လက်ဖက်စိမ်းမတို့ရဲ့ လက်သုံးစကား
Vol. 34 Ch. 505
ဂေဟာမှ ထွက်လာခဲ့ပြီးနောက် နှစ်ယောက်သား ချင်းဟော်ဟိုတယ်သို့ ထွက်လာကြလေသည်။
“ အခန်းတစ်ခန်းလောက်..” လင်းရီ ပြောလိုက်ပြီး “ အခန်း 1304 နဲ့ နီးတဲ့အခန်းပဲ လိုချင်တယ်…”
ကောင်တာရှိ အမျိုးသမီးမှ လင်းရီကို အဓိပ္ပာယ်ပါစွာ ကြည့်လိုက်ပြီး
‘ ဘယ်လောက်တောင် လူကြီးလူကောင်းဆန်လိုက်လဲ…..’
“ ဆန့်ကျင်ဘက်အခန်း 1305 တစ်ခန်း ရပါတယ်ရှင့်…. လူကြီးမင်း အဆင်ပြေမလား မသိဘူး….”
“ အဆင်ပြေပါတယ်…”
လင်းရီ သူ၏ ဘဏ်ကတ်ကို ကမ်းတော့မည့် အချိန်တွင် လီချူးဟန် သူ့ကို ဟန့်တားလိုက်၏။
“ အခန်းနောက်တစ်ခန်း ယူမနေနဲ့… ပိုက်ဆံ ပိုကုန်တယ်… တစ်ခန်းတည်းဆို လုံလောက်ပြီ….”
“ အာ… သေချာလို့လား…”
“ အင်းလေ....ငါတို့ အလုပ်မှာတုန်းကလည်း တစ်ခန်းတည်း အတူအိပ်ကြတာပဲ မဟုတ်ဘူးလား…”
ကောင်တာရှိ အမျိုးသမီးမှာ ဆွံ့အသွားတော့၏။
‘ အလုပ်မှာ အဲ့လိုချည်းလားဟ ‘
ရုံးမှာပေါ့လေ…
ဟမ့် ဘယ်လောက်တောင် စိတ်လှုပ်ရှားဖို့ ကောင်းလိုက်မလဲ…
“ အမှန်ပဲ…” လင်းရီ သူ့လက်ထဲရှိ အခန်းကတ်ကို ဝှေ့ယမ်းလိုက်ပြီး “ မယူတော့ဘူး… တစ်ခန်းတည်းဆို လုံလောက်ပြီ….”
“ ဟုတ် ဟုတ် ကောင်းပါပြီရှင့်….”
လင်းရီ အခန်းကတ်ကို ယူလိုက်ပြီး ဝူကျောင်းယို ဘွတ်ကင်လုပ်ထားပေးသည့် အခန်းထဲသို့ ဦးတည်လိုက်သည်။ အဆင့်အမြင့်ဆုံး အခန်း မဟုတ်သော်လည်း အလွန်အမင်း ဇိမ်ရှိသည့် အခန်းတစ်ခန်းပင်။ လူနှစ်ယောက် အေးဆေးဂျွမ်းပစ်နေရန်အထိ ကျယ်ဝန်းလေသည်။
“ နင် ရေချိုးတော့မလား… ငါ ရေသွားခပ်ပေးမယ်….” လီချူးဟန် မေးလိုက်သည်။
“ ခုတော့ မချိုးသေးဘူး… နောက်မှပဲ...…”
ကလင် ကလင် ကလင်….
လင်းရီ စကားမဆုံးသေးခင် အိတ်ကပ်ထဲရှိ ဖုန်းသံ မြည်လာလေသည်။ အမည်မသိဟု ရေးသားထားသော်လည်း နံပါတ်မှာ သူနှင့် အနည်းငယ် ရင်းနှီးနေသယောင်ရှိ၏။
“ မစ္စတာလင်း… ကျွန်မလေ… ဝန်ရှူး….”
“ ဪ …. မိန်းကလေးရှူးလား ဘာကိစ္စရှိလို့လဲ …”
“ ကျွန်မ မစ္စတာလင်းနဲ့ သီးသန့်အင်တာဗျူး လုပ်ချင်လို့… ခု အချိန်ရလားမသိဘူး…”
“ သီးသန့် အင်တာဗျူး….အရင်တစ်ခေါက်တုန်းက လုပ်ပြီးသွားပြီမဟုတ်လား…”
“ အဲ့တုန်းက ဗျူးလိုက်တာ သိပ်မစုံလိုက်ဘူးလားလို့လေ… ခု တခြားအင်တာဗျူး ထပ်လုပ်ချင်တာ…. အဆင်ပြေရဲ့လား မသိဘူး…”
“ အဆင်ပြေပါတယ်…. ဒါနဲ့ ဘယ်နေရာမှာ ဆုံကြမှာ…”
လင်းရီ မငြင်းဆန်လိုက်ပေ။ တိုက်ဆိုင်စွာဖြင့် သူလည်း ဝန်ရှူးနှင့် ပြောစရာတစ်ချို့ရှိနေလေသည်။
“ ရှင်က အခု ဟိုတယ်မှာမလား… ကျွန်မက အဲ့ဒီအနားလေးမှာပဲ….”
“ အိုကေ … ကျုပ်ခုပဲ ဆင်းလာပြီ…”
“ ကောင်းပါပြီရှင့်….”
ဖုန်းချပြီးနောက် လင်းရီ လီချူးဟန်ကို အကျိုးအကြောင်း ပြောပြ၍ ဝန်ရှူးနှင့်တွေ့ရန် အောက်ထပ်သို့ ဆင်းလာလေသည်။
လင်းရီနှင့် လမ်းခွဲလာပြီးနောက် ဝန်ရှူး သူမကားကို ဟိုတယ် အနီးနားသို့ ရပ်ရင်း လင်းရီ ပြန်အလာကို စောင့်နေခဲ့သည်။ ထိုသို့ စောင့်နေရင်းဖြင့် သူမ BFF ထံ စာပို့ရန်လည်း မမေ့ချေ။
ဝန်ရှူး : “ ရန်ရန် ငါနင့်ကို ရှင်းအောင် ပြောထားလိုက်မယ်.. နင် ဒီတစ်ခေါက် အမှားထပ်လုပ်လို့ မဖြစ်တော့ဘူးနော်… ငါဒီနေ့ နင့်ကြောင့် သေတော့မလို့ဆိုတာ နင်သိလား…”
BFF : “ စောနတုန်းက ငါမှားသွားလို့ပါဟယ်… ဒီတစ်ခေါက်တော့ ရီဖုန်း ခန်းမမှာ နင် ညစာလိုက်ကျွေးလိုက်… အဲ့နေရာက လုံးဝကို နေရာကောင်းပဲ…”
ဝန်ရှူး : “ မဖြစ်နိုင်တာ …. အဲ့ဆိုင်က မီချယ်လင်းကြယ်သုံးပွင့် စားသောက်ဆိုင်ကြီးလေ… သာမန် ထမင်းလေးတစ်နပ် စားရဖို့ အရေးတောင် သုံးလေးရက်လောက် ဘွတ်ကင်ကြိုချိန်ရပြီးတော့မှ ဈေးကလည်း အနည်းဆုံး ယွမ်တစ်ထောင်ပဲ… အဲ့လိုနေရာမျိုးကို ငါတတ်နိုင်လိမ့်မယ်လို့ နင်ထင်လား….”
BFF : “ ကပ်စေးကုပ်မနေစမ်းပါနဲ့အေ… နင်က လင်ရှာနေတာနော်… သူငယ်ချင်း ရှာနေတာ မဟုတ်ဘူး… ဒီလောက်လေးမှ မသုံးနိုင်ရင်လည်း နင်ဘယ်လိုလုပ်ပြီး သူ့အပေါ် အမြင်ကောင်းတွေ ချန်ထားရစ်ခဲ့နိုင်မှာ… ပြီးတော့ တစ်ဖက်က အရမ်းချမ်းသာတာနော်… မီချယ်လင်းကြယ်သုံးပွင့်ဆိုင်မှာ စားတာက သူ့အတွက် လမ်းဘေးဆိုင်မှာ စားရသလိုပဲ… အဲ့လိုမျိုး ချမ်းသာပြီး လူကြီးလူကောင်းဆန်တဲ့သူက နင့်ကို ပိုက်ဆံရှင်းခိုင်းလိမ့်မယ်လို့ ထင်လား….”
BFF : အထူးသဖြင့် နိုင်ငံခြားကနေကျောင်းတက်ပြီး ပြန်လာသူတွေပေါ့…. သူတို့က အဲ့လိုမျိုး ကိစ္စတွေကို အလေးအနက် အထားဆုံးပဲ…. နင့်ကို သေချာပေါက် ငွေရှင်းခိုင်းမှာ မဟုတ်ဘူး….”
ဝန်ရှူး သေချာစဉ်းစားကြည့်ပြီးနောက် ယုတ္တိရှိသလို ခံစားရကာ ခေါင်းညိမ့်လိုက်သည်။
ဝန်ရှူး : “ ကောင်းပြီလေ… ငါနင်နဲ့ နောက်မှ ဆက်ပြောတော့မယ်… ခုသူ ဆင်းလာနေပြီ….”
BFF : “ အိုကေ …. ကံကောင်းပါစေ… နင့်ဘက်က အင်နိုးစန့်ပုံစံလေးဖမ်းပြီးတော့ သားကောင်းမိခင်ပုံစံမျိုး ပေါက်အောင်နေနော်… ချမ်းသာတဲ့သူတွေက အဲ့လို အင်နိုးစန့်ပုံစံလေးတွေဆို အရမ်းကြိုက်တာ…. ဟော့ဟော့ရမ်းရမ်းကြီးလည်း မဖြစ်စေနဲ့… ခုက တစ်ညတည်း ကိစ္စပြီးမယ့်အရာ မဟုတ်ဘူး…”
ဝန်ရှူး : “ အပိုတွေ ပြောမနေစမ်းနဲ့… ငါလည်း အဲ့လောက်တော့ သိပါတယ်…”
ရိုးရှင်းစွာ စာပြန်ပို့ပြီးနောက် ဝန်ရှူး ကားထဲမှထွက်ကာ လင်းရီကို ကားထဲဝင်ရန် ဖိတ်ခေါ် လိုက်သည်။
“ မစ္စတာလင်း နားနေတာကို အနှောင့်အယှက်တော့ မပြုမိဘူးမလား…”
ဝန်ရှူး သူမ၏ ဝတ်စုံကို ပြောင်းလဲထားကြောင်း လင်းရီ သတိထားမိလိုက်သည်။ သူမနေ့လည်တုန်းက ဝတ်ဆင်ထားသည့် ဘောင်းဘီအပွကို မဝတ်ဆင်တော့ပဲ ထိုအစား စတော်ကင်အနက်ရောင်နှင့် မိနီစကတ်ကို ဝတ်ဆင်ထားကာ သူမအား မနူးမနပ် ကျောင်းသူလေးတစ်ယောက်ကဲ့သို့ ခံစားရစေပြီး ညို့ဓာတ်တို့ကို လှုံ့ဆော်နေတော့၏။
“ မင်းဖုန်းခေါ်လာတော့ ငါရေချိုးတော့မလို့ပဲ…”
“ အိုး…. မစ္စတာလင်းကို ရုတ်တရက်ကြီး ခေါ်လိုက်ရတော့ အားနာလိုက်တာရှင်…” ဝန်ရှူး ခရီးသည်ထိုင်ခုံဘက်ရှိ တံခါးပေါက်ကို ဖွင့်ပေးရင်း ပြောလိုက်သည်။
ထို့နောက် နှစ်ယောက်လုံး ကားထဲသို့ ဝင်လိုက်ပြီး ဝန်ရှူး ရည်ရွယ်ချက်ရှိရှိ ထိုင်ခုံ ခါးပတ်ကို သူမ၏ တင်းကားနေသော တောင်တန်းကြီးနှစ်ခုအကြားတွင် မြစ်ဖြတ်သန်းသကဲ့သို့ သွယ်တန်းလိုက်လေသည်။
“ အဆင်ပြေပါတယ်…. အလုပ်ကိစ္စက ပိုအရေးကြီးတာပဲလေ…”
“ အွန်းပါ… တောင်းပန်တဲ့အနေနဲ့ ကျွန်မ မစ္စတာလင်းကို ထမင်းတစ်နပ်လိုက်ကျွေးဖို့ နေရာကောင်းတစ်ခုမှာ ဘွတ်ကင်လုပ်ထားတယ်… စားရင်း စကားပြောကြတာပေါ့…”
“ ရတာလေ… မင်း သဘောပဲ…”
လင်းရီ သူ့ခေါင်းကို လက်တစ်ဖက်ဖြင့် ထောက်ထားပြီး အဝေးသို့ လှမ်းမြော်ကြည့်လိုက်၏။ သိုက်တူးမရနံ့မှာ ကားတစ်ခုလုံး ထုံသင်းနေလေသည်။
ကလင် ….
ကားစက်နှိုးခါရှိသေး ဝန်ရှူး ဖုန်းသံ မြည်လာခဲ့၏။ သူမ၏ ကောင်လေးထံမှ ခေါ်လာသည်ကိုမြင်တော့ ဝန်ရှူး မကိုင်ပဲ တိုက်ရိုက် ငြင်းဆိုလိုက်လေသည်။ မိနစ်အနည်းငယ်ကြာပြီးနောက် ဖုန်းမှာ ထပ်မံ ခေါ်ဆိုလာပြန်သည်။ ဝန်ရှူး ကြည့်ပင်မကြည့်ပဲ တန်းချပစ်လိုက်၏။ ယနေ့ရက်စွဲမှာ သူမ၏ အနာဂတ်ကို အဆုံးအဖြတ်ပေးမည့် နေ့စွဲတစ်ခုဖြစ်နေသောကြောင့် မည်သို့သောအကြောင်းမျိုးကြောင့်နှင့်မျှ သူမ စိတ်အနှောင့်အယှက် အဖြစ်မခံနိုင်ချေ။
“ မင်းကြည့်ရတာ အလုပ်များနေသလိုပဲနော်…”
“ ခရိုင်ရုံးက အရာရှိတစ်ယောက်လေ.. ကျွန်မကို ညစာလိုက်ကျွေးဖို့ ဖိတ်နေတာ လေးငါးရက်လောက်ရှိနေပြီ…. ဒါပေမယ့် ကျွန်မလည်း အလုပ်မအားသေးတော့ သဘောမတူလိုက်သေးဘူး…” ဝန်ရှူး ပြုံးလိုက်ပြီး “ မစ္စတာလင်းကို ကြိုဆိုဧည့်ခံပေးဖို့က ပိုအရေးကြီးတယ်လေ….”
“ မကောင်းဘူးထင်တယ်နော…. သူ့ကိုပါ ခေါ်လိုက်ပါလား… သုံးယောက်အတူစားလည်း အဆင်ပြေပါတယ်…”
“ အဆင်ပြေပါတယ်…. ဒီနေ့ မစ္စတာလင်းနဲ့ သီးသန့်အင်တာဗျူး လုပ်မယ်ဆိုတော့ သူလည်း နားလည်ပေးမှာပါ…” ဝန်ရှူး အပြုံးလေးဖြင့် ပြောလိုက်ပြီး “ ပြီးတော့ ကျွန်မက သူ့အပေါ် ဘာခံစားချက်မှ ရှိမနေဘူးလေ… အဲ့တာကြောင့်မို့ အခွင့်အရေးမပေးတာ… ပြီးတော့ ကျွန်မက မျှော်လင့်ချက်တွေလည်း မပေးတတ်ဘူး… သူဘက်က မပြောပဲနဲ့ နားလည်ရင်တော့ ပိုကောင်းတာပေါ့ရှင်….”
“ ဟုတ်လား…” လင်းရီ အပြုံးလေးဖြင့် တုံံ့ပြန်လိုက်သည်။ နှစ်ယောက်လုံး ပီပြင်စွာ သရုပ်ဆောင်နေကြပြီး မည်သူ့ဘက်ကမျှ ချွတ်ယွင်းမှုမျိုး မရှိသေးချေ။
“ ကျွန်မ သဘောကျတဲ့ ကောင်လေးပုံစံက ပညာရည်ထူးချွန်တဲ့ သူမျိုးပေါ့… ပြည်ပကနေ ဘွဲ့တစ်ခုခု ရထားရင်တော့ အကောင်းဆုံးပဲ…. ရိုးစင်းရမယ်…. ဂရုလည်း စိုက်ပေးတတ်ရမယ်… ပြီးတော့ ပရဟိတ လုပ်တာတွေလည်း ဝါသနာပါရမယ်… ကျွန်မအထင်တော့ အဲ့လိုကောင်လေးမျိုး များများစားစား ရှိလိမ့်မယ်လို့တော့ မထင်ဘူး….”
“ ဟားဟား…… မင်းရဲ့ လိုအပ်ချက်တွေကလည်း တယ်မြင့်သကိုးဟ….”
“ မမြင့်ပါဘူး…” ဝန်ရှူး ပြုံးလိုက်ပြီး “ မစ္စတာလင်းကိုယ်တိုင်ကလည်း အဲ့လို လူစားမျိုးပဲ မဟုတ်လား…. တကယ်လို့ မစ္စတာလင်းရဲ့ အသိထဲက သင့်တော်တဲ့သူတွေ ရှိရင် ကျွန်မကို မမေ့နဲ့ဦးနော်…”
“ ငါ့ဘေးနားမှာ ရှိတဲ့လူတိုင်းက ဘီလီယမ်နာတွေကြီးပဲ…. သူတို့ အကုန်လုံးက ဥစ္စာပေါရုပ်ချောတွေဆိုပေမယ့် တစ်ကောင်မှ ပရဟိတလုပ်တာ ဝါသနာပါပြီးတော့ ချစ်တတ်တဲ့ကောင် မရှိဘူး…. အဲ့လိုဆိုရင်တော့ မိန်းကလေးရှူးနဲ့ မိတ်ဆက်ပေးဖို့ အရမ်းခက်ခဲတော့မှာပဲ….”
“ အာ….”
ဝန်ရှူး ခေတ္တမျှ ရပ်တန့်လိုက်ပြီး သူမ စကားပြောမှားသွားသလို ခံစားလိုက်ရသည်။ အကယ်၍ သူမ စောလျှင်စွာ သိခဲ့ပါက ထိုသို့ တောင်းဆိုမိလိမ့်မည် မဟုတ်ချေ။
သို့သော်လည်း ပြဿနာတော့မရှိချေ။ သူမ လင်းရီကို အမိဖမ်းနိုင်နေသေးသရွေ့ သူမ၏ ကြိုးစားအားထုတ်မှုများမှာ သဲထဲရေသွန်ဖြစ်လိမ့်မည် မဟုတ်ချေ။
“ အဆင်ပြေပါတယ်… မစ္စတာလင်းသာ ကျွန်မကို ကူရှာပေးရင် အဆင်ပြေပြီ….”
“ ဟားဟား… ဟုတ်တာပေါ့…”
မိနစ်နှစ်ဆယ်ကြာပြီးနောက် နှစ်ယောက်သား ဂျပန်စတိုင် ဘာဘီကျူးဆိုင်ရှေ့တွင် ကားရပ်လိုက်လေသည်။
သို့သော်လည်း လင်းရီ၏ အကြည့်များကို ဘေးရှိ အဆောက်အဦးက ဆွဲဆောင်သွားခဲ့၏။
သူနှင့် အလှမ်းသိပ်မဝေးသည့် မီတာတစ်ရာလောက်အကွာတွင် DiDi ရုံးချုပ် ရှိနေလေသည်။ အကယ်၍ လက်ထဲရှိ ကိစ္စများသာ ချောချောမွေ့မွေ့ဖြင့် အဆုံးသတ်သွားခဲ့ပါက လင်းရီ DiDi ထံသွား၍ အခြေအနေများကို သွားရောက်စစ်ဆေး၍ ရသည်။ သူလည်း ထျန်းရန်ကို ညွှန်ကြားစရာရှိနေသည်နှင့် ကွက်တိပင်။
“ မစ္စတာလင်း … အဲ့ဒီအဆောက်အဦးက DiDiရဲ့ ရုံးချုပ်လေ…. ရန်ချိန်က နာမည်ကြီး ကုမ္ပဏီတစ်ခုလို့လည်း ပြောလို့ရတယ်… သူတို့က ကမ္ဘာ့ထိပ်တန်း နည်းပညာကုမ္ပဏီတွေထဲက တစ်ခုဖြစ်နေပြီလေ.…. ခုဆို သူတို့ရဲ့ တန်ဖိုးက ဒေါ်လာ သုံးဆယ်ဘီလီယမ်လောက် တန်ကြေးရှိသွားပြီ…”
ဝန်ရှူး အင်တာနက်နယ်ပယ်အကြောင်း များစွာ မသိသော်လည်း DiDi စီအီးအို၏ သားဖြစ်သူ ချိန်ရှူးကို အင်တာဗျူးပြီးနောက် နှစ်ယောက်သား ဂျိတ်ချိတ်မိသွားကြလေသည်။ ထိုအချိန်တုန်းကတော့ သူမ ချမ်းသာသည့် မိသားစုထဲသို့ လက်ထပ်ဝင်ရန် စိတ်ကူးထားသော်လည်း တစ်ဖက်လူမှာ သူမနှင့် တစ်ညတာ ပျော်စံချင်ရုံသာဖြစ်ပြီး လက်ထပ်ယူဖို့ စိတ်ကူးမရှိခဲ့ချေ။ ထို့ကြောင့် သူမတို့နှစ်ယောက်၏ ဆက်ဆံရေးမှာ တဖြည်းဖြည်း ဆိုးရွားလာခဲ့၏။ သို့သော်လည်း ဝန်ရှူးမှာသိုက်တူးမဖြစ်လင့်ကစား သာမန်ထက် ဉာဏ်ထက်မြက်သည့် သိုက်တူမတစ်ယောက်ဖြစ်
နေသောကြောင့် တစ်ခဏတာ ချမ်းသာမှုစည်းစိမ်ကို မမက်မောပဲ သူမ၏ အခြေအနေကို တစ်သက်လုံး ပြောင်းလဲရန်အတွက် ချမ်းသာသည့် မိသားစုထဲသို့ လက်ထပ်ဝင်ရောက်ချင်နေလေသည်။ ထို့ကြောင့် သူမ၏ ပစ်မှာ ဘယ်သောအခါမှ ထိပ်တန်းတိုင်ကွန်းအဘိုးကြီးများ မဟုတ်ခဲ့ချေ။
လင်းရီ ခေါင်းညိမ့်လိုက်၏။ “ အရင်ဆုံး စားကြတာပေါ့…”
“ ကောင်းပါပြီရှင့် …မစ္စတာလင်း… ဒီဘက်ကြွပါ….”
အတွင်းပိုင်းအပြင်အဆင်မှာ လုံး၀ကို ဂျပန်စတိုင် ပြုလုပ်ထားပြီး စားပွဲထိုး မိန်းကလေးများကိုပင် ဂျပန်မလေးများအား ခန့်ထားကြ၏။ သို့သော်လည်း လင်းရီ ဂျပန်မလေး တစ်ဦးကို မြင်မြင်ချင်း ရင်းနှီးသည့် ခံစားချက်မျိုး ရရှိသွားပြီး သူတစ်နေရာတွင် မြင်ဖူးသည့် ပုံပင်။ သို့သော်လည်း နာမည်တူမရှား လူတူမရှား ဖြစ်သောကြောင့် လင်းရီလည်း ထွေထူး ခေါင်းထဲထည့်မနေတော့ချေ။
"ဆိုင်ပုံစံက တော်တော်လေးကောင်းတာပဲ... လုံး၀ ဈေးပေါမယ့်ပုံ မပေါ်ဘူး..."
"ဒီဆိုင်က မီချယ်လင်းကြယ်သုံးပွင့် ရထားတဲ့ စားသောက်ဆိုင်လေ.. ဟင်းပွဲတိုင်းက အရမ်း စားကောင်းတယ်... ဒါကြောင့်မို့ မစ္စတာလင်း မြည်းစမ်းကြည့်ရအောင် ခေါ်လာခဲ့တာ...."
"ဒါဆိုလည်း ညလယ်စာပါ တစ်ခါတည်း ယူသွားကြတာပေါ့.... "
၀န်ရှူး လင်းရီကို ဘွတ်ကင်လုပ်ထားသည့် သီးသန့်ခန်းထဲသို့ ခေါ်လာခဲ့ပြီး မီနူးကို တွန်းပို့လိုက်၏။
"မစ္စတာလင်း... ဒါက မီနူးလေ... မျက်စိမှိတ်ပြီး ကြုံရာရွေးလိုက်ရင်တောင် သေချာပေါက် စားမြိန်စေရမယ်လို့ အာမခံရဲတယ်.... "
လင်းရီ မီနူးကို တစ်ချက်ကြည့်လိုက်ပြီး အကုန်လုံးကို လက်ညိုးဖြင့် ဆွဲသွားကာ "မီနူးထဲက အသားဟင်းပွဲတိုင်းကို တစ်ခုစီ ချပေး.. အသီးအရွက်ကတော့ အဆင်ပြေမယ်ထင်တာပဲ ချပေးလိုက်...."
အဟွတ် အဟွတ်...
၎င်းကိုကြားတော့ ရေသောက်နေသည့် ၀န်ရှူးမှာ အနည်းငယ် သီးသွားခဲ့လေသည်။
ကြွယ်၀တဲ့လူတွေက ဟင်းပွဲမှာရင် အဲ့လိုပဲ မှာလေ့ကြတာလား....
ဒါကြီးကတော့ လွန်ကြူးလွန်းသွားပြီ... ထမင်းတစ်နပ်ကို ယွမ်သိန်းချီ သုံးရမယ်ဆိုရင်တော့ သူမ မတတ်နိုင်ဘူးနော်....
သို့သော်လည်း စက္ကန့်အနည်းငယ်ကြာအောင် စဉ်းစားပြီးနောက် ၀န်ရှူး စိတ်တည်ငြိမ်သွားခဲ့သည်။
ရန်ရန်ပြောတာ ယုတ္တိရှိတယ်... သူတို့လို နိုင်ငံခြားပြန်တွေက ကောင်မလေးကို ရှင်းခိုင်းမှာတော့ မဟုတ်လောက်ဘူး... ဒီဟင်းပွဲတွေကိုလည်း သူပဲ ရှင်းလောက်တယ်....
ထိုသို့ တွေးတောပြီးနောက် ၀န်ရှူး ပို၍ သက်တောင့်သက်သာ ရှိသွားခဲ့သည်။ အကယ်၍ လင်းရီမှ ပိုက်ဆံ မရှင်းဘူးဆိုလျှင် ထိုကဲ့သို့ အားမနာတမ်း မှာချလိုက်လိမ့်မည် မဟုတ်ချေ။ အနှစ်ချုပ်ပြောရလျှင်တော့ ယင်းက ကြီးမားသည့် ပြဿနာမဟုတ်ပေ။ သို့သော်လည်း ဘေလ်ရှင်းသည့် အချိန်တွင်တော့ သူမဘက်မှ အတင်းရှင်းချင်နေသည့် ပုံစံ ပြုရပေမည်။ မည်သို့ပင်ဆိုစေ ဤနေရာသို့ ထမင်းစား ဖိတ်လိုက်သူမှာလည်း သူမပင် မဟုတ်ပါလော။
မကြာမီ လင်းရီ အော်ဒါမှာထားသည့် ဟင်းပွဲများ တစ်ပွဲပြီးတစ်ပွဲရောက်ရှိလာပြီး စားပွဲပေါ်တွင် တောင်ပူစာလေးတစ်ခုအလား ဖြစ်ပေါ်နေလေသည်။ ထိုမျှ များပြားသည့် ပမာဏကို သူမတို့ နှစ်ယောက်တည်းနှင့် သေချာပေါက် ကုန်စင်အောင် စားနိုင်လိမ့်မည် မဟုတ်ချေ။
၀န်ရှူး ဖုန်းထုတ်၍ ဓာတ်ပုံရိုက်ချင်စိတ်ကို အတင်းဖိနှိပ်ရင်း လင်းရီအတွက် အသားများ ကင်ပေးလိုက်၏။
"မစ္စတာလင်း လုပ်စရာ မလိုပါဘူး... ကျွန်မလုပ်ပေးမှာပေါ့...."
"မိန်းကလေးရှူးက ဒီလောက်သဘောကောင်းလိမ့်မယ်လို့တောင် ကျုပ်ထင်မထားဘူး...."
"ချီးကျူးတဲ့ အတွက် ကျေးဇူးပါ မစ္စတာလင်း... တကယ်တမ်းကျတော့ ကျွန်မက ဝါသနာလည်း များများစားစား မရှိဘူးလေ... လူမှုရေးပွဲတွေလည်း တက်ရတာ မကြိုက်ဘူးဆိုတော့ အားရင် ယောဂ ကျင့်တာတို့ မုန့်ဖုတ်တာတို့ ချက်ပြုတ်တာတို့ပဲ လုပ်ဖြစ်တယ်... သာမန် အိမ်မှုကိစ္စလေးတွေလောက်ကတော့ လာထားပဲ.... "
"မဆိုးဘူး မဆိုးဘူး... မိန်းကလေးရှူးက အတော်လေး အိမ်ထောင်မှု နိုင်နင်းမယ့်ပုံပဲ..."
သိုက်တူးမ(လက်ဖက်စိမ်းမ)တွေက အမြဲတမ်း ဒီသုံးခုပြောနေကျပဲလေ... ယောဂလုပ်တယ်...မုန့်ဖုတ်တယ်...ပြီးတော့ လူမှုရေး သိပ်မရှိဘူး။
ကျွတ် ကျွတ် ကျွတ်... နဂို ဟင်းအမယ်တွေဆိုတော့ နဂိုအရသာပဲ ထွက်မှာပေါ့....စိတ်၀င်စားဖို့လည်း မကောင်းတော့ဘူး