← Chapters

နှစ်ဖွဲ့တိုက်ခိုက်ခြင်း၊ အဖွဲ့လိုက်တိုက်မှာလား တစ်ယောက်ချင်းတိုက်မှာလား

Vol. 21 Ch. 414

နှစ်ဖွဲ့တိုက်ခိုက်ခြင်း၊ အဖွဲ့လိုက်တိုက်မှာလား တစ်ယောက်ချင်းတိုက်မှာလား

Vol. 21 Ch. 414

ကြယ် ၉ ပွင့်နတ်သားရဲလား။ သူသည် မှော်သားရဲ ၁၀ ကောင်ကို ဘာမှ မဟုတ်သလို ထိန်းကျောင်းခဲ့သည်။ သံမဏိသွေးကြေးစားအဖွဲ့ထဲတွင် အနည်း ဆုံး အမြင့်ဆုံးသားရဲထိန်းတစ်ယောက် ပါဝင်နေသည်ကို မြင်နိုင်သည်။ သံမဏိသွေးကိုကြည့်သည့် အန်းပိုစီ၏ အကြည့်ထဲတွင် လောဘစိတ်များတက် နေရာ သံမဏိသွေးကို အလိုလိုပင် နောက်ဆုတ်သွားစေသည်။ ထိုအစွဲအလမ်း ကြီးမှုသည် သံမဏိသွေးကို မိန်းမပျိုများကဲ့သို့ပင် ထင်ရစေသည်။

“သေစမ်း ဒါဘာအဓိပ္ပာယ်လဲ.. ငါက ယောက်ျားစစ်ကြီးပါ” မေရှို့သည် မစဘဲမနေနိုင်တော့ပေ။

“ဟားဟား သူက ယောက်ျားတွေကို ကြိုက်တာနေမှာပေါ့” ယွိရုန်းကယ် သည် ရန်စလေသည်။

“သူ ယောက်ျားတွေကို ကြိုက်ရင်တောင် မင်းလိုမျိုး လူချောလေးကိုပဲ ကြိုက်မှာ.. ငါ့လိုမျိုး လူကြမ်းကြီးကိုကြိုက်မှာမဟုတ်ဘူး” အရေးကြီးသော အခိုက်အတန့်၌ပင် မေရှို့သည် သူ၏ပုံရိပ်ကို ဆယ်ရန်ကြိုးစားနေသည်။

“ငါတို့က အဖွဲ့ရောဟုတ်သေးရဲ့လား အရေးကြီးတဲ့အချိန်မှာတောင် မင်းက အဖွဲ့သားတွေကို သစ္စာဖောက်နေတာပဲ” ယွိရုန်းကယ်သည် ဒေါသထွက်လာသဖြင့် မေရှို့ကိုကန်လိုက်သည်။ ဤကောင်လေးတွင် အရည်အချင်းကောင်းများရှိသည်။ မိနစ်ပိုင်းအတွင်းတွင် သူသည် သံမဏိနှင့် တိုက်ခိုက်တောမ့ည်။ မေရှို့နှင့် ညီမဖြစ်သူတို့သည် ကြေးစားအဖွဲ့ဝတ်စုံကို အမှာတင်ချိန်တွင် သူနှင့်တခြားနှစ်ယောက်အတွက်ပါ မမေ့မလျော့မှာထားကြ သည်။

သူတို့နှစ်ယောက်သည် အဖွဲ့ထဲတွင် စနောက်နေကြသည်။ သူတို့သည် ကြောက်နေပုံပေါ်သော်လည်း စိတ်လှုပ်ရှားပုံမပြပေ။ ထိုအစား သံမဏိသွေး တစ်ဖွဲ့လုံးသည် ရယ်ရယ်မောမောဖြစ်နေကြသည်။ သူတို့တွေ ရန်သူကြီးနဲ့ ရင်ဆိုင်နေရတာကိုရော သိရဲ့လား။ နှင်းမုန်တိုင်းက သူတို့ကို ဒေါကန်နေတာ ကိုမသိဘူးလား။ အစကမွန်မြတ်သောသားရဲသာဖြစ်သော်လည်း ယခုအခါ နတ်သားရဲအတွက်ဖြစ်သည်။ ဤပင်မတိုက်တွင် နတ်သားရဲ၏ ဆွဲဆောင်မှုကို မည်သူက ခံနိုင်ရည်ရှိမည်နည်း။

“ဟုတ်ပြီ စစ်ဦးစီးဟွမ်ကျို့က ကတိတည်မယ်လို့ မျှော်လင့်ပါတယ်.. နှင်းမုန်တိုင်းနိုင်ရင် စစ်ဦးစီးဟွမ်ကျို့ရဲ့လက်စွပ်ထဲက မှော်သားရဲအကုန်လုံးက နှင်းမုန်တိုင်းအတွက်ဖြစ်ပြီ” အန်းပိုစီသည် ပေထင်းဟွမ် စကားပြန်ရုတ်သိမ်း မည်ကိုကြောက်သဖြင့် အားလုံး၏ရှေ့၌ ကတိတည်ရန် ဖိအားပေးလေသည်။

“သေချာပေါက်ပဲပေါ့.. ဒါဆို သစ္စာဆိုကြတာပေါ့” ပေထင်းဟွမ်သည် ညာဘက်လက်မြှောက်ကာ ကောင်းကင်အား ကျိန်ဆိုလေသည် “ကျွန်ုပ်သည် နှင်းမုန်တိုင်းကြေးစားအဖွဲ့နှင့်တိုက်ခိုက်လိုပါတယ်.. ကျွန်ုပ်ရှုံးလျှင် သိုလှောင် လက်စွပ်ထဲက မှော်သားရဲအားလုံးကို နှင်းမုန်တိုင်းကိုပေးပါမယ်.. နှင်းမုန်တိုင်း ရှုံးရင် သူတို့က အက်စ်အဆင့်ကိုလက်လျှော့ပြီး ကျွန်ုပ်ကိုပေးပါလိမ့်မယ်”

အန်းပိုစီသည် စိတ်အေးသွားကာ လက်မြှောက်ပြီး ကျိန်ဆိုလေသည်။ ကောင်းကင်နှင့်မြေကြီး စက်ဝန်းကျလာပြီး သူတို့နှစ်ယောက်ကိုလွှမ်းခြုံလိုက် သည်။ သစ္စာသည် သက်ရောက်မှုရှိသွားလေပြီ။

ကွင်းအလယ်တွင် ကြီးမားသောဧရိယာကိုဖန်တီးလိုက်ပြီး မြေကြီးထဲသို့ သုံးမီတာ နစ်ဝင်သွားလေသည်။ ပတ်ပတ်လည်မှလူများသည် တိုက်ပွဲကိုမြင် နေရသည်။ ထိုးဖောက်မြင်ရသော ဖန်နှင့်တူသည့် အကာအကွယ်တစ်ခုလုံး သည် ကွင်းပြင်တစ်ခုလုံးကို ဖုံးအုပ်လိုက်သည်။ ၎င်းသည် စွမ်းအား အတားအဆီးဖြစ်သည်။ ၎င်း၏ဖွဲ့စည်းမှုသည် ရှေးဟောင်းနတ်ဘုရားမှ ချန်ထားခဲ့သည်ဟုဆိုကြသည်။ အထဲတွင် နတ်လောကကျွမ်းကျင်သူများ တိုက်ခိုက်နေလျှင်တောင် စွမ်းအားသည် စွမ်းအားအတားအဆီးအပြင်ဘက်သို့ ထက်မလာနိုင်သလို အပြင်ဘက်တွင်ကြည့်နေသူများကိုလည်း မထိခိုက်စေနိုင် ပေ။

“ဘယ်လိုတိုက်မှာလဲ.. တစ်ခါတည်းအဖွဲ့လိုက်တိုက်မှာလား.. တစ်ယောက်ချင်းတိုက်မှာလား” ပေထင်းဟွမ်သည် ကွင်း၏တစ်ဖက်တွင် လက်ထဲမှ ဓားပျော့ကိုင်ကာရပ်နေပြီး မျက်နှာချင်းဆိုင်တွင်ရပ်နေသော အန်းပိုစီကိုကြည့်လိုက်သည်။

“ဟား ဟား” အန်းပိုစီသည် ပေထင်းဟွမ်အား အန္တရာယ်ပြုမည့် အကြည့် ဖြင့်ကြည့်လေသည်။ သူ့မျက်လုံးထဲမှ အထင်သေးမှုများသည် သက်သေပင်။ သူ မည်မျှပင် သန်မာစေကာမူ တောသားအဆင့်သာရှိသေးသည်။ သူသည် ကြေးစားအဖွဲ့ကြားမှ နှစ်ယောက်တွဲတိုက်ပွဲ စည်းမျဉ်းများကို သိမည်မဟုတ် ပေ။ သူသည် တုံးအလွန်းသည် “အဖွဲ့လိုက်တိုက်ရင် သခင်ကြီးပေယဲမှာ မွန်မြတ်တဲ့သားရဲရှိနေလည်း ဘာလုပ်ရမှာလဲ.. ကျုပ်တို့အဖွဲ့မှာလည်း မှော်သားရဲတွေရှိတာ သိထားသင့်တယ်.. ပြီးတော့ ကျုပ်တို့နှင်းမုန်တိုင်း ကြေးစားအဖွဲ့က လူအယောက် ၅၀၀ ကျော်တယ်.. ကျုပ်တို့နိုင်ရင်တောင် လူအရေအတွက်နဲ့အနိုင်ကျင့်တယ်ဆိုပြီး မပြောနဲ့”

“စကားကိုကွေ့ပတ်ပြောမနေနဲ့ စစ်ဦးစီးအန်းပိုစီ လိုရင်းကိုသာပြော” ပေထင်းဟွမ်သည် သဲ့သဲ့ပြုံးကာ လက်ထဲမှ ဓားပျော့ဖြင့် မြေကြီးတွင် စက်ဝိုင်း တစ်ခုဆွဲလိုက်သည်။ “တစ်ယောက်ချင်းတိုက်မယ်.. သုံးပွဲမှာ နှစ်ပွဲအနိုင်တိုက် မလား ဒါမှမဟုတ် ငါးပွဲမှာ သုံးပွဲအနိုင်တိုက်မလား.. စစ်ဦးစီးအန်းပိုစီကို ဆုံးဖြတ်ခွင့်ပေးမယ်.. ပြီးမှ ကျွန်တော်က အားနည်းတဲ့သူကို မညှာမတာနဲ့ အနိုင်ကျင့်တယ်လို့ ကြေးစားလောကထဲကလူတွေကိုမပြောစေနဲ့”

အားနည်းတဲ့သူကို အနိုင်ကျင့်တယ်ဟုတ်လား။ နှင်းမုန်တိုင်းကို အားနည်းတယ်လို့ လှောင်လိုက်တာလား။

All Chapters