သူမက သိုက်တူးမပဲ
Vol. 34 Ch. 497
"အင်း... အဲ့၀န်းကျင်လောက်ပေါ့.. ငါလည်း ဈေးအတိအကျတော့ မသိဘူး... ဒါပေမယ့် နင့်ရဲ့ ပီတက်ခ်ဖီလစ်ပီက အရမ်း ၀င့်ကြွားလွန်းတယ်... ဒါလေး ပတ်လိုက်....."
"Richard Milleက ပိုပြီးတောင် ၀င့်ကြွားနေဦးမယ်မဟုတ်လား....."
"ဒါပေမယ့် လူတွေ သိပ်မသိကြဘူးလေ... "လျန်ရူရွှယ် ပြောလိုက်ပြီး "မသိတဲ့သူတွေကတော့ ဒီတိုင်း တန်ဆာဆင်ရုံ သပ်သပ်ပဲလို့ ထင်ကြလိမ့်မယ်.... နင်နောက်ကျ အရေးသိပ်မကြီးတဲ့ ပွဲတွေလည်း ၀တ်သွားလို့ ရတာပေါ့ ... "
ထို့နောက် လျန်ရူရွှယ် သူမအိတ်ထဲမှ ချက်ခ်လက်မှတ်တစ်စောင်ကို ထုတ်ကာ လင်းရီထံ ကမ်းပေးလိုက်၏။
"ဆယ်မီလီယမ်တန်ချက်.... ဒါကကော ယောက္ခမလောင်းကြီးဆီကပဲလား....."
"ငါနင့်အခြေအနေကြိ အမေ့ဆီပြောပြလိုက်တော့ အမေလည်း ဆယ်မီလီယမ် ရင်းနှီးပေးဖို့ သဘောတူလိုက်တယ်လေ... ဒီငွေက နည်းနည်းလေးဆိုပေမယ့် နင့်ရဲ့ ပရောဂျက်မှာ သုံးလို့ရတယ်.... "
"မဖြစ်နိုင်တာ.... ပရောဂျက်က လေးဆယ်ရာခိုင်နှုန်း ရန်ပုံငွေ ရပြီးသားလေ... ခု ယောက္ခမလောင်းကြီးက ဆယ်မီလီယမ် ပံ့ပိုးပေးဦးမယ်ဆိုတော့ ငါ့ပိုက်ဆံ တစ်ပြားတစ်ချပ်တောင် ကုန်စရာ မလိုတော့ဘူးပေါ့....."
"အမေက နင့်အပေါ်ရင်းနှီးထားတာ... နင်မလိုချင်ဘူးလား.... မလိုချင်ရင် ပြန်ပေး...."
"မင်းအမေ ငါ့ ယောက္ခမလောင်းကြီးကို ပြန်သွားပြောလိုက်.... ရွှေသားမက်လေးက အမေ့ရဲ့ စေတနာတွေကို လက်ခံလိုက်ပါတယ်လို့....."
လင်းရီ၏ တည့်တိုးဆန်လွန်းသည့် စရိုက်ကြောင့် လျန်ရူရွှယ်လည်း ထိုကောင်စုတ်ကို ဘာမျှမပြောတော့ပဲ သူစိတ်ချမ်းသာသလိုသာ လွှတ်ထားပေးလိုက်တော့သည်။
"နင့်ဘက်ကကော ဘာအစီအစဉ်တွေ ရှိလဲ... ဝူကျောင်းယိုနဲ့ စွန်းမောက်ချွင်းကို နင်သွားချင်တဲ့အချိန် ဘယ်အချိန်ပဲဖြစ်ဖြစ် လာကြိုခိုင်းလို့ရတယ်...ဒါပေမယ့် နင် ဘယ်အချိန် သွားချင်လဲဆိုတဲ့ အပေါ်မှာ မူတည်တယ်....."
လင်းရီတခဏမျှ စဉ်းစားလိုက်ပြီး 'ချူးဟန်ရဲ့ အမေ နှစ်ပတ်လည်က သန်ဘက်ခါဆိုတော့ အဲ့အချိန်လောက်သွားတာ အကောင်းဆုံးပဲ...တစ်ချက်ခုတ် နှစ်ချက်ပြတ်ပေါ့....'
"ငါ မနက်ဖြန် လုပ်စရာ ရှိသေးလို့ သန်ဘက်ခါလောက်မှပဲ သွားဖြစ်မယ်..."
"ကောင်းပြီလေ... အဲ့တာဆို ငါသူတို့ကို လေဆိပ်မှာ လာကြိုပေးဖို့ ပြောလိုက်မယ်...."
"မလာခိုင်းနဲ့..."လင်းရီ ငြင်းဆန်လိုက်ပြီး "အဘိုးကြီးတစ်သိုက် ငါ့လာကြိုမှာကို စိတ်ထဲ ဘယ်လိုကြီးလဲ မသိဘူးကွာ... မလာခိုင်းနဲ့...."
"ဒါဆို ၀န်ရှူးကို လာကြိုခိုင်းလိုက်ရမလား..နင့်ရဲ့ ရန်ချိန် ခရီးစဉ်မှာ ဇာတ်လမ်းလေး ဘာလေး ရှိသွားအောင်ပေါ့...."
"ဖြစ်နိုင်လောက်ပါတယ်..."လင်းရီ ပြောလိုက်ပြီး "ဒါပေမယ့် ငါက ငမွဲလေ... ငါ့လိုကောင်ကို ဘယ်သူကမှ ကြိုက်လိမ့်မယ်လို့ မထင်ဘူး...ဆိုတော့ ဘာဇာတ်လမ်းမှလည်း ရှိလာမှာ မဟုတ်ဘူး...."
"သူမက ငမွဲတွေကို မကြိုက်ဘူးလို့ နင်ဘယ်လိုလုပ်ပြီး သိလဲ...."
"မေးနေးစရာ လိုသေးလို့လား.... သူ့ပါးစပ်ဟလိုက်တာနဲ့ သိုက်တူးမဆိုတာ ဒက်ကနဲ သိတယ်...."
"နင်ဟာလေ တကယ့်ကို......"
လျန်ရူရွှယ် လင်းရီ၏ ကားတံခါးကို ဖွင့်လိုက်ပြီး "တစ်ခုခုသွားစားကြစို့... ငါ ဗိုက်တွေ အရမ်းဆာနေပြီ...."
သို့နှင့် လင်းရီလည်း အိမ်မပြန်ခင် လျန်ရူရွှယ်နှင့်အတူ ညစာ စားလိုက်၏။
လင်းရီ၏ ဘ၀မှာ ယခု တစ်ဖန် အလုပ်ပြန်များ လာချေပြီ။ ဖိုတိုလီတိုဂရပ်ဖီ ပရောဂျက်နှင့် စပ်လျဉ်း၍ 4 nanometer အလင်းအရင်းမြစ်ကို လိုချင်ပါက Cymer ကို ဦးစွာ ကိုင်တွယ်ရန် လိုအပ်သည်။ အကယ်၍ သူ Cymer ကို ကိုင်တွယ်ချင်ပါက ၎င်း၏ ထိန်းချုပ်သူ Intel ကို ဖြေရှင်းဖို့ရာ နည်းလမ်းတစ်ခုရှာရမည်ဖြစ်ပြီး ထိုနည်းလမ်းကလည်း သူ့ကို Intel နှင့် တန်းတူပြောဆိုနိုင်ခွင့် ရှိရမည့် နည်းလမ်းတစ်ခု ဖြစ်ရမည်။ ထို့အတွက်ကြောင့် သူ ချစ်ပ် 3.0 အရင်းအမြစ်ကုတ်ကို ရေးသားရန် အရေးတကြီး လိုအပ်လာချေပြီ။
ထိုအကြောင်းစဉ်းစားရင်း လင်းရီ လုရင်းကို ဖုန်းဆက်ကာ သူ့အိမ်သို့ လိုအပ်သည့် စက်ပစ္စည်းများ ၀ယ်ပို့ထားပေးရန် ညွှန်ကြားလိုက်သည်။ ဤသို့ဖြင့် သူ၏ အားလပ်ချိန်များတွင် အကောင်အထည် ဖော်နိုင်ပေမည်။
ယခု စနစ်မှ ပေးထားသည့် နောက်ဆုံး မစ်ရှင်မှာ အတော်လေး အချိန်သုံးရမည့် မစ်ရှင်တစ်ခု ဖြစ်ပြီး လူနာများထံ အဆင်မပြတ် လည်ပတ်နေရကာ ခွဲစိတ်မှုများလည်း ဆက်တိုက်လုပ်ဆောင်နေရ၏။ ထိုအခါမှသာ လူနာများမှ သူ၏ ကြိုစားမှုကို အသိအမှတ်ပြုလာပြီး ပိုးထည်တံခွန်များ လာရောက် ပေးကမ်းပေမည်။
ထို့ကြောင့် သူ၏ အချိန်စာရင်းမှာ ယခုမှစ၍ မအားလပ်အောင် ဖြစ်နေရတော့၏။
.................
ည ကိုးနာရီခွဲတွင် ကျိုးဟိုင်မှ ရန်ချိန်သို့ ပြေးဆွဲနေသည့် လေယာဉ်တစ်စင်း လေဆိပ်သို့ ဖြည်းညင်းစွာ ဆင်းသက်လာခဲ့၏။
ဝူကျောင်းယိုနှင့် ကျန်သူများ လေယာဉ်ပေါ်မှ ဆင်းလိုက်ကြပြီး အပြင်တွင် အသင့်စောင့်ဆိုင်းနေသည့် ကားများထဲသို့ ၀င်လိုက်ကြသည်။
ထုံးစံအတိုင်း ဝူကျောင်းယိုနှင့် ၀န်ရှူးကတော့ ကားတစ်စီးတည်း အတူစီးကြပြီး ကျန်သူများကတော့ အခြားကားထဲတွင် ရှိနေကြ၏။
"ဟုတ်ကဲ့ပါ ဟုတ်ကဲ့ပါ... ကျုပ်နားလည်ပါတယ်.... ကျေးဇူးတင်ပါတယ် မြို့တော်၀န်လျန်..."
"စိတ်မပူပါနဲ့... ကျုပ် သေချာလေး ဂရုစိုက်လိုက်ပါ့မယ်...."
ကားထဲတွင် ဝူကျောင်းယို လျန်ရူရွှယ်၏ ဖုန်းခေါ်ဆိုမှုကို ချလိုက်ပြီး ၀န်ရှူးကို ကြည့်ကာ "မြို့တော်၀န်လျန် ခုလေးတင် ငါ့ဆီ ဖုန်းဆက်လာတယ်... မစ္စတာလင်း သန်ဘက်ခါကျရင် ငါတို့ ရန်ချိန်ဆီ ရောက်လာလိမ့်မယ်... အဲ့တာ မင်း သူ့ကို သွားကြိုပေးလိုက်...."
"ဟမ်.... ကျွန်မက သွားကြိုပေးရမှာလား...."
၀န်ရှူး အနည်းငယ် အံ့အားသင့်သွားခဲ့၏။ သူမမှာ အချိန်ပိုင်း သတင်းထောက်လေး တစ်ယောက်မျှသာ ဖြစ်ပြီး ထိုသို့ လုပ်ဆောင်ရန် တာ၀န်မရှိပေ။
"တစ်ဖက်က အဲ့လို ပြောလာတာပဲ.. သူတို့က ဘယ်သူလာကြိုပေးတာကိုမှ မလိုချင်ဘူး... မင်းလာကြိုပေးတာကိုပဲ လိုချင်နေတာ... မင်းကတော့ နောက်လေးငါးရက်လောက်အထိ အလုပ်ကြိုးစားရတော့မယ်...."ဝူကျောင်းယို ပြောလိုက်ပြီး "ငါ နောက်ကျရင် မစ္စတာလင်း ဖုန်းနံပါတ် ပို့ပေးလိုက်မယ်....သူ့ကို ဆက်သွယ်ပြီးတော့မှ အသေးစိတ် ကြည့်စီစဉ်လိုက်ပေါ့... တစ်ခုခုလိုအပ်ရင် ငါ့ကို ပြော..."
"ဟုတ်ကဲ့ရှင့်.. အဆင်ပြေပါတယ်...."
၀န်ရှူး စိတ်ထဲမှ မပါသည့်လေသံဖြင့် ပြန်ဖြေလိုက်သည်။
အကယ်၍ သူမ လင်းရီ၏ ရှာရီကို မမြင်လိုက်ရပါက ယခု တာ၀န်ကို မျှော်တလင့်လင့် ဖြစ်နေပေမည်။
သို့သော်လည်း ယခုတော့ ထိုအရူးမှာ သူ၏ပိုက်ဆံ အကုန်လုံးကို လှူဒါန်းပစ်လိုက်ကြောင်း သိရှိပြီးနောက် ထိုသို့သောသူမျိုးနှင့် အပေါင်းသင်းလုပ်ရန်ပင် ၀န်လေးနေမိတော့၏။
"ဒါပေမယ့် ဘာလို့ ကျွန်မကိုမှ လာကြိုစေချင်ရတာလဲတဲ့... တစ်ခုခုတော့ မဟုတ်သေးဘူးနော်.... "
၀န်ရှူး လင်းရီကို မကြိုပေးချင်သော်လည်း မည်သို့ ငြင်းဆိုရမှန်း မသိသောကြောင့် သွယ်ဝိုက် မေးမြန်းရုံသာ တတ်နိုင်လေသည်။
"အဖိုနဲ့ အမဆိုတော့ ပိုပြီး ဆွဲငင်တဲ့သဘောမျိုးပေါ့ကွာ..."ဝူကျောင်းယို သာမန်ကာလျှံကာ ပြောဆိုလိုက်ပြီး "မင်းသေချာလေး လုပ်ရမယ်နော်...."
"ဟုတ်ကဲ့....နားလည်ပါပြီ...."
၀န်ရှူး သူမ နှုတ်ခမ်းကို ဖိကိုက်လိုက်၏။ ယခုလိုပုံစံအတိုင်း ဆိုလျှင်တော့ သူမ ရှောင်လွှဲနိုင်ခြင်း မရှိတော့သည့်ပုံပင်။ ထို့ကြောင့် သူမကိုယ်သူမ တွန်းအားပေးရုံသာ တတ်နိုင်တော့၏။
ထိုမစ္စတာလင်းဆိုသူမှာ သူမအပေါ် မကောင်းသည့် အတွေးတို့ မရှိစေရန်လည်း တိတ်တဆိတ် မျှော်လင့်နေမိသည်။ မဟုတ်ပါက သူမ ပါးခြောက်ဆင့်ခန့် ဖြတ်ရိုက်လိုက်ရန် ၀န်လေးနေလိမ့်မည် မဟုတ်ချေ။
ကလင် ကလင် ...
၀န်ရှူး၏ ဖုန်းသံ မြည်လာခဲ့၏။ သူမကောင်လေးထံမှ ခေါ်ဆိုလာခဲ့ခြင်းပင်။
"ဘယ်လိုလဲသဲ ... အလုပ်ပြီးပြီလား.. ပြန်လာတော့မှာလား... ကိုယ်လာကြိုပေးရဦးမလား... ကိုယ်ခု အရမ်းကောင်းတဲ့ ဟေ့ာပေါ့ဆိုင် တစ်ဆိုင် ရှာတွေ့ထားတယ်... ပြန်လာရင် အတူသွားစားကြမယ်လေ.... "
"ဟင့်အင်း... သဲအခု အလုပ်တွေ အရမ်းရှုပ်နေတယ်... လေးငါးရက်လောက်ထိတော့ ပြန်လာဖြစ်သေးမှာ မဟုတ်ဘူး... သဲပြန်လာတော့မည့် အချိန်ကျရင် ကို့ကို ဖုန်းပြန်ဆက်လိုက်မယ်လေ... "
သာမန် စုံတွဲများကဲ့သို့ လွမ်းကြောင်းဆွေးကြောင်း ပြောဆိုပြီးနောက် ၀န်ရှူး ဖုန်းချကာ မြို့ဆင်ခြေဖုံးရှိ ယာတောအိမ်လေးထဲသို့ မောင်းနှင်သွားလိုက်၏။
.......
နောက်တစ်နေ့ နံနက်ခင်းတွင် လင်းရီ တစ်ယောက်ယောက်ကို စေခိုင်း၍ ရှန်းရှူးရီ၏ ချက်လက်မှတ်ကို လင်းယွမ်အုပ်စုထံ ပို့ခိုင်းလိုက်သည်။ထိုချက်ခ်နှင့် ပတ်သက်၍ လင်းရီ စိတ်တိုင်းကျ ပြုလုပ်ချင်သော်လည်း သွားထုတ်ရပြုရနှင့် ရှုပ်ထွေးသောကြောင့် လင်းရီ ဟော်ယွမ်ယွမ် လက်ထဲသို့ လွှဲလိုက်ရန်သာ ဆုံးဖြတ်လိုက်သည်။
လင်းရီ ဆေးရုံသို့ မောင်းသွားနေစဉ် ဟော်ယွမ်ယွမ်မှ ဖုန်းခေါ်ဆိုလာခဲ့၏။
"ဘော့စ်... ကျွန်မ ချက်ကို လက်ခံပြီးသွားပြီ... ဒီလောက်ပိုက်ဆံတွေ အများကြီးနဲ့ဆိုတော့ ကျွန်မတို့ ပရောဂျက်လုပ်ဖို့ ငွေတစ်ပြားမှ ကုန်စရာ မလိုတော့ဘူးပေါ့နော်...."
"သူများ ပိုက်ဆံသုံးပြီး ကိုယ်လိုချင်တာကို ရအောင်လုပ်တယ်... ဒါက ငါလိုချင်တဲ့ အကျိုးသက်ရောက်မှုပဲ... "
"ဟီးဟီး... ဘော့စ်က အရမ်း အံ့ဩဖို့ကောင်းတာပဲ..."
ဟော်ယွမ်ယွမ် ပြောလိုက်ပြီး "ခုလေးတင် Cisco ဘက်က ဖုန်းဆက်လာတယ်.. သူတို့ ချစ်ပ်တွေ အကုန်လုံး ပြီးလို့ နောက်ငါးရက်အတွင်း တင်ပို့ပေးလာတော့မှာ... ခု သူတို့ဘက်က ငွေချေမယ့်အကြောင်း ဆွေးနွေးချင်နေတယ်.... "
"တစ်ပတ်အတွင်း ဆွေးနွေးမယ်လို့ ပြောလိုက်...."
"ကျွန်မတို့ တစ်ခုခု လုပ်ထားပေးရဦးမလား ဘော့စ်...."ဟော်ယွမ်ယွမ် မေးလိုက်သည်။
"မလိုဘူး... မင်းနဲ့ ချီကြီးတို့က ကုမ္ပဏီ ကိစ္စကိုပဲ အာရုံစိုက်ထား... ဒီကိစ္စ ဘာမှ စိတ်မပူနဲ့...."
"နားလည်ပါပြီ...."
အရေးကြီး ကိစ္စများနှင့် ပတ်သက်လာလျှင်တော့ ဟော်ယွမ်ယွမ်မှာ လေးလေးနက်နက်ရှိလှပြီး လင်းရီနှင့် ပေါက်တတ်ကရတို့ မပြောတတ်ပေ။
ဖုန်းချပြီးနောက် လင်းရီ လုရင်းထံ ဖုန်းဆက်လိုက်၏။
"ဘော့စ်...."
"သတင်းစာရှင်းလင်းပွဲလုပ်ဖို့ ပြင်ဆင်တာ အခြေအနေ ဘယ်လိုရှိလဲ...."
"အကုန်အဆင်ပြေပါတယ်ရှင့်..."လုရင်း ပြောလိုက်ပြီး "ဒါပေမယ့် ဖုန်းလန်ယဉ်ကျေးမှုက ဥက္ကဌချောင်ကတော့ သတင်းစာရှင်းလင်းပွဲ ဘယ်အချိန် လုပ်မလဲ ဆိုတာကိုပဲ တစ်မေးတည်း မေးနေတယ်...ကျွန်မကတော့ သူ့ကို အဖြေ ပြန်မပေးသေးဘူး...."
"နောက်တစ်ခေါက် ထပ်မေးလာရင် တစ်ပတ်အတွင်း လုပ်မယ်လို့ ပြောလိုက်...."
"နားလည်ပါပြီ..."လုရင်း ပြောလိုက်ပြီး "ဒါနဲ့ဘော့စ်.... ဘော့စ်တောင်းဆိုထားတဲ့ ပစ္စည်းတွေကို အော်ဒါတင်ပေးပြီးသွားပြီနော်... မနက်ဖြန်လောက်ဆို သူတို့ ပို့လာခဲ့တော့မှာ...."
"အင်း... ငါ့အိမ်ကို ပို့ဖို့ စီစဉ်ပေးဦး... ပြီးတော့ တစ်ခါတည်းပါ ဆင်ထားပေးလိုက်...."
"ဟုတ်ကဲ့ရှင့်..."
ညွှန်ကြားချက်များ ပေးပြီးနောက် လင်းရီ ကားထဲမှ ထွက်ကာ အကြောဆန့်လိုက်သည်။ အချိန်အကြာကြီး ကွန်ပစ်ထားပြီးနောက် ကွန်ထဲရှိငါးများကို သိမ်းဆည်းရန် အချိန် ကျရောက်လို့ လာချေပြီ။
ဒီလိုနှင့် Cisco မှာ ဒေဝါလီ ခံလုမတတ် ဖြစ်သွားပြီး သူ့နောက်ကွယ်ရှိ ချုပ်ကိုင်သူမှာ ကူညီရန် လက်လှမ်းလာပေလိမ့်မည်။
'နောက်ဆုံးတော့ အဲ့ကောင်တွေ ကိုယ်ထင်ပြချိန် ရောက်တော့မယ်ပေါ့...'
လင်းရီ အတွင်းလူနာဆောင်သို့ လမ်းလျှောက်လာခဲ့လိုက်သည်။ သို့သော်လည်း ဌာနသို့ ရောက်သောအခါ အခန်း ၈၀၁မှ ရုတ်ရုတ်ရက်ရက် ဖြစ်နေသံများကို ကြားလိုက်ရ၏။
"ငါ့အဖေကို ခွဲစိတ်ပေးဖို့ မင်းတို့ကို ဘယ်သူက တောင်းဆိုနေလို့လဲ... ငါတို့က ရန်ကျင်းကို ပို့ဖို့ စီစဉ်နေပါတယ် ဆိုနေမှ ... ခု ကြည့်... သွားလို့မရတော့ဘူး... မင်းတို့ ဒါကို ဖြေရှင်းချက် ပေးရမယ်.....”