မှော်သားရဲမရှိလို့ သူတို့စစ်ဦးစီးကိုအနိုင်ကျင့်နေတာ လား
Vol. 21 Ch. 416
အပြာနုရောင်ဒြပ်စင်စွမ်းအင်စီးကြောင်းသည် အန်းပိုစီနားတွင် ရုတ်ချည်းဆိုသလိုပေါ်လာသည်။ အေးစက်ပြီး မွန်မြတ်သောငွေရောင်အလင်း တန်းအောက်တွင် ကောင်းကင်အဆင့်ဝိညာဉ်သခင် သင်္ကေတဖြစ်သည့် ငွေရောင်ကြယ်ပုံစံအဖွဲ့အစည်းသည် အန်းပိုစီ၏ခြေထောက်အောက်တွင်ပေါ် လာသည်။ အနက်ရောင်အမွေးနှင့် ရွှေရောင်အစက်အပျောက်များရှိသည့် သစ်တတ်ကျားသည် အားလုံးရှေ့တွင်ပေါ်လာသည်။
မာန်ဟိန်းသံသည် ကောင်းကင်ပေါ်သို့ထိုးတက်သွားကာ နတ်သားရဲ တစ်ကောင်၏ မြင့်မြတ်မှုကို ပြသနေသည်။ အလွန်ပင် ထိတ်လန့်ဖွယ်ကောင်း လှသည်။ ကွင်းထဲတွင် အားလုံး၏ အာမေဋိတ်သံများသည် တိမ်တိုက်များကို ဖြတ်ပြီး ပဲ့တင်ထပ်သွားသည်။
ကြယ်ဝိညာဉ်သခင်၏ခွန်အားနှင့် ကြယ် ၃ ပွင့်နတ်သားရဲတစ်ကောင်တို့ ၏ ပေါင်းစပ်မှုသည် ကမ္ဘာပေါ်တွင်ရှားပါးလွန်းသည်။
ထိုအခိုက်အတန့်တွင် အန်းပိုစီ၏မျက်နှာပေါ်မှ ထောင်လွှားမှုနှင့် အထင်သေးမှုသည် စကားလုံးများဖြင့် ဖော်ပြရန်ပင်မလိုတော့ပေ။ သူသည် ခေါင်းမော့ပြီး ရယ်မောလေသည် “မြင်လိုက်လား.. နတ်သားရဲဆိုတာဘာလဲ.. ကောင်းကင်အဆင့်ကဘာလဲဆိုတာ မင်းကိုကြည့်ခွင့်ပေးလိုက်မယ်”
သူသည် အေးစက်စွာအော်လိုက်သည် “လေ့ယင်း ချပ်ဝတ်တန်ဆာ အပြည့်ပြောင်းလိုက်”
ငွေရောင်အလင်းတန်း တောက်ပလာသည်။ သစ်တတ်ကျားသည် ချက်ချင်းဆိုသလိုပင် အလင်တန်းအဖြစ်ပြောင်းကာ အန်းပိုစီအားခုန်အုပ်လိုက် ၏။ အနက်ရောင်တိုက်ခိုက်ရေး ချပ်ဝတ်တန်ဆာသည် အန်းပိုစီ၏ ခန္ဓာကိုယ် အား အက်ကြောင်းမရှိ ရစ်ပတ်လိုက်သည်။ သစ်တတ်ကျား၏ ဦးခေါင်းသည် သူ့ရင်ဘတ်တွင် မှော်သားရဲချပ်ဝတ်တန်ဆာကို ကိုယ်စားပြုသည့် သင်္ကေတ အဖြစ် တည်ရှိလေသည်။
ချပ်ဝတ်တန်ဆာအဖြစ် ပြောင်းနိုင်သည် နတ်သားရဲ အထင်ကြီးလောက် စရာပင်။
ကွင်းထဲတွင် မြေကြီးကိုတုန်ခါသွားစေလောက်သည့် အော်ဟစ်သံများ ထပ်မံထွက်ပေါ်လာသည်။ ၎င်းသည် ကမ္ဘာကြီး၏ ခွန်အားကိုလေးစားမှုကို ပြသနေသည်။ ဆွေးနွေးမှုများသည် အန်းပိုစီ၏ အတ္တကို ကျေနပ်စေသည်။
“မိုးနတ်မင်းရေ နတ်သားရဲကချပ်ဝတ်တန်ဆာပြောင်းလိုက်ပြီ မိုက်လိုက် တာ”
“အက်စ်အဆင့်ကြေးစားအဖွဲ့ ပီသပါပေတယ်.. ကောင်းကင်အဆင့် ဝိညာဉ်သခင်က ခေါင်းဆောင်ဖြစ်ပြီး နတ်သားရဲလည်းရှိနေတယ်”
“ပြီးသွားပြီ.. သခင်ကြီးဟွမ်ကျို့ ဘယ်လိုလုပ်လဲ.. ငါ့ရဲ့စံပြပုဂ္ဂိုလ်လေး စိတ်မပျက်ရပါစေနဲ့”
“ဟား ဟား ဟား” အလွန်မောက်မာသောအသံသည် စွမ်းအင်အကာကို ဖြတ်ပြီးထွက်လာသည်။ အန်းပိုစီသည် လက်ထဲမှ ဓားရှည်ဖြင့် ပေထင်းဟွမ် အား ချိန်ရွယ်လိုက်သည် “ဘာဖြစ်လို့လဲ တောသား.. မင်းမှာ ချပ်ဝန်တန်ဆာ ပြောင်းနိုင်တဲ့ မှော်သားရဲတစ်ကောင်မှမရှိဘူးလား.. မင်းကို တစ်ကောင် လောက်ပေးရမလား.. မင်းမှာမှော်သားရဲတွေ အများကြီးရှိတယ်မဟုတ်ဘူး လား ဟားဟား.. မှော်သားရဲတွေ ချပ်ဝတ်တန်ဆာအဖြစ်ပြောင်းဖို့ သူများကို ငှားပေးလို့မရဘူးဆိုတာ ငါ မေ့သွားတယ်”
ပေထင်းဟွမ်သည် နှာမှုတ်ကာ သူမ၏ခေါင်းကို ဖြည်းဖြည်းချင်းခါလေ သည်။ သူမသည် ခေါင်းတလားကို မတွေ့ခင် မျက်ရည်မကျတတ်ပေ။ သူမသည် အန်းပိုစီအား သနားစဖွယ်ကြည့်လိုက်သည် “အစတုန်းကတော့ မှော်သားရဲတွေကို ဆင့်ခေါ်ဖို့ အစီအစဉ်မရှိဘူး.. စစ်ဦးစီးအန်းပိုစီက ဒီလောက် အားကောင်းနေလိမ့်မယ်လို့ ထင်မထားဘူး.. ကိုယ့်ပြိုင်ဘက်ကို လေးစားမှုကို ပြသတဲ့အနေနဲ့ တိုက်ခိုက်ဖို့ ကိုယ့်အပေါင်းအဖော်တွေကို ဆင့်ခေါ်ရတော့မှာ ပေါ့”
ချူဖုန်းသည် မျက်လုံးထဲတွင် သနားသည့်အရိပ်အယောင်ပြရုံမှတစ်ပါး မတတ်နိုင်တော့ပေ။ သူသည် မျက်လုံးမှိတ်လိုက်သည်။ ကြယ် ၁ ပွင့်ဝိညာဉ် သခင်သည် ရှောင်ကျို့ရှေ့တွင် ကြွားလုံးထုတ်ချင်နေသည်။ ဒီကမ္ဘာကြီးက ဘယ်တုန်းက မမျှမတတွေဖြစ်သွားတာလဲ။
ရှောင်ကျို့သည် လက်ရှိခွန်အားနှင့် ဝိညာဉ်ဂိုဏ်းကိုပင် စိန်ခေါ်ရန် အရည်အချင်းပြည့်မှီနေမလားဟု သူ သိချင်သေးသည်။
“ဖူး ဟားဟား” သံမဏိသွေးကြေးစားအဖွဲ့ဝင်များသည် ကြင်နာကင်းစွာ ဖြင့် ရယ်မောကြသည်။ နှင်းမုန်တိုင်းရဲ့ခေါင်းဆောင်က ဦးနှောက်မရှိဘူးလား။ သူတို့အဖွဲ့ထဲမှလူတိုင်းတွင် မွန်မြတ်သောသားရဲများရှိကြကာ အဖွဲ့ငယ် ခေါင်းဆောင်များ၏ စံနှုန်းသည် နတ်သားရဲများဖြစ်ကြသည်။ သူတို့ခေါင်းဆောင်မှာ မှော်သားရဲမရှိဘူးဆိုပြီး အနိုင်ကျင့်နေတာလား။
ကမ္ဘာပေါ်တွင် လူတိုင်း စာချုပ်သားရဲမရှိချင်မရှိဘဲနေလိမ့်မည်။ သို့သော် သူတို့ခေါင်းဆောင်တော့ မပါဝင်ပေ။ ဒီလူက ရူးများနေသလား။ ဘယ်လိုလုပ် နှင်းမုန်တိုင်းရဲ့ ခေါင်းဆောင်ဖြစ်လာတာလဲ။
သို့သော် မြို့ဝန်သည် အနည်းငယ် စိုးရိမ်နေသည်။ သူ့တွင် လေးလံသော တာဝန်ယူမှုတာဝန်ခံမှုရှိသည်။ အကယ်၍ ဤလူငယ်တွင် တစ်စုံတစ်ရာဖြစ် သွားပါက သူသည် သူ့မိသားစုကို ဖျက်ဆီးပြီး မိသားစုတစ်ခုလုံးကို သုတ်သင် ပစ်သည့် ရာဇဝတ်မှုမျိုးနှင့် ရင်ဆိုင်ရလိမ့်မည်။ ပြောရလျှင် သူသည် ရာယာ အင်ပါယာ၏ မြို့ဝန်မဟုတ်ပေ။ ညအရှင်ရဲ့အမိန့်နဲ့ စေလွှတ်မှုတွေကို သူက ဘာလို့ နားထောင်ရမှာလဲ။
သူသည် ဤကဲ့သို့မေးခွန်း၏ အဖြေကိုပင်မသိပေ။ သူသည် ခေါင်းညိတ် ကာ ဘေးတွင်ထိုင်နေသော တည်ငြိမ်သည့်မျက်နှာထားနှင့် မာ့ကိုမေးလိုက် သည် “သခင်ကြီးဟွမ်ကျို့က…”
သူ့မေးခွန်းမဆုံးခင်မှာပင် မာ့သည် ခေါင်းကိုဖြည်းဖြည်းလှည့်ပြီး မြို့ဝန် အား အရူးတစ်ယောက်လိုကြည့်လေသည် “အဲဒါဖြစ်နိုင်မယ်လို့ထင်လား” မြို့ဝန်သည် နားမလည်ပေ။ သူ နိုင်မှာလား ရှုံးမှာလား။ သူသည် မေးချင် သော်လည်း မာ့သည် သူ့ကို မပြောချင်ပေ…