အလင်းရှိတဲ့နေရာမှာ အမှောင်ရှိတယ်...
Vol. 34 Ch. 509
"မစ္စတာလင်း ပင်ပန်းနေရင် ကျွန်မနဲ့ လိုက်ခဲ့လေ... ဟိုတယ်မှာ တစ်ခါတည်း နားလို့ရတာပေါ့..."
၀န်ရှူး လင်းရီကို တစ်ခုခု ဆာလောင်နေသည့် အကြည့်တို့ဖြင့် ကြည့်လိုက်၏။ လင်းရီလည်း သူမ၏ ဆိုလိုရင်းကို နားလည်သဘောပေါက်လိမ့်မည်လို့ သူမ သေချာနေလေသည်။
လင်းရီ သူမနှင့် ဟိုတယ်ထံ လိုက်လာပြီးသည့် နောက်တွင်တော့ သူမဘက်မှ လင်းရီစိတ်တိုင်းကျ လိုက်လျောပေးလိုက်မည်။ ထို့နောက် လင်းရီ သူမကို တဖြည်းဖြညိး အသိအမှတ်ပြုလာသည့် အခါမှသာ တဖြည်းဖြည်းချင်း အသေးစား တောင်းဆိုမှုလေးများကိုပြုလုပ်ရန် စီစဥ်ထား၏။ယင်းက စွန့်စားရာ မကျပဲ အကောင်းဆုံး အကြံအစည်ပင်။
"မေ့လိုက်တော့... ငါ့မှာ တည်းမယ့် ဟိုတယ်လည်း ရှိပြီးသားပဲ ... ပြီးတော့ ငါ့မှာ မိန်းမလည်း မရှားဘူး.. ငါတကယ်ကြီး မင်းနဲ့အတူ ဟိုတယ်သွားဖို့ အကြောင်းပြချက်ကို ရှာမတွေ့ဘူး...."
ထို့နောက် လင်းရီ လက်ကို ဝှေ့ယမ်းလိုက်ပြီး ဘောင်းဘီ အိတ်ကပ်ထဲ လက်ထည့်ကာ အရာအားလုံးကို ကျောခိုင်းထားသည့် ဟန်ပန်ဖြင့် ထွက်ခွာသွားခဲ့လေသည်။
လင်းရီ တက္ကစီ ငှားတော့မည့် အချိန်တွင်ပဲ အညိုရောင် ပနားမီးရားတစ်စင်း သူ့ဘေး၌ ရပ်တန့်လာခဲ့၏။ ကား၏ ပြတင်းပေါက်မှန်ကို ချလိုက်သောအခါ ထျန်းရန် ဖြစ်နေကြောင်း မြင်တွေ့လိုက်ရသည်။
"ဒါရိုက်တာလင်း... ကားကြုံလိုက်ဦးမလား...."ထျန်းရန် အပြုံးလေးဖြင့် ပြောလိုက်သည်။
"ဒါပေါ့..."
လင်းရီလည်း ခရီးသည်ထိုင်ခုံတွင် ၀င်ထိုင်လိုက်၏။ ထို့နောက် ကားမှာ မောင်းထွက်သွားပြီး ၀န်ရှူးကတော့ နောက်တွင် ကားမီးခိုးငွေ့များကို ရှူရှိုက်ရင်း အရူးတစ်ယောက်ကဲ့သို့ ကျန်နေခဲ့တော့၏။
"မင်း ဘာလို့ မပြန်သေးတာ..."လင်းရီ မေးမြန်းလိုက်သည်။
"ကျွန်မတို့က ခု ရန်ချိန်မှာမလား... ရှင့်ရဲ့ကားက ကျိုးဟိုင်မှာလေ... ဒါကြောင့်မို့ ရှင့်မှာ စီးစရာ မရှိရင် လိုက်ပို့မလို့ စောင့်နေလိုက်တာ... ကြည့်ရတာတော့ ကျွန်မ မှန်သွားတဲ့ပုံပဲ...."
ထျန်းရန်ကို ကြည့်ရင်း လင်းရီ သက်ပြင်း တစ်ချက်ချလိုက်သည်။
ဒီမိန်းကလေးက ယောက်ျားတွေရဲ့ နှလုံးသားကို အရမ်းနားလည်တာပဲကွ...
"အသက်ဒီလောက် ငယ်ငယ်လေးနဲ့ ဒုဥက္ကဌ ဖြစ်လာတာ မဆန်းတော့ပါဘူး... လူတော်တော်များမှာ ဒီလိုစွမ်းရည်မျိုး မရှိကြဘူး...."
" နောက်နေပါပြီ ဒါရိုက်တာလင်းက ကျွန်မထက် ငယ်ရွယ်ပြီးတော့ အောင်မြင်မှုတွေလညိး ကျွန်မထက် အဆတစ်ရာလောက် များပြားနေတာပဲ မဟုတ်ဘူးလား... ဒီလောက်လေးကတော့ မပြောပလောက်ပါဘူး...."
"ဘယ်တတ်နိုင်မှာ... ငါ့မှာက cheat code တွေ ရှိနေတယ်လေ..."
ထျန်းရန်လည်း ပြုံးလိုက်ပြီး "အမှန်ပဲ... ဒါရိုက်တာလင်းရဲ့ အောင်မြင်မှုတွေက တကယ့်ကို လိမ်လည်ထားသလား အောက်မေ့ရတယ်... တစ်စုံတစ်ယောက်က Didi ကို တစ်ဦးတည်းပိုင်ဆိုင် နိုင်လိမ့်မယ်လို့ ကျွန်မ ထင်တောင် ထင်မထားဘူး...."
"ဟားဟား... ငါက ကုမ္ပဏီကို ၀ယ်လိုက်တယ်ဆိုရင်တောင်မှ အဲ့လိုကြီး မမြှောက်ပင့်စမ်းပါနဲ့... ငါ နေသားမကျသေးဘူး...."
"လက်အောက်ငယ်သား တစ်ယောက်အနေနဲ့ ခေါင်းဆောင်ကို မြှောက်ပင့်မှ ဖြစ်မယ်လေ... မဟုတ်ရင် အလုပ်ခွင်မှာ ဘယ်လိုလုပ်ပြီး နေရာရတော့မှာ...."
"ဒါဆိုရင် ဒီလိုလုပ်...နောက်ခါ ငါနဲ့တွေ့မယ်ဆိုရင် စကတ်အတိုလေးပဲ ၀တ်ခဲ့.. အဲ့တာက မြှောက်ပင့်ပြောတာထက် ပိုပြီး ထိရောက်တယ်.... "
ထျန်းရန် ပြုံးလိုက်ပြီး "တကယ်လို့ အနက်ရောင် စတော်ကင်နဲ့ဆိုရင်ကော... ကျွန်မ ရာထူးတိုးဖို့ အခွင့်အရေးလေးများ ရှိနိုင်မလားဟင်..."
"ရှောင်ထျန်... မင်းနောက်ဆုံးတော့ မင်းခေါင်းဆောင်ရဲ့ ရည်ရွယ်ချက်ကို သဘောပေါက်သွားပါပြီပေါ့... အရမ်းကောင်းတယ်..."
ရှောင်ထျန်၏ ဘော်ဒီဆိုဒ်တို့မှာ ကျီချင်းရန်ထက်ပင် ကြီးမားနေပြီး သူမ ရယ်မောလိုက်ပြီဆိုလျှင် လင်းရီရင်ထဲ လှိုင်းတံပိုးတို့ တစ်လှိမ့်ပြီးတစ်လှိမ့် ရိုက်ခတ်လာလေသည်။
"စကားမစပ် ငါမင်းကို တာ၀န်တစ်ခု ပေးစရာရှိတယ်... ပြန်ရောက်ရင် မြန်မြန်လေး ကိုင်တွယ်လိုက်...."
လင်းရီ အရေးကြီး ကိစ္စပြောတော့မည်ကို သိတော့ ထျန်းရန် သူမ၏ အမူအရာကို တည်တံ့လိုက်သည်။
"ဒါရိုက်တာလင်း.. ရှင်ပြောပါ...."
"ရှေ့ နှစ်လလောက်တုန်းက ငါ Didi အမည်ခံပြီး Cisco နဲ့ သုံးဘီလီယမ်တန် အော်ဒါစာချုပ်ချုပ်ခဲ့တာကို မှတ်မိတယ်မလား..."
"အွန်း... မှတ်မိတယ်လေ...."
"ခု Cisco ဘက်က ကုန်ပစ္စည်းတွေ တင်ပို့လာတော့မှာ.. ပြန်ရောက်ရင် ဒီသတင်း(သုံးဘီလီယမ်စာချုပ်)ကို PR ဌာနဆီ သတင်းဖြန့်ဖို့ ပြောလိုက်... ဂယက်က ကြီးလေ.. ပိုကောင်းလေပဲ..."
"ဒါရိုက်တာလင်းက Cisco ရဲ့ စတော့တွေမှာ ရင်းနှီး မြုပ်နှံတော့မလို့လား... "ထျန်းရန် အတွေ့အကြုံ ပြည့်၀နေသည့် အမူအရာဖြင့် မေးလိုက်သည်။
"လက်ရှိ ဈေးကွက် စစ်တမ်းတွေ အရဆိုရင် ဒီတစ်ခေါက် Cisco ရဲ့ ရှယ်ယာတွေက နောက်တစ်ပတ်အထိ မြင့်တက်နေမှာ... ခုက ရိတ်သိမ်းဖို့ အကောင်းဆုံး အချိန်ပဲ..."
"ဟုတ်ကဲ့ နားလည်ပါပြီ ဒါရိုက်တာလင်း... ကျွန်မ ပြန်ရောက်တာနဲ့ အကျိုးအမြတ် အများဆုံးဖြစ်အောင် ချက်ချင်း ကိုင်တွယ်လိုက်ပါ့မယ်...."
"အင်း... နားထောင်လို့တော့ ကောင်းသားပဲ..."
ထို့နောက် နှစ်ယောက်သား ဆက်လက်၍ သာမန် အရေးမပါသည့် ကိစ္စလေးများသာ ပြောဆိုကြလေသည်။
ဟိုတယ်သို့ ရောက်ပြီးနောက် ထျန်းရန် လင်းရီကို နှုတ်ဆက်ရင်း ပေးထားသည့် တာ၀န်များကို ကျေပွန်စေရန် Didi ရုံးချုပ်သို့ ဦးတည်လိုက်၏။
ဟိုတယ်တွင်တော့ လီချူးဟန် ညအိပ်၀တ်စုံကို လဲပြုပြီး ဆေးဝါးမဂ္ဂဇင်းတစ်ဆောင်ကို ထိုင်ဖတ်နေလေသည်။
"ချူးဟန် စားပြီးပြီလား... ဗိုက်ကော ဆာနေပြီလား...."
"အင်း.. သိပ်တော့ မဆာသေးပါဘူး...."
အကယ်၍ အမျိုးသမီးတို့ ယခုလို ပြောလာပြီဆိုလျှင် သူတို့ အရမ်းဆာလောင်နေပြီဖြစ်ကြောင်း သိတတ်ရပေမည်။
"ဒီမှာ ငါ မင်းအတွက် ပါဆယ်ယူလာခဲ့ပေးတယ်..."
"အွန်း... ကျေးဇူးပဲနော်... နင် ရေချိုးတော့မှာလား... နင့်ကို ရေချိုးတဘက် ယူလာခဲ့ပေးမယ်လေ...."
"မလိုဘူး... မင်းစားစရာရှိတာ အရင်စားလိုက်... ငါ့ဘာငါ လုပ်လိုက်မယ်..."
"ကောင်းပြီလေ......."
လင်းရီ ရေချိုးခန်းထဲ၀င်ပြီး ရေချိုးတော့မည့် အချိန်တွင် အခြောက်ခံသည့် နေရာ၌ လီချူးဟန်၏ အတွင်းခံကို လှန်းထားကြောင်း မြင်တွေ့လိုက်ရ၏။
"ငါငိုး... ငါကပဲ ပြောင်းပြန် ကမ္ဘာထဲ ရောက်နေတာလား... ဒါမှမဟုတ် ဆေးပညာကို လိုက်စားတဲ့ မိန်းကလေးတိုင်းက ဒီလိုပဲ အကြောက်အရွံ့ကင်းကြတာလားဟ..."
သို့သော်လည်း လူကြီးလူကောင်းပီသသည့် လင်းရီမှာ ထိုအတွင်းခံကို ဘာမျှမပြုပဲ ရေသာ အမြန်ချိုးလိုက်လေသည်။ ထို့နောက် အ၀တ်အစား ၀တ်ပြုပြီး လီချူးဟန်နှင့် အတူ ဆိုဖာပေါ်တွင် ထိုင်လိုက်၏။
"နင့်မှာ တခြားလုပ်စရာ ရှိတယ်ဆိုရင် အဲ့တာတွေ အရင် လုပ်လိုက်လေ... ငါက မလောပါဘူး..."လီချူးဟန် သာယာနာပျော်ဖွယ် လေသံဖြင့် ပြောဆိုလိုက်သညိ။
"အဲ့လိုလုပ်လို့ ဘယ်ဖြစ်မှာ....အန်တီ့နှစ်ပတ်လည်ကြီးလေ....မနက်ဖြန် ငါတို့ အန်တီ့ကို သွားတွေ့ရင်း သူ့ရဲ့ အုတ်ဂူကို သန့်ရှင်းရေး သွားလုပ်ကြမယ်.. ဒီကိစ္စက အရေးကြီးတော့ အချိန်ဆွဲနေလို့ ဘယ်ဖြစ်မှာ... အုတ်ဂူ ပြန်နေရာချတာကတော့ ငါတို့ အားတဲ့အချိန် လုပ်လိုက်လို့ရတယ်..."
ထို့နောက် လင်းရီ လီချူးဟန်ကို ကြည့်လိုက်ပြီး "ဒါနဲ့ မင်း ဖုန်းရွှေကို ယုံကြည်လား.. ငါ နေ့ကောင်းရက်မြတ်တွေ ရွေးပေးရဦးမလား...."
"မလိုဘူး မလိုဘူး... ငါအဲ့လိုမျိုး အယုံအကြည်တွေ မထားဘူး... နင် အဆင်ပြေတဲ့ ရက်သာ ရွေ့လိုက်...."
"ကောင်းပြီလေ... အဲ့တာဆိုလည်း မနက်ဖြန်မနက် သုဿန်ကို အရင်သွားကြတာပေါ့... "
"ကောင်းပြီလေ..."
ကုတင် နှစ်လုံးရှိသောကြောင့် သူတို့ နေရာထိုင်ခင်းနှင့် ပတ်သက်၍ စိတ်ပူရန် မလိုချေ။ လီချူးဟန်၏ စရိုက်သဘာ၀နှင့်ဆိုပါက တစ်ကုတင်တည်း အတူအိပ်ရလျှင်တောင် သူမ စိတ်ရှိလိမ့်မည် မဟုတ်ပေ။ သူမ မျက်လုံးထဲတွင်တော့ လူသားတိုင်းမှာ အရိုးစုကြီး သပ်သပ် ဖြစ်နေသည့် အလားပင်။
ကုတင်ပေါ်တွင် လဲလျောင်းနေရင်း လင်းရီ ကျီချင်းရန်နှင့် ဝီချက်မှတစ်ဆင့် စာပို့နေစဉ် သူငယ်ချင်း တောင်းခံလွှာတစ်စောင် ရောက်ရှိလာလေသည်။
ကြည့်ကြည့်လိုက်သောအခါ ၀န်ရှူးထံမှ ဖြစ်နေခဲ့၏။
"ဒီကောင်မကတော့ ခုထိ လက်မလျော့သေးဘူးပဲဟ...."
တီးတိုးရေရွတ်ရင်း လင်းရီ သူမ၏ တောင်းဆိုမှုကို လျစ်လျူရှုထားလိုက်သည်။
သို့သော်လည်း မိနစ်အနည်းငယ်ကြာပြီးနောက် ၀န်ရှူးထံမှ ဖုန်းခေါ်လာခဲ့လေသည်။
"မစ္စတာလင်း... ကျွန်မ ရှင့်ကို ဝီချက်မှာ ဖရန့်အပ်ထားတယ်လေ... ကျေးဇူးပြုပြီး လက်ခံပါဦး...."
"မင်းမှာ ပြောစရာရှိရင် ခုပြောလိုက်...."
"တကယ်တော့ ဘာမှ မဟုတ်ပါဘူး..."၀န်ရှူးပြောလိုက်ပြီး "ကျွန်မက ခုလေးတင် လမ်းခွဲထားတော့ ရင်နာနာနဲ့ အပြင်မှာ အရက်သောက်နေရင်း မစ္စတာလင်းကို ရုတ်တရက် သတိရသွားလို့လေ...."
"ဘာသောက်နေတာ..."
"ဘီယာ... မူးချင်လို့... မူးရင် ပိုနေလို့ ကောင်းသွားမယ် ထင်တာပဲ...."
"ဘီယာလား .. ပျော့တာပေါ့...မင်း နယုံလန်တောင် နှံစားပြောင်း အရက်နှစ်လုံးလောက် သွား၀ယ်လိုက်... မင်းပါးစပ်အပြည့်တစ်ငုံလောက် သောက်လိုက်တာနဲ့ ကိုယ့်နာမည်ကိုယ်ပါ မေ့သွားစေရမယ်လို့ အာမခံတယ်.... "
"ဟုတ်... ဟုတ်လား...."
"ငါပြောတာယုံ... မင်းမမှားစေရဘူး... နှစ်လုံးတည်းနဲ့ မူးမှာလေ.. စရိတ်ကိုက်သလို ထိရောက်မှုလည်း ရှိတယ်..."
သို့နှင့် လင်းရီ ဖုန်းချလိုက်ပြီး ကျီချင်းရန်နှင် ဆက်လက် စကားပြောနေလိုက်၏။
......
နောက်တစ်နေ့နံနက် လင်းရီ အိပ်ရာမှ နိုးသောအခါ လီချူးဟန် သူ၏ ခြေအိတ်များကို လျှော်ဖွပ်ပေးနေကြောင်း မြင်တွေ့လိုက်ရ၏။
အင်မတန် မိန်းမပီသသည့် အမျိုးသမီးလေးပင်။ အနည်းငယ် အေးသက်သည်မှလွဲ၍ ချွတ်ယွင်းချက် တစ်ခုမျှ မရှိချေ။
နှစ်ယောက်သား ဟိုတယ်မှ ပြင်ပေးသည့် နံနက်စာကို သုံးဆောင်ပြီးနောက် ပေချောင်မြို့သို့ ထွက်လာခဲ့ကြလေသည်။
"ငါတို့နောက်မှာ ထရပ်တစ်စီး လိုက်လာနေတယ်...."
လမ်းတွင် လီချူးဟန် ရုတ်တရက် ပြောလိုက်သည်။
"အင်း....ငါ ခေါ်ထားတဲ့ သူတွေလေ... အဲ့ထရပ်ထဲမှည ငွေစက္ကူတွေ အပြည့်ပါတယ်.... ဖြည်းဖြည်းမောင်း... လီဗာကို တအားနင်းလိုက်ရင် ထရပ်က နောက်မှာ ကျန်နေခဲ့လိမ့်မယ်...."
"အိုကေ... ငါ အရှိန်လျော့လိုက်ပြီ... "
နှစ်နာရီကြာပြီးနောက် လီချူးဟန် ကားကို လမ်းဘေးတစ်နေရာတွင် ထိုးရပ်လိုက်၏။ ဖုန်များမှာ နေရာအနှံ့လွင့်ပျံနေပြီး သူမတို့ ကားထဲမှ ထွက်လျှင်ထွက်ချင်း G63 မှာ ဖုန်များဖြင့် ဖုံးလွှမ်းနေကြောင်း မြင်တွေ့လိုက်ရလေသည်။
"လမ်းက အဆင်ပြေပါတယ်ဟ.. မင်းပြောသလောက်ကြီးလည်း ဆိုးမနေပါဘူး..."လင်းရီ ပြောလိုကိသည်။
"ဒီနားလေးတင်မို့လေ.. ရှေ့ဆက်သွားမယ့်လမ်းက အတော်လေး ပျက်နေတာ.. ပြီးတော့ ရေလမ်းကြောင်းတွေကောပဲ... ကား၀င်လို့ မရလို့ ကွေ့ဝိုက်ပြီး မောင်းလာခဲ့တော့မှ နောက်ဆုံး ဒီနေရာကို ရောက်လာခဲ့တာလေ..."
"ဟမ်... ဒါဆို ဖြတ်လမ်းကနေ လာခဲ့တာပေါ့..."
"ဒါတောင် လမ်းကောင်းလို့ ပြောလို့ရတယ်... ငါတို့ရှေ့မှာ တစ်ကီလိုမီတာလောက်ရှည်တဲ့ လမ်းတစ်ခု ကျန်နေသေးတယ်... ရွံ့လည်း အတော်လေးထူတယ်... ဒါပေမယ့် G63 ရဲ့ စွမ်းဆောင်ရည်နဲ့ဆိုရင်တော့ အေးဆေးပါ... ဒါပေမယ့် ငါတို့နောက်က ထရပ်တော့ နစ်ရင် နစ်နေနိုင်တယ်နော်... နင် ငါတို့နောက်ကို လိုက်စေချင်ရင် သူတို့ကို ပိုပေးမှ ဖြစ်မှာ... "
"ရတယ်လေ... မုန့်ဖိုး နည်းနည်းလောက်လေးပဲ ဖြစ်ဖြစ် ပိုပေးလိုက်ကြတာပေါ့..."
"အင်း ယွမ်တစ်ရာလောက်ဆို လုံလောက်ပြီ...."လီချူးဟန် သတိပေးလိုက်၏။ လင်းရီ အခွင့်အရေးယူခံရမှာကိုလည်း သူမ စိုးရိမ်နေလေသည်။
လီချူးဟန် ပြောပုံအရဆိုလျှင်တော့ ပေချောင်မြို့သို့ ရောက်ရန် နောက်ထပ် ကီလိုမီတာ နှစ်ဆယ်ခန့်လောက်အထိ သွားရန် ကျန်နေသေး၏
သို့သော်လည်း အဆိုပါ နှစ်ဆယ် ကီလိုမီတာ လမ်းခရီးမှာ ရွံ့ထူသည့် လမ်းသပ်သပ်မဟုတ်ပဲ လေးမီတာသာ ကျယ်သည့် တောင်ပတ်လမ်းကိုလည်း မောင်းရသေးသည်။ အကယ်၍ သူတို့ကားသာ တစ်ချက်ကလေး မှားသွားပါက မတွေးရက်စရာပင်။ သူနှင့် လီချူးဟန်တို့၏ မောင်းသည့် စကေးများမရတော့ မည်သည့် ပြဿနာတို့မျှ မရှိခဲ့ချေ။ သို့သော်လည်း ကျီချင်းရန်သာ ဆိုလျှင်တော့ သူမ နေရာမှာတင် ကားရပ်၍ အော်ဟစ် အကူအညီတောင်းနေလိမ့်မည်ဖြစ်ကြောင်း လင်းရီ မြင်ယောင်နေမိတော့၏။
တစ်နာရီကြာပြီးနောက် နှစ်ဆယိကီလိုမီတာ လမ်းခရီးမှာ ဆုံးခန်းတိုင်သွားခဲ့ပြီး သူတို့ရှေ့တွင် မြစ်၏ အရိပ်အယောင်ကို မြင်တွေ့လိုက်ရလေသည်။ လီချူးဟန် ပြောသည့် အတိုင်းဆိုလျှင် သူတို့ရှေ့ရှိ တံတားမှာ ပေချောင်မြို့သို့ သွယ်တန်းထားသည့် တံတားဖြစ်ပြီး မြို့နှင့် သိပ်မဝေးတော့သည့် သင်္ကေတပင်။ သို့သော်လည်း ထိုအခိုက်အတန့်တွင်တော့ လင်းရီ တိတ်ဆိတ် တိတ်ဆိတ်ငြိမ်သက်ခဲ့၏။
'ခု ငါတို့ လာခဲ့တဲ့ လမ်းက နည်းနည်းကောင်းသေးတယ်ဆိုတော့ တကယ်လို့များ ဆိုးတယ်ဆိုရင် ဘယ်လိုများ နေလိမ့်မလဲ....'
ပြတင်းပေါက် အပြင်ဘက်ရှိ နေမှာ မျက်စိကျိန်းစပ်လုမတတ် တောက်ပနေလေသည်။
အလင်းရှိတဲ့နေရာမှာ အမှောင် ရှိနေတယ်ဆိုတာ အတော်လေးကို စစ်မှန်ပါလား…