← Chapters

ပြိုင်ဘက်တွေ

Vol. 18 Ch. 248

ပြိုင်ဘက်တွေ

Vol. 18 Ch. 248

“ပုံမှန်ဆို ပြိုင်ပွဲတွေမှာ ထိခိုက်ဒဏ်ရာရတာဟာ ဘာမှ ထွေထွေထူးထူး မဟုတ်ဘူး။ ဖြစ်လေ့ဖြစ်ထရှိတဲ့ အရာပဲ။ ဒါပေမဲ့ အဲ့လူတွေကတော့ ကျင့်ကြံခြင်းမှော်ပညာရပ်တွေကို ကျင့်ကြံတဲ့သူတွေ မဟုတ်ကြဘူး။ သူတို့အားလုံးဟာ အဆိပ်နဲ့ မိစ္ဆာတာအိုဖြစ်တဲ့ ယင်မှော်ပညာရပ်တွေကိုပဲ အသုံးပြုကြတယ်။ သူတို့နဲ့ ရင်ဆိုင်တဲ့ တပည့်တိုင်းဟာ သူတို့ကို မယှဉ်နိုင် ဖြစ်ရတယ်။ ဆန်းကြယ်တဲ့ နည်းလမ်းတွေကြောင့် အဲ့တပည့်တွေဟာ မူးဝေတာ ဒါမှမဟုတ် အဆိပ်မိခံရတာတွေ ဖြစ်ကုန်ကော။ သူတို့အားလုံးရဲ့ ဒဏ်ရာဟာလည်း အတော့်ကို ဆိုးဝါးတယ်။ လွယ်လွယ်နဲ့ ကုလို့ မပျောက်နိုင်ဘူး။ ဒါပေမဲ့ ကံကောင်းတာကတော့ အဲ့လူတွေဟာ ယန်လင်းရဲတိုက်ထဲမှာ သူတို့ ရောက်နေတဲ့ သိတဲ့အတွက် နည်းနည်း ရှိနေကြလို့ သေတဲ့အထိ ဒါမှမဟုတ် ဒဏ်ရာအင်မတန်ပြင်းတဲ့အထိတော့ မတိုက်ခိုက်ကြဘူး။ ဟူး…ခင်ဗျားတို့နှစ်ယောက်လည်း စင်မြင့်ပေါ်က ယန်ဂိုဏ်းရဲ့ အခြေအနေကို မြင်ပြီမလား။ တကယ် အရှက်ရစရာပဲဗျာ…”

ယန်ယုက အရှက်ရဟန်ဖြင့် ထိုသို့ ပြောပြသည်။

ကျမတို့ ထွက်လာတုန်းက အကြီးအကဲတွေဟာ အငြိမ်ထိုင်မနေနိုင်တော့ပဲ အစ်ကိုကြီးရံ့ လက်အောက်ကလူတွေကို ဆင့်ခေါ်လိုက်ပြီလို့တော့ ကြားရတယ်။ သူတို့တွေကတော့ သိုင်းလက်ခန်းမက တပည့်တွေပဲ။ ယန်ဂိုဏ်းရဲ့ လျှို့ဝှက်မှော်ပညာရပ်တွေကို ကျင့်ကြံတဲ့ ထိပ်တန်းတပည့်တွေဆိုလည်း ဟုတ်တယ်။ သူတို့ကတော့ အဲ့ကောင်တွေကို သင်ခန်းစာတစ်ခု ပေးနိုင်လောက်မှာ သေချာပါတယ်…”

မိန်းမပျိုယန်လင်းက လက်သီးတင်းတင်းဆုပ်ကာ ထိုသို့ မနေနိုင်မထိုင်နိုင် ဝင်ပြောလာ၏။

“တယ်…နင့်လို ကောင်မလေးက တိုက်ခိုက်တာတွေ၊ သတ်ဖြတ်တာတွေနဲ့ ပတ်သတ်ပြီး ဘာများ သိလို့လဲ။ ခုချက်ခြင်း ငါတို့ကို သတင်းပို့ထားတဲ့ ဧည့်သည်တွေကို သွားခေါ်ခဲ့ချေ။ မြန်မြန်လုပ်။ ဦးလေးလီလည်း ဧည့်သည်တွေကို ကြိုဖို့အတွက် တပည့်တွေ ထပ်လွှတ်ထားလောက်ပြီ။ နင်က တခြားဧည့်သည်တွေကို စောင့်နေစေချင်တာလား…”

ယန်ယုက မျက်နှာကြော တင်းတင်းဖြင့် သူ့ညီမဖြစ်သူကို ဆူလိုက်သည်။ ထို့နောက်တွင် သူက မပျော်မရွှင်ဖြစ်သွားသော ညီမဖြစ်သူကို သွားခိုင်းလိုက်တော့၏။

ထို့နောက်မှာ ယန်ယုက ဟန်လိနှင့် တုန်ရွှမ်အာတို့ဘက် လှည့်ကာ ရှင်းပြသည်။ “အခုက ဧည့်သည်တွေ များနေတဲ့အတွက်ကြောင့် ဒီလူတွေထဲမှာ မရိုးမဖြောင့်တဲ့သူတွေ ပါလာနိုင်တယ်။ ဒါ့ကြောင့် ယန်ဂိုဏ်းရဲ့ မျှော်စင်ကို စောင့်ကြပ်တဲ့ အကာအကွယ်အတားအဆီးကို အသက်သွင်းထားပြီးပြီ။ ခုလက်ရှိ မျှော်စင်အတွင်းမှာ ကန့်သတ်ထားတဲ့ ဧရိယာတွေ အများအပြား ရှိတယ်။ ဒါ့ကြောင့် အသံပို့လွှတ်တဲ့အဆောင်တွေနဲ့ ရှည်လျားတဲ့အကွာအဝေးဆီ အကြောင်းကြားလို့ရတဲ့ မှော်ပညာရပ်တွေကို အသုံးပြုလို့ မရနိုင်သေးဘူး။ ဒါ့ကြောင့်လည်း ကျုပ်က ညီမဖြစ်သူကို သွားခိုင်းလိုက်တာ။ ညီမနဲ့ ကျုပ်တို့က အစတုန်းကတော့ ဧည့်သည်တွေကို ကြိုပေးရတဲ့ သူတွေ မဟုတ်ဘူး။ဒါပေမဲ့ အခုက မျှော်စင်ဟာ ရှုပ်ထွေးနေပြီး မကောင်းတဲ့ ရည်ရွယ်ချက်ရှိတဲ့သူတွေက ကျုပ်တို့ တံခါးကို လာခေါက်နေကြပြီ။ ဒါ့ကြောင့် ကျုပ်တို့လည်း ဒီဧည့်ကြိုတဲ့ တာဝန်ကို ယာယီ ယူထားကြရတာ…”

ယန်ယုက ထိုသို့ ပြောပြီးနောက်မှာ သူ့မျက်နှာသည် အကွာအဝေးတစ်ခုသို့ လှမ်းကြည့်ပြီး ရှုံ့တွသွား၏။ ယန်ဂိုဏ်း၏ တပည့်နှင့် တဖက်သူတို့ တိုက်ပွဲဖြစ်နေတာကို သူ လှမ်းကြည့်မိတာ ဖြစ်သည်။

“ဒီလိုဆိုတော့ စီနီယာအစ်ကိုယုကလည်း ယန်ဂိုဏ်းရဲ့ ထိပ်တန်းတပည့်တစ်ယောက်ပဲပေါ့။ အစ်ကိုက ယန်ဂိုဏ်းမှာ မြင့်မားတဲ့အဆင့်အတန်းတစ်ခု ပိုင်ဆိုင်ထားမှာ သေချာတယ်…”

တုန်ရွှမ်အာသည် ချိုသာစွာ ပြုံး၍ မျက်လုံးကစားကာ ထိုသို့ ပြောလာသည်။ သူမသည် လှပြီးသားသူ တစ်ယောက် ဖြစ်၏။ အခုကဲ့သို့ ရုတ်တရက်ကြီး ဟန်မူပိုကာ ပြောလာသည့်အခါတွင်တော့ ယန်ယုမှာ ဤအခိုက်တွင် သူမ၏ အကြည့်အောက်တွင် နစ်မြောသွားရတော့သည်။

“ဒါက…မဟုတ်…မဟုတ်ရပါဘူး…” ယန်ယုသည် ခပ်တိုးတိုး ရေရွတ်လိုက်မိသည်။ သူ ဘာပြောရမှန်း မသိ ဖြစ်သွားရ၏။ သူသည် ထိုအမျိုးသမီးငယ်တုန်မှာ လှလွန်းသည်ဟု ခံစားမိနေတော့သည်။ သူမသည် သူ့အိပ်မက်ထဲရှိ ပြီးပြည့်စုံသော နတ်သမီးလေး ဖြစ်နေသည့်အလား။

တုန်ရွှမ်အာက တခစ်ခစ် ရယ်လေ၏။

“စီနီယာအစ်ကိုယန်…ခင်ဗျား အဆင်ပြေရဲ့လား မသိပေမဲ့ ကျုပ်တို့ ဟိုမှာရှိတဲ့ ပြိုင်ပွဲကို သွားကြည့်လို့ ရနိုင်မလား။ ကျုပ်က ဘယ်သူတွေကများ ယန်ဂိုဏ်းကို ပြဿနာလာရှာဝံ့လဲ မြင်ချင်မိတယ်…”

တုန်ရွှမ်အာသည် ယန်ယု၏ အမူအရာမှာ ရယ်ရွှင်ဖွယ်ကောင်းနေသည်ဟု ခံစားမိပြီး စိတ်ပါလက်ပါ ရယ်မောနေ၏။ သူမက သူ့ကို ထပ်မံ၍ ကျီစားလိုသေးသည်။ သို့သော် ဟန်လိက ရုတ်တရက် ကြားဖြတ်ကာ ထိုသို့ ဝင်ပြောလာလိမ့်မည်ဟု သူမ မထင်ထားမိလိုက်ပေ။

“အန်…ညီလေးဟန်က ကြည့်ချင်လို့လား။ ရတာပေါ့။ ဒီပြိုင်ပွဲဟာ သိုင်းလက်ခန်းမက ကျုပ်ရဲ့ ဝမ်းကွဲစီနီယာရဲ့ပွဲပဲ။ သူ့တာအိုမန္တာန်တွေဟာ ထိပ်ဆုံးဆယ်ယောက်ထဲမှာ ပါတယ်။ သူက ပြိုင်ဘက်ကို ခက်ခဲအောင် လုပ်နိုင်မှာတော့ အသေအချာပဲ…”

ဟန်လိက သည်စကားကို ကြားသည့်အခါ စိတ်ထဲကနေ ပြုံးမိသည်။ တကယ်တော့ ဟန်လိသည် ယန်ယုက သူ၏ တောင်းဆိုမှုကို မငြင်းမှာကို သိပြီးသား ဖြစ်၏။

ထိုသို့ဖြင့် သူတို့က ပြိုင်ပွဲစင်မြင် အနီးအနားထံ ပျံသန်းသွားပြီး လူအုပ်ထဲ လမ်းလျှောက်လာသည်။

ဟန်လိက ပြိုင်ပွဲစင်မြင်နားထိ လျှောက်လာပြီးနောက် ကြည့်ရှုနေသော ကျင့်ကြံသူများမှာ တစ်ရာထက် မနည်းရှိနေတာကို တွေ့ရသဖြင့် မင်သက်သွားမိသည်။ ထို့အပြင် သူတို့အားလုံး၏ ပုံပန်းသွင်ပြင်အရ အများစုသည် ယွဲ့ဒေသမှ ဟုတ်မနေ၊ တခြားနိုင်ငံများမှ လာခဲ့ကြသူများ ဖြစ်လောက်သည်။ ဤသည်မှာ အမှန်တကယ် ထူးခြားနေလေ၏။

ဟန်လိသည် ထိုအချက်အပေါ် စဉ်းစားမရ ဖြစ်နေမိသည်။ သို့သော် ဧည့်သည်တစ်ယောက်အနေဖြင့် သူက များစွာ မေးမြန်းဖို့မှာ မသင့်တော်လှပေ။ သူက သူ့သိချင်စိတ်ကို စိတ်ထဲ၌သာ ထားလိုက်တော့၏။

ဘေးရှိ တုန်ရွှမ်အာကတော့ ပြုံးနေလျက် ယန်ယုနှင့်အတူ ရွှင်ရွှင်မြူးမြူး လေပေးဖြောင့်နေလေ၏။

“ရွှမ်အာ…ညီမလည်း ရောက်လာတာလား။ သိပ်ကောင်းတယ်။ စီနီယာဟုန်ဖူက ညီမကို လွှတ်လိုက်လိမ့်မယ်လို့ ကျုပ် မမျှော်လင့်ထားမိခဲ့ဘူး…”

ဟန်လိတို့ အနီးအနားမှ လူသုံးယောက် ဖြတ်သွားစဉ် သူတို့ထဲမှ ချောမောသောမျက်နှာဖြင့် လူငယ်တစ်ယောက်က ခေါင်းလှည့်ကြည့်ကာ တုန်ရွှမ်အာကို မြင်သွားပြီး ထိုသူက ချက်ခြင်း ပျော်ရွှင်သွားဟန် ပေါက်ကာ အလျင်အမြန် လှမ်းလာပြီး စွဲလမ်းမှုအပြည့်ဖြင့် သူမကို လှမ်းခေါ်လိုက်သည်။

ထိုသူ အပြေးလာသည်ကို မြင်သည့်အခါ တုန်ရွှမ်အာက ပြုံး၍ စိုက်ကြည့်နေ၏။ သို့သော် ယန်ယုကမူ အတော်လေး စိတ်ရှုပ်သွားပုံ ပေါ်သည်။ သူ့အကြည့်က တဖြတ်ဖြတ် တောက်ပသွားသည်။

ဘေးမှ ကြည့်နေသော ဟန်လိ၏ အမူအရာကမူ နည်းနည်းလေးမျှ မပြောင်းလဲသွားပေ။ သူက ထိုလှမ်းလာသောသူမှာ တုန်ရွှမ်အာ အရင်တုန်းက ကစားခဲ့ဖူးသူ ဖြစ်မှန်း သဘောပေါက်သည်။ ထိုသူမှာ သူ့ဆရာကတော် အရင်တုန်းက ပြောပြခဲ့ဖူးသော ဖန်ဂိုဏ်းမှ လူငယ်သခင်လေးပင် ဖြစ်နိုင်သေးသည်။

“စီနီယာအစ်ကိုဖန်…ကျမလည်း စီနီယာတုက အစ်ကို့ကို ဒီစုဝေးပွဲ လာခိုင်းလိမ့်မယ်လို့ မထင်ထားမိခဲ့ဘူး…” တုန်ရွှမ်အာက မျက်လုံးကစားပြီးနောက် သူမသည် ထိုသူ့ကို သာမန်မိတ်ဆွေတစ်ယောက်ကဲ့သို့သာ တည်ငြိမ်စွာ နှုတ်ဆက်လိုက်၏။

ထိုအခါ ယန်ယု၏ အမူအရာသည် များစွာ အခြေအနေကောင်းသွားသည်။ သို့သော် စီနီယာဖန်ဆိုသူမှာ ကြောင်ငေးသွားပြီး သူက တုန်ရွှမ်အာဘေးရှိ ယန်ယုနှင့် ဟန်လိတို့အပေါ် ချက်ခြင်း အာရုံစိုက်လာသည်။

ကံကောင်းစွာဖြင့် ဟန်လိက ထိုသူ၏ အကြည့်ကို မြင်သည်။ သူက ချက်ခြင်းပင် ခပ်ရေးရေး ပြုံးကာ တုန်ရွှမ်အာဘေးမှ ခြေတလှမ်းဆုတ်ကာ သူနှင့် ဘာမျှမပတ်သတ်ကြောင်း ပြသည်။ သို့သော် ယန်ယုထံမှ ရန်စောင်သောအကြည့်ကို ပြန်ရသည့်အခါတွင်မူ ထိုစီနီယာဖန်ဆိုသူမှာ သူ၏ ရန်သူက မည်သူမှန်း သိသွားတော့သည်။ သူ့အမူအရာက ချက်ခြင်းပင် နက်မှောင်သွားပြီး ယန်ယုကို လှမ်းအကဲခတ်သည်။

ဟန်လိသည် ထိုမြင်ကွင်းမှာ ရယ်စရာကောင်းသည် တွေးမိသော်လည် သူက ခေါင်းတော့ ခြောက်သွားမိ၏။ ကောလဟာလ ရှိသည်မှာ တုန်ရွှမ်အာနှင့် စီနီယာအစ်ကိုဖန်တို့မှာ စုံတွဲကျင့်ကြံဖို့အထိ ဆန္ဒရှိခဲ့သည် ဟူ၍ပင်။ သို့သော် အခုအခါတွင်မူ ထိုစည်းမစောင့်သော မိန်းကလေးက စီနီယာဖန်ကို အရေးမပေးနေပေ။ ကောလဟာလကများ မှားနေခဲ့တာလား။

ဟန်လိက ထိုအကြောင်းကို တွေးမိနေရင်း ခေါင်းယမ်းမိသည်။ သူသည် ထိုသို့သော အလေအဖျင်းများနှင့် ပတ်သတ်ပြီး စွမ်းအင် မသုံးချင်ပေ။

ထို့အတွက်ကြောင့် သူက ခြေလှမ်းအနည်းငယ် ရှေ့ဆက်လှမ်းသွားပြီး ထိုသုံးယောက်ကို နောက်ချန်ထားခဲ့သည်။

ဟန်လိသည် စီနီယာအစ်ကိုဖန်နှင့် ယန်ယုတို့ကြား အချစ်ပြိုင်ဘက် ဖြစ်နေသည့်အပေါ် အရေးမစိုက်ပေ။ ထိုအခိုက်အတန့်တွင် သူက အလင်းအရံအတားအတွင်းရှိ တိုက်ပွဲပေါ်တင်သာ လုံးဝ အာရုံစိုက်ထားသည်။

ယန်ယုသည် အစောပိုင်းတုန်းက မြှောက်ပင့် ပြောခဲ့တာ မဟုတ်ပေ။

သူ၏ ဝမ်းကွဲစီနီယာဆိုသူမှာ အမှန်တကယ် အစွမ်းထက်ပေ၏။ သူ အသုံးပြုသော မြေဓာတ် တာအိုပညာရပ်က ပြီးပြည့်စုံသည်။ သူ့လက်ဝါးကနေ မီတာအတော်အတန်ရှိ ကျောက်တုံးများကို ဆင့်ခေါ်ကာ တဖက်ရန်သူကို တိုက်ခိုက်နိုင်စွမ်း ရှိနေ၏။ သူ၏ တိုက်စစ်များက အတောမသပ်လေသည့်အလား။ သူ့ရှေ့တွင်တော့ အဝါရောင်တြိဂံပုံစံ အလံတစ်ခုကို ကာထားပြီး အဝါရောင်လေပြင်းကို ဆင့်ခေါ်သည်။ ထိုလေက တင်းတင်းကြပ်ကြပ် သူ့အား ထွေးခြုံကာ အကာအကွယ်တစ်ခု ဖြစ်နေစေသည်။

သို့ပေမည့် အစိမ်းရောင်ဝတ်စုံနှင့် ပြိုင်ဘက်မှာလည်း လွယ်လွယ်နှင့် ရှုံးမည့်သူတော့ မဟုတ်။ သူက တရွှီးရှီးအသံပေးကာ မြေပွေးတစ်ကောင်နှယ်။ သူ့ရှေ့တွင် အနက်ရောင်ပိုက်ကွန်တစ်ခုကို ဝှေ့ယမ်းပြီး လေနှင့်မိုးပါ မထွင်းဖောက်နိုင် ဖြစ်ရသည်။ ကျောက်တုံးများကို ထိုပိုက်ကွန်က ကာဆီးထား၏။ တချို့တလေကို နောက်သို့ပါ ပြန်ကန်ထွက်သွားစေပြီး ယန်ဂိုဏ်းမှ တပည့်ကို အလုပ်ရှုပ်သွားစေသည်။ မှော်ပစ္စည်းများကမူ အစိမ်းရောင်ဝတ်စုံနှင့်သူ ပတ်ပတ်လည်၌ အဖြူရောင်တောက်တောက် မှော်အရိုးခေါင်း ခြောက်ခုခုနစ်ခုလောက် ရှိနေလေသည်။

ထိုသို့ဖြင့် တစ်ယောက်က အကြမ်းပတမ်း တိုက်ခိုက်၊ တခြားတစ်ယောက်က တည်တည်ငြိမ်ငြိမ် ခုခံနေလေ၏။ ခုလက်ရှိတွင် ထိုတိုက်ပွဲမှာ သရေအနေအထား ဖြစ်နေလေသည်။

သို့သော် ထိုနှစ်ယောက်သည် သူတို့၏ အစစ်အမှန် တိုက်ကွက်များကို မထုတ်ဖော်ရသေးတာ သိသာသည်။ နှစ်ယောက်လုံးက အလျင်မလို၊ စိတ်ရှည်ရှည်နှင့် တိုက်ခိုက်နေပြီး ပင်ပန်းဟန် အရိပ်အယောင် ပြမနေပေ။

ဟန်လိက ယင်းတိုက်ပွဲကို စောင့်ကြည့်နေလျက် သူကား ငေးမော မှင်တက်နေတော့၏။ သို့သော် သူသည် တုန်ရွှမ်အာ၏ “စီနီယာအစ်ကိုဟန်…ရှင်ကော ဘာများ ပြောအုံးမလဲ” ဟူသည့် စကားကို ကြားလိုက်ရသည်။ သည်စကားက သူ့ကို အနှောက်အယှက် ဖြစ်သွားစေသည်။ သူက ခေါင်းပင် လှည့်မကြည့်ဘဲ ပြီးစလွယ် ပြန်ဖြေသည်။ “အေး”

သို့သော် “အေး’ ဟူ ပြန်ဖြေပြီးမှ ဟန်လိသည် သူ မှားသွားပြီဟု ချက်ခြင်း ခံစားမိကာ အလျင်စလို ခေါင်းလှည့်ကြည့်မိသည်။

သူက အချစ်ပြိုင်ဘက်ဖြစ်ကာ ရန်လိုနေသင့်သော ထိုနှစ်ယောက်သည် ရုတ်တရက်ကြီး သူ့ကို တမျိုးကြည့်လာ၏။ ထိုနှစ်ယောက်က အုပ်စုဖွဲ့သွားကာ သူတို့၏ ဘုံရန်သူကို တွေ့သွားလေသည့်အလား။

သူ ထိုစည်းမစောင့်သော မိန်းကလေး၏ ချောက်ချတာ ခံလိုက်ရတာ သိသာလေပြီ။

“ရှင်တို့လည်း ကြားသားပဲ။ စီနီယာအစ်ကိုဟန်က ဝန်ခံလိုက်ပြီလေ။ ဒီခရီးစဉ်မှာ ကျမက သူနဲ့ နီးနီးကပ်ကပ် နေရမှာ။ ဒါက ကျမဆရာရဲ့ အမိန့်ပဲ…”

တုန်ရွှမ်အာက ချစ်ခင်ဖွယ်၊ သနားစရာဟန်ပန်တို့ဖြင့် ထိုသို့ ပြောသည်။ သူမက ထိုနှစ်ယောက် ရန်စောင်နေတာကို အခွင့်ကောင်းယူကာ တမင်သက်သက် ဟန်လိအပေါ် ချောက်ချခဲ့တာ ဖြစ်၏။ ဟန်လိမှာ ပါးစပ်အဟောင်းသား ဖြစ်ရလေသည်။

သူ အမှုမဲ့အမှတ်မဲ့ ဖြစ်သွားစဉ်အတင်းမှာ ထိုတုန်ရွှမ်အာက အခွင့်ကောင်းယူကာ ထိုနှစ်ကောင်၏ စိတ်ရှုပ်စရာကိစ္စများကို သူ့အပေါ် လွှဲချလိုက်ပေပြီ။ သူမက သူ့ကို လက်စားချေမှန်း သိသာသည်။ အကြောင်းမှာ သူက ဒီခရီးစဉ်တလျှောက်လုံး စီနီယာဟုန်ဖူ၏ အမည်ကို သုံး၍ သူမကို ဖိနှိပ်ခဲ့သည် မဟုတ်လား။ ထိုနှစ်ယောက်ကသာ သူ့ကို သင်ခန်းစာ ပေးလာခဲ့ပါက သူမ၏ စိတ်အခြေအနေသည် များစွာ ကောင်းမွန်သွားလိမ့်မည်။

ဟန်လိက ထိုနှစ်ယောက်ကို ပြန်ကြည့်ကာ သက်ပြင်းချမိ၏။ သူက တစ်ခုခု ပြောရန် တွေးနေစဉ်မှာပင် သူတို့နှစ်ယောက်၏ အမူအရာက ရုတ်တရက် ပြောင်းလဲသွားကြသည်။ သူတို့၏ အကြည့်က ဟန်လိနောက်ရှိ စင်မြင်ထံ ကျရောက်သွားသည်။ အထူးသဖြင့် ယန်ယု၏ အမူအရာမှာ တင်းမာခက်ထန်နေသည်။

ဤသည်ကို မြင်သည့်အခါ ဟန်လိသည် တခုခု ဖြစ်ပြီဟု သဘောပေါက်ပြီး တဖက်သို့ အလျင်စလို ခေါင်းလှည့်ကာ လှမ်းကြည့်သည်။

သူက အလင်းအရံအတားအတွင်းရှိ သရေတိုက်ပွဲမှာ ပျက်စီးသွားပြီကို မြင်သည်။

ယန်ဂိုဏ်းမှ သူက ကျောက်တုံးများ ဆင့်ခေါ်နေတာကို ရပ်သွားခဲ့ပြီး သူ့လက်နှစ်ဖက်ဖြင့် ဝါစိမ်းရောင် စက္ကူယပ်တောင်တစ်ခုကို ဆုပ်ကိုင်လို့ထား၏။ သူက သူ့ယပ်တောင်ဖြင့် တဖက်ရန်သူထံ ဝေ့ရမ်းနေသည်။ ၎င်းယပ်တောင်မှာ ပေါ့ပါးသည်ဟု ထင်ရသည်။ သို့သော် သူ အနှီယပ်တောင်ကို ဝေ့ရမ်းတိုင်း အားအများကြီး စိုက်ထုတ်နေရပုံ ပေါ်သည်။ သူ့မျက်နှာထက်တွင် ချွေးများပါ သီးလာသည်။

All Chapters