← Chapters

ရုတ်ချည်းပြောင်းလဲသွားတဲ့ မျက်နှာထား

Vol. 34 Ch. 507

ရုတ်ချည်းပြောင်းလဲသွားတဲ့ မျက်နှာထား

Vol. 34 Ch. 507

"ကန်ဆယ်(cancel)လိုက်ပြီ...."

ယင်းက လင်းရီကို အံ့ဩဘနန်း ဖြစ်သွားစေခဲ့သည်။

ပိုက်ထဲက ငါးတွေကို ဆွဲမတင်ရသေးဘူး မဟုတ်လားဟ... ဒါက သိုက်တူးမတွေရဲ့ ပုံစံ မဟုတ်ပါဘူး... ဘယ်လိုတောင် ဆိုးရွားလိုက်လဲ...

"ဟုတ်တယ်..."၀န်ရှူး စိတ်မ၀င်စားသည့် အမူအရာဖြင့် ခေါင်းညိမ့်လိုက်ပြီး "ကျွန်မ ရုတ်တရက်ကြီး ဘာမှ မေးစရာ ကျန်တော့ဘူးလို့ ထင်တာပဲ... ပြီးတော့ နည်းနည်းလည်း နေလို့ မကောင်းဘူး... ဒါကြောင့်မို့ ကန်ဆယ်လိုက်တာ...."

"နှမြောစရာပဲ... ကျုပ်အစက အရေးကြီးကိစ္စ ပြောမလို့ပါဆို ခုတော့ အခွင့်အရေး မရှိတော့တဲ့ ပုံပဲ.... "

"အဲ့ဒါဆိုလည်း ဘာမှမပြောနဲ့... ကျွန်မ ဒီနေ့ အင်တာဗျူးလုပ်ဖို့ စိတ်မပါသေးဘူး..."

"ကောင်းပြီလေ... ကန်ဆယ်ချင်တယ်ဆိုတော့ ကန်ဆယ်ပေါ့..."

လင်းရီ စိတ်မရှိခဲ့ချေ။ မည်သို့ပင်ဆိုစေ သူပြောချင်နေသည့် ကိစ္စမှာလည်း အရေးကြီးနေတာမျိုး မရှိပေ။

၀န်ရှူး မရှိလျှင်တောင် သူ တခြားတစ်ယောက်ရှာ၍ ကိုင်တွယ်ခိုင်းလို့ ရလေသည်။ ထို့ပြင် ထမင်းတစ်နပ်လည်း စားလိုက်ရသေး၏။ မည်သည့် ရှုထောင့်မှကြည့်ကြည့် သူ့ဘက်မှ ဆုံးရှုံးသွားတာမျိုး မရှိချေ။

သီးသန့်ခန်းထဲရှိ လေထုမှာ မူမမှန်တော့၍ လင်းရီလည်း စားသောက်ချင်စိတ် ပျောက်သွားပြီး ခေါင်းလောင်းနှိပ်ကာ စားပွဲထိုးကို ခေါ်လိုက်သည်။

" ဘာများ ကူညီပေးရမလဲရှင့်...."ဂျပန်မလေးတစ်ယောက်မှ ချစ်စဖွယ်အသံလေးဖြင့် ဆိုလာခဲ့၏။

"အမဲထမင်းနဲ့ ငါးရှဉ့်ထမင်း တစ်ပွဲထည့်ပေး... ငါ ပါဆယ် ယူသွားမယ်..."

လင်းရီ ပါဆယ်ပြန်ယူသွားမယ်ဆိုတာကို သိတော့ ၀န်ရှူး၏ အထင်သေးစွာဖြင့် နှာခေါင်းရှုံ့လိုက်သည်။

'ဟမ့်...ဒီလိုလုပ်တာ သူ့တစ်ယောက်တည်းရှိမယ်... ဒါကို ကျောင်းကန်သင်းများ မှတ်နေတာလားမသိဘူး... ဒီလောက် ပညာတွေ တတ်ထားပြီးတော့ နောက်ဆုံးတော့လည်း စာကြမ်းပိုးက စာကြမ်းပိုးပါပဲ...'

"ဟုတ်ကဲ့ရှင့်... ကျန်တာတွေကော ထပ်မှာချင်တာများ ရှိသေးလားမသိဘူး"

"အင်း..... ဆာကေး တစ်ပုလင်းကော ထည့်လိုက်ကွာ.... ဒီလောက်ပဲ... မြန်မြန်လေး လုပ်ပေး...."

"နားလည်ပါပြီ.... ခဏလောက် စောင့်ပေးပါဦးရှင့်...."

လင်းရီ အော်ဒါကို မှတ်ပြီးနောက် စားပွဲထိုးမလေးမှာ အပြင်သို့ ထွက်ခွာသွားလေသည်။

ထိုအချိန်တွင်ပဲ အပြင်ဘက်ရှိ ချိန်ရှူးမှာ သီးသန့်ခန်းထဲရှိ လင်ရီတို့ကို မြင်တွေ့သွားပြီး ၀င်ရောက်လာခဲ့၏။

"ရှူး....မင်းနဲ့အတူ စားနေတဲ့ကောင်က ဒီကောင်ပေါ့...."

ထိုသို့ ပြောရင်း ချိန်ရှူး လင်းရီကို တစ်ချက်ကြည့်လိုက်သည်။ သူ ထိုငနဲကို တစ်နေရာတွင် ရင်းရင်းနှီးနှီး မြင်ဖူးနေသည်ဟု ခံစားနေရသော်လည်း မည်သည့်နေရာ၌ မြင်ဖူးလဲဆိုတာကိုတော့ သူကိုယ်တိုင်လည်း မမှတ်မိချေ။ ထို့ကြောင့် ခေါင်းအရှုပ်ခံ၍ ဆက်လက် စဉ်းစား မနေတော့ချေ။

"သူက ငါ အင်တာဗျူးမယ့်သူလေ... ဒါပေမယ့် ခုတော့ ပြီးသွားပါပြီ... ပြန်ရုံပဲ...."

၀န်ရှူး မျက်နှာထက်တွင် သိမ်မွေ့သည့် အပြုံးလေးတို့ဖြင့် ပြောလိုက်၏။

လင်းရီ ၀န်ရှူး၏ အဆိုပါ သဘောထားနှင့် အတော်လေး ရင်းနှီးနေသည်။ အဘယ်ကြောင့်ဆိုသော် အပြင်သို့ မထွက်ခင်ကလည်း သူ့ကိုလည်း ထိုမျက်နှာပေးနှင့် ဆက်ဆံနေခဲ့ခြင်းကြောင်းပင်။ ယင်းပုံစံက သူမ၏ ဘိုးဘေးများကို မြင်တွေ့လိုက်ရပြီး ဒူးထောက်ကာ ဖိနပ်ကုန်းလျက်တော့မည့် မျက်နှာပေးမျိုးဖြစ်၏။

"ပြီးပြီးဆိုရင်လည်း ပြန်ကြမယ်... ဒီမှာ ဆက်နေစရာ အကြောင်းမရှိဘူး.. မင်း မ၀သေးဘူးဆိုလည်း ငါ နောက်နေ့မှ သီးသန့်လိုက်ကျွေးပေးမယ်...."

"အွန်း-အွန်း.."၀န်ရှူး အားတက်သရောဖြင့် ချိန်ရှူး၏ လက်မောင်းများကို သူမရင်ဘက်နှင့် ဖိကပ်ထားပြီး "နင်ကော စားပြီးပြီလား..."

"ငါက သိပ်မဆာပါဘူး... ဒီရောက်လာတယ်ဆိုတာကလည်း ငါ့အဖေက ကုမ္ပဏီက အမှုဆောင် အရာရှိတွေနဲ့ ရင်းနှီးအောင်လုပ်ပေးတာ... ဒါမှ အနာဂတ်ကျရင် ကုမ္ပဏီရဲ့ စီးပွားရေးကို အဖေ့နေရာကနေ လက်လွှဲယူနိုင်မှာလေ...."ချိန်ရှူး ပြောလိုက်ပြီး "ခု ငါ့အဖေနဲ့ ကျန်တဲ့သူတွေလည်း စားနေတုန်းဆိုတော့ အပြင်ထွက်ပြီး သူတို့ကိုစောင့်နေတာ... ထင်မထားဘူး... မင်းကို ဒီမှာ တွေ့လိုက်ရလိမ့်မယ်လို့...."

"ကောင်းတာပေါ့... ငါလည်း စားပြီးသွားပြီလေ... ထွက်သွားချင်နေတာဖြင့် ကြာလှပြီ..."

ချိန်ရှူး ခေါင်းညိမ့်လိုက်ပြီး လင်းရီကို ကြည့်ကာ "ဟိုကောင်.. မင်းဘာမင်း ကောင်ဆိုတာလဲ ငါမသိဘူး..စိတ်လည်း မ၀င်စားဘူး... ဒါပေမယ့် တစ်ခုတော့ ပြောလိုက်မယ်... သူမက ငါ့ရဲ့ မိန်းကလေးပဲ... မင်း မဟုတ်တဲ့ အတွေးတွေ ရှိနေရင် ခုကတည်းက ဖျောက်ပစ်ဖို့ အကြံပေးချင်တယ်... မဟုတ်ရင် မင်းဘ၀ အဆုံးသတ်လှမှာ မဟုတ်ဘူး...."

ရုတ်ချည်းပေါ်လာသည့် အဆိုပါ ငနဲမှာ ၀န်ရှူးနှင့် ထိုမျှ ရင်းနှီးနေတာကို မြင်တော့ လင်းရီ ဘာဖြစ်ခဲ့လဲဆိုတာ အကြမ်းဖျင်း ခန့်မှန်းကြည့်လိုက်ပြီး ၀န်ရှူးကို အပြုံးလေးဖြင့် မေးလိုက်၏။

"ဒါက မင်းရဲ့ကောင်လေးလား...."

"အမှန်ပဲ... ဒါက ကျွန်မကောင်လေး... ချိန်ရှူး... ကျွန်မတို့နှစ်ယောက်က မကြာခင် လက်ထပ်ကြတော့မှာ...."

ထိုသို့ ပြောရင်း ၀န်ရှူး ခေါင်းမော့ ရင်ကော့လိုက်ကာ ငန်းဖြူတစ်ကောင်ကဲ့သို့ သူမ၏ လည်တိုင်ကို ၀င့်ကြွားလိုက်လေသည်။

ထိုအချိန်တွင်တော့ သူမလင်းရီကို လုံး၀ ဂရုစိုက်နေခြင်း မရှိတော့ချေ။

သူမ၏ လက်ရှိ ကောင်လေးနှင့် စပ်လျဉ်း၍လည်း ၀န်ရှူး အာရုံထဲပင် ရှိမနေချေ။ မည်သူမျှ မရှိသည့် အချိန်တွင် သူမ လမ်းခွဲကြောင်း စာပို့လိုက်ပြီး အဆက်အသွယ်ပါ တစ်ခါတည်း ဖျက်ပစ်လိုက်မည်။

'ငမွဲကောင် နင်နဲ့ငါနဲ့ပြတ်ပြီ ဒါပဲ....'

လင်းရီ ဘာမျှ ပြန်မပြောပဲ မေးစေ့ပွတ်လိုက်၏။

သူက ဘာမှလည်း မလုပ်ပဲနဲ့ ဘာလို့ သူတို့နှစ်ယောက်ကြားမှာ တာယာအပိုကြီးလို ဖြစ်နေတယ်လို့ ခံစားနေရပါလိမ့်....

"မင်းတို့နှစ်ယောက် ဘာဖြစ်ထားလဲဆိုတာ ငါစိတ်မ၀င်စားဘူး.. ဒါပေမယ့် ငါ့ကို အဲ့လို လေသံမျိုးနဲ့တော့ လာမပြောနဲ့... အထင်မလွဲအောင် မင်းကောင်မရဲ့ စကားအသုံးအနှုန်းကို ဆင်ခြင်ခိုင်းရင် ကောင်းမယ်.... "

၀န်ရှူး၏ အမူအရာမှာ အေးခဲသွားခဲ့၏။ ယခုဆို သူမ လင်းရီကို သေလောက်အောင် မုန်းတီးနေလေသည်။ သူမနှင့် ချိန်ရှူးကြားရှိ ဆက်ဆံရေးမှာ ယခုလေးတင် နွေးထွေးပြုနေသောကြောင့် သူမ ပျက်စီးသွားရန် ခွင့်မပြုနိုင်ချေ။

"ဟန်နီ... သူပေါက်တတ်ကရပြောနေတာတွေကို နားထောင်မနေနဲ့... သူက ပေပီ့ကို အတင်းခေါ်လာခဲ့တာ... ပေပီ့ရဲ့ ဘော့စ်အတွက်ဆိုတော့ ပေပီလည်း ရွေးချယ်စရာ မရှိတော့ဘူးလေ... "

ထို့နောကိ သူမ လင်းရီကို အေးစက်စွာ ကြည့်လိုက်ပြီး "မစ္စတာလင်း... ကျွန်မက ဘာမဟုတ်တဲ့ သတင်းထောက် တစ်ယောက်ဆိုပေမယ့် ရှင်ထင်နေတဲ့ မိန်းမမျိုးတော့မဟုတ်ဘူး... ကျွန်မရဲ့ ကိုယ်ကျင့်တရားကို မထိပါးလာဖို့တော့ မျှော်လင့်တယ်.... "

"ပြီးတော့ ရှင့်မှာ ငွေလေးနည်းနည်း ရှိတာနဲ့ပဲ ရှင်ပြောချင်သလို ပြောလို့ ရပြီလို့များ ထင်နေတာလား... ကျွန်မရဲ့ကောင်လေးနဲ့ ကျွန်မက ရှင့်ကို လုံး၀ မကြောက်ဘူး....ရှင် ကျွန်မကို ထိုက်သင့်တဲ့ လေးစားမှု ပေးလိမ့်မယ်လို့ မျှော်လင့်တယ်..."

"ရှူး... သူ့လိုကောင်မျိုးက မတန်ပါဘူးကွာ... သွားစို့.. လျစ်လျူရှုထားလိုက်..."

"အွန်း... ဟန်နီ့သဘော....."

၀န်ရှူး သူမ၏ လှောင်ပြောင်မှုများကို ရပ်တန့်ရန် ရည်ရွယ်ချက် လုံး၀ မရှိပဲ သူမနှင့် လင်းရီတို့၏ ရင်းနှီးမှု ပျက်ဆီးသွားလျှင်တောင်မှ သူမ မမှုတော့ချေ။ မကြာမီ သူမနှင့် ချိန်ရှူးတို့မှာ လက်ထပ်ပေတော့မည်။ ထိုအခါ သူမလည်း ဇိမ်ရှိသည့်ဘ၀တွင် နေထိုင်နိုင်တော့မည် ဖြစ်ပြီး Didi ၏ အရွယ်အစားနှင့်ဆိုပါက ဝူကျောင်းယိုကဲ့သို့ ပါမွှားလေးကိုလည်း ခေါင်းထဲထည့်နေစရာ မလိုချေ။

သူမလို အနေအထားကြီးနဲ့ ဝူကျောင်းယို စီစဉ်ပေးတဲ့ အလုပ်ကို မက်မောနေစရာလား...

သို့နှင့် နှစ်ယောက်သား အပြင်ထွက်ရန် တံခါးဖွင့်လိုက်သောအခါ ချိန်ရွှမ်း ၊ ထျန်းရန်နှင့် Didi ၏ အမှုဆောင် အရာရှိတို့ အချင်းချင်း ရယ်သွမ်းလျက် စကားပြောရင်း လမ်းလျှောက်နေကြသည်ကို မြင်တွေ့လိုက်ကြရ၏။ သူတို့လည်း ယခုမှ သီးသန့်ခန်းထဲက ထွက်လာခဲ့သည့်ပုံပင်။

ချိန်ရွှမ်း သူ့သားဘေးရှိ အမျိုးသမီးကို မြင်တော့ အနည်းငယ် အံ့အားသင့်သွားခဲ့၏။ ထို့နောက် သူ မျက်မှောင် အနည်းငယ် ကြုတ်လိုက်လေသည်။

သူမ မည်သူမည်ဝါ ဖြစ်ကြောင်း မသိရသေးသော်လည်း ကြန်အင် လက္ခဏာအရတော့ အတော်လေး သာမန်ဆန်လှ၏။ ထိုသို့သော မိန်းကလေးမျိုးနှင့် အပျော်တွဲသည်က အဆင်ပြေသော်လည်း သူ၏ ချိန်မိသားစုထဲသို့ ၀င်ရောက်ရန်တော့ ခွင့်ပြုလိမ့်မည် မဟုတ်ချေ။

တစ်ချိန်တည်းတွင် ၀န်ရှူးလည်း ချိန်ရှူး၏ ဖခင်ကို မြင်တွေ့သွားခဲ့၏။

သူမ ယနေ့ တွေ့ဆုံခြင်းကို ရှောင်ရှားပြီး နောက်တစ်နေ့မှ သိမ်သိမ်မွေ့မွေ့ ပြင်ဆင်ကာ လက်ဆောင်၀ယ်၍ သွားတွေ့မည်ဟု စီစဉ်ထားသော်လည်း သူမ မရှောင်လွှဲနိုင်တော့ချေ။

ဒါက မိုးနတ်မင်းရဲ့ အလိုတော်လားဟင်.....

မိုးနတ်မင်းကြီးက သူမကို ချိန်မိသားစုနဲ့ အရမ်း လက်ထပ်စေချင်လို့ ဒီလိုနည်းလမ်းတွေ အသုံးပြုနေတာများလား...

ထိုအကြောင်း တွေးမိတော့ ချိန်ရှူး၏ မျက်နှာထက်တွင် နေရခက်သည့် အမူအရာတို့ ပေါ်လာပြီး အနည်းငယ် ရှက်သွေးဖြန်းသွားခဲ့လေသည်။

"မင်းဘာတွေ အာကျယ်အာကျယ် လုပ်နေတာ.. ဒီနေရာက လူတွေ ထမင်းစားတဲ့ နေရာကွ... "ချိန်ရွှမ်း ဖြတ်လျှောက်ရင်း သူ့သား၏ အသံကို ကြားလိုက်ရ၍ ယခု နေရာသို့ ရောက်လာခဲ့ခြင်းပင်။

"ကျွန်တော် သောက်ချိုးမပြေတဲ့ကောင်တစ်ကောင်နဲ့ ဆုံလို့ သူ့ကို သင်ခန်းစာ ပေးနေတာ...ခုတော့ အိုကေသွားပြီ..."

ထို့နောက် ချိန်ရှူး ဘေးတွင် ကပ်ရပ်လိုက်ပြီး ၀န်ရှူးကို သူ့အဖေနှင့် မိတ်ဆက်ပေးရန် ဟန်ပြင်လိုက်သည်။ သို့မှသာ သူ့အပေါ် ထိန်းချုပ်မှုများ ခဏတာ ပြေလျော့သွားမည် ဖြစ်ပြီး အနာဂတ်တွင် သူ ထင်ရာစိုင်းခွင့် ရပေမည်။

သို့သော်လည်း ချိန်ရွှမ်း မမိတ်ဆက်ပေးရသေးခင် ထျန်းရန်၏ အံ့အားတကြီးနှင့် ပြောလိုက်သည့်အသံကို ကြားလိုက်ရ၏။

"ဟင်...ဥက္ကဌလင်း... ရှင်လည်း ဒီရောက်နေတယ်လား…”

All Chapters