ဘာမှမလုပ်ဘဲ ထိုင်မနေနိုင်တော့ပေ “ညအရှင် အိမ်တော်ရဲ့ ဂုဏ်သတင်းက ဘယ်တုန်းကစပြီး အဲလောက်တန်ဖိုးမဲ့သွားတာလဲ”
“ကောင်စုတ်လေး အဲဒါကမင်းနဲ့ဘာဆိုင်လို့လဲ” အန်းပိုစီသည် ပေထင်းဟွမ်အား ပြဿနာလာရှာခဲ့သော်လည်း ကျော်ကြားမှုကို သူ့ဆီမှ လုယူ သွားလိမ့်မည်ဟုထင်မထားပေ “ညအရှင်အိမ်တော်ရဲ့တံခါးက ဘယ်ဘက်ကို လှည့်ဖွင့်ထားလဲဆိုတာကိုတောင်မသိတဲ့ မင်းလိုလူမျိုးက ညအရှင် အိမ်တော်ကို ထည့်ပြောဖို့ အရည်အချင်းမရှိဘူးလို့ထင်တာပဲ… မင်းက ညအရှင်ကိုတောင် ကိုယ်တိုင်လာပြောဖို့ မျှော်လင့်နေတာဆို.. ပြောပါဦးမယ်.. ဘာလို့ ဒီလောက်တောင် အရှက်မဲ့ရတာလဲ”
“သေချာပေါက် ကျွန်တော် အရှက်မဲ့သည်ဖြစ်စေ မမဲ့သည်ဖြစ်စေ ခင်ဗျားသိဖို့ အခွင့်အရေးရှိမှာမဟုတ်ဘူး… ကျွန်တော့်အဖွဲ့ထဲက မွန်မြတ်တဲ့ သားရဲတွေလိုချင်နေတာမလား” ပေထင်းဟွမ်သည် နှာမှုတ်လေသည် “ဒါဆိုလည်း ကျွန်တော်တို့ ကြေးစားအဖွဲ့နှစ်ဖွဲ့ကြားမှာ မျှမျှတတတိုက်ခိုက်ကြ တာပေါ့.. နှင်းမုန်တိုင်းကြေးစားအဖွဲ့နိုင်ရင် ကျွန်တော့်သိုလှောင်လက်စွပ်ထဲက မှော်သားရဲရာချီပေးမယ်.. ကျွန်တော်နိုင်ရင်တော့ တောင်းပန်ပါတယ်.. ခင်ဗျား တို့ အက်အဆင့်က သံမဏိသွေးအတွက်ဖြစ်လိမ့်မယ်.. လက်ခံရဲလား”
ပေထင်းဟွမ်၏စကားများသည် လေထက်ပင်ပေါ့ပါးကာ ကွင်းတစ်ခုလုံး ကို ဖြတ်တိုက်သွားသည်။ သို့သော် အားလုံး၏ရင်ထဲတွင် ကြီးမားသော လှိုင်းလုံးသဖွယ်ပင်။ သံမဏိသွေးသည် နှင်းမုန်တိုင်းကို အသုံးချပြီး အဆင့်တက်ချင်နေသည်လား။ စီအဆင့်ကြေးစားအဖွဲ့မှ အက်စ်အဆင့် ကြေးစားအဖွဲ့သို့ တစ်ရက်တည်းနှင့် အဆင့်တက်မည်.. ဖြစ်နိုင်မည်လား။
ပြီးတော့ သခင်ကြီးဟွမ်ကျို့ဘာပြောလိုက်တာလဲ။ သူ့သိုလှောင်နေရာ ထဲမှာ မှော်သားရဲ ရာချီရှိပြီးတော့ အဲဒါတွေက မွန်မြတ်တဲ့သားရဲဟုတ်လား။
မိုးနတ်မင်းရေ ဒါကြောက်ဖို့ကောင်းလွန်းတာမဟုတ်ဘူးလား။ ရာချီရှိနေ တာ.. လာနောက်နေတာလား.. ပြီးတော့ သခင်ကြီးဟွမ်ကျို့က သားရဲထိန်း လား။
အားလုံး၏မျက်လုံးများ ပြူးကျယ်သွားသည်။ ပေထင်းဟွမ်သည် နေရာ ထဲမှ အသက်လှောင်အိမ် ဆယ်ခုကို သာမန်ကာလျှံကာပင်ထုတ်လိုက်သည်။ ရွှေရောင်လှောင်အိမ်များတွင် ယဉ်ပါးသော နတ်သားရဲများဖြင့်ပြည့်နေသည်။ တစ်ကောင်ချင်းစီသည် ကြယ် ၉ ပွင့်နတ်သားရဲများဖြစ်သည်။ ပေထင်းဟွမ် သည် လှောင်အိမ်များအားလုံးကို ချင်းယွိကို ပေးလိုက်သည် “အစ်ကိုချင်းယွိ ဒါက မင်းကိုပေးချင်တဲ့လက်ဆောင်ပဲ.. ဒီကြယ် ၉ ပွင့်နတ်သားရဲက မင်းအတွက် အထူးပေးတာ”
လက်ဆောင်လက်ခံရသည့် ခံစားချက်သည် လူတစ်ဦး၏ လက်များကို စိုစွတ်သွားစေသည်။
ပထမအနေနှင့် ကောင်းကင်သစ်သီးတစ်တွဲ ယခုအခါ ထိန်းကျောင်းပြီး သား မှော်သားရဲ ၁၀ ကောင်တို့ဖြစ်သည်။ ထိုအထဲတွင် ကြယ် ၉ ပွင့်နတ်သားရဲ ပင်ပါဝင်လေသည်။ ဒီလောက်ကောင်းတဲ့ပစ္စည်းတွေက သူတို့အတွက် ဘာလို့ ဘာမှမဟုတ်သလိုဖြစ်နေတာလဲ။ ကွင်းထဲမှ ပရိသတ်သည် ငိုချင်လာကြသည်။
“ရှောင်ကျို့.. အစ်ကိုကြီး ဘာပြောရမှန်းမသိတော့ဘူး” ချင်းယွိ မည်သို့ ရင်ထဲမထိဘဲနေမည်နည်း။ ပေထင်းဟွမ်သည် အမြင့်ဆုံးသားရဲထိန်းဖြစ်ကာ ဤကဲ့သို့ သရုပ်မှန်ရှိသူနှင့် ရင်းနှီးရန် မည်မျှခက်ကြောင်းကိုလည်း သူသိသည်။ သို့သော် အမြင့်ဆုံးသားရဲထိန်းအနေနှင့် သူမသည် မှော်သားရဲများကို ကိုယ်တိုင် ဖမ်းကာ ထိန်းကျောင်းပြီး သူ့ကိုပေးခဲ့သည်။ သူ ရင်ထဲမထိဘဲဘယ်လိုနေမည် နည်း.. “ဒါပေမဲ့ အစ်ကိုကြီးရဲ့အသက်က အခုကစပြီး မင်းအပိုင်ဖြစ်သွားပြီ”