ယောက္ခမဆိုတဲ့ နာမည်က ဗန်းပြသပ်သပ်မှ မဟုတ်တာ
Vol. 34 Ch. 496
"ဒီတော့ မစ္စတာလင်းက နာမည်ကြီးကျောင်းဆင်းပေါ့... ဒါပေမယ့် မစ္စတာလင်းရဲ့ အသက်အရွယ်နဲ့ဆိုရင် ဘွဲ့လွန် တက်နေသင့်တာ မဟုတ်ဘူးလား.."
သူမ လင်းရီ၏ ကိုယ်ရေးကိုယ်တာ ကိစ္စကို အလွန်အမင်း စိတ်၀င်စားနေသည့်အလား ဆက်လက်စူးစမ်းလိုက်၏။
"ကျုပ်က ဂျူနီယာ အထက်တန်းကျောင်းတုန်းက တစ်တန်းကျော်ပြီးတော့ အထက်တန်း တက်ခဲ့တာလေ... အဲ့ဒီတက္ကသိုလ်ကလည်း ကျုပ်ရဲ့ စကေးတွေကို သိတော့ စောစီးပဲ ဘွဲ့ပေးလိုက်တာ.... "
လင်းရီ၏ ပညာရေးကို သိရှိသွားတော့ ဝူကျောင်းယို၊ ၀န်ရှူးနှင့် ကျန်သူများလည်း အံ့အားသင့်သွားခဲ့ကြသည်။
ထိုကဲ့သို့သော သူမျိုးကို ပါရမီရှငိဟု သတ်မှတ်၍ ရလေသည်။
လျန်ရူရွှယ်ကတော့ သူမ နဖူးကို နှိပ်နယ်ရင်းသက်ပြင်းချလိုက်၏။ လင်းရီ ထိုသို့ ဆက်လုပ်နေပါက သူမ စောစီး သွေးဆုံးသွားနိုင်သည်။
"မစ္စတာလင်း... ကျွန်မ မြို့တော်၀န်လျန်ဆီက ကြားထားတာတော့ ရှင့်ရဲ့ ပိုင်ဆိုင်မှုတွေ အားလုံးကို လှူဒါန်းချင်နေတယ်ဆို... "
"ဟုတ်တယ်...အစကတော့ ကျုပ်လည်း မျှော်လင့်ခြင်းကျောင်းလေးပဲ ဆောက်ပြီးတော့ ကျန်တာကို ကျုပ်ရဲ့ အိုစာမင်းစာ ချန်ထားမလို့ပဲ... ဒါပေမယ့် နောက်ပိုင်းကျတော့ မြို့မှာ လမ်းကောင်းကောင်းလည်း မရှိဘူးဆိုတော့ လမ်းပါပြင်ပေးဖို့ ဆုံးဖြတ်လိုက်တာ.... ဒီလိုမျိုး ဖြစ်မြောက်အောင်လို့လည်း ကျုပ် အိမ်နဲ့ကားကိုရောင်း... ရှိသမျှ အကုန် ရောင်းချပစ်လိုက်တာတောင်မှ ပိုက်ဆံက မလောက်သေးဘူး... ဒါကြောင့်မို့လည်း အများရဲ့ ပံ့ပိုးမှုကို ရယူဖို့ အကြောင်းဖန်လာတော့တာပေါ့..."
"မစ္စတာလင်းက အင်မတန် စိတ်ထားမွန်မြတ်တဲ့သူတစ်ယောက်ပဲ... လူငယ်တိုင်း မစ္စတာလင်းကို စံနမူနာ ယူသင့်တယ်... ကျွန်မ နောက်ထပ် မေးမယ့် မေးခွန်းလေးကတော့......."
.........
နာရီ၀က်ကြာပြီးနောက် အင်တာဗျူးမှာ အဆုံးသတ်သွားခဲ့လေသည်။ ၀န်ရှူး မေးမြန်းသည့် မေးခွန်းများမှာ မခက်ခဲပဲ လင်းရီလည်း လွယ်လွယ်ကူကူနှင့် ဖြေဆိုသွားခဲ့၏။
"မြို့တော်၀န်လျန်... သတင်းထောက်ဝူရဲ့ အင်တာဗျူးက ပြီးသွားပြီဆိုတော့ ကျွန်တော်တို့ ပစ္စည်းတွေ သိမ်းပြီးရင် ပြန်ပါတော့မယ်ဗျ... မြို့တော်၀န်တို့ စကားပြောတာကို မနှောင့်ယှက်တော့ပါဘူး...."
"ကောင်းပြီလေ..."လျန်ရူရွှယ် ပြုံးလိုက်သည်။
၀န်ရှူးနှင့် ၀မ်ကျွင်းလည်း အင်တာဗျူးသည့် ပစ္စည်းကိရိယာများကို သိမ်းဆည်းလိုက်ကြပြီး ရုံးခန်းထဲမှ ထွက်သွားခဲ့၏။ သို့သော်လည်း ချက်ချင်းတော့ မပြန်သွားသေးချေ။ သူတိူ့ ဝူကျောင်းယိုတို့နှင့် အတူ ရောက်လာခဲ့သောကြောင့် ထိုသူတို့ကိုလည်း စောင့်ဆိုင်းရပေမည်။
"ရှောင်၀မ်... အဲ့ဒီလူက သူ့ရဲ့ ပိုင်ဆိုင်မှုတွေ အကုန်လုံးကို တကယ်ကြီး လှူဒါန်းပစ်လိုက်တယ်လို့ နင်ထင်လား...."ကော်ရစ်ဒါတွင် ၀န်ရှူးမှ ညင်သာစွာ မေးမြန်းလိုက်၏။
"အင်တာဗျူးတုန်းကတော့ သူအဲ့လို ပြောသွားခဲ့တာပဲ မဟုတ်ဘူးလား... လိမ်တော့ မလိမ်လောက်ပါဘူး...."၀မ်ကျွင်း ရိုးရိုးသားသား ပြန်ဖြေလိုက်သည်။
"ဒါပေမယ့် သူ့ရဲ့ ၀တ်ပုံစားပုံကို ကြည့်ရသလောက်တော့ အဲ့လိုမျိုးလုပ်မယ့် လူစားမျိုး မဟုတ်ဘူးနော်...."
"စာအုပ်ကို အဖုံးကြည့်ပြီး မဆုံးဖြတ်ရဘူးတဲ့... လူတွေက သူတို့ရဲ့ နှလုံးသား အလိုဆန္ဒနောက်ကို လွတ်လွတ်လပ်လပ် လိုက်လို့ရတယ်မဟုတ်ဘူးလား... ဘာပဲဆိုဆို အဲ့တာက ကျွန်တော်တို့ မြို့အတွက် အကျိုးရှိစေမှာပဲလေ.... "
"နင်ပြောတာလည်း မှန်ပါတယ်..."၀န်ရှူး သာမန်ကာလျှံကာ ပြန်ပြောလိုက်၏။ထို့နောက် ဖုန်းကို ထုတ်၍ သူမ၏ BFF ထံ ဝီချက်မှ တစ်ဆင့် စာပို့ကြည့်လိုက်သည်။
၀န်ရှူး : "ရန်ရန် ငါ ဒီနေ့ အရမ်းငယ်တဲ့ တိုင်ကွန်းတစ်ယောက်ကို အင်တာဗျူးလိုက်ရတယ်... သူက အရမ်းချောတာနော်... ပြီးတော့ ဘာက ယုံနိုင်စရာ မကောင်းလည်းသိလား..... သူ့ရဲ့ ကြွယ်၀မှုတွေ အကုန်လုံးကို လှူဒါန်းပစ်လိုက်ပါတယ်ဆို... အဲ့လိုလူမျိုး တကယ်ကြီး ရှိလိမ့်မယ်လို့ နင်ထင်လား...."
BFF(အချစ်ဆုံး သူငယ်ချင်း) : "သေချာပေါက် ဘယ်ရှိမှာ... ဟွာရှမှာ အဲ့လိုမျိုးပြောပြီး ပရဟိတ လုပ်နေကြတဲ့သူတွေ ချရေးကြည့်ရင် အများကြီး ထွက်လာမှာပဲ... ဒါပေမယ့် ပြောသာ ပြောကြတာ .. ဘယ်သူမှ အဲ့လိုမျိုး မလုပ်ကြဘူး...ဒါပေမယ့် တကယ်လို့ အမွေပေးစရာ မရှိတဲ့ သေခါနီး အဘိုးကြီးဆိုရင်တော့ ဘယ်ပြောတတ်မှာ...."
၀န်ရှူး : "ဒါပေမယ့် သူက ပန်ဆေးဗီးနီးရား တက္ကသိုလ်က ထိပ်တန်းကျောင်းသားနော်...ပြောလို့မရဘူး.... နှစ်တွေအကြာကြီး တိုင်းတစ်ပါးယဉ်ကျေးမှုနဲ့ဦးနှောက်ဆေးခံရတော့ အဲ့လိုမျိုး လုပ်ချင်လည်း လုပ်မှာပေါ့...."
BFF : "သိချင်ရင် လွယ်လွယ်လေးပါ... သူ ဘယ်လိုကားမျိုး မောင်းလဲဆိုတာ ကြည့်ကြည့်လိုက်...."
၀န်ရှူး :" နင်ပြောတာ မှန်တယ်... ငါ နောက်မှ တစ်ချက် ကြည့်ကြည့်လိုက်မယ်...."
BFF : " ဘာလဲ... တို့ရဲ့ အလှလေး၀န်က အဲ့ဒီကောင်ချေလေးရဲ့ ဆွဲဆောင်မှုတွေထဲ နစ်မွန်းသွားလို့လား....."
၀န်ရှူး : "အဲ့လိုမျိုးတော့ မဟုတ်ပါဘူး... ဒါပေမယ့် အဲ့ကောင်လေးက အရမ်းတော့ ချောတယ်... ပြီးတော့ နိုင်ငံခြားက နာမည်ကြီး ကျောင်းဆင်းဆိုတော့ သူ့မိသားစု နောက်ခံကလည်း ထင်သလောက် မရိုးရှင်းလောက်ဘူး...."
BFF : "အဲ့တာဆို နင်က ဘာစောင့်နေတာ... ဆွဲစားပစ်လိုက်တော့လေ... ငါ့အထင်တော့ သူ့ရဲ့ အခြေအနေတွေက နင့်လက်ရှိ ကောင်လေးထက် သာမယ်လို့ ထင်တာပဲ... "
၀န်ရှူး :" သာရုံတင် ဘယ်ကမှာ... သူက အများကြီးကို သာတာ... ဒါပေမယ့် အရင်ဆုံး အဲ့ကောင်က တကယ်ကြီး ပိုက်ဆံတွေ အားလုံးကို လှူဒါန်းပစ်လိုက်လားဆိုတာ တစ်ချက် စုံစမ်းကြည့်ရဦးမယ်....."
BFF : "မပူနဲ့... အဲ့လိုမျိုး ဖြစ်စရာ အကြောင်းကို မရှိတာ... နင် သေချာပေါက် ဒီအခွင့်အရေးကို အမိအရ ဆုပ်ဖမ်းရမယ်နော်...."
ကလင် ကလင် ကလင် ...
သူမ BFF ၏ မက်ဆေ့ခ်ျက်ု ရီပလိုင်း ပြန်တော့မည့် အချိန်တွင် သူမဖုန်းမှာ ရုတ်တရက် တုန်ခါလာခဲ့၏။ သူမ ကောင်လေးမှ ဖုန်းဆက်လာခဲ့ခြင်းပင်။
"ဘာ ကိစ္စလဲ..."ဖုန်းကိုင်ပြီးနောက် ၀န်ရှူး အဝေးတစ်နေရာတွင် ဖုန်းသွားပြောလိုက်၏။
"ဘာမှ မဟုတ်ပါဘူး... ကိုယ်ခုလေးတင် အလုပ်ဆင်းလို့ အဲ့တာ သဲ စားပြီးပြီလားလို့ မေးကြည့်တာ..."
"သဲ ခုလေးတင် ခေါင်းဆောင်တွေနဲ့ စားပြီးသွားပြီ... ခု လုပ်စရာလေးရှိနေလို့ ကို့ကို စကားပြောဖို့ မအားသေးဘူး.... "
"ဖုန်းမချလိုက်သေးနဲ့ဦး..."၀န်ရှူး ကောင်လေးမှ ပြောလိုက်ပြီး "သဲ ဘယ်အချိန် ပြန်လာမှာ...."
"အဲ့ဒါက သဲလည်း မသေချာသေးဘူး... ပြန်လာတော့မယ်ဆိုရင်တော့ ကို့ကို ကြိုပြောမယ်လေ... ဒါပဲ လုပ်စရာရှိသေးလို့ ဖုန်းချလိုက်တော့မယ်....."
ထို့နောက် ၀န်ရှူး ဖုန်းချလိုက်ပြီး သူမ BFF နှင့် ဆက်လက် တော်ကီပွားလေသည်။
မိနစ်အနည်းငယ်ကြာပြီးနောက် ရုံးခန်းတံခါး ပွင့်ဟလာပြီး လျန်ရူရွှယ်နှင့် ကျန်သူများ ထွက်လာခဲ့ကြ၏။
"သတင်းထောက်ဝူ... ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်..."လျန်ရူရွှယ် ယဉ်ကျေးစွာဖြင့် စကားပြောလိုက်သည်။
"ကျုပ်တို့ ရန်မြို့ရဲ့ အကျိုးအတွက်ပဲလေ.. ကျုပ်တို့ကသာ ကျေးဇူးတင်ရမှာပါ... "ဝူကျောင်းယိုမှ အပြုံးလေးဖြင့် ပြောလိုက်၏။
"နောက်ကျနေပြီဆိုတော့ ကျုပ်တို့ မြို့တော်၀န်လျန်ကို ဆက်မနှောင့်ယှက်တော့ဘူး..."
"ကျွန်မ လိုက်ပို့ပေးပါ့မယ်..."
အစကတော့ ဝူကျောင်းယို လျန်ရူရွှယ်ကို ညစာ ဖိတ်ကျွေးချင်နေသော်လည်း အငြင်းပယ် ခံလိုက်ရသောကြောင့် ယခုလို ပြန်ရုံသာ တတ်နိုင်လေသည်။
အုပ်စုမှာ အဆောက်အဦးထဲမှ ထွက်လာခဲ့ပြီး ၀န်းရှူးကတော့ သူမရင်ထဲရှိ စိတ်လှုပ်ရှားမှုများကို အတော်လေး ဖိနှိပ်ထားရသည်။ သူမ လင်းရီစီးသည့်ကားကို မကြာမီ မြင်တွေ့ရပေတော့မည်။
ခြံ၀န်းထဲမှ ထွက်လာခဲ့သောအခါ ၀န်ရှူး ၊ ဝူကျောင်းယိုနှင့် ကျန်သူများအားလုံး လင်းရီ ရှာရီ တံခါးကို ဖွင့်လိုက်သည်ကိုမြင်တော့ အံ့အားသင့်သွားခဲ့ကြ၏။
"မစ္စတာလင်း... ဒါက ခင်များရဲ့ကားလား...."
"အမှန်ပဲ... ကျုပ်ငွေတွေ အကုန်လုံးကို လှူဒါန်းပစ်လိုက်တော့ သွားလို့လာလို့ အဆင်ပြေအောင် ဒါလေး တစ်စီး ဆွဲထားလိုက်တာလေ... "
ထို့နောက် လင်းရီ သူ့စကားလုံးများကို သက်သေပြရန် ကားထဲ၀င်၍ စက်နှိုးပြလိုက်၏။
လင်းရီ၏ ကားမှာ ရှာရီ အစုတ်ကြီးဖြစ်သည်ကို သိတော့ ၀န်ရှူး သူမ စိတ်၀င်စားမှုများ အားလုံးကို ဆုံးရှုံးသွားပြီး တစ်ချိန်တည်းတွင် စိတ်ထဲ၌ တိတ်တဆိတ် ကျိန်ဆဲလိုက်၏။ 'ဒီလူက ငတုံးပဲ... တကယ်ကြီး သူ့ပိုက်ဆံတွေ အားလုံးကို အလှူပေးပစ်တယ်ပေါ့...ပညာတွေ အဲ့လောက် သင်ထားပြီးတော့မှ ဦးနှောက်လေးကို မရှိဘူး....'
"မစ္စတာလင်း... ခင်များက အတော်လေးကို နှလုံးသား ကြီးမြတ်တာပဲဗျာ... ကျုပ် ရန်ချိန်က မြို့သူမြို့သားတွေနဲ့ ပေချောင်မြို့က ကလေးတွေကိုယ်စား ကျေးဇူးအရမ်းကို တင်ပါတယ်...."
"ယဉ်ကျေးလွန်းနေပါပြီ... ကျုပ်က ကျုပ်တတ်နိုင်တာလေးတွေပဲ လုပ်နေတာပါ...."
"အဲ့တာဆိုလည်း ဒီမှာပဲ ရပ်လိုက်ကြတာပေါ့... အနာဂတ်ကျရင်လည်း ထပ်ပြီးတော့ တွေ့ဆုံဖို့ အခွင့်အရေး ရှိဦးမှာပါ... အဲ့ခါကျမှ ဆက်စကားပြောကြတာပေါ့...."
"ကောင်းပြီလေ...."
သို့နှင့် ဝူကျောင်းယို Audi A6 ထဲ၀င်သွားခဲ့၏။ သူ့နောက်မှ ၀န်ရှူးနှင့် ကျန်သူများလည်း အသီးသီး လိုက်ပါကြလေသည်။
"အား အား........"
ကားနှစ်စီး ထွက်ခွာသွားလျှင်သွားချင်း လင်းရီ ကျယ်လောင်စွာ အော်ဟစ်လိုက်၏။
"ဘာလို့ ငါ့ကို လာဆိတ်နေတာတုန်းဟ...."
လျန်ရူရွှယ် လင်းရီကို မျက်စောင်းထိုးလိုက်ပြီး "နင် တကယ်ကြီး မသိလို့ မေးနေတာလား... နင်က ကျိုးဟိုင် နည်းပညာဌာနက မဟုတ်ဘူးလား... ဘာလို့ ပန်ဆေးဗီးနီးယား တက္ကသိုလ်က PhD ရထားတယ်တွေ လျှောက်ပြောနေတာ... "
"ငါဒီလောက် လှူထားပေးတာတောင်မှ နည်းနည်းလေး ကြွားဝါလို့ မရဘူးလားကွ..."လင်းရီ အတွန့်တက်လိုက်ပြီး "မင်း မမြင်လိုက်ဘူးလား... ငါ ပန်ဆေးဗီးနီးယား ကျောင်းဆင်းလို့ ပြောလိုက်တော့ အဲ့ သတင်းထောက် ငါ့ကို စိုက်ကြည့်နေတာလေ..."
"သူ့လိုမျိုး ရွက်ကြမ်းရေကျိုရုပ်က နင့်အမြင်တွေကို ဖမ်းစားသွားတယ်လို့တော့ ငါ့ကို လာမပြောနဲ့..."
"အဲ့လိုမဟုတ်ဘူး... ငါက ဒီတိုင်း ကန်ထဲထားပြီး မွေးထားမှာ... အရေအတွက်များတာပေါ့...."
"ဟွန့် နင်တို့ယောက်ျားတွေက ဒီပုပ်ထဲက ဒီပဲတွေချည်းပဲ......"
လျန်ရူရွှယ် စောဒက တက်လိုက်ပြီးနောက် သူမအိတ်ထဲမှ ဘူးသေးသေးလေးတစ်ခုကို ထုတ်လာခဲ့ကာ လင်းရီထံ ကမ်းပေးလိုက်၏။
"ဒါက ဘာကြီးလဲ....."
"ငါ့အမေ မပြန်ခင် နင့်အတွက် ၀ယ်သွားပေးခဲ့တာ... နင်ကြိုက်မကြိုက် ကြည့်ကြည့်ပေါ့...."
"ဟမ်... ယောက္ခမကြီးက ငါ့ကို တစ်ခုခု ၀ယ်သွားပေးတယ်တဲ့လား... အားနာစရာကြီးကွာ.... "
ထိုသို့ ပြောလိုက်သော်လည်း လင်းရီ၏ အမူအရာမှာ ပြုံးဖီးဖီးနဲ့ ဘူးပါကင်ကို ဖွင့်နေတော့၏။
လျန်ရူရွှယ် သူ့ကို မျက်စောင်းတို့ ပစ်လိုက်ပြီး "နင်ထင်နေတာ ယောက္ခမဆိုတဲ့ စကားလုံးက ဒီတိုင်း ဗန်းပြထားတယ်လို့ ထင်နေတာလား...."
အနားတွင် မည်သူမျှ မရှိသောကြောင့် လျန်ရူရွှယ် ထိုအကြောင်းအရာများကို အသေးစိတ် ကပ်တွက် မနေတော့ချေ။ အကယ်၍ သူမ ပြောခဲ့လျှင်လည်း ထိုကောင်က နား၀င်လိမ့်မည် မဟုတ်ချေ။
"နင်က ငါ့ကို အများကြီး ကူညီထားတာဆိုတော့ ငါ့အမေက ငါ့ကိုယ်စား လက်ဆောင်၀ယ်ပေးလိုက်တာ... နင်အတွေးတွေ လွန်မနေနဲ့...."
လျန်ရူရွှယ်ပေးသည့် ဘူးကို ဖွင့်ကြည့်လိုက်သောအခါ လင်းရီ ရှော့်ခ်ရသွားခဲ့လေသည်။
"Richard Mille .... ဒီနာရီက ယွမ် ၁၀ မီလီယမ်ကျော်တယ် မဟုတ်ဘူးလား.... “