ထိပ်ဆုံး၌ ရပ်တည်နေသည့် အမျိုးသား
Vol. 34 Ch. 508
ထျန်းရန် အသုံးပြုလိုက်သည့် အခေါ်အဝေါ်ကို ကြားတော့ ချိန်ရှုး ကြက်သေသေသွား၏။ Didi စီအီးအို၏ သားဖြစ်သောကြောင့် ထျန်းရန် ဘယ်သူလဲဆိုတာကို သူ ကောင်းကောင်းကြီး သိလေသည်။
Didi ၏ ဒုဥက္ကဌပင် ထျန်းရန်ကို ယဉ်ကျေးစွာ ပြောဆိုရ၏။
သို့သော်လည်း အနှီ မောက်မာလှသည့် အမျိုးသမီးမှာ လင်းရီကို ဥက္ကဌလင်းဟု ရိုကျိုးစွာဖြင့် သူံးနှုန်းနေလေသည်။
ဘာတွေ ဖြစ်နေကြတာတုန်းဟ.....
တစ်ချိန်တည်းတွင် အပြင်သို့ ထွက်လာခဲ့ကြသည့် အမှုဆောင်အရာရှိများလည်း လင်းရီကို မြင်သွားခဲ့ကြလေသည်။
ထိုအခါ ၎င်းတို့မျက်နှာပေါ်ရှိ ထွေနေသည့် အမူအရာတို့မှာ တစ်မဟုတ်ချင်း ပျောက်ကွယ်သွားပြီး ရိုသေလေးစားသည့် အမူအရာတို့ အစားထိုးလာခဲ့ကြ၏။ လူတိုင်း ၊ ချိန်ရွှမ်း အပါအ၀င် ကိုယ်ကို အနည်းငယ် ကိုင်းညွှတ်၍ အရိုအသေ ပေးလိုက်ကြသည်။
"ဥက္ကဌလင်း...."
ယင်းမြင်ကွင်းက လင်းရီကို အတန်ငယ် အံ့အားသင့်သွားစေသည်။
"ခင်များတို့ ဘယ်လိုလုပ်ပြီး ဒီရောက်နေကြတာ... မဟုတ်လည်း ကျုပ် ခဏနေ Didi ဆီ လာကြည့်တော့မလို့ပဲ..."
Didi၏ အမှုဆောင် အဖွဲ့၀င်များထဲတွင် လင်းရီ ထျန်းရန်နှင့် ချိန်ရွှမ်းတို့နှင့်သာလျှင် မျက်နှာ ရင်းနှီးလေသည်။ ၎င်းတို့နှင့် ဤနေရာ၌ လာဆုံသည်က အတော်လေးတိုက်ဆိုင်သည်ဟု ပြော၍ရသည်။
"ကျုပ်လည်း အချိန်ပိုဆင်းပြီးတော့ ဘာမှလုပ်စရာ မရှိတာနဲ့ လူတိုင်းကို ညစာလိုက်ကျွေးဖို့ ဆုံးဖြတ်လိုက်တာ..."ချိန်ရွှမ်း ရယ်သွမ်းလိုက်ပြီး
"ဥက္ကဌလင်းကလည်း ဒီရောက်နေတယ်ဆိုတာ ဘာလို့ ကြိုမပြောတာ... ကျုပ်လာကြိုပေးမှာပေါ့...."
"ကျုပ်လည်း လက်ထဲမှာ လုပ်စရာလေးတွေ ရှိနေသေးလို့... အဲ့တာပြီးမှပဲ ခင်များဆီ လာလည်မလို့ လုပ်နေတာ...ဒါပေမယ့် ဒီလိုမျိုး တွေ့ရလိမ့်မယ်လို့ ထင်တောင်ထင်မထားဘူး..."
"ဥက္ကဌလင်း လုပ်ချင်နေတဲ့ ပရောဂျက်ရှိလို့လား... ကျုပ်တို့ ကူညီပေးဖို့ လိုသေးလား..."
"မလိုဘူး...ကျုပ်က ပရောဂျက်မှာ ရင်းနှီးမြုပ်နှံနေတာ မဟုတ်ဘူး... ပေချောင်မြို့မှာ မျှောင်လင့်ခြင်း ကျောင်းဆောက်ချင်နေတာ... ဒါကြောင့်မို့ ဒီလာပြီး အနေအထားကို တစ်ချက် လာလေ့လာတာလေ...."လင်းရီ ပြောလိုက်ပြီး "ကောင်းပြီ...ခင်များတို့ လုပ်စရာ ရှိတာ ဆက်လုပ်ကြတော့... ကျုပ်ကို စိတ်ပူမနေနဲ့... ကျုပ်က ညစားစားပြီးတာနဲ့ ဟိုတယ်ကို ပြန်တော့မှာ...."
"ကောင်းပါပြီ ဥက္ကဌလင်း... ကျုပ်တို့ လိုက်ပို့ပေးပါ့မယ်...."
"မလိုဘူး... ကျုပ်ဘာကျုပ် လမ်းလျှောက်ပြန်လို့ရတယ်... ခင်များတို့ ကိုယ့်ကိစ္စကိုသာ အာရုံစိုက်ကြ...."
"ကောင်းပါပြီ... ဒါဆိုလည်း ဥက္ကဌလင်းကို မနှောင့်ယှဉ်တော့ပါဘူး...."
ယင်းစကားဝိုင်းက ချိန်းရှူးနှင့် ၀န်ရှူးကို မူးနောက်သွားစေသည်။ သို့သော်လည်း သူ့အဖေနှင့် ကျန်သည့် အမှုဆောင် အရာရှိများမှ လင်းရီကို ခေါ်ဝေါ်ပုံမှတစ်ဆင့် ချိန်ရှူး တစ်စုံတစ်ခုကို သတိထားမိသွားလေသည်။
ကုမ္ပဏီ၏ လျှို့ဝှက်ဆန်းကြယ်သည့် အဓိကရှယ်ယာရှင်၏ မျိုးရိုးနာမည်မှာ လင်းဖြစ်ပြီး သူလုံး၀ မမှားဘူးဆိုလျှင် အဆိုပါ မစ္စတာလင်းမှာ သူ့ရှေ့ရှိ လင်းရီပင် ဖြစ်ရပေမည်။
"အဖေ... Didi ကို ပိုင်ဆိုင်သွားတဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ အဓိကရှယ်ယာရှင်က သူလား...."
"အေး ဟုတ်တယ်..."ပြောပြီးနောက် ချိန်ရွှမ်း၏ အမူအရာမှာ တစ်မဟုတ်ချင်း ပြောင်းလဲသွားပြီး "မင်း ခုလေးတင် ဥက္ကဌလင်းကို အပြစ်လုပ်ထားတာလား...."
၀န်ရှူး၏ မျက်လုံးတို့ ပြူးကျယ်သွားပြီး သူမ၏ ခန္ဓာကိုယ်မှာလည်း ထိန်းချုပ်မရစွာဖြင့် တုန်ခါသွားလေသည်။
လင်းရီတွင် ထိုကဲ့သို့ ဖုံးကွယ်ထားသည့် အထောက်အထားတစ်ခု ရှိနေလိမ့်မည်လို့ သူမဘယ်တုန်းကမှ ထင်မှတ်မထားခဲ့ချေ။
အခု Didi ရဲ့ တန်ဖိုးက ဒေါ်လာ သုံးဆယ် ဘီလီယမ်ဆိုတော့ Didi တစ်ခုလုံးကြီး ၀ယ်နိုင်လောင်အောင် သူ ဘယ်လောက်များ ကြွယ်၀လိုက်မလဲ...
လင်းရီနှင့် နှိုင်းယှဥ်ပါက သူမရှေ့ရှိ ချိန်ရှူးမှာ ဘာမျှ မဟုတ်တော့ချေ။
"အဖေ.. ကျ... ကျွန်တော် ရည်ရွယ်ချက် ရှိရှိ လုပ်တာ မဟုတ်ပါဘူး."ချိန်ရှူး ချွေးအေးတို့ ရွှဲနစ်စွာဖြင့် တံတွေးတစ်လုပ်မျိုချလျက် သောကရောက်စွာ ပြောလိုက်ပြီး"တကယ်လို့ ကျွန်တော့်ရှေ့က ပုဂ္ဂိုလ်သာ ဥက္ကဌလင်းမှန်းသိရင် ဘောတွေ ရှိရင်တောင် မပြောရဲပါဘူး...."
"မင်း....မွေးရကျိုး မနပ်တဲ့ သားမိုက်... အိမ်ရောက်မှ မင်းနဲ့ ရှင်းမယ်... "
ချိန်ရွှမ်း နှာခေါင်းရှုံ့လိုက်ပြီး လင်းရီကို လေးစားသည့် အကြည့်တို့ဖြင့် ကြည့်ကာ "ဥက္ကဌလင်း ... ကျုပ် သူ့ကို ငယ်ငယ်ကတည်းက အလိုလိုက်ထားတာဆိုတော့ ဆိုးချင်တိုင်းဆိုးနေတာ.. ကျုပ် အိမ်ရောက်ရင် ကောင်းကောင်း ဆုံးမလိုက်ပါ့မယ်... ဥက္ကဌလင်း ဒေါသမထွက်ပါနဲ့လား...."
"ကျုပ်က အဲ့လောက် စိတ်သဘောထား သေးသိမ်တဲ့ ပုံစံ ပေါက်နေလို့လား... "လင်းရီ ပြောလိုက်ပြီး "စိတ်ထဲမထားပါဘူး.. ကျုပ်တို့ ငယ်ငယ်တုန်းကလည်း ဒီလိုပဲ အရူးထခဲ့ကြတာမဟုတ်ဘူးလား... ခင်များသာ အလုပ် ကြိုးစားပြီး ကျုပ်အတွက် အကျိုးအမြတ်တွေ အများကြီး ဖန်တီးပေးရင် အဆင်ပြေပြီ......"
"ဟုတ် ဟုတ်.. ကျုပ် သေချာပေါက် အလုပ်ကြိုးစားမှာပါ.. ဥက္ကဌလင်း စိတ်ချပါ..."
ချိန်ရွှမ်း၏ ဦးချလုမတတ် အမူအရာကို မြင်တော့ ၀န်ရှူး နှလုံးခုန်သံတို့ မြန်ဆန်သွားခဲ့သည်။ချိန်ရွှမ်းကဲ့သို့ ပုဂ္ဂိုလ်ကြီးမှာ သူမ မော်ကြည့်ရသည့် လူစားမျိုး ဖြစ်နေသော်လည်း လင်းရီရှေ့တွင်တော့ ဘာမျှ မဟုတ်သည့် ပုံပင်။
ဒါက ငွေရှင်ကြေးရှင်တွေရဲ့ စွမ်းအားပဲလား....
ထိပ်ဆုံးမှာ ရပ်တည်နေတဲ့ ယောက်ျားစစ်စစ်ဆိုတာ ဒါကို ခေါ်တာပဲလေ...
"ဒါနဲ့ ဒီကောင်မက ဘယ်သူတုန်း..."လင်းရီနှင့် စကားပြောပြီးနောက် ချိန်ရွှမ်း ၀န်ရှူးကို မပျော်ရွှင်စွာ ကြည့်လိုက်သည်။
"အဖေ ...သူက ကျွန်တော့် ကောင်မလေးလေ... တီဗွီဌာန တစ်ခုမှာ သတင်းထောက်လုပ်တာ..."ချိန်ရှူး ပြောလိုက်၏။
"အန်ကယ် မင်္ဂလာပါရှင့်..."၀န်ရှူး ပြောလိုက်ပြီး "အန်ကယ်နဲ့ ဒီမှာတွေ့ရလိမ့်မယ်လို့တောင် ထင်မထားဘူး.. ဒါကြောင့်မို့ ဘာလက်ဆောင်မှလည်း မပြင်ဆင်ထားခဲ့ရဘူး... အန်ကယ် စိတ်မရှိဘူးလို့တော့ မျှော်လင့်ပါတယ်... သမီး နောက်နေ့ကျ လက်ဆောင်တွေနဲ့ လာလည်မယ်လေ...."
"မင်းရဲ့ ကောင် မ လေး ...."
ချိန်ရွှမ်း၏ အမူအရာမှာ အကျည်းတန်သွားခဲ့ပြီး "ဟေ့ကောင် မင်း ဘယ်လိုဟာတွေ ကြည့်ကြိုက်နေတာတုန်းကွ... အဲ့ကောင်မ ၀တ်ပုံစားပုံကို ကြည့်လိုက်စမ်း... မင်း ငါ့အိမ်ကို လာလည်စရာ ခညိးမလိုဘူး... မင်းက ငါ့သားနဲ့လည်း မသင့်တော်ဘူး... နောက်နောင် ဘယ်တော့မှ ငါ့သားရဲ့ဘေးမှာ ပေါ်မလာစေနဲ့...."
ထိုသို့ ပြောပြီးနောက် ချိန်ရွှမ်း သူ့သားကို ကြည့်ကာ "မင်းကိုယ်မင်း ပြန်ကြည့်လိုက်စမ်း... ပြီးတော့ ဥက္ကဌလင်းကို ကြည့်လိုက်... မင်းတို့ နှစ်ယောက်က ရွယ်တူတွေ နီးပါးပဲ... ဘာလို့ ကွာခြားချက်က ဒီလောက်တောင် ကြီးမားနေရတာလဲကွာ... ငါမင်းကို ပြောလိုက်မယ်.... ခုက စပြီးတော့ မင်းရဲ့ ခရစ်ဒစ်ကတ်တွေ ဘဏ်ကတ်တွေ အကုန် ဖျက်ပြီ... မင်းရဲ့ အကျင့်ဆိုးတွေကို ဖျောက်ရင်ဖျောက်... မဖျောက်ရင် မင်းကို ငါ လက်စဖျောက်ပစ်လိုက်တော့မယ်.. ကြားလားကွ..."
"ဗျာ ... ကျွန်တော့် ခရစ်ဒစ်ကတ်တွေ ဖျက်ပစ်ရင် ကျွန်တော်က ဘာသွားသုံးရတော့မှာတုန်း...."ချိန်ရှူး ပြောလိုက်ပြီး "အမှန်အတိုင်း ၀န်ခံရရင် ကျွန်တော်လည်း သူမကို အတည်မယူပါဘူး... ယာယီ ဆော့ကစားဖို့လောက်ပါပဲ... ကျွန်တော်တို့ရဲ့ အဆင့်အတန်းနဲ့ဆိုရင် သူ့လို သတင်းထောက်တစ်ယောက်ကို ကျွန်တော်က လက်ထပ်မှာတဲ့လား အဖေရာ...."
၎င်းကို ကြားတော့ ၀န်ရှူး မိုးကြိုး အပစ်ခံလိုက်ရသကဲ့သို့ နေရာမှာတင် တောင့်တင်းသွားတော့သည်။ သူမ ကိုယ့်နားကိုယ်ပင် မယုံကြည်နိုင်တော့ချေ။
"နင်... နင်က ငါ့ကို အပျော်ကြံတာပေါ့လေ...."
"မင်းက ဘယ်လိုထင်နေတာ..."ချိန်ရှူး အထင်သေးမှု အပြည့်ဖြင့် ပြောလိုက်ပြီး "ငါက တကယ်ကြီး လက်ထပ်လိမ့်မယ်လို့ ထင်နေတာလား... ဖီး... ဘာမဟုတ်တဲ့ သတင်းထောက်လေးကများကွာ...ကြီးကြီးကျယ်ကျယ် အိပ်မက်တွေ မက်နေသေးတယ်......"
"နင်.. နင် ဒါတော့ အရမ်း လွန်သွားပြီ..."ချိန်ရှူး မျက်ရည်တို့ဖြင့် အော်ပြောလိုက်၏။
သူမ လက်ထပ်ပြီးနောက် နေ့တိုင်း အလှပြင်ဆိုင်သွားရင်း သက်တောင့်သက်တာ ရှိသည့် ဘ၀ကို ဖြတ်သန်းမည့် ပုံကို စိတ်ကူးယဉ်ပြီးဖြစ်သည်။ ယခုတော့ သူမ၏ ထိုအတွေးများမှာ ပူဖောင်းလေးများကဲ့သို့ ရုတ်တရက် ကွဲကြေသွားလိမ့်မယ်လို့ မျှော်လင့်မထားခဲ့ချေ။
"မင်းတို့ကောင်တွေ လူမြင်ကွင်းကြီးမှာ ငြင်းခုန်မနေကြနဲ့... အိမ်ပြန်သွားပြောကြ... "လင်းရီ သူ့လက်ကို စိတ်မရှည်စွာ ဝှေ့ယမ်းလိုက်ပြီး "မတော်လို့ ကောလဟာလတွေ ထွက်လာရင် မနက်ဖြန် သတင်းစာ ခေါင်းကြီးပိုင်းမှာ ပါလာနေဦးမယ်..."
"နားလည်ပါပြီ ဥက္ကဌလင်း... ကျုပ်တို့ အခုပဲ ထွက်သွားတော့မှာပါ.... "
လင်းရီ ခေါင်းညမ့်လိုက်ပြီး ချိန်ရွှမ်းနှင့် ထျန်းရန်တို့ ပြန်သွားကြသည်ကြိ ကြည့်နေလိုက်သည်။
သူ မပြန်ရသေးသည့် အကြောင်းပြချက်ကတော့ မှာထားသည့် အော်ဒါများ ယခုထိ ရောက်မလာသေးသောကြောင့်ပင်။
သို့သော်လည်း ၀န်ရှူးကတော့ ထွက်မသွားခဲ့ချေ။ သူမ မျက်ရည်တို့ကို လက်နှစ်ဖက်ဖြင့် သုတ်ရင်း တံခါး၀၌ ကျန်ရစ်နေခဲ့လေသည်။
"မစ္စတာလင်း... အခု ကျွန်မရဲ့ အသည်းကွဲနေလို့.. ကျေးဇူးပြုပြီး စကားပြောပေးပါလား..."
"မဖြစ်နိုင်တော့ဘူး... ကျုပ်မှာထားတာတွေက ခဏနေဆို ရတော့မှာ... ကျုပ်လည်း ပြန်ပြီ...."
ထိုစဉ် လင်းရီမှာထားသည့် ပါဆယ်များ ရောက်ရှိလာပြီး လင်းရီလည်း လက်မှဆွဲကာ အပြင်သို့ ထွက်လာလိုက်သည်။
၀န်ရှူး သူမ၏ စကတ်ကို ဆောင့်ဆွဲပြီး နှုတ်ခမ်းကိုက်၍ လင်းရီနောက်မှ ပြေးလိုက်လာခဲ့၏။ လှေကားအောက်တွင် ၀န်ရှူး ဘေလ်ရှင်းပြီး လင်းရီအပေါ် အမြင်ကောင်းတစ်ချို့ ချန်ထားချင်ပါသော်လည်း ဘေလ်မှာ ရှင်းထားပြီး ဖြစ်ကြောင်း သိလိုက်ရသည်။
ထိုသတင်းကို ကြားတော့ သူမ နှလုံးသား၏ အနက်ရှိုင်းဆုံး နေရာမှ တိတ်တဆိတ် ၀မ်းမြောက်သွားလေသည်။
အကယ်၍ သူမသာ ဘေလ်ရှင်းရမည်ဆိုပါက စုထားတာလေးများ ပြောင်စင်သွားနိုင်၏။
"မစ္စတာလင်း... ကျွန်မ လိုက်ပို့ပေးပါ့မယ်..."၀န်ရှူး နောက်မှ လှမ်းအော်ပြောလိုက်၏။ လင်းရီတွင် ကားမပါသောကြောင့် ယင်းက သူမ၏ အခွင့်အရေးပင်။
"မလိုဘူး... လမ်းဘေးမှာ တက္ကစီတွေမှ ဖို့သတ်လို့ကို မကုန်ဘူး... တစ်စီးလောက်ဌားပြီး ပြန်လို့ရတယ်...."
လင်းရီ၏ လေသံကိုကြားတော့ ၀န်ရှူး နားလည်သွားလေသည်။ သူမ လင်းရီအပေါ် ရုန့်ရင်းကြမ်းတမ်းသည့် စကားတို့ကို ဆိုထားသောကြောင့် မပျော်မရွှင် ဖြစ်သည်မှာ သဘာ၀ပင်။
"မစ္စတာလင်း... ရှင်ခုနလေးတင် ကျွန်မကို အရေးကြီး ကိစ္စ ပြောစရာ ရှိတယ်လို့ ပြောထားတယ် မဟုတ်လား... ကျွန်မတို့ အင်တာဗျူး ဆက်လုပ်ကြမယ်လေ..."၀န်ရှူး ပြောလိုက်၏။
"အင်း... ဒီမှာ အင်တာဗျူး လုပ်ရင် သိပ်မကောင်းဘူး... ဘာလို့ တစ်နေရာ ရှာပြီးတော့မှ အစောနက အင်တာဗျူးကို ဆက်မလုပ်မှာ...."
"ဟင်...."၀န်ရှူး အပျော်လွန်သွားခဲ့ပြီး အလှမ်း သိပ်မဝေးသည့် နေရာရှိ ဟိုတယ်ကို ရှက်ရွံ့စွာ လက်ညိုးထိုးပြလိုက်ပြီး "အဲ့မှာဆိုရင်ကော... ဘယ်သူမှလည်း မရှိဘူး... တိတ်လည်း တိတ်ဆိတ်တယ်... ကျွန်မတို့ကို နှောင့်ယှက်မယ့်သူလည်း ရှိမှာ မဟုတ်ဘူး...."
"ရတယ်လေ... လုပ်ကြတာပေါ့... နေရာကြည့်ရတာတော့ သိပ်ဆိုးမယ့်ပုံ မပေါ်ဘူး...."
"အွန်း-အွန်း... မစ္စတာလင်း အဆင်ပြေတယ်ဆိုရင်ပြီးတာပါပဲ...."
"အိုး နေဦး.... ငါ ရုတ်တရက်ကြီး နေလို့ မကောင်းတော့ဘူး.... အိမ်ပြန်ပြီး အိပ်လိုက်ဦးမယ်.... နေလို့ကောင်းမှ အင်တာဗျူး လုပ်ကြတာပေါ့ကွာ.....”