← Chapters

သူမ ဒီလိုပဲ ချမ်းသာတဲ့ မိသားစုထဲ ၀င်ရတော့မှာလား....

Vol. 34 Ch. 506

သူမ ဒီလိုပဲ ချမ်းသာတဲ့ မိသားစုထဲ ၀င်ရတော့မှာလား....

Vol. 34 Ch. 506

"အင်း... အဲ့လိုလေးက အတော်လေးကောင်းတယ်..."

လင်းရီ အမဲသားကင်ကို ဝါးရင်း သာမန်ကာလျှံကာ ပြောလိုက်သည်။

"မစ္စတာလင်းဆီက ခုလို ချီးကျူးစကား ကြားရတော့ အရမ်း ၀မ်းသာတာပဲ..."သူမပြောရင်း ကင်ထားသည့် အသားနောက်တစ်ဖက်ကို လင်းရီ ပန်းကန်လုံးထဲသို့ ထည့်ပေးကာ ချစ်စဖွယ်အမူအရာလေး လုပ်ပြလိုက်လေသည်။

ကလင် ကလင်

ထိုစဉ် ၀န်ရှူး၏ ဖုန်းသံ မြည်လာခဲ့၏။

သူမကောင်လေး ထံမှ နောက်ထပ်ဖုန်းကော ထင်၍ ချမည့်ဟန်ပြင်လိုက်သော်လည်း ချိန်ရှူးဟူသည့် နာမည်ကို မြင်တော့ သူမ လက်ချောင်းများ တုံ့ဆိုင်းသွားခဲ့၏။ သို့သော်လည်း မချပစ်လိုက်သေးချေ။

"တစ်စိတ်လောက်နော် မစ္စတာလင်း... ကျွန်မ ဖုန်းကော တစ်ခုလေး ဖြေစရာ ရှိနေလို့... "

လင်းရီ ခေါင်းညိမ့်လိုက်၏။ သူလည်းစားသောက်လို့ ၀တော့မည် ဖြစ်ပြီး သူမ ပြန်လာသည်နှင့် အလုပ်ကိစ္စ တန်းသွားကာ ဟိုတယ်သို့ ပြန်လိုက်ပေမည်။

ချူးဟန်လည်း ညနေစာ မစားရသေးဘူးဆိုတော့ သူမအတွက်လည်း ပါဆယ်ဆွဲသွားဦးမှပါ....

သီးသန့်ခန်းထဲမှ ထွက်လာပြီးနောက် ၀န်ရှူး ဖုန်းကို နားအနားသို့ ကပ်ကာ "ဘာကိစ္စလဲ..."

"ငါမင်းကားကို ရီဖုန်းခန်းမရှေ့မှာ မြင်လိုက်တယ်... မင်းအဲ့မှာ စားနေတာလား..."

"ဟုတ်တယ်... ကျွန်မ သူငယ်ချင်းတစ်ယောက်နဲ့ စားနေတာ..."

"ယောက်ျားလေးလား မိန်းကလေးလား...."

"အဲ့တာက နင်နဲ့ ဘာမှမဆိုင်ဘူးမဟုတ်လား... "

"ငါမင်းကို မေးနေတယ်လေ..."ချိန်ရှူး အေးစက်သံဖြင့် ဆိုလိုက်သည်။

"ယောက်ျားလေး... "

၀န်ရှူး သူမ တခြားအမျိုးသားတစ်ယောက်နှင့် စားနေပါတယ်ဟု ပြောလိုက်လျှင်လည်း အဆင်ပြေသည်ဟု ခံစားနေရ၏။ လင်းရီနှင့် သူမမှာလည်း ရင်းနှီးသလို ဖြစ်နေသောကြောင့် ထုတ်ပြောရမှာကို သူမ ကြောက်ရွံ့စရာ မလိုချေ။

ဖုန်းတစ်ဖက်ရှိ ချိန်ရှူးမှာ အတန်ငယ် ငြိမ်သက်သွားခဲ့ပြီး "ထွက်လာခဲ့.. ငါခု မင်းရဲ့ကားနားမှာ...."

"နင်က ဘာလုပ်ဖို့ ရှာနေတာ... နင်က ငါနဲ့ပျော်လို့ မ၀သေးလို့လား... စိတ်တော့မရှိပါနဲ့... ငါက နင်ထင်နေတဲ့ မိန်းမ အမျိုးအစားမျိုး မဟုတ်ဘူး...."

၀န်ရှူးမှာ သိုက်တူးမ ဖြစ်နေသော်လည်း သူမကိုယ်သူမ ထိုအပြုအမူနှင့် စပ်လျဉ်း၍ မှားသည်ဟု မထင်ချေ။ တွေ့ကရာလူနှင့် အိပ်စက်ရန် မလိုအပ်ပဲ သူမတွင်လည်း ရွေးချယ်ပိုင်ခွင့်ရှိ၏။

သို့သော်လည်း သိုက်တူးမတိုင်းက ထိုသို့လားဆိုတော့လည်း မဟုတ်ချေ။ ယင်းက ၀န်ရှူး အခြားသူများနှင့် ကွဲပြားစေရန် မိမိကိုယ်မိမိသတ်မှတ်ထားသည့် တန်ဖိုးတစ်ခုပင်။

မဟုတ်ပါက သူမ ချိန်ရှူးကဲ့သို့သော ချမ်းသာသည့် သခင်လေးမျိုးနှင့် လမ်းခွဲလိုက်လိမ့်မည် မဟုတ်ချေ။ သူမ အလိုရှိသည်ကလည်း နာမည်ကြီး လက်ဆွဲအိတ်များ မိတ်ကပ်အသုံးအဆောင်များ မဟုတ်ပဲ တစ်ဘ၀လုံး သက်တောင့်သက်သာ ဇိမ်ရှိစွာဖြင့် မကြောင့်မကျ နေထိုင်နိုင်ခြင်းကိုပင်။

ယခုနေရာတွင် အကယ်၍ သူမ ချိန်ရှူးကဲ့သို့သော ချမ်းသာသည့် သူမျိုးနှင့် ထပ်မတွေ့ခဲ့လျှင်ကောဟု မေးခွန်းထုတ်စရာ ရှိလာနိုင်သည်။

သို့သော်လည်း ယင်းက ပြဿနာတော့ မရှိချေ။ မည်သို့ပင်ဆိုစေ အဆင့်တစ်ခုသို့ ရောက်သွားလျှင်တော့ ပိုက်ဆံမှာ နံပါတ်တစ်ခုမျှသာ ဖြစ်သွားပေတော့မည်။

၁၀ ဘီလီယမ်ယွမ်နှင့် ၁၀၀ ဘီလီယမ်ယွမ် ပိုင်ဆိုင်ထားသူချင်း ငွေကြေးပမာဏ ကွာခြားနေသော်လည်း ဇိမ်ရှိသည့် ဘ၀ကို ပေးစွမ်းနိုင်ခြင်းကတော့ အတူတူပင်။

ချိန်ရှူး သူမကို တွေ့ချင်သည်ဟု ပြောလာသည့် အခါတွင်လည်း သူမ မည်သို့မျှ မအံ့ဩသွားခဲ့ချေ။ Didi ရုံးချုပ်မှာ အနီးတွင်ရှိသောကြောင့် ယခုလို နေရာမျိုးတွင် လာရောက် စားသောက်ကြသည်မှာ ပုံမှန်ပင်။

ဖုန်းချပြီးနောက် ၀မ်ရှူး ရိဖုန်းခန်းမ အပြင်ဘက်သို့ လမ်းလျှောက်ထွက်လာခဲ့ပြီး အင်မတန် မျက်စိဖမ်းစားထားနိုင်လွန်းသည့် ဖာရာရီ အနက်ရောင် တစ်စီးမှာ သူမကားဘေးတွင် ထိုးရပ်ထားကြောင်း မြင်တွေ့လိုက်ရ၏။

၀န်ရှူး ထိုကား၏ ဇိမ်ရှိမှုကို စွဲစွဲမြဲမြဲ မှတ်မိနေလေသည်။ သူမတို့ နှစ်ယောက် တွဲခုတ်စဉ် အခါက ထိုကားထဲတွင် အကြိမ်အရေအတွက် များခဲ့သည် မဟုတ်ပါလော။

ချိန်ရှူးမှာ အရပ်မြင့်မားသည်ဟု မဆိုသာသော်လည်း ဒေါက်မြင့်စီးထားသည့် ၀န်ရှူးနှင့်တော့ တန်းတူရှိသည်။ သို့သော် ဖက်ရှင်ကျနစွာတော့ ၀တ်ဆင်ထား၏။

"ခု မင်းဘာလို့ ယောက်ျားလေးတစ်ယောက်နဲ့ ထမင်းအတူစားနေလဲဆိုတာ ငါ့ကိုပြောပြ..."

၀န်ရှူးကို မြင်တော့ ချိန်ရှူး မေးမြန်းလိုက်သည်။

"ကျွန်မက သူများနဲ့စားလို့ မရတော့ဘူးလား... နင်က အရမ်း စိတ်ရှုပ်ဖို့ကောင်းတာပဲ..."

"တော်လောက်ပြီ... အရူးကွက်တွေ နင်းမနေနဲ့တော့.. ငါတို့ ပြန်တွဲကြရအောင်..."ချိန်ရှူး ရုတ်တရက် ပြောလိုက်သည်။

၎င်းကိုကြားတော့ ၀န်ရှူး အတန်ငယ် ကြက်သေသေသွားခဲ့၏။ ချိန်ရှူး ရုတ်တရက် ထိုသို့ ပြောလာလိမ့်မည်လို့ သူမ မျှော်လင့်မထားခဲ့ချေ။

"ဆောတီးပဲ.. ငါက နင်ပျော်ချင်တဲ့ အချိန်တိုင်း ပျော်လို့ရတဲ့ အရုပ်မဟုတ်ဘူး... တအား အထီးကျန်နေတယ် ဆိုရင်လည်း တခြားတစ်ယောက်ကို သွားရှာလိုက်...နင်က ငါလိုချင်တာကို မပေးနိုင်ဘူး..."

"မင်း ငါနဲ့ လက်ထပ်ချင်နေတယ်ဆိုတာ ငါသိပါတယ်... အဲ့တာကလည်း ပြဿနာ မရှိဘူး... "ချိန်ရှူး ပခုံးတွန့်လိုက်ပြီး "ငါလည်း ဒီနှစ်တွေထဲမှာ လုံလောက်အောင် ဆိုးပေခဲ့ပြီးပြီ... ဆိုတော့ခု ခြေငြိမ်ရတော့မယ့် အချိန်ပဲလေ..."

၀န်ရှူး ကြက်သေသေသွားပြန်သည်။ သူမ၏ လက်ထပ်မင်္ဂလာပွဲမှာ ရုတ်တရက် ရောက်ချလာလိမ့်မည်လို့ ထင်မှတ်မထားခဲ့ချေ။

"နင်ခုမှ ဘာတွေ လာပြောနေတာလဲ... နင်ငါ့ကို နောက်တစ်ကြိမ် လှည့်စားချင်နေတာလား..."

ချိန်ရှူး မျက်ခုံးပင့်၍ မေးလိုက်ပြီး "ငါက ဘယ်လို မိန်းကလေးမျိုးက လှည့်စားဖို့ သင့်လျော်ပြီးတော့ ဘယ်လိုမိန်းကလေးမျိုးက လက်ထပ်ဖို့ သင့်လျော်တယ်ဆိုတာ နားလည်တယ်... ဘယ်လို အခြေအနေပဲ ဖြစ်နေပါစေ... ငါတို့ ချိန်မိသားစုထဲ ၀င်မယ့်သူကိုတော့ သေချာလေး ရွေးချယ်ရမယ်လေ ဟုတ်တယ်မလား... "

သူမ ချိန်ရှူးနှင့် ရှိစဉ်အခါက ၀န်ရှူး အပြုအမူများမှာ လွန်စွာ ညင်သာလှပြီး သူမ၏ ကောင်းသည့် ဘက်အခြမ်းကိုသာ အတတ်နိုင်ဆုံး ဖော်ပြခဲ့သည်။

ယင်းက သူမနှင့် အခြား သိုက်တူးမများကြား ကွဲပြားသည့် ခံစားချက်ကို ရရှိစေသည်။

စိတ်၀င်စားဖို့ ကောင်းစွာဖြင့် ချိန်ရှူးမှာလည်း သူမကို ယုံကြည်လာခဲ့သည်။

ချိန်ရှူး၏ မျက်လုံးထဲတွင်တော့ ၀န်ရှူးကဲ့သို့ မိန်းကလေးမျိုးမှာ လက်ထပ်ဖို့ အင်မတန် သင့်လျော်သော်လည်း သူ ဘယ်တော့မှ လက်ထပ်လိမ့်မည် မဟုတ်ချေ။

'ဒီတိုင်း ပါမွှား သတင်းထောက်လေးကို လက်ထပ်စရာလား... ငါ့အဆင့်အတန်းနဲ့ အဝေးကြီး...'

သို့သော်လည်း ယခု အခြေအနေအရ သူ၏ မိဘများမှ သူ့ကို အနီးကပ်စောင့်ကြည့်နေကြပြီး ကောင်မလေး တစ်ယောက်ရှာဖို့ တိုက်တွန်းနေကြလေသည်။ သူသာ ထပ်မံ ခြေရှုပ်ဝံ့ပါက သူ၏ ခရစ်ဒစ်ကတ်များ ဖြတ်တောက်ခံရမည်ဟု ကြိမ်းဝါးထားကြ၏။ ယင်းက သူ့အတွက်တော့ ကမ္ဘာပျက်ကိန်း စိုက်တော့မည့် အလားပင်။

ထို့ကြောင့် ယခု လောလောဆယ် အခြေအနေကို တခဏ ထိန်းချုပ်ရန်အတွက် သူမကို အချိုကျွေးထားမည်ဖြစ်ပြီး မုန်တိုင်းပြီးမှသာ သူမနှင့် ပြန်လည် လမ်းခွဲလိုက်ပေမည်။

၀န်ရှူးက သူ့အတွက်တော့ ခဏသုံး/လိုသုံး အဆင့်မျှသာ ရှိသည်။

၀န်ရှူး နှလုံးခုန်သံများ မြန်ဆန်နေပြီး သူမရှေ့ရှိ အရာရာတိုင်းမှာရုတ်တရက်ဆန်လွန်းလှ၍ အိမ်မက်တစ်ခုအလား ခံစားနေရ၏။

အကယ်၍ ချိန်ရှူးသာ သူမကို အတည်ကြီး လက်ထပ်ချင်နေသည်ဆိုပါက ထိုထက်ကောင်းမွန်သည့် အဆုံးသတ် ရှိပါဦးမည်လော။

လင်းရီမှာ ချမ်းသာသော်ငြား ၀န်ရှူးနှင့် ယှဉ်လျှင်တော့ လုံး၀ မတူညီသည့် လယ်ဗယ်တစ်ခုပင်။ လင်းရီကို လက်ထပ်လိုက်မည် ဆိုပါက သူမအလိုရှိသမျှကို ပေးစွမ်းနိုင်ပြီး ရုပ်ရည်ချင်းနှိုင်းယှဉ်လျှင်တောင် ချိန်ရှူးထက် အပြတ်အသတ် သာလွန်လေသည်။ ထို့ကြောင့် သူမ အဖြေကတော့ ရှင်းရှင်းလေးပင်။

"နင် ငါ့ကို လာနောက်နေတာလား... "၀န်ရှူး မေးမြန်းလိုက်သည်။

" ငါက လိမ်ဖို့ လိုအပ်တယ်လို့ မင်းထင်လား...."

ချိန်ရှူး အလှမ်းသိပ်မဝေးသော နေရာရှိ Rolls Royce ကို လက်ညိုးထိုးပြလိုက်ပြီး "အဲ့တာ ငါ့အဖေကားပဲ..သူခု ကုမ္ပဏီက အမှုဆောင် အရာရှိတွေနဲ့ ထမင်းစား နေတာ.... မင်းမယုံဘူးဆိုရင် ငါခု သူ့ဆီ ခေါ်သွားပေးပြီး ၀န်ခံလို့ရတယ်..."

ချိန်ရှူး၏ လေသံကို ကြားတော့ သူနောက်မနေကြောင်း သေချာသွားတော့၏။

"နင့်အဖေက ခု သူများတွေနဲ့ စားသောက်နေတာဆိုတော့ ရုတ်တရက်ကြီး သွားလိုက်ရင် ဘယ်ကောင်းမှာ..."ချိန်ရှူး မလွယ်ကူဟန်ဖြင့် ပြောလိုက်ပြီး "ပြီးတော့ ငါ့ဘက်က ဘာမှလည်း မပြင်ဆင်ရသေးဘူးလေ... လက်ဗလာနဲ့ သွားရင် ရိုင်းပြသလို ဖြစ်သွားမှာပေါ့... နောက်တစ်ခေါက်မှပဲ တစ်ခုခု ၀ယ်ပြီး နင့်မိဘတွေနဲ့ သွားတွေ့ကြမယ်လေ..."

"ကောင်းပြီလေ.. မင်းပဲ ဆုံးဖြတ်..."ချိန်ရှူး ပြောလိုက်ပြီး "ခုကော မင်းရဲ့ ညစာကို အဆုံးသတ်လို့ ရပြီလား..."

၀န်ရှူး ချိန်ရှူး၏ လက်ကို ဆုပ်ကိုင်ရင်း ညင်သာစွာ ပြုံးကာ "အဲ့လိုလုပ်လို့တော့ မရဘူးလေ.. တစ်ဖက်က ငါအင်တာဗျူးရမယ့်သူ... မပြောမဆိုနဲ့ လှည့်ထွက်လာမယ်ဆိုရင် မယဉ်ကျေးလွန်းရာ ကျသွားမှာပေါ့...."

"ညမှာ အင်တာဗျူးနေတာလား..."ချိန်ရှူး၏ အမူအရာမှာ ရုပ်ဆိုးသွားခဲ့ပြီး "ညမှာ အင်တာဗျူး လုပ်တယ်ဆိုတာ ငါခုမှ ကြားဖူးတာပဲ...."

"ငါလည်း ဘယ်တတ်နိုင်မှာ.. ဟိုက ရုတ်တရက် ဖုန်းခေါ်လာပြီးတော့ ဒီမှာ အင်တာဗျူး လုပ်ချင်တယ်လို့ တောင်းဆိုလာတာလေ.. အထက်လူကြီးတွေရဲ့ အမိန့်ဆိုတော့ ငါလည်း ဘယ်ငြင်းဆန်လို့ရမှာ... "၀န်ရှူး အပြစ်ကင်းစွာဖြင့် ပြောဆိုလိုက်သည်။

ချိန်ရှူး၏ အမူအရာမှာ အနည်းငယ် စိတ်မရှည်သည့် အသွင် ဖြစ်လာပြီး "ဒါဆိုလည်း မြန်မြန်ဗျူးပြီး မြန်မြန် အဆုံးသတ်လိုက်တော့ကွာ... ငါတို့ အတူပြန်ကြမယ်.."

"ကောင်းပြီလေ.. အမြန်ပြီးအောင် လုပ်လိုက်မယ်နော်... နင် အကြာကြီး စောင့်ရအောင်လို့တော့ မလုပ်ပါဘူးဟ..."

ချိန်ရှူး ခေါင်းညိမ့်လိုက်ပြီး "ငါ အခန်းကြိုမှာထားလိုက်မယ်... မင်းပြီးရင် ဖုန်းဆက်လိုက်..."

"အွန်း..."

၀န်ရှူး ချိန်ရှူး၏ ပါးကို တစ်ချက် အနမ်းပေးပြီးနောက် ရိဖုန်း ခန်းမထဲသို့ ၀င်သွားခဲ့သည်။

သို့သော်လည်း သီးသန့်ခန်းထဲသို့ ချက်ချင်း မသွားပဲ သန့်စင်ခန်းထဲသို့ သွားကာ သူမ BFF ထံ ဖုန်းဆက်လိုက်၏။

သူမ ယခုလို သတင်းကောင်းမျိုးကို သူမ၏ အချစ်ဆုံး သူငယ်ချင်းနှင့် မျှဝေချင်နေလေသည်။

"ရန်ရန် ငါ့မှာ သတင်းကောင်းရှိတယ် သိလား... ငါနောက်ဆုံးတော့ လုပ်နိုင်သွားပြီ.... "

"တကယ်... နင်က အဲ့လောက်မြန်မြန်ကြီး သူ့ကို သိမ်းပိုက်နိုင်လိုက်တယ်ပေါ့လေ... မဆိုးဘူး မဆိုးဘူး...."

"နင် အတွေးလွန်နေပြီ... ငါက သူ့ကို ဘယ်လို သိမ်းပိုက်ရမှာ... ငါ ခုလေးတင် ချိန်ရှူးနဲ့ ရိဖုန်း ခန်းမရှေ့မှာ တွေ့ခဲ့တယ်... သူငါ့ကို ဘာပြောတယ်လို့ နင်ထင်လဲ...."

"ချိန်ရှူးက နင့်ကို ရှာနေတယ်... သူ ရေဆာလို့ နင်နဲ့ ဒိတ်ချင်နေတာများလား... နင်တို့ နှစ်ယောက်က ဆိုးဆိုးရွားရွားကြီး လမ်းခွဲခဲ့ကြတာ မဟုတ်ဘူးလား... ခု နင့်ရဲ့ ပစ်မှတ်က လင်းရီလေ.. ချိန်ရှူးကြောင့်နဲ့ နင့်ရဲ့ မစ်ရှင်ကို မနှောင့်နှေးစေနဲ့ ...."

"နင်ထင်နေသလို မဟုတ်ဘူးဟ... ချိန်ရှူးက ငါနဲ့ ပြန်ပြီး ပေါင်းထုတ်ဖို့ လာပြောတာ... သူက ငါ့လိုမိန်းကလေးမျိုးက အိမ်ထောင်ရေး နိုင်နင်းပြီးတော့ လက်ထပ်ချင်နေတယ်ဆိုပဲ..."

"သောက်ရေးမပါတာ... လေသံ နားထောင်ရသလောက်ကတော့ သေချာပေါက် နင့်ကို လှည့်စားချင်နေတဲ့ ပုံပဲ.. သတိလည်းထားဦး... နင် နောက်တစ်ခါ အလကား နှိုက်မြည်းခံနေရဦးမယ်.... "

"သူ့ကြည့်ရသလောက်တော့ လုံး၀ လိမ်နေတဲ့ မပေါ်ဘူးဟ... အဲ့လိုပြောတုန်းကဆို သူ့လေသံက လုံး၀ကို လေးနက်နေတာ... ပြီးတော့ သူ့အဖေနဲ့တောင် တွေ့ဖို့ ခေါ်သွားပေးမယ်ဆိုပဲ..."၀န်ရှူး သူမ ရင်ဘက်ကို ဖိနှိပ်ရင်း စိတ်လှုပ်ရှားစွာ ပြောလိုက်၏။ "တကယ်လို့ ငါ့ကို လှည့်စားချင်တယ်ဆိုရင်တောင်မှ အဲ့လိုမျိုး လုပ်လိမ့်မယ်လို့တော့ မထင်ဘူး...."

"ဟမ်... အဲ့လိုဆို အတည်ကြီးပေါ့နော်..." ၀န်ရှူး၏ သူငယ်ချင်းလည်း စိတ်လှုပ်ရှားသွားပြီး "သူ့အဖေနဲ့တောင် ပေးတွေ့မယ်ဆိုတော့ ဒီကိစ္စက အတည်ကြီးနေမှာ.. နင်ခု လင်းရီလို့ ခေါ်တဲ့ သူကို လက်လျော့လိုက်သင့်ပြီလို့ ထင်တာပဲ... သူ ဘယ်လောက်ပဲ ချမ်းသာတယ်ပြောပြော ချိန်ရှူးနဲ့ ယှဉ်ဖို့ မတန်ဘူး...."

"သေချာတာပေါ့...."

၀န်ရှူး ပြောလိုက်ပြီး "သူ့ကို ဘေးချိတ်ထားလိုက်ရင်တောင် ဟွာရှ တစ်ခုလုံးမှာ Didi နဲ့ ယှဉ်နိုင်တဲ့ ကုမ္ပဏီ ဘယ်နှစ်ခု ရှိလို့လဲ... လင်းရီက သေချာပေါက် ယှဉ်နိုင်မှာ မဟုတ်ဘူး...."

"နင်ပြောတာမှန်တယ်... လင်းရီကို ဂျောင်ထိုးပြီးတော့ မြန်မြန် ချိန်ရှူးကို ဆွဲစိထားလိုက်တော့... သူ့ကို မလွတ်သွားစေနဲ့...."

"မပူနဲ့.. ငါလည်း သူနဲ့ စကားဆက်ပြီး မပြောချင်တော့ဘူး... "၀န်ရှူး အထင်သေးသည့် လေသံဖြင့် ပြောလိုက်ပြီး " နင်မသိလို့နော်.. အဲ့ကောင်က အရမ်း ဘ၀င်မြင့်နေတာ... ငါ ဒီနေ့ စကတ်တိုလေး ၀တ်ထားတော့ ကားထဲရောက်တာနဲ့ ငါ့တင်တွေ ရင်တွေကို တဏှာမျက်လုံးနဲ့ တန်းကြည့်တော့တာပဲ.. အင်တာဗျူးကြောင့်သာ မဟုတ်ရင် ငါသူ့ကို ပါးတွေချည်း ရှစ်ချက်လောက် ဆင့်ရိုက်ပစ်လိုက်တယ်...."

"ဒါပေါ့...ကျားဆိုမှတော့ ဘူးတဲ့ အမျိုးပဲလေ... "

"ပြီးတော့ သိလား.. ဒီရောက်လာတော့လည်း သူက သူဌေးကြီးလို ထိုင်နေတာ... ငါကပဲ သူ့အတွက် အစားအသောက်တွေပဲ ကင်ပေးပြီး အဲ့ကောင်ကတော့ တစ်ချိန်လုံး ထိုင်စားနေရုံပဲ.... သူ့ကို အကြွေးတင်ထားတဲ့ သောက်ချိုးကြီးနဲ့လေ..."

"ငါပြောပြမယ်... အဲ့တာက ခုမှ တက်သစ်စ သူဌေးတွေရဲ့ စိတ်ဓာတ်ပဲ.. ကမ္ဘာပေါ်မှာ သူတို့ထက် ချမ်းသာသူ နှစ်ယောက်မရှိဘူးလို့ ထင်နေကြတာလေ...ယှဉ်ကြည့်လိုက်ရင် သူ့ငွေနည်းနည်းလေးနဲ့ ချိန်ရှူးရှေ့မှာ တစ်ချီတောင် ခံလိုက်မှာ မဟုတ်ဘူး...."

"ငါလည်း အဲ့လို ထင်တာပဲ..."၀န်ရှူး ပြောလိုက်ပြီး "ငါ စဉ်းစားပြီးသွားပြီ... ခု သွားပြီး ထိုင်စားမယ်... ပြီးရင် ပြန်မယ်... သူနဲ့ စကားဆက်မပြောတော့ဘူး...."

"ကောင်းပြီလေ.. နင့်သဘောပဲ... ချိန်ရှူးနဲ့ လက်ထပ်တော့မယ်ဆိုတော့ ဂုဏ်ပြုပါတယ်နော်... နင်မင်္ဂလာဆောင်ရင် ငါ သတို့သမီးအရံ လုပ်ပေးမယ်.... "

"ဟီးဟီး ပြဿနာ မရှိဘူး.. နင်က သေချာပေါက် သတို့သမီး အရံပဲ..."

ဖုန်းချပြီးနောကိ ၀န်ရှူး သူမကိုယ်သူမ တည်ငြိမ်အောင် ပြုလုပ်ကာ သီးသန့်ခန်းထဲသို့ လျှောက်သွားလိုက်လေသည်။

သီးသန့်ခန်းထဲတွင်တော့ လင်းရီမှာ အသားကင်များကို တစ်ယောက်တည်း အားပါးတရ ကြိတ်နေပြီး ၀န်ရှူး ထွက်သွားသော်လည်း နဂိုကတည်းက ဖုတ်လေသည့် ငါးငပိ ရှိလေသည် မထင်သောကြောင့် သူလုံး၀ အစားအသောက် မပျက်သွားခဲ့ပေ။

"စောင့်ခိုင်းလိုက်ရလို့ အားနာလိုက်တာရှင်....."

"အဆင်ပြေပါတယ်...."

၀န်ရှူး ထိုင်ချလိုက်ပြီးနောကိ တစ်ခွန်းမျှ ဆက်မပြောပဲ အစားအသောက်များကိုသာ ဆက်စားလိုက်သည်။

သူမ ရိဖုန်းကဲ့သို့ စားသောက်ဆိုင်မျိုးကို ယခုမှ ပထမဆုံးအကြိမ် ရောက်ဖူးခြင်းပင်။ လင်းရီနှင့် တစ်ခန်းတည်း အတူမထိုင်ချင်သော်လည်း အစားအသောက်များကိုတော့ တန်အောင် မြည်းစမ်းကြည့်ရပေမည်။

မဟုတ်ပါက ချိန်ရှူး၏ အလွှာမြင့် အသိုင်းအဝိုင်းမိတ်ဆွေများနှင့် ဆုံပါက သူမ ဘာပြောရမည်မှန်း သိလိမ့်မည် မဟုတ်ချေ။

'ဟမ်....'

အကင်များကို အားပါးတရလွေးနေသည့် လင်းရီမှာ ရုတ်တရက် အခန်းထဲရှိ လေထု တစ်ခုခု မူမမှန်ကြောင်း ခံစားလိုက်ရ၏။

၀န်ရှူးမှာ ယခင်ကနှင့် မတူညီစွာ ပို၍ အေးစက်နေလေသည်။

'အပြင်သွားရင်း သူ့ကို သူများ စော်ကားသွားတာများလား...'

သို့သော်လည်း ယင်းက သူနှင့် မဆိုင်ချေ။

"ဖုန်းထဲမှာတုန်းက သီးသန့်အင်တာဗျူးချင်တယ်လို့ မပြောထားဘူးလား... ခု စားလို့လည်း ပြီးပြီဆိုတော့ စဖို့ သင့်ပြီထင်တာပဲ..."

လင်းရီလည်း ၀န်ရှူးကို တစ်ခုခု ပြောစရာ ရှိနေသောကြောင့် သူဗိုက်ပြည့်အင့်သွားပြီးနောက် အလုပ်ကိစ္စဆီသို့ တန်းသွားလိုက်သည်။

"ကျွန်မ ရုတ်တရက် နေမကောင်းဖြစ်လာလို့ အင်တာဗျူးကို ကန်ဆယ်လိုက်ပြီ... နောက်မှ ဒီအကြောင်း ဆက်ပြောကြတာပေါ့..."၀န်ရှူး ဖာသိဖာသာလေသံဖြင့် စကားပြောလိုက်၏။

All Chapters