အဲဒီနတ်မိစ္ဆာအိုကြီးက ငယ်တဲ့ပုံပေါက်အောင် ဟန်ဆောင်နေတာလား
Vol. 21 Ch. 417
ယွိရုန်းကယ်နှင့်တခြားနှစ်ယောက်သည် စိုးရိမ်နေပုံပေါက်သည်။ ပေထင်းဟွမ်သည် ကောင်းကင်အဆင့်ကျွမ်းကျင်သူဖြစ်ပြီး ၁၄ နှစ်အရွယ် လူငယ်သည် မည်မျှသန်မာကြောင်းကို သူတို့သိချင်ကြသည်။
နှင်းဝံပုလွေကြေးစားတစ်ဖွဲ့လုံးသည် စွမ်းအင်အကာနားကပ်နေကြ၏။ ပေထင်းဟွမ်တွင် မှော်သားရဲပေါင်းများစွာရှိသည်ကို သူတို့သိကြသည်။ သူမ ဘယ်တစ်ကောင်ကို ဆင့်ခေါ်မှာလဲ။ ပေယဲ့သည် ဓား ၁ လက်ကြယ်ဝိညာဉ် သခင်တစ်ယောက်သာဖြစ်သည်။ သူသည် ကြယ် ၉ ပွင့်ဝိညာဉ်သခင်ကြီးဆို လျှင်တောင် ၎င်းလူကို သေသည်အထိ ညှဉ်းပန်းနိုင်ရန်လုံလောက်သည်။
စိန်ခေါ်မှုများကို အနိုင်ဖြင့် ကျော်လွှားခြင်းသည် သခင်ပေယဲ့၏ အထူး ကျွမ်းကျင်မှုဖြစ်ကြောင်းကို သိထားရမည်ဖြစ်သည်။
ရင်ပြင်မှလူများအားလုံးသည် စိုးရိမ်ပူပန်စွာဖြင့် ပေထင်းဟွမ်အား တစိုက်မတ်မတ်ကြည့်နေကြသည်။ အနက်ရောင်ဝတ်ထားသည့် ၁၄ နှစ် အရွယ်လူငယ်သည် အနည်းငယ်ပိန်ပါးသော်လည်း မှိန်းကဲ့သို့ မားမားမတ်မတ် ရပ်နေသည်။ သူ့တစ်ကိုယ်လုံးသည် စစ်ပွဲနွှဲတော့မလိုပင်။ ရှေးဟောင်းစစ် နတ်ဘုရား၏ ဖိအားမျိုးကို စွမ်းအင်အကာရှိသည့်တိုင်အောင် ခံစားမိနေသည်။
အလားတူ အပြာနုစွမ်းအင်အလွှာသည် ပေထင်းဟွမ်၏ ခန္ဓာကိုယ်မှ ထွက်လာပြီး သူမကို ဝန်းရံထားသည်။ ကြီးမားသောကြယ်ပုံစံအဖွဲ့အစည်း သည် သူမ၏ခြေထောက်အောက်တွင် ပေါ်လာသည်။ တောက်ပသော ကြယ် ပဉ္စဂံအဖွဲ့အစည်းအတွင်းတွင် မွန်မြတ်သောဓား ၇ လက်သည် သပ်ရပ်စွာ စီရီ ထားပြီး ယပ်တောင်ပုံသဏ္ဍာန်ဖြင့် ဓား ၇ လက် ကြယ်ဝိညာဉ်သခင်ဖြစ် ကြောင်း ပေထင်းဟွမ်၏ ခွန်အားကိုပြသနေသည်။
လေထုသည် အနည်းငယ် သိပ်သည်းလာသည်။
ပွဲကြည့်စင်တွင် အားလုံးသည် မတ်တတ်ရပ်ကာ ရှေ့သို့ညွှတ်ပြီး ပိုပြီး ရှင်းရှင်းလင်းလင်းကြည့်ချင်နေကြသည်။ သူတို့မြင်နေရသည်များကို မည်သူမှ မယုံရဲဖြစ်နေကြသည်။
ဒါမဖြစ်နိုင်ဘူး။
ကောင်းကင်နှင့်မြေကြီးစည်းမျဉ်းကို ကိုယ်စားပြုသည့် ကြယ်ပုံစံ အဖွဲ့အစည်းသည် ညာစရာအကြောင်းမရှိပေ။ ငွေရောင်အလင်းတန်းသည် တောက်ပလွန်းရာ နွေရာသီအစောပိုင်း တောက်လောင်သောနေရောင်ပင် ၎င်း၏ တောက်ပမှုကို မဖုံးကွယ်နိုင်ပေ။ မရေမတွက်နိုင်သောအကြည့်များ သည် စပ်စုသည့်အကြည့်မှတစ်ဆင့် ထိတ်လန့်မှု၊ ငြီးငွေ့မှု၊ နောက်ဆုံးတွင် မယုံကြည်မှုများအဖြစ် ပြောင်းလဲသွားကြလေသည်။ သူတို့သည် ကိုယ့်နေရာ တွင်ထိုင်နေရင်းမှ ငေးငိုင်သောအကြည့်များဖြင့်ကြည့်ကာ ပါးစပ်မှာလည်း ဥတစ်လုံးဝင်နိုင်လောက်သည်အထိ ပွင့်ဟနေကြသော်လည်း ဘာပြောရမည် ကိုမသိတော့ပေ။
အသက် ၁၄ နှစ်အရွယ် ကြယ်ဝိညာဉ်သခင်သည် အဆင့်မြင့်ကြယ်ဓား ဝိညာဉ်သခင်ဖြစ်နေသည်။ ဒီမကောင်းဆိုးဝါးက ဘယ်ကလာလဲဆိုတာ ဘယ်သူပြောနိုင်လဲ။
“ကျွတ်”
မြို့ဝန်သည် မတတ်သာစွာဖြင့် သူ့မျက်လုံးများကို ပွတ်သပ်လိုက်သည်။ သို့သော် သူ မည်မျှပင် ပွတ်သပ်စေကာမူ ဓား ၇ လက်သည် သူ့ရှေ့တွင်ပေါ်လာ ပြီး မပြောင်းလဲပေ။ ငွေရောင်ကြယ်ပုံစံတည်ဆောက်မှုထဲတွင် တောက်ပနေ တုန်းပင်။
သူလှည့်ပြီး ဥက္ကဌမာ့အပါအဝင် ဘေးနားမှလူများကိုကြည့်လိုက်သည်။ သူတို့အားလုံးသည် ငေးကြောင်သောမျက်နှာထားများနှင့်… ထင်ရှားစွာပင် သူတို့သည် သူမြင်သကဲ့သို့ မြင်နေရသည်။ ဒီလူတွေလည်း မကောင်းဆိုးဝါး လူငယ်ကြောင့် ငေးကြောင်နေကြတာမလား။
တိတ်ဆိတ်နေသည်.. အပ်ကျသံပင်မကြားရတော့ပေ။ တိတ်ဆိတ်မှု သည် လွှမ်းခြုံနေသည်။
ခေတ္တမျှတိတ်ဆိတ်မှု လွှမ်းမိုးပြီးနောက်ကွင်းတစ်ခုလုံးတွင် ကျွက်ကျွက် ညံသွားလေသည်။ အာမေဋိတ်သံများနှင့် မယုံနိုင်မှုများသည် ကွင်းတစ်ခုလုံး ကို မုန်တိုင်းသဖွယ် တိုက်ခတ်သွားသည်။ ရင်ပြင်တစ်ခုလုံးမှာ ရူးလောက်သည့် အခြေအနေဖြစ်နေသည်။
“မဖြစ်နိုင်တာ.. သခင်ဟွမ်ကျို့.. ဘယ်လိုလုပ် ဒီလောက်အဆင့်တက် တာမြန်တာလဲ” နှင်းဝံပုလွေမှလူများသည် မယုံနိုင်ဖြစ်နေသည်။ ရက်အနည်း ငယ်သာ ကြာသေးသည်။ သူ ကြယ် ၉ ပွင့်ဝိညာဉ်သခင်ကြီးမှ ဓား ၇ လက် ကြယ်ဝိညာဉ်သခင်အဖြစ် အဆင့်တက်စဉ်က သူတို့၏သခင်လေးသည် မကောင်းဆိုးဝါးဆန်သည်ဟု တွေးခဲ့ကြသည်။ ပိုပြီးသာမန်မဟုတ်သည့်လူနှင့် တွေ့ရလိမ့်မည်ဟု ထင်မထားကြပေ။
“ငါလည်းဖြစ်နိုင်မယ်လို့မထင်ဘူး.. သခင်ဟွမ်ကျို့က ဒီလောက်ငယ် သေးတာကို”
“နတ်မိစ္ဆာအိုကြီးက ငယ်ချင်ယောင်ဆောင်ထားတာလို့တော့ မပြောနဲ့”
“မဖြစ်နိုင်တာ.. ကောင်းကင်နဲ့မြေကြီးစည်းမျဉ်းက အမှားလုပ်တာကို မင်း မြင်ဖူးလို့လား.. နတ်ဘုရားတွေပေါ်လာပြီး မင်းကို သေအောင် နှိပ်ကွက် မှာကို မကြောက်ဘူးလား.. ဟွမ်ကျို့က ကြယ်ဝိညာဉ်ပဲ.. ဝိညာဉ်ဂိုဏ်းသခင် မဟုတ်ဘူး”
လူသားများ ဝိညာဉ်ဂိုဏ်းအဖြစ်အဆင့်တက်ပြီးနောက် သူတို့၏ အိုမင်း ရင့်ရော်ခြင်းမှာ နှေးသွားပြီး သူတို့၏အသွင်အပြင်ကို တစ်သက်လုံး ငယ်ရွယ် အောင်ထိန်းသိမ်းနိုင်သည်။ ပေထင်းဟွမ်သည် ကြယ်ဝိညာဉ်သခင်ဖြစ်ကာ ဝိညာဉ်ဂိုဏ်းမဟုတ်သည်မှာထင်ရှားသည်။ သူသည် ငယ်ချင်ယောင်ဆောင် သည့် ဝိညာဉ်ဂိုဏ်းအဘိုးကြီးမဖြစ်နိုင်ပေ။
သည်တစ်ခေါက်တွင် အန်းပိုစီ နတ်သားရဲကိုဆင့်ခေါ်သည့်အချိန်ထက် ပင်ပို၍ လှုပ်လှုပ်ရှားရှားဖြစ်သွားကြသည်။ န်းပိုစီသည် ပေထင်းဟွမ်၏ရှေ့၌ ရပ်ကာ ရှင်းလင်းစွာမြင်နေရသည်။ သူ တောင့်ခံနေသောဖိအားသည် ပို၍ သန်မာလသည်။ ၎င်းသည် အဆင့်မြင့်ဓားကြယ်တိညာဉ်သခင်၏ ဖိအားမှ လာခြင်းဖြစ်ပြီး ကြက်ခြေခတ်ဓား ၇ ချောင်းဖြစ်သည်။ သူသည် ကောင်းကင် အဆင့်သို့ ရောက်သည်မှာမကြာသေးသလို ဓား ၁ လက် ကြယ်ဝိညာဉ်သခင် ဖြစ်ရန် အထောက်အပံ့များကိုမှီခိုခဲ့ရသည်။ သူ၏လောကသည် မတည်ငြိမ် သေးပေ။ သူသည် ဓား ၇ လက်ဝိညာဉ်သခင်ဖြစ်သည့် ပေထင်းဟွမ်နှင့် မည်သို့ တိုက်ခိုက်နိုင်မည်နည်း။
မဟုတ်သေးဘူး.. သူ ကြောက်လို့မဖြစ်ဘူး.. သူ့မှာ ဝမ်းတွင်းစာချုပ် မှော်သားရဲဖြစ်တဲ့ နတ်သားရဲရှိသေးတယ်.. သူကြောက်လို့မဖြစ်ဘူး…