စကားပြောတာတော်လောက်ပြီ၊ သုံးပွဲကအကောင်းဆုံး ပဲ
Vol. 21 Ch. 415
ဝုန်း…
လူများသည် ကွင်းထဲသို့ ဦးတည်ဘက် အဘက်ဘက်မှ ရေးကြီးသုတ်ပျာ ရောက်လာကြသည်။ သံမဏိသွေးကြေးစားအဖွဲ့မှ ခေါင်းဆောင်၏ စကားများ ကို ကြားလိုက်ချိန်တွင် စွမ်းအားအကာဘေးသို့ ဝိုင်းလာကြသည်။ အားလုံးသည် ရယ်မိကြသည်။ သံမဏိသွေးကြေးစားအဖွဲ့ ပီသပါပေတယ်။ အမြဲတမ်း ထောင်လွှားနေတာ။ သို့သော် ထိုထောင်လွှားမှုသည် အားလုံးကို ပြက်ရယ်ပြုစရာဟု မထင်မှတ်ကြပေ။ ထိုအစား သံမဏိသွေးသည် လုပ်ခွင့်ရှိ သည်ဟုသာ တွေးကြသည်။
အခုမှတည်ထောင်ထားသည့် ကြေးစားအဖွဲ့သစ်သည် မျက်စိတစ်မှိတ် အတွင်းတွင် စီအဆင့်မှ အေအဆင့်သို့ တက်သွားခဲ့သည်။ ကြေးစားလောကမှ တခြားသူများသည် အန်းပိုစီကဲ့သို့ ဦးနှောက်မဲ့နေခြင်းမဟုတ်သောကြောင့် သူတို့အဆင့်တက်ရန်အတွက် လာဘ်ထိုးသည်ဟု မတွေးကြပေ။
“မိုက်လိုက်တာ ငါ ဘယ်တော့မှ သူ့လိုလွှမ်းမိုးနိုင်မှာလဲ”
“မင်းလား နောက်ဘဝထိစောင့်နေလိုက်.. မင်းက ဘယ်သူလဲဆိုတာ မသိဘူးလား.. ဘယ်လိုလုပ် သခင်ကြီးဟွမ်ကျို့နဲ့ သွားနှိုင်းနေတာလဲ”
“သခင်ကြီးဟွမ်ကျို့က မိုက်လိုက်တာ”
“ရွှတ် ရွှတ် ရွှတ် ငါ သခင်ကြီးဟွမ်ကျို့ကို ကြွေသွားပြီ.. ဘယ်လိုလုပ်ရ မလဲ”
ကွင်းထဲတွင် လူအယောက် တစ်သိန်းကျော်သည် သူတို့ဆီသို့ ဝိုင်းလာကြ သည်။ အဝေးတစ်နေရာမှ မြို့ဝန်အိမ်တော်၏ အစောင့်အကြပ်စစ်သည်ဝတ်စုံ ဝတ်ဆင်ထားသော အဖွဲ့ကြီးတစ်ဖွဲ့သည် သူတို့ဆီသို့ အလျင်အမြန်ရောက်လာ သည်။ အလယ်မှလူသည် မြို့ဝန်ဖြစ်သည်မှာ ထင်ရှားနေသည်။
အပြင်လူများသည် ချက်ချင်းဆိုသလိုပင် ပွက်လောရိုက်သွားသည် “မြို့ဝန်ရောက်လာပြီ”
“မိုးနတ်မင်းရေ မြို့ဝန်ကိုတောင် သတိပေးသလိုဖြစ်သွားပြီ”
မာ့သည် မူလက ပွဲကြည့်စင်မြင့်တွင် ထိုင်ပြီးကြည့်နေသည်။ ထိုအချိန် တွင် သူသည် အလျင်အမြန်ထကာ မြို့ဝန်အားကြိုဆိုလေသည်။ သူသည် ဘာ ဖြစ်သွားသည်ကိုမသိသော်လည်း မြင့်မြတ်သောပုံစံဖြင့် ပေါ်လာတတ်သော မြို့ဝန်သည် ရင်ပြင်ရှိ ကြည့်ရှုသူများကို စိတ်အားထက်သန်စွာဖြင့် လက်ယမ်း ပြနေသည် “တိတ်ကြပါ.. တိတ်ကြ ဟွမ်ကျို့ရဲ့ တိုက်ပွဲကို မနှောင့်ယှက်ကြနဲ့”
မြို့ဝန်ကိုကြည့်ပြီး စိတ်လှုပ်ရှားနေသော အန်းပိုစီသည် ထင်ယောင်ထင် မှား မြင်နေရသည်ဟုပင် တွေးနေသည်။ ဘာတွေဖြစ်ကုန်တာလဲ။ မြို့ဝန်က သူ့ဘက်ကဖြစ်ရမှာမဟုတ်ဘူးလား။ ဘာလို့ ပေထင်းဟွမ်ရဲ့နာမည်ကို ပြောနေ တာလဲ။
မြို့ဝန်၏ သတိပေးချက်နှင့်အတူ မူလကဆူညံနေသော လူအုပ်သည် ငြိမ် ကျသွားသည်။ တောက်လောင်နေသော မျက်လုံးများသည် စင်ပေါ်မှ လူနှစ် ယောက်ကို ကြည့်လိုက်ကြသည်။
“ဟင်း.. မင်းကို မြို့ဝန်က ထောက်ပံ့ပေးတာနဲ့ပဲ မင်းငါ့ကိုနိုင်လိမ့်မယ်လို့ မတွေးလိုက်နဲ့” အန်းပိုစီသည် လက်ထဲမှ လေးလံသောဓားကြီးကိုဆွဲထုတ်ကာ ဓားထိပ်ဖြင့်ညွှန်ကာ တိုက်ခိုက်မည့်အနေအထားသို့ ပြင်လိုက်သည်။
“အပိုမပြောနဲ့တော့ ဘယ်လိုတိုက်ခိုက်မှာလဲ” ပေထင်းဟွမ်သည် သူမ၏ ကျဉ်းမြောင်းသောမျက်လုံးများကို ဖွင့်ကာ လက်ထဲမှဓားပျော့ကို ဝေ့ယမ်းလိုက် သည်။ ဝှီးခနဲမြည်သံနှင့်အတူ စူးရှသောရောင်ဝါသည် တစ်ဖက်လူဆီသို့ သက်တန့်သဖွယ် ရောက်သွားသည် “အက်စ်အဆင့်ကြေးစားအဖွဲ့လေးပဲကို.. ငါ့အချိန်နဲ့ အားထုတ်မှုနဲ့ တန်လို့လား.. အပိုတွေမပြောနဲ့တော့၊ သုံးပွဲမှာ နှစ်ပွဲ အနိုင်.. စစ်ဦးစီးနဲ့ တပ်မှူးတို့ နှစ်ယောက်တွဲတိုက်မယ့်သူကို ရွေးလိုက်”
“ဟုတ်ပြီ ငါလည်းအချိန်သိပ်မရှိပါဘူး.. ရာချီနေတဲ့ မှော်သားရဲတွေကို စာချုပ်တည်ထောင်ရဦးမယ်”
“ဟီး ဟီး မင်းမှာ အစွမ်းအစရှိရင် လာလိုက်လေ”
ရုတ်တရက်ဆိုသလိုပင် သူမ၏ ဖန်လုံးနှင့်တူသော မျက်လုံးများထဲမှ အလင်းတန်းနှစ်ခုထွက်လာသည်။ ပေထင်းဟွမ်သည် ဘယ်လက်ကိုဝေ့ယမ်း ပြီး သူမ၏ အနက်ရောင်ဝတ်ရုံကို သိုလှောင်လက်စွပ်ထဲထည့်ကာ သူမ၏ အနက်ရောင်ကိုယ်ခံပညာဝတ်စုံကို ထုတ်ဖော်ပြသလိုက်သည်။ သူမ၏ မြင့်မား သောပုံရိပ်သည် ချက်ချင်းဆိုသလိုပင် ကွင်းထဲမှ မိန်းကလေးများ၏ အာမေဋိတ်ကိုယူဆောင်လာလေသည်။ သူမနှုတ်ခမ်းထောင့်များသည် ကွေးတက်သွားကာ အထင်သေးသောမျက်နှာထားသည် သူမ၏ထောင်လွှား သောမျက်နှာပေါ်တွင် ပေါ်လာသည်။ သူမသည် ဓားအိမ်မပါသည့် ချွန်ထက် သော ဓားနှင့်တူလေသည်။
ကိုယ်ခန္ဓာအနေအထားနောက်တစ်မျိုးပဲ။ မူလက ထောင်လွှားသော လူငယ်သည် စံနှုန်းနှင့်ညီသည့် စစ်သည်တစ်ဦးအဖြစ် ပြောင်းလဲသွားသည်။ သူ၏တစ်ကိုယ်လုံးတွင် အန္တရာယ်များသောရောင်ဝါဖြင့် ပြည့်နေပြီး အမဲလိုက် မည့် သစ်ကြုတ်ကဲ့သို့ လူအများကို ကြောက်လန့်စေသည်။
“ဟင်း” အေးစက်သောနှာမှုတ်သံနှင့်အတူ အန်းပိုစီ၏မျက်လုံးထဲတွင် အန္တရာယ်ပြုမည့် အလင်းများလက်သွားလေသည်။ သူသည် ညာဘက်လက်ထဲ မှ ဓားရှည်ကိုမြှောက်လိုက်သည် “ဘယ်ဟာက မင်းအတွက်ကောင်းလဲဆိုတာ မင်းမသိဘူး”