← Chapters

ရက်စက်လိုက်တဲ့အတွေးတွေပဲ

Vol. 21 Ch. 420

ရက်စက်လိုက်တဲ့အတွေးတွေပဲ

Vol. 21 Ch. 420

နေရာတစ်ခုလုံး တိတ်ဆိတ်သွားသည်။ သခင်ကြီးဟွမ်ကျို့၏ ပါးစပ်သည် သူမ၏ သွေဖယ်သောခွန်အားထက်ပင် ပိုရက်စက်သည်။

အန်းပိုစီးလည်း မှင်တက်သွားသည်။ ၎င်းသည် သွေးနီရောင်သွေးကြော များရှိသည့် အပင်မှော်သားရဲမျှသာဖြစ်သည်။ ၎င်းသည် အထွတ်အမြတ်သားရဲ ဖြစ်နေလိမ့်မည်ဟုထင်မထားပေ။

သို့သော် မြို့ဝန်သည် စိတ်ထဲမှ ကျိန်ဆဲမိသည်။ ဤလူငယ်သည် ငယ်ရွယ်သော်လည်း ရန်ငြိုးရန်စကို ဆုပ်ကိုင်ထားနိုင်သည့် အစွမ်းအစမှာ မသေးလှပေ။ သူ ရန်သွားမစသင့်ပေ။

တစ်ဖက်တွင် မာ့သည် ဤလူငယ်ကို မပြစ်မှားမိသည့်အတွက် ကံကောင်းသည်ဟု ခံစားနေရသည်။ ကြောက်မက်ဖွယ်ကောင်းလှသည်။ သူ သည် သန်မာရုံတင်မကဘဲ အပ်တစ်ချောင်းထက်ပင်ပို၍ အကြံများသည်။ ပြောရလျှင် သူမ ပထမဆုံးအကြိမ် သွေးကျောက်စိမ်းနှင့်တူသော လက်ပတ်ကို ထုတ်ပြစဉ်က မာ့၏ အိုမင်းသောမျက်လုံးများသည် ဝေဝါးသွားပြီး နွယ်ပင် အပိုင်းအစိကုမြင်လိုက်ရသည်။ ဤကောင်လေးဟွမ်ကျို့တွင် မည်သို့များ ယခု လိုရှားပါးသည့်ပစ္စည်းမျိုးရှိနေသလဲဟု သူ တွေးနေတုန်းပင်။

တစ်ဖက်တွင် သံမဏိသွေးအဖွဲ့ဝင်များသည် မျက်နှာချင်းဆိုင်တွင်ရှိနေ ကြသည်။ သူတို့၏ခေါင်းဆောင်သည် အလွန်မိမိုက်လွန်းသည်။ သူသည် အမြဲ တမ်းမိမိုက်ခဲ့သည်။ သူတို့သည် သူ့ကိုချစ်လွန်း၍ပင် သေနိုင်သည်။ သူတို့ ဘာလုပ်ရမည်နည်း။

ချူဖုန်းနှင့် ချင်းယွိတို့သည် တစ်ယောက်နှင့်တစ်ယောက် ကြည့်လိုက်ကြ သည်။ သူတို့နှစ်ယောက်လုံးသည် အချင်းချင်း၏မျက်လုံးထဲမှ မေတ္တာနှင့် ရယ်မောခြင်းများကို မြင်နေရသည်။

အန်းပိုစီး၏မျက်နှာသည် ဖြူဖတ်ဖြူရော်ဖြစ်လာသည်။ သူသည် ယနေ့ ရှုံးတော့မည်ကို ကောင်းစွာသိသည်။ အထွတ်အမြတ်သားရဲ၏ ခွန်အားသည် နတ်ဘုရားလောကနှင့်ပင် နီးစပ်သည်။ မိုးစက်များအနီရောင်ပြောင်းသွားသည့် တိုင်အောင် ဤအထွတ်အမြတ်သားရဲကို အနိုင်ယူရန် ယုံကြည်ချက်မရှိပေ။

“မင်းကို အရင်တိုက်ခိုက်ဖို့ အခွင့်အရေးပေးမယ်” အဂူးသည် မောက်မာ စွာပြောလေသည်။ သူ၏ ကြီးမားသောခေါင်းသုံးလုံးသည် အသာလှုပ်ခါသွား လေသည် “တစ် နှစ်..”

သူ စတင်ရေတွက်တော့သည်။

သူသည် ဘေးတွင်ခံစားချက်မဲ့စွာရပ်နေသော ပေထင်းဟွမ်ကို ကြည့် လိုက်၏။ သူမသည် သူမနှင့်မဆိုင်သည့် ပွဲကြီးပွဲကောင်းကိုကြည့်နေသလိုပင်။ အန်းပိုစီးသည် လက်တုံ့ပြန်ချင်လာသည်။ ဤအရာများအားလုံးသည် ဤလူငယ်ကြောင့်ပင်။ သူ့ကြောင့်သာမဟုတ်လျှင် သူသည် ဤအခြေအနေသို့ ရောက်လာမည်လား။ သုံးပွဲတွင် နှစ်ပွဲနိုင်သူသည် အနိုင်ရသူဟုပင်ပြောခဲ့သည်။ သူသေသွားလျှင် နှင်းမုန်တိုင်းကြေးစားအဖွဲ့လည်း တည်ရှိနိုင်တော့မည်မဟုတ် ပေ။ ကျန်သည့်နှစ်ပွဲကို သူ မည်သို့လုပ်ရတော့မည်နည်း။

ဤလူငယ်တွင် ဤကဲ့သို့ရက်စက်သော စိတ်ရှိသည်။ သူသည် ဤစွမ်းအင်အကာအရံကိုဝင်ရောက်ပြီး သူ့ကိုသေသည်အထိ တိုက်ခိုက်မည်မှာ ထင်ရှားနေသည်။

“ဟင်း.. ခင်ဗျားမှန်းတာမှန်တယ်.. ခင်ဗျား ညအရှင်အိမ်တော်ကို အကာအကွယ်အဖြစ် အသုံးချကလိုက်ကတည်းက ကျွန်တော်က ခင်ဗျားကို ဖျက်ဆီးဖို့ ရည်ရွယ်ထားပြီးသားပဲ” ပေထင်းဟွမ်သည် အန်းပိုစီး၏မျက်လုံးထဲ မှ သံသယများကို လျစ်လျူရှုပြီး သဲ့သဲ့ပြုံးလေသည် “ခင်ဗျားက ဘယ်လိုလုပ် သူ့နာမည်ဂုဏ်ကို ဖျက်ဆီးရတာလဲ”

‘သူ’ ဆိုသည့်စကားလုံးတွင် အားလုံး ထိတ်လန့်ကုန်သည်။

ရုတ်တရက်ကြီး မိုးကြိုးပစ်လိုက်သလိုပင်။ သခင်ကြီးဟွမ်ကျို့က ညအရှင်အိမ်တော်နဲ့ ပတ်သက်နေတာလား။

ထိုအခိုက်အတန့်တွင် မြို့ဝန်သည် ထိုင်မနေနိုင်တော့ပေ။ သူသည် မတ်တတ်ထပြီး စွမ်းအင်အကာအရံထဲမှ လူငယ်ကိုပြောလိုက်သည် “သခင် ဟွမ်ကျို့.. သခင်ဟွမ်ကျို့ကို ပြစ်မှားတဲ့လူတိုင်းကို သတ်လိုက်ဖို့ ညအရှင်အိမ်တော်ကအမိန့်ပေးထားပါတယ်.. သခင်ဟွမ်ကျို့က အရင်လှုပ်ရှား လိမ့်မယ်လို့ထင်မထားဘူး.. သခင်ဟွမ်ကျို့ ဖြစ်နိုင်သလောက် မြန်မြန် ရှန်းယန် မြို့ကိုလာဖို့ ညအရှင်က ပြောလိုက်ပါသေးတယ်.. သခင်ဟွမ်ကျို့ ရှန်းယန်မြို့ ကိုရောက်ရင် ညအရှင်က သခင်ဟွမ်ကျို့ကို ကိုယ်တိုင်တောင်းပန်ပါမယ်တဲ့.. နှင်းမုန်တိုင်းကြေးစားအဖွဲ့ ဒီကိုတခြားကိစ္စနဲ့လာပေမဲ့ သခင်ဟွမ်ကျို့ရဲ့ အေးချမ်းမှုကို နှောင့်ယှက်ဖို့ ခွင့်မပြုသင့်ဘူးလို့ သူပြောပါတယ်”

မိုးနတ်မင်းရေ.. ဘာတွေဖြစ်ကုန်တာလဲ.. ညအရှင်သခင်က သခင်ဟွမ်ကျို့ကို ကိုယ်တိုင်တောင်းပန်မယ်တဲ့လား။ ကြေးစားအဖွဲ့တစ်ခုက သခင်ဟွမ်ကျို့ရဲ့ အေးချမ်းမှုကို နှောင့်ယှက်တာကို ခွင့်မပြုသင့်ဘူးတဲ့လား။

အဲဒါတွေက ညအရှင်သခင်ပြောတာရော ဟုတ်ရဲ့လား။

သို့သော် မဟာမိတ်မြို့တော်၏မြို့ဝန်သည်လည်း ကောင်းကင်အဆင့် ကျွမ်းကျင်သူဖြစ်သည်။ သူ လိမ်လည်စရာအကြောင်းရှိပါ့မလား။ ပြီးတော့ သူ လိမ်ရဲလား။ ဒီပင်မတိုက်ကြီးမှာ ဘယ်သူကများ ညအရှင်ရဲ့အမိန့်ကို လိမ်ပြီး ပြောရဲမှာလဲ။ သူ သေချင်လို့လား။

ချူဖုန်းနှင့် ချင်းယွိတို့၏ ရင်ခုန်သံများမြန်လာသည်။ ရှောင်ကျို့နဲ့ ညအရှင်သခင်တို့ကြားက ဆက်ဆံရေးက အဲလောက်နီးစပ်တာလား။ ဒါပေမဲ့ ဘာလို့လဲ။

သူတို့လည်း ရှောင်ကျို့နဲ့ ညီအစ်ကိုတွေလိုမျိုး ရင်းနှီးတာပဲမဟုတ်ဘူး လား။ စဉ်းစားကြည့်လျှင် အကယ်၍ နှင်းမုန်တိုင်းသည် သူတို့၏နာမည်ကို ယနေ့ဖျက်လိုက်လျှင် ရှောင်ကျို့သည် ညအရှင်ကိုကာကွယ်ပေးသကဲ့သို့ သူတို့ကို ကာကွယ်ပေးမည်မှာ သေချာသည်။

ထိုကဲ့သို့တွေးလိုက်သည်နှင့် သူတို့နှစ်ယောက် စိတ်သက်သာရာရသွား သည်။ အထူးသဖြင့် ချူဖုန်းပင်.. ပေထင်းဟွမ်က သူ့အပေါ် ဘယ်လောက် တောင်ချိုသာပြီး ကာကွယ်ပေးခဲ့သလဲ…

All Chapters