← Chapters

ဒီချက်ခ်ကို ဘယ်ကရခဲ့တာလဲ...

Vol. 34 Ch. 498

ဒီချက်ခ်ကို ဘယ်ကရခဲ့တာလဲ...

Vol. 34 Ch. 498

လူနာဆောင်ထဲရှိ အော်ဟစ် ကြုံးဝါးသံများကို ကြားတော့ လင်းရီ သူ့ရှေ့မှ ဖြတ်လျှောက်သွားသည့် ယွမ်စီးချီကို လှမ်းဆွဲ၍ မေးမြန်းလိုက်သည်။

"အခန်း ၈၀၁ ထဲမှာ ဘာတွေ ဖြစ်နေတာလဲ..."

"ဟွန့်... အဲ့အခန်းကို လာလည်တဲ့သူတွေက ပြဿနာ ရှာနေတာလေ... ဒါရိုက်တာလီကတော့ အထဲမှာ ဖြေရှင်းဖို့ ကြိုးစားနေတယ်...." ယွမ်စီးချီမှ အမြင်ကပ်နေသည့် လေသံဖြင့် ပြောလိုက်၏။

"လာလည်သူတွေ.... အထဲမှာ ဘာတွေလည်း ဖြစ်နေကြတာ...."

"ဒါရိုက်တာလီနဲ့ ဒါရိုက်တာလင်းတို့ မနေ့က အဲ့ဒီအခန်းထဲက လူနာကို နှလုံးခွဲစိတ်မှု မလုပ်ပေးလိုက်ဘူးလား... ခု ခွဲစိတ်တာ ပြီးသွာပြီးဆိုတော့ သူ့မိသားစု၀င်တွေက လာရှာနေကြပြီလေ... ပြီးတော့ ပြောသေးတယ်... သူတို့က အဘိုးကြီးကို ယာယီ ဆေးကုထားပြီး ရန်ကျင်းမှာ ဆေးသွားကုမှာဆိုပဲ... ဒါပေမယ့် ဒါရိုက်တာလင်းတို့က လူနာမိသားစုရဲ့ ခွင့်ပြုချက်မပါပဲနဲ့ ခွဲစိတ်ပေးလိုက်တော့ သူတို့က ပြဿနာ ရှာပြီး လျော်ကြေးပါ ပြန်တောင်းနေကြတယ်.... "

"ဒီလို ငပိန်းဖမ်းတဲ့အကွက်တွေက နှစ်တိုင်းဖြစ်နေကြပါဟ... ဒါပေမယ့် ဘာလို့ ဒီနှစ်မှ အဲ့လောက် များနေလည်း မသိဘူး..."လင်းရီ ဘာဖြစ်နေလဲဆိုတာကို သိရှိဟန်ဖြင့် ရယ်မောလိုက်ပြီး အခန်း ၈၀၁ ထဲသို့ ၀င်သွားခဲ့သည်။

လူနာခန်းထဲတွင်တော့ လီချူးဟန်အပြင် ချောင်ရှင်းနှင့် မြောင်ကော်ဖုန်းတို့လည်း ရှိနေကြ၏။

ထို့ပြင် သက်လတ်ပိုင်း စုံတွဲတစ်တွဲကလည်း အဘိုးကြီး ဘေးတွင် ရပ်နေကာ လီချူးဟန်တို့နှင့် အော်ကြီးဟစ်ကျယ် ငြင်းခုန်နေကြသည်။

"အစ်ကိုရီ... ရောက်လာပြီလား..."

လင်းရီ အထဲ ၀င်လာသည်ကိုမြင်တော့ ချောင်ရှင်း သူမ၏ ကယ်တင်ရှင်ကို မြင်လိုက်ရသည့် အလား ခံစားလိုက်ရ၏။ ယခုလို အကျိုးအကြောင်း ဆွေးနွေးလို့ မရသည့် လူနာမိသားစုများကို အစ်ကိုရီအား ကိုင်တွယ်ခိုင်းလိုက်သည်က ပိုကောင်းလေသည်။

"အာကျယ် အာကျယ်နဲ့... မင်းတို့က ဘာလာလုပ်တာ.... ဆေးရုံဘေလ် လာရှင်းတာလား...."

"ဘာကွ.. ဆေးရုံဘေလ်....... "အဘိုးကြီး၏ သားဖြစ်သူမှာ ဒေါပွသွားပြီး "ငါ့အဖေကို ခွဲစိတ်ပေးပါလို့ မင်းတို့ကို ငါ ပြောခဲ့ဖူးလား... မပြောခဲ့ပဲနဲ့ ခွဲစိတ်လိုက်လို့ ငါတို့က လျော်ကြေးတောင် မတောင်းရသေးဘူး... အဲ့တာကို မင်းက ပိုက်ဆံလိုချင်နေသေးတယ်ပေါ့...."

"အိုက်ယိုးဝေး..."ကုတင်ပေါ်တွင် လဲလျောင်းနေသည့် အဘိုးကြီးမှ ပြောလိုက်ပြီး "ဒီအဘိုးကြီးလည်း အစက မခွဲစိတ်ချင်ပါဘူးကွယ်... ဒါပေမယ့် သူတို့က အတင်း ခွဲစိတ်ဖို့ပဲ အားသန်နေကြတာ... ငါကလည်း အသက်အရမ်း ကြီးနေပြီဆိုတော့ ဘယ်လိုလုပ် ခုခံနိုင်တော့မှာ... အဲ့တာနဲ့ပဲ ခွဲစိတ်ခန်းထဲ မေ့ဆေးပေးပြီး ခေါ်သွားခံရတာပေါ့...နင်တို့ ဆေးရုံက ပိုက်ဆံ လိုချင်တယ်ဆိုရင်တောင်မှ ဒီလိုနည်းလမ်းကြီးနဲ့တော့ ပိုက်ဆံ မရှာသင့်ဘူးလေ... ဒါကြီးက..... ဒါကြီးက အရမ်းရက်စက်လွန်းပါတယ်.... "

ချောင်ရှင်း ဆက်လက် သည်းမခံနိုင်တော့ပဲ "ရှင်တို့ သုံးယောက်လုံးမှာ အသိစိတ်ဆိုတာ မရှိကြဘူးလား... ရှင့်ကိုကော ကျွန်မတို့က အရမ်းကြီး ခွဲစိတ်ပေးချင်နေတယ်လို့ ထင်လား... ရှင့်အခြေအနေအတိုင်းဆိုရင် မနေ့က မခွဲစိတ်လို့ကတော့ ဒီကနေ့ သဂြိုဟ်စက်ထဲ ရောက်နေလောက်ပြီ... ပြီးတော့ ရှင်ဒီမှာ နေနေတာကလည်း တစ်ပတ်တောင် ရှိနေပြီ... ရှင့်သားသမီးတွေ ဆိုတာကလည်း သူတို့ ဖအေကို လာပို့ပြီးကတည်းက ပေါ်ကို မလာတော့ဘူး... သေသလား ရှင်သလားလည်း မသိရ... ခု ခွဲစိတ်ပြီးပါပြီဆိုတော့မှ ဆေးရုံလာပြီး ပြဿနာ လာရှာနေတယ်... ရှင်တို့ မခွဲစိတ်ခင် လာခဲ့ကြပါလား... အရှက်တရားဆိုတာ မရှိကြတော့ဘူးလား...."

"နင် .. ကလေးမလေး မင်း ဘာတွေ လျှောက်ပြောနေတာ... ငါ့လို အသက်ကြီးတဲ့ အဘိုးကြီးက လိမ်ပြောတယ်ဆိုတာ ဖြစ်နိုင်မှာတဲ့လား... နင်တို့ပဲ ငါ့ကို အတင်းခွဲစိတ်ဖို့ ပြောနေခဲ့ကြတာ မဟုတ်ဘူးလား...."

"ဟမ့်... မင်းတို့နော်... ရိုးရိုးသားသား ၀န်ခံလိုက်ရင်ကောင်းမယ်...နာမည်ကြီး ဆေးရုံဖြစ်ပြီး ဒီလို ယုတ်ညံ့တဲ့ လုပ်ရပ်တွေ လုပ်ရတယ်လို့ကွာ... ဒီနေ့ ငါ့ကို ဖြေရှင်းချက် ပေးရင်ပေး... မပေးရင် ဒီကိစ္စကို လူတိုင်းသိအောင် ဖော်ထုတ်မယ်.... "

"ရှင်းရှင်း... မင်း နောက်ဆုတ်နေ....."

လင်းရီ လက်နှစ်ဖက်ကို အိတ်ကပ်ထဲလျက် အဘိုးကြီး၏ သားဖြစ်သူကို ကြည့်ကာ "ငါတို့ ဒီကိစ္စကို ဖြည်းဖြည်းချင်း စကားပြောကြတာပေါ့... မင်းတို့အဖေ ဆေးရုံ စတက်ပါပြီ ဆိုကတည်းက မင်းတို့ကောင်တွေက လာကြည့်ဖော်လည်း မရဘူး... ငါတို့ဘက်က ဆက်သွယ်လို့လည်း မရပြန်ဘူး... အဲ့ကိစ္စကို ဘယ်လို ရှင်းပြမှာ.... "

"ငါတို့နှစ်ယောက်က နိုင်ငံခြားကို ခရီးလွန်နေကြလို့... အဲ့တာကြောင့် မင်းတို့ ဆက်သွယ်လို့မရတာ...."အဘိုးကြီး၏ သားဖြစ်သူမှ ပြောလိုက်ပြီး "ခု ငါတို့ ခရီးက ပြန်ရောက်လာပြီး အဖေ့ကို လာခေါ်တော့ သူ့ကို ခွဲစိတ်ပေးပြီးလို့ ဘေလ်ဖိုး ယွမ်တစ်သိန်း တောင်းနေတယ်တဲ့လား.... ဘယ်လိုတောင် မကောင်းဆိုးဝါး ဆန်လိုက်တဲ့ ဆေးရုံပါလိမ့်..."

"ငါမင်းကို အများကြီး ဆက်မေးချင်ပေမယ့် မင်းကခုလေးတင် နိုင်ငံခြား သွားခဲ့တယ်လို့ ပြောတော့ ပိုပြီး လွယ်ကူသွားပြီ...."

"ဘာအဓိပ်ပာယျလဲ...."

"ငါခု သက်ဆိုင်ရာတွေကို ဖုန်းဆက်ခေါ်ပြီးတော့ မင်းတို့ ဘယ်နိုင်ငံ သွားခဲ့လဲဆိုတာ သိရအောင် လူ၀င်မှု မှတ်တမ်းကို စစ်ဆေးခိုင်းလိုက်မယ်..."

ထိုစကားကို ကြားတော့ အဘိုးကြီး၏ သားမှာ မသိမသာ မျက်နှာပျက်သွားခဲ့ပြီး "မင်း စုံစမ်းကြည့်လည်း အသုံးမ၀င်ဘူး... ငါတို့က အလောတကြီး ထွက်သွားခဲ့တာဆိုတော့ ဘာမှ ရှာတွေ့မှာ မဟုတ်ဘူး...."

"အဲ့တော့ ဘာဖြစ်လဲ... မင်းတို့က တောင်ပံတွေ ပေါက်ပြီး ကိုယ့်ဘာကိုယ် ပျံသွားခဲ့ကြတာလား...."

"ခုလက်ရှိ နည်းပညာတွေအရဆိုရင် နိုင်ငံခြား သွားချင်လို့ကတော့ လေကြောင်းနဲ့ ရေကြောင်း နှစ်မျိုးတည်းပဲ သွားလို့ရမှာ... တကယ်လို့ ရထားစီးသွားချင်တယ်ဆိုရင်တော့ မြောက်ခြမ်းက ရုရှားကို သွားလိုက်ရုံပဲ...ဒါလည်း ဖြစ်နိုင်တာပဲလေ..... ဒါပေမယ့် ဘာပဲဆိုဆို မင်းဘာမင်း ဘယ်လမ်းကြောင်းနဲ့ သွားသွား သေချာပေါက် စုံစမ်းစစ်ဆေးကြည့်လို့ ရတယ် ဆိုတာပဲ...."

လင်းရီ သူ၏ ကိုယ်ဟန်ကို ပြောင်းလဲလိုက်ပြီး ဆက်လက်၍ "တကယ်လို့ မင်းရဲ့ ခရီးသွားမှတ်တမ်းကို ရှာမတွေ့ဘူးဆိုရင်တော့ ဖြစ်နိုင်ခြေက တစ်ခုတည်း ရှိတယ်... မင်း နိုင်ငံထဲကနေ မှောင်ခိုနည်းလမ်းနဲ့ ထွက်သွားခဲ့တာပဲ ဖြစ်ရမယ်... ငါတို့ဘက်ကလည်း မင်းဆီ ဖုန်းဆက်လို့ မရဘူးဆိုတော့ မင်း တရားမ၀င်တာတွေ လုပ်နေတယ်ဆိုတာ ပိုလို့တောင် သံသယဖြစ်ဖို့ ကောင်းသွားပြီ... ငါ့မှာ မင်းကို တိုင်တန်းချင်ရင် နောက်ထပ် အကြောင်းပြချက်တွေ အများကြီး ရှိသေးတယ်နော်.... "

အဘိုးကြီး၏ သားဖြစ်သူမှာ မျက်နှာကြီး အစိမ်းရောင် ပြောင်းလာသည်အထိ ကြောက်ရွံ့သွားခဲ့ပြီး"မင်း....မင်း ဘာမဟုတ်တာတွေ လျှောက်ပြောနေတာတုန်းကွ... ငါတို့ တရားမ၀င်တာ ဘာမှ မလုပ်ထားဘူး... ငါတို့ကို မဟုတ်မမှန်တာတွေနဲ့ လာမစွပ်စွဲနဲ့...."

"ငါကလည်း ဒီတိုင်း မှန်းကြည့်တာလေ...အမှန်တရားကိုတော့ ရဲတွေ ရောက်လာရင် သိရမှာပဲ... သူတို့က သေချာပေါက် တရားမျှတမှုကို ရှာဖွေပေးလိမ့်မယ်.... "

"သောက်ရေးမပါတာတွေ..... မင်းငါ့ရဲ့ ကိုယ်ကျင့်တရားကို လာမစော်ကားနဲ့..."အဘိုးကြီး၏ သားဖြစ်သူမှ ပြောလိုက်ပြီး "ငါခု နတုန်းက နည်းနည်း စိတ်လှုပ်ရှားသွားလို့ စကားမှားသွားတာ... ငါတို့ နိုင်ငံခြား မသွားဘူး... နိုင်ငံထဲမှာပဲ အလုပ်ခရီးရောက်နေတာ...."

"အဲ့တာဆို ငါတို့က ဘာဖြစ်လို့ ဆက်သွယ်လို့ မရတာ... မင်းဖုန်းက လိုင်းမမိရအောင် တောင်ပေါ် ရောက်နေလို့များလား...."လင်းရီ မေးမြန်းလိုက်ပြီး "ပြီးတော့ မင်း စကားကို ဒီလိုမျိုး လွယ်လွယ် ပြောလိုက်လို့ မရဘူးလေ... မင်းက နိုင်ငံခြားမှာ နေတယ်ဆိုရင်လည်း နိုင်ငံခြားမှာ နေလေ.... နိုင်ငံထဲမှာ နေတယ်ဆိုလည်း နိုင်ငံထဲမှာနေလေ.... မင်းမေလင်က လပေါ်ရောက်နေတယ်လို့ ပြောရင်လည်း ငါတို့ လမုန့်ပွဲတော်ကျ ချန်ဂီကို မကြည့်တော့ဘူး.... မင်းစောက်ခွက်ကြီးပဲ ထိုင်ကြည့်နေလိုက်တော့မယ်....."

"အစ်ကိုရီ ညီမခု ရဲကို ဖုန်းဆက်လိုက်တော့မယ်နော်...."

"ငါ ပြောလိုက်မယ်... မင်းတို့ရဲခေါ်လည်းအသုံးမ၀င်ဘူး... သဘောတူညီချက်မပါပဲ ငါ့အဖေကို ခွဲစိတ်လိုက်တဲ့အတွက် သေချာပေါက် ဖြေရှင်းချက်ပေးရမယ်....."

လင်းရီ သူ့လက်ညိုးကို ဝှေ့ယမ်းလိုက်ပြီး "ပြဿနာ မရှိဘူး... ခွဲစိတ်ခက ယွမ်တစ်သိန်းတည်း ကျတာ... အဲ့ဒီပမာဏလောက်လေးကတော့ စာရင်းထဲကို ထည့်မနေဘူး....ပျော်‌ပျော်ကြီးကို လျော်ပေးလိုက်မယ်... ဒါပေမယ့် အဲ့ဒီမတိုင်ခင် မင်း ငါတို့ကို ဘာကြောင့် နိုင်ငံခြား ရောက်နေလဲဆိုတာ ဖြေရှင်းချက်ပေးရမယ်.... .."

"ငါနိုင်ငံခြား သွားခဲ့ပါတယ်လို့ ပြောလား... "

"သေချာပေါက် ပြောခဲ့တာပေါ့ကွ... ငါ အသံဖမ်းထားတယ်လေ..."

လင်းရီ သူ့ဖုန်းကို ထုတ်၍ ပြောလိုက်ပြီး "ရှင်းရှင်း ရဲကို ဖုန်းဆက်ပြီးတော့ ငါတို့ ဒီမှာ နိုင်ငံထဲ ဆေးဝါးတွေ မှောင်ခိုသွင်းတယ်လို့ သံသယရှိတဲ့သူကို တွေ့ထားပါတယ်လို့ပြောလိုက်....ရဲတွေ စုံစမ်းစစ်ဆေးပြီးလို့ ဒီကောင့်မှာ အပြစ်မရှိဘူးဆိုရင် ငါတို့ အလျော်ပေးလိုက်မယ်...."ပြောပြီးနောက် လင်းရီ လှည့်ထွက်သွားရန် ဟန်ပြင်လိုက်၏။

"အိုကေ အိုကေ ... ညီမ နားလည်ပြီ..."

ရှင်းရှင်း၏ မျက်၀န်းများထဲတွင် ကြယ်တာရာတို့ဖြင့် ပြည့်နှက်နေလေသည်။

'အစ်ကိုရီရဲ့ အိုင်ကျူက အရမ်းမြင့်တာပဲ.... ခု သူတို့က သံသယရှိဖို့ကောင်းတယ်ဆိုတာ ဘယ်လိုမှ ရှောင်လွဲလို့ရမှာ မဟုတ်တော့ဘူး.....'

"မဟုတ်ဘူး... မလုပ် မလုပ်ပါနဲ့...."

လင်းရီ ထွက်သွားတော့မည်ကို မြင်တော့ အဘိုးကြီး၏ သားမှာ နောက်မှ အရေးတကြီးဖြင့် ပြေးလိုက်လာပြီး လင်းရီရှေ့တွင် ဒူးထောက်ကာ "ဒေါက်တာ... ကျေးဇူးပြုပြီး ရဲကို မခေါ်ပါနဲ့... ကျုပ်တို့က ဆေးဖိုး မပေးချင်လို့ ဒီလိုတွေ လုပ်မိတာပါ.... ကျုပ် ခု ပြန်ပြီး ပိုက်ဆံ သွားယူလိုက်ပါ့မယ်.... ကျေးဇူးပြုပြီး ရဲကိုတော့ မခေါ်လိုက်ပါနဲ့ဗျာ...."

"ငါ့ကို လာမရှင်းပြနဲ့....မင်း အဲ့စကားတွေကို သက်ဆိုင်ရာကိုပဲ ရှင်းပြလိုက်တော့... "

တစ်ချိန်တည်းတွင် ဆေးရုံ၏ လုံခြုံရေးအစောင့်များလည်း ရောက်ရှိလာခဲ့ပြီး အဘိုးကြီး၏ သားကို ဆွဲထုတ်သွားကြလေသည်။ ထို့နောက် ဌာနမှာ တစ်ဖန် တိတ်ဆိတ် သွားခဲ့တော့သည်။

"အစ်ကိုရီ... အစ်ကိုက အရမ်းအံ့ဩဖို့ကောင်းတာပဲနော်... ဒီလို အကြံမျိုး ထွက်လာလိမ့်မယ်လို့ ညီမ ထင်တောင် ထင်မထားဘူး... "ချောင်ရှင်း ပြောလိုက်၏။

"တကယ်တည်း...ငါလည်း ဆွံ့အမိတယ်သိလား.. ခု ငါတို့ နေနေတာက ဘယ်ခေတ်ရောက်နေပြီလည်း ... ဒီကောင်က စကားကို လက်လွတ်စပယ်ပြောပြီး ပြန်ရုတ်သိမ်းချင်နေတယ်တဲ့... ဒီကောင့် အိုင်ကျူက ပြည့်ကော ပြည့်ရဲ့လားဆိုတာ သိချင်စမ်းပါဘိ....."

"လူ့အဖွဲ့အစည်းက ဘယ်လိုပဲ တိုးတက်လာ တိုးတက်လာ... လူ့ အဆိပ်အတောက်တွေကတော့ ရှိနေစမြဲပဲလေ..."

လင်းရီ သူ့ထိုင်ခုံကို မှီရင်း "အင်း....ငါ မသုံးရသေးတဲ့ လှည့်ကွက်တွေ အများကြီး‌ ကျန်နေသေးတာကိုကွာ... ဒီကောင်က စောစီး အညံ့ခံလိုက်ရတယ်လို့..."

"အဲ့တာကလည်း အစ်ကိုရီက အရမ်း အံ့ဩစရာ ကောင်းလို့လေ... အစ်ကိုရီ လက်ညိုးလေး တောက်လိုက်ရုံနဲ့ တစ်ဖက်လူက လွင့်ထွက်သွားပြီးသား... ထွေထူး လှုပ်ရှားစရာတောင် မလိုလိုက်ဘူး...."

"အင်း... သေချာလေး သင်ယူထား... နောင်ကျရင် အဲ့လို လူမျိုးတွေနဲ့ တွေ့ရင် မင်းရဲ့လေကို အကုန်ခံ မနေနဲ့... သူတို့ကို ရဲရဲကြီး စိန်ခေါ်ပစ်လိုက်... အဲ့လိုကောင်မျိူးတွေနဲ့ ကျိုးကြောင်း ညီညွှတ်ဖို့ စဉ်းစားနေရင် အလကားပဲ.... "

"အွန်း... ညီမ သေချာလေး မှတ်ထားတယ်...."

ကလင် ကလင်....

လင်းရီ ချောင်ရှင်းနှင့် စကားပြောနေစဉ် အိတ်ကပ်ထဲရှိ ဖုန်းသံ မြည်လာခဲ့၏။

ဟော်ယွမ်ယွမ်ထံမှပင်။

"ဘာလဲဖြစ်လို့.. Cisco က တစ်ခုခု ပြောလာပြန်ပြီလား..."

"ဘော့စ်... ရှင် ဒီချက်လက်မှတ်ကို ဘယ်ကရခဲ့တာ....."ဟော်ယွမ်ယွမ် အံ့အားသင့်နေသည့် လေသံဖြင့် မေးမြန်းလိုက်သည်။

All Chapters