ဒီနတ်သားရဲက ကြီးလွန်းတာ
Vol. 21 Ch. 418
“ထွက်လာခဲ့ ငါ့လက်တွဲဖော်လေး”
ပေထင်းဟွမ်၏ ကြည်လင်သောခေါ်သံသည် ကောင်းကင်နှင့်မြေကြီး အကြားတွင် ပဲ့တင်ထပ်သွား၏။ သူမသည် ညာဘက်လက်ကိုမြှောက်လိုက်ရာ သွေးနီရောင်ကျောက်စိမ်းလက်ပတ်သည် ရုတ်တရက် သူမလက်ကောက်ဝတ် ပေါ်တွင်ပေါ်လာသည်။ နေရောင်အောက်တွင် သွေးနီရောင်အလင်းသည် အားလုံး၏မျက်လုံးများကို စူးသွားစေသည်။ သူတို့သည် လက်ပတ်ကို လွှမ်းခြုံ ထားသည့် အပြာနုရောင်ဒြပ်စင်စွမ်းအင်အလွှာကိုသာမြင်ရကာ ထိုလက်ပတ် သည် ပေထင်းဟွမ်၏လက်ကောက်ဝတ်အား ဝှီးခနဲကျရောက်လာသည်။ ငွေရောင်ကြယ်ပုံစံအဖွဲ့အစည်းသည် ပေထင်းဟွမ်နှင့် လက်ပတ်ကို လွှမ်းခြုံ လိုက်သည်။ ငွေရောင်အလင်းတန်းသည် တောက်ပစွာလင်းလက်လာကာ လက်ပတ်လည်း ဆက်ကြီးလာသည် “အဲဒါဘာကြီးလဲ အပင်အမျိုးအစား မှော်သားရဲလား”
“ငါ.. ငါလည်း သေချာမမြင်ရဘူး”
ရင်ပြင်ထဲမှလူများသည် ရှင်းလင်းစွာမမြင်ရသည့်အပြင် ပေထင်းဟွမ်နှင့် မျက်နှာချင်းဆိုင်ရပ်နေသည့် အန်းပိုစီပင်လျှင် ရှင်းရှင်းလင်းလင်းမမြင်ရပေ။ ထိုနီနီရဲရြလက်ပတ်သည် အမှန်တကယ်ပင် နွယ်ပင်နှင့်တူသည်။ ပေထင်းဟွမ် တွင် အပင်အမျိုးအစား မှော်သားရဲရှိသည်ဟု ကြားသည်နှင့် နွယ်ပင်လေးကို ကိုယ်တိုင်မမြင်ဖူးသော အန်းပိုစီသည် ချက်ချင်းပင် ထိုနွယ်ပင်ကို မှော်သားရဲ တစ်ကောင်သဖွယ် ဆက်ဆံနေသည်ကိုကြည့်ပြီး ကျယ်လောင်စွာရယ်မော လေသည်။
“မင်းမှာက အပင်အမျိုးအစားမှော်သားရဲပဲရှိတာပဲ.. အဲဒါကိုတောင်မှ ငါ့နတ်သားရဲတွေနဲ့ တိုက်ခိုက်ချင်သေးတယ်.. သခင်ကြီးဟွမ်ကျို့ ဘာလို့အရှုံး မပေးလိုက်တာလဲ.. ငါက မင်းသိုလှောင်လက်စွပ်ထဲက မှော်သားရဲတစ်ဝက်ကို ပဲလိုချင်တာလေ ဘယ်လိုလဲ” အန်းပိုစီသည် ဦးနှောက်ရှိသေးကာ ပေထင်းဟွမ် သည် အဆင့်မြင့်ဓားကြယ်ဝိညာဉ်သခင်ဖြစ်သည်ကို မမေ့သေးပေ။
“မှော်သားရဲပဲဟုတ်လား.. အပင်မှော်သားရဲတဲ့လား” ချူဖုန်းသည် နှာမှုတ် ကာ အန်းပိုစီးအား အေးစက်သောမျက်လုံးများဖြင့် ကြည့်လေသည်။ ဒီအရူး တော့ သူ သေတော့မယ်ဆိုတာကိုတောင်မသိဘဲ ဒီမှာအဓိပ္ပာယ်မရှိတာတွေ လာပြောနေတယ်။
နတ်သားရဲဟုတ်လား။ ချင်းယွိသည် ခေါင်းခါလိုက်သည်။ ၎င်းသည် သာမန်နတ်သားရဲဖြစ်လိမ့်မည်ဟု မထင်ပေ။ တခြားသူများသည် ရှောင်ကျို့၏ နည်းလမ်းများကို မသိချင်မသိဘဲနေလိမ့်မည်။ သို့သော် သူ သိသည်။ ထို့အပြင် ပင်မတိုက်ကြီးတွင် မည်သည့်အချိန်က ကြီးမားသည့်နတ်သားရဲမျိုး ပေါ်လာဖူး သနည်း။
သံမဏိသွေးကြေးစားတစ်ဖွဲ့လုံးပင် အော်ဟစ်ကြသည်။ သူတို့၏ ခေါင်းဆောင်တွင် ဤကဲ့သို့စွမ်းအားကြီးသည့် မှော်သားရဲမျိုးရှိလိမ့်မည်ဟု သူတို့ထင်မထားကြပေ။ ဘယ်တုန်းက မွေးထားတာလဲ။
မြို့ဝန်သည် ရုတ်တရက် မတ်တတ်ထရပ်ကာ ငွေအရောင်အလင်းတန်း ထဲမှ အနီရောင်ပုံရိပ်ကို ခေတ္တမျှ စိုက်ကြည့်လေသည်။ ၎င်းသည် စွမ်းအား အကာအရံတစ်ခုလုံး ဖြည်းညင်းစွာ ဆန့်ထုတ်လိုက်သည့်အချိန်မှပင် ရပ်တန့် သွားလေသည်။ ၎င်းသည် စပါးအုံးမြွေဖြစ်သည်မှာ ထင်ရှားသည်။ သူသည် ဤမျှကြီးမားသော စပါးအုံးမြွေကိုယ်ထည်ကို မမြင်ဖူးပေ။
သွေးအဆိပ်ခေါင်းသုံးလုံး စပါးအုံးမြွေလား။ ၎င်းမှာ မည်မျှကြီးမားသည် ကို ဖော်ပြ၍ပင်မရပေ။ မြို့ဝန်သည် မှင်တက်သွားသည်။ ဒီလူငယ်က အဲဒါ ကြောင့်ကိုး… ဤကဲ့သို့ မွန်မြတ်လှသည့် ပစ္စည်းမျိုး အမှန်တကယ်ရှိနေသည်။ ညအရှင်၏အိမ်တော်သည် ဤလူငယ်အား ဘာမှမဖြစ်စေရန် အထပ်ထပ် ညွှန်ကြားခဲ့သည်။ သူသည် အလွန်စိတ်ပူနေခဲ့သေးသည်။ သူ ဘာလို့ စိတ်ပူနေ ရမှာလဲ။
သူမတွင် မဟာမိတ်မြို့တော်ကို ဖျက်ဆီးနိုင်သည့်ခွန်အားရှိသဖြင့် သူမ ကို ဒေါသထွက်အောင်လုပ်သူတိုင်းသည် ဒုက္ခရောက်လိမ့်မည်။
စပါးအုံးမြွေ၏ တစ်ကိုယ်လုံးသည် သွေးနီရောင်မြူခိုးအလွှာကို ရစ်ပတ် လိုက်ကာ သူ၏သွေးနီရောင်ကြေးခွံသည် ထူးဆန်းသည့်အရောင်အဖြစ် တောက်ပနေသည်။ ခြေထောက်လေးချောင်းသည် သူ၏ဝမ်းဗိုက်မှထွက်လာ ရာ သူသည် နဂါးနှင့်ပင်တူနေသည်။ သံကွေးနှင့်တူသည့် လက်သည်းများသည် အနည်းငယ်ကွေးနေကာ ကြီးမားသည့်ခေါင်းသုံးလုံးသည် အမြင့်သို့တက်နေ ၏။ သူ၏ ကြီးမားသောမျက်လုံးခြောက်လုံးသည် ကွင်းထဲရှိ အန်းပိုစီအားငုံ့ ကြည့်နေသည်။ သူ့အသံသည် ရှေးခေါင်းလောင်းနှင့်တူကာ အားလုံး၏ စိတ်ကို ရိုက်ခတ်ပြီး တုန်ခါသွားစေသည်။ “သခင် သူတို့က ပိုးမွှားလေးနှစ်ကောင်ပဲကို ဘာလို့ကိုယ်တိုင်လုပ်ချင်နေတာလဲ”
“နတ်သားရဲလား.. တကယ်ပဲ နတ်သားရဲနောက်တစ်ကောင်လား”
“မိုးနတ်မင်းရေ ဒီ ဒီ.. ဒီနတ်သားရဲက ကြီးလိုက်တာ” သစ်တတ်ကျား ကိုမြင်ဖူးသော သူတို့အဖွဲ့သည် နတ်သားရဲတစ်ကောင်ကိုမြင်ရသည်ကို မယုံ ကြည်နိုင်ဖြစ်နေသည်။
“ကြောက်ဖို့ကေင်းလိုက်တာ.. သူတို့ တိုက်ခိုက်ဖို့လိုသေးလို့လား”
မှော်သားရဲတစ်ကောင်၏ အဆင့်မြင့်လေလေ ၎င်းတို့၏ ပင်မကိုယ်ထည် ကြီးလေလေဖြစ်သည်။ မှော်သားရဲ၏ပင်မကိုယ်ထည်သည် အသန်မာဆုံးဖြစ် သည်။ နှစ်ပေါင်းတစ်သောင်းကြပြီးနောက် အဂူးသည် ကျိန်စာကြောင့် ပင်မကိုယ်ထည်ကို ပျောက်ဆုံးခဲ့သည်။ ပေထင်းဟွမ်နှင့် စာချုပ်တည်ထောင် ပြီးသည့်နောက် ကျိန်စာပြယ်သွားကာ သူ၏ပင်မခန္ဓာကိုယ်ကို ပြန်ရခဲ့သည်။ သူ ကမ္ဘာကြီးရှေ့မှောက်သို့ ထွက်လာသည်မှာ ပထမဆုံးအကြိမ်ဖြစ်သည်… သူ့ ပင်မခန္ဓာကိုယ်ကို ထုတ်ပြဖို့ ဒီလိုအခွင့်အရေးမျိုးကို ဘာလို့လက်လွတ်ခံရမှာ လဲ။