← Chapters

အထွတ်အမြတ်သားရဲ

Vol. 21 Ch. 419

အထွတ်အမြတ်သားရဲ

Vol. 21 Ch. 419

သို့သော် ထိုအခိုက်အတန့်တွင် လူအုပ်ကြီးသည် ပေထင်းဟွမ်အား တလေးတစားဖြင့် အော်ဟစ်အားပေးကြသည်။ သခင်ဖြစ်သူ၏ ပြိုင်ဘက်သည် ကြယ် ၃ ပွင့်နတ်သားရဲဖြစ်နေသည်ကိုကြည့်ပြီး သစ်တတ်ကျား မိုးကြိုးသွား သည် ရူးသွပ်သွားမတတ်ပင်။ သူသည် လက်ပတ်နေရာထဲတွင် အဆက်မပြတ် လှိမ့်နေကာ ပေထင်းဟွမ်ကိုခေါ်စေချင်နေပြီး ကိုယ်တိုင်ကိုယ်ကျ နတ်သားရဲ ကို ချေမှုန်းချင်နေသည်။

“သစ်တတ်ကျားနောက်တစ်ကောင်ပဲ.. ဒီကမ္ဘာပေါ်မှာ ဘယ်လိုလုပ် သစ်တတ်ကျားနှစ်ကောင်ရှိရတာလဲ.. ငါအဆင်မပြေနေတော့ဘူး” မိုးကြိုးသွား သည် ဒေါသဖြင့် ခြေထောက်ဆောင့်လေသည်။

“မင်းအပြင်မထွက်တာကောင်းမယ် ကိုယ့်သေတွင်းကိုယ်တူးနေသလိုပဲ.. သူက ကြယ် ၃ ပွင့်ရှိပြီး မင်းထက် ကြယ် ၁ ပွင့်ပိုမြင့်နေတာမမြင်ဘူးလား.. မင်းက သူ့ကိုကိုယ်တိုင်တောင်ချေမှုန်းချင်နေသေးတယ်.. မင်းက သခင့်ရဲ့ ခွန်အားကိုသုံးပြီး သူ့ကိုချေမှုန်းချင်နေတာထင်တာပဲ” သူသည် ကမ္ဘာကြီးကို ဂယက်ထစေလိုသည့်အလား လျှပ်စီးသည် ညှာတာမဲ့စွာဖြင့် ပြောလေသည်။

“မဟုတ်သေးဘူး လျှပ်စီး ကောင်စုတ် မင်းက ငါ့ကိုမနာလိုပြီး အားကျ နေတာရှင်းနေတာပဲ” မိုးကြိုးသွားသည် မြက်ခင်းပေါ်တွင်လှိမ့်ပြီး နာကျင်သွား လေ၏။ အစိမ်းရင့်ရောင်မြက်ပင်သည် သူ၏ရွှေရောင်အစက်အပျက်အမွေးနှင့် ရောသွားသောအခါ အလွန်ပင် ရယ်စရာကောင်းနေသည်။

“အစ်ကိုမိုးကြိုးသွား ရပ်လိုက်ပါတော့” လင်းမိုသည် သည်းမခံနိုင်တော့ ပေ။

သူတို့အားလုံးသည် ပေထင်းဟွမ်၏ သားရဲများဖြစ်ကြသည်။ သူတို့နှစ် ယောက်ကြားမှ အငြင်းအခုံကို သူမကြားချင်လည်း ကြားနေရသည်။ သူ့ခေါင်း ကိုက်လာသည် “သခင်က အစ်ကိုကြီးအဂူးကိုခေါ်ထုတ်ပြီး အားလုံးရှေ့မှာ ဝှက်ဖဲပြချင်တယ်လို့ ထင်နေလား.. သခင်လည်းမတတ်နိုင်လို့လေ.. ငါတို့ အကုန်လုံးက ပေယဲ့ရဲ့သားရဲတွေပဲ.. ငါတို့ထွက်လိုက်တာနဲ့ သခင့်ရဲ့သရုပ်မှန် ပေါ်သွားလိမ့်မယ်”

သူ သက်ပြင်းချလိုက်သည်။ သူ၊ အလင်းစီးကြောင်းနှင့် ရှောင်ကျောက်တို့ သည် သခင့်၏ အားအနည်းဆုံးမှော်သားရဲများဖြစ်နေပုံပင်။ သူတို့သည် အနာဂတ်တွင် အောက်ခြေ၌သာအမြဲရှိနေပုံပင်။ သူသည် ဖြစ်နိုင်သလောက် မြန်မြန် ကျင့်ကြံပြီး ပါဝင်ကူညီရမည်။

လင်းမို ထိုသို့ပြောပြီးနောက် နောက်ဆုံးတွင် မိုးကြိုးသွားသည် ငြိမ်ကျ သွားသည်။ ပေထင်းဟွမ် သက်ပြင်းချလိုက်သည်။ လင်းမိုသည် အမြင်ရှိသည်။

သူမသည် အဂူးကို လူသားအသွင်ကို ထုတ်မပြရန် အသိစိတ်ထဲမှ အမိန့်ပေးထားသည်။ သူမတွင် နတ်သားရဲရှိနေခြင်းမဟုတ်ဘဲ အထွတ်အမြတ် သားရဲရှိနေသည်ကို လူတိုင်းကို ပေးမသိလိုပေ။ မည်သို့ပင်ဖြစ်စေကာမူ ရင်ပြင် ထဲမှလူများသည် သူတို့အတွက် မည်သည့်အရာကကောင်းသည်ကို မည်သူမှ မသိကြပေ။ ထိုလူများသည် အထွတ်အမြတ်သားရဲမဆိုထားနှင့် နတ်သားရဲကို ပင် မြင်ဖူးကြသူများမဟုတ်ပေ။

အဂူးသာ လူသားအသွင်မပြောင်းသရွေ့ မည်သူကမှ သူ့ကိုမှတ်မိမည် မဟုတ်ပေ။

“ဟုတ်ကဲ့ သခင်”

အဂူး၏ခန္ဓာကိုယ် ပတ်ပတ်လည်မှ သွေးရောင်မြူခိုးသည် ပျံတက်သွား လေ၏။ အထွတ်အမြတ်သားရဲ၏ နယ်ပယ်ကို အသက်သွင်းပြီးရာ စွမ်းအင် အကာအရံတစ်ခုလုံးသည် သွေးနီရောင်အလင်းဖြင့် ပြည့်နှက်သွားသည်။ စွမ်းအင်အကာအရံအပြင်ဘက်မှ လူများသည် အထဲမှအဖြစ်အပျက်များကို မမြင်ရတော့ပေ။ အားလုံးသည် မတ်တတ်ရပ်ကာ တိုက်ပွဲကို ရှင်းရှင်းလင်းလင်း မြင်ရရန် ရှေ့သို့ကုန်းကြည့်ကြသည်။ ချပ်ဝတ်တန်ဆာ ဝတ်ဆင်ထားသော အန်းပိုစီသည် ကြီးမားသောနတ်သားရဲရှေ့တွင် သေးငယ် သွားသည်ကိုသာ သူတို့မြင်လိုက်ရသည်။ တစ်ဖက်တွင် အနက်ရောင်ဝတ်ဆင် ထားသော ပေထင်းဟွမ်သည် လက်ပိုက်ထားကာ အန်းပိုစီအား အေးအေးလူလူ ကြည့်နေသည်။ ဤလူငယ်သည် လက်ရှိတွင် စိတ်လှုပ်ရှားမှု အနည်းဆုံးဖြစ်နေ လိမ့်မည်။

“ဘယ်.. ဘယ်လိုဖြစ်နိုင်မှာလဲ” အန်းပိုစိ၏အသံသည် စွမ်းအင်အကာအရံကို ဖြတ်ပြီးထွက်လာသည်။ အပြင်မှလူများမသိကြပေ။ သို့သော် သူနှင့်မျက်နှာချင်းဆိုင်တွင်ရှိနေသော ကြီးမားသည့်သားရဲသည် အထွတ်အမြတ်သားရဲဖြစ်သည်ဟု သူ၏နတ်သားမှပြောလိုက်ခြင်းကြောင့် သူ သိသည်။

အထွတ်အမြတ်သားရဲ.. အန်းပိုစီးသည်ဒြပ်စင်စွမ်းအင်ကို သူ၏ဝိညာဉ် ချပ်ဝတ်တန်ဆာအတွင်းသို့ စိတ်အားထက်သန်စွာဖြင့် ထည့်လိုက်သော်လည်း သူ၏ ဝမ်းတွင်းနတ်သားရဲလော့ယင်းသည် တောင့်မခံနိုင်တော့ဘဲ အထွတ်အမြတ်သားရဲကို ဒူးထောက်လေသည်။

တစ်ဖက်လူသည် အားကောင်းသောသွေးသားနှင့် အထွတ်အမြတ်သားရဲ ဖြစ်သည်။ သွေးသားဖိနှိပ်မှုသည် ကောင်းကင်နှင့်မြေကြီးကဲ့သို့ပင် လွှမ်းမိုးမှုရှိ သည်။ လော့ယင်းသည် မနာခံဘဲမနေနိုင်ပေ။

“မဖြစ်နိုင်တာမရှိဘူး” ပေထင်းဟွမ်သည် ရှေ့နှစ်လှမ်းတိုးကာ လှောင်ပြောင်စွာဖြင့်ပြောလေသည် “အခု ကျွန်တော် ဒီအခွင့်အရေးကို လက်လျှော့လိုက်မယ် သခင်ကြီးအန်းပိုစီနဲ့ ခင်ဗျားရဲ့နတ်သားရဲတို့ပေါင်းပြီး အပင်မှော်သားရဲလောက်ကို တိုက်ခိုက်ပါ.. ကျွန်တော့်အပင်မှော်သားရဲက သန်မာမလား ဒါမှမဟုတ် ကောင်းကင်အဆင့်နဲ့ နတ်သားရဲက ပိုသန်မာမလား…”

All Chapters