အခန်း (၃၇၉)
Vol. 28 Ch. 379
ထိုစကားများကြောင့် ဟန်မူယဲ့က အံ့အားသင့်သွားသည်။
သူက ထိုအကြောင်းကို တွေးဖူးသော်လည်း တစ်မျိုးတစ်ဖုံ မတွေးမိခဲ့ပေ။
“နင်က အချစ်ဇာတ်လမ်းတွေစနေတာလား။ ဒါမှမဟုတ် အဆုံးသတ်နေတာလား”
အနက်ရောင်ဝတ်စုံနှင့်လီရှီရှီက ရှေ့တက်လာသည်။
လီရှီရှီနှင့်တခြားလူများက အံ့ဖွယ်ကိုးပါးတောင်သို့ တနေ့က ရောက်လာခဲ့သည်။
သူတို့က အလယ်ပိုင်းကုန်းမြေ၏ အံ့ဖွယ်နေမင်းသက်တော်စောင့်များအနေဖြင့် ဂုဏ်ပြုလက်ဆောင်များနှင့်အတူ ရောက်လာသည်။
သူတို့က အံ့ဖွယ်နေမင်းသက်တော်စောင့်တပ်ဖွဲ့၏ ယာယီခေါင်းဆောင်အတွက် ချိပ်စည်းတံဆိပ်တစ်ခုနှင့် တံဆိပ်တစ်ခုကိုလည်း ယူလာခဲ့သည်။
“ငါ့မှာ အသည်းကွဲသေရည်တချို့ရှိသေးတယ်။ နင်သောက်ချင်လား”
လီရှီရှီက ဟန်မူယဲ့ကိုကြည့်လိုက်ပြီး ပြောသည်။
“နံပတ်တစ်အစ်ကိုတင်းက မြောက်ပိုင်းကနေ ပြန်မလာခဲ့ဘူး။ အစ်မသုံးက နှင်းတောင်တွေကိုဖြိုချဖို့အတွက် မြောက်ပိုင်းကို ဘယ်တော့သွားမှာလဲ” ဟန်မူယဲ့က ရယ်သည်။
လီရှီရှီက ခေါင်းခါလိုက်ပြီး တောင်ခြေကိုငုံ့ကြည့်သည်။
“အနောက်ဘက်နယ်စပ်ကုန်းမြေနဲ့ မြောက်ပိုင်းကုန်းမြေတို့က သေးငယ်လွန်းတယ်။ နင့်မှာ လုပ်စရာမရှိရင် အလယ်ပိုင်းကုန်းမြေကိုလာခဲ့ပါ”
“အလယ်ပိုင်းကုန်းမြေရဲ့ နန်းမြို့တော်နဲ့ ပြင်ပဘုံမြင်ကွင်းတွေကို မြင်ပြီးသွားရင် နင်က အမြင်ပြောင်းသွားလိမ့်မယ်”
အလယ်ပိုင်းကုန်းမြေ၊ နန်းမြို့တော်၊ ပြင်ပဘုံ
သူက ခေါင်းညိတ်သည်။
ဓားမှတ်ဉာဏ်အတွင်း၌ရှိသောမြင်ကွင်းများသည် အနည်းငယ်ပုံရိပ်ယောင်ဆန်သည်။
သူက ထိုနေရာများသို့ ကိုယ်တိုင်သွားရောက်ခဲ့လျှင် အစစ်အမှန်ခမ်းနားမှုကို ခံစားနိုင်လိမ့်မည်။
“ခေါင်းဆောင်လုက နင်နဲ့ပူးပေါင်းချင်နေတယ်။ နင်ဘယ်လိုထင်လဲလို့ သူက မေးခိုင်းလိုက်တယ်”
လီရှီရှီက ဟန်မူယဲ့ကိုလှည့်ကြည့်သည်။
“နင်က အခု သူမနဲ့ပူးပေါင်းဖို့ အရည်အချင်းရှိတယ်”
ပူးပေါင်းရန် အရည်အချင်းရှိသည်။
ဟန်မူယဲ့က အံ့ဖွယ်နေမင်းသက်တော်စောင့်များ၏ ယာယီခေါင်းဆောင်များထဲတွင် အဆင့်၂၅၀ ပတ်ဝန်းကျင်တွင် ရှိခဲ့ပြီး လုရှောင်ယွင်က အဆင့်၁၈ ဖြစ်သည်။
ဟန်မူယဲ့က လုရှောင်ယွင်နှင့်ပူးပေါင်းရန် အဆင့်မမီခဲ့ပေ။
ယခု သူက အဆင့်မီသွားသည်။
“အစ်မသုံးအဆင်ပြေသလို ကြည့်လုပ်လိုက်ပါ”
ဟန်မူယဲ့က ခေါင်းညိတ်လိုက်ပြီး ပြုံးသည်။
ထိုအရာသည် သူ့အတွင် အခွင့်ကောင်းတစ်ခုဖြစ်သည်။
ကိုယ်ပိုင်လမ်းစဉ်မှာ ပိတ်မိနေလျှင် တိုးတက်မလာနိုင်ပေ။
အလယ်ပိုင်းကုန်းမြေ၊ အရှေ့ပင်လယ်၊ တောင်ပိုင်းကုန်းမြေ။ ယခု အံ့ဖွယ်ကိုးပါးဓားဂိုဏ်းသည် အနောက်ဘက်နယ်စပ်ကုန်းမြေကို တာဝန်ယူထားသောကြောင့် ကောင်းကင်အံ့ဖွယ်ကမ္ဘာတစ်ခုလုံးကို ခြုံကြည့်သင့်သည်။
ပြင်ပဘုံကိုလည်း ခြေဆန့်သင့်သည်။
အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏ ဂိုဏ်းချုပ်အသစ်ဂုဏ်ပြုပွဲသည် သုံးရက်သာကြာခဲ့သော်လည်း အံ့ဖွယ်ကိုးပါးတောင်၏ သက်ဝင်လှုပ်ရှားမှုသည် တစ်လကြာမှ ဖြည်းဖြည်းချင်းပျောက်ကွယ်သွားခဲ့သည်။
အနောက်ဘက်နယ်စပ်ကုန်းမြေ၏ နံပတ်တစ်ဂိုဏ်းသည် ဂုဏ်သတင်းနှင့် ထိုက်တန်သည်။ သူတို့က ဓားတစ်လက်ဖြင့် အနောက်ဘက်နယ်စပ်ကုန်းမြေကို ဖိနှိပ်ထားခဲ့သည်။ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းသည် ပြိုင်ဘက်ကင်းပြီး အထင်သေးရဲသောလူမရှိပေ။
ဂိုဏ်းချုပ်ထို့ပါ့ချန်က ဂိုဏ်းအသီးသီးနှင့် သဘောတူညီချက်များ ဆောင်ရွက်နေရသည့်အတွက် နေ့တိုင်းအလုပ်ရှုပ်နေသည်။
ဓားစံအိမ်၏အကြီးအကဲဟန်မူယဲ့က ဒဏ်ရာများကိုအကြောင်းပြချက်ပေး၍ မွေးစားသမီးနှင့် လျှောက်သွားနေသည်။ သူတို့က စားသောက်ဖွယ်ရာများ အလကားသုံးဆောင်နိုင်ပြီး လက်ဆောင်အများအပြားရနေသည်။
လုချန်းဖျင်က လက်များ အနည်းငယ်နာကျင်လာသည်အထိ လက်ဆောင်များကို ရေတွက်နေရသည်။
“ကျစ်ကျစ်၊ ကောင်မလေးကျစ်ဟူရဲ့ကြွယ်ဝမှုက ဂိုဏ်းအသေးတစ်ဂိုဏ်းထက် များနေပြီမဟုတ်လား”
“သတို့သမီးကြေးက ကောင်းကင်အထိမြင့်နေတော့မှာပဲ” လက်ဆောင်များကိုသိမ်းဆည်းရန် ကူညီပေးနေသောလင်းယွီရှက ရေရွတ်လိုက်သည်။
“ကျစ်ဟူရဲ့အရေးကိစ္စတွေကို သူ့မွေးစားအဖေက ဆုံးဖြတ်လိမ့်မယ်” လုချန်းဖျင်က ရှုပ်ထွေးနေသောမျက်နှာထားဖြင့် ခေါင်းခါသည်။
“ဒီမှာ ဟွမ်လောင်လျှိုရှိနေရင် ကျစ်ဟူနဲ့အတူ ပျော်နေမှာပဲ ....”
....
အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၊ အကြီးအကဲစုလျန့်၏ ရေကန်ဘေးစံအိမ်တွင်ဖြစ်သည်။
ဟန်မူယဲ့၏ရှေ့တွင်ရှိသော ဆေးမီးပြင်းဖိုကို တိမ်တိုက်များက ဝိုင်းရံထားသည်။
တစ်ပေခွဲကျယ်သောမီးပြင်းဖို၏ပတ်ပတ်လည်တွင် သဘာဝစွမ်းအင်အလင်းများ လှုပ်ရှားနေသည်။
မူဝမ်က ဝိညာဉ်ဆေးပင်အမျိုးမျိုးကို ဟန်မူယဲ့ဆီသို့ ပေးနေသည်။ ဟန်မူယဲ့က လက်မြှောက်လိုက်ပြီး ဆေးပင်များကို မီးပြင်းဖိုထဲသို့ ထည့်သည်။
ဝိညာဉ်သစ်သီးအချို့ကိုကိုင်ထားပြီး ဘေးတွင်ထိုင်နေသောဟွမ်ကျစ်ဟူက မီးပြင်ဖိုကိုငေးကြည့်ပြီး သွားရည်ကျနေသည်။
“အမ်၊ စီနီယာအစ်ကိုမင် အကြီးအကဲဟန်သန့်စင်လိုက်တဲ့ဆေးလုံးက တကယ်ပဲ သစ်သားဓာတ်လိုက်ဖက်ညီမှုကို တိုးမြှင့်ပေးနိုင်တာလား” ကျင်းယွမ်က ကျန်းမင်ဆီသို့တိုးသွားပြီး တီးတိုးပြောသည်။
ကျန်းမင်က ပြုံးလိုက်ပြီး ခေါင်းညိတ်သည်။ သူက လက်များကို နေရာမထားတတ်တော့ပေ။
“ဝီ”
ဆေးမီးပြင်းဖိုက တုန်ခါသွားပြီး ဆေးချီများ လျှံထွက်လာသည်။
အဓိကပါဝင်ပစ္စည်းဖြစ်သော နှစ်တစ်သောင်းမဂ္ဂနိုလီယာသစ်သီးနှင့် ထောင်ချီနေသောဝိညာဉ်ဆေးပင်များသည် လူတစ်ယောက်၏ အာခီမီစွမ်းရည်နှင့် သစ်သားဓာတ်လိုက်ဖက်ညီမှုကို တိုးမြှင့်ပေးနိုင်သော ဆေးလုံးအဖြစ် ပြောင်းလဲသွားခဲ့သည်။
ဟန်မူယဲ့က ဤဆေးလုံးကို သန့်စင်နိုင်ရန်အတွက် အချိန်အတော်ကြာအောင် လေ့လာခဲ့ရသည်။
မဂ္ဂနိုလီယာသစ်သီးကဲ့သို့ ပစ္စည်းကောင်းမျိုးကို မည်သူက ဖြုန်းတီးချင်မည်နည်း။
ထိုသစ်သီးကို ဖြုန်းတီးမိလိုက်လျှင် သူက နှလုံးသားနာကျင်မှုကြောင့် သေဆုံးသွားလိမ့်မည်။
မီးပြင်းဖိုတုန်ခါလာသောအခါတွင် မူဝမ်က အနည်းငယ်စိတ်လှုပ်ရှားလာသည်။
ဟန်မူယဲ့၏ အာခီမီကျွမ်းကျင်မှုကို မူမိသားစုခေါင်းဆောင်ကတောင် ချီးကျူးရသည်။
သူဆေးလုံးသန့်စင်သောအခါတွင် အလေအလွင့်ဖြစ်သွားသောဆေးလုံးများ မရှိပေ။
သို့သော် ဤဆေးမီးဖိုသည် ကွာခြားမှုရှိသည်။
ဤရက်များတွင် မူဝမ်က အံ့ဖွယ်ကိုးပါးတောင်တွင် ရှိနေခဲ့သည်။ သူမက ကျစ်ဟူနှင့် ခြောက်ယောက်မြောက်မရီးကို အဖော်လုပ်ပေးနေသည်ဟု ပြောထားသော်လည်း အချိန်အများစုကို ဟန်မူယဲ့နှင့်အတူ ကုန်ဆုံးခဲ့သည်။
တခြားလူများက သူတို့ကြားတွင် တစ်ခုခုရှိနေသည်ဟု ပြောနေသော်လည်း မည်သည့်အရာမှ မရှိခဲ့ပေ။
သို့သော် သူတို့သုံးယောက်က တောင်ပေါ်တွင်လျှောက်သွားနေသောအခါတွင် မိသားစုအဖြစ် အထင်မှားခံရသည်။
ဤဆေးမီးဖိုသည် သစ်သားဓာတ်လိုက်ဖက်ညီမှုစွမ်းအားကို တိုးမြှင့်ပေးနိုင်သည်ဟု ဟန်မူယဲ့က ပြောသည်။
ဆေးလုံးသန့်စင်ပြီးလျှင် သူက မူဝမ်၏ သစ်သားဓာတ်လိုက်ဖက်ညီမှု တိုးမြင့်လာစေရန်အတွက် ဆေးလုံးတစ်လုံးပေးလိမ့်မည်။
မူဝမ်က သူမ ကျွမ်းကျင်သောအရာသည် အာခီမီပညာရပ်တစ်ခုပဲရှိကြောင်း ကောင်းမွန်စွာနားလည်ထားသည်။
သူမ၏အာခီမီကျွမ်းကျင်မှုက အထွတ်အထိပ်သို့ရောက်လာလျှင် အစ်ကိုဟန်နှင့် အတူတူရှိရန် အရည်အချင်းပြည့်မီလိမ့်မည်။
သူမအတွက် သစ်သားဓာတ်လိုက်ဖက်ညီမှုကို တိုးမြှင့်ပေးနိုင်သောဆေးလုံးသည် အလွန်အရေးကြီးသည်။
ကျင့်ကြံမှုနက်ရှိုင်းလာသောအခါတွင် ကွာခြားချက်ပိုကြီးလာသည်။
လူတချို့သည် ဘဝတစ်လျှောက်လုံးတွင် ကိုကွာဟချက်ကို မဖြည့်ဆည်းနိုင်ပေ။
ပိုင်စုကျန်းက အစွမ်းကုန်ကြိုးစားနေသော်လည်း သူမ လိုချင်သောပန်းတိုင်သည် ပိုမိုဝေးကွာသွားသောကြောင့် မျှော်လင့်ချက်မဲ့မှုမျိုးကို မခံစားချင်ကြောင်း ပြောခဲ့သည်။
မူဝမ်ကလည်း ထိုသို့မဖြစ်ချင်ပေ။
သို့သော် သူမ ကြိုးစားမကြည့်လျှင် စိတ်မကျေနပ်မည့်အရာတချို့ ရှိနေသည်။
“ဝီ”
မီးပြင်းဖိုက တုန်ခါသွားပြီး အဖုံးပွင့်လာသည်။ အစိမ်းဖျော့ရောင်ဆေးလုံးများ ပျံသန်းထွက်လာသည်။
ဆေးလုံးများ ရာချီနေသည်။ ဆေးလုံးများသည် ဝိုင်းစက်နေပြီး အလင်းစက်ကွင်းများ ထုတ်ပေးနေသည်။
အားကောင်းသောဆေးရနံ့ကြောင့် ဟွမ်ကျစ်ဟူက နှာရှုပ်မိလိုက်သည်။
ဟန်မူယဲ့က လက်မြှောက်လိုက်ပြီး ဆေးလုံးများကိုသိမ်းသည်။ ထို့နောက် ဆေးလုံးအချို့ထုတ်ယူပြီး ဘေးတွင်ရှိနေသော အကြီးအကဲစုလျန့်ကို ပေးသည်။ သူက ကျန်းမင်၊ ကျင်းယွမ်နှင့် တခြားလူများကိုလည်း ခွဲပေးလိုက်သည်။
ဟွမ်ကျစ်ဟူက မစောင့်နိုင်တော့ပေ။ သူမက ရှေ့တိုးလာပြီး မေးသည်။ “မွေးစားအဖေ၊ ဒီဆေးလုံးတွေက အရသာရှိလား”
ဟန်မူယဲ့က သူမကို ဆေးတစ်လုံးကျွေးလိုက်သည်။
“အိုး၊ ချိုလိုက်တာ” ဟွမ်ကျစ်ဟူက မျက်လုံးများမှေးကျဉ်းလိုက်သည်။
ဟန်မူယဲ့က ဆေးလုံးများကိုသိမ်းလိုက်ပြီး ညင်သာစွာလည်ပတ်နေသောမီးပြင်းဖိုကို ကြည့်သည်။
ထိုမီးပြင်းဖိုထဲတွင်သန့်စင်ထားသောဆေးလုံးသည် လူတစ်ယောက်၏ သစ်သားဓာတ်လိုက်ဖက်ညီမှုကို အမှန်တကယ်တိုးမြှင့်ပေးနိုင်သော ဆေးလုံးဖြစ်သည်။
ဝိညာဉ်ဆေးပင်အမျိုးမျိုးနှင့် ပေါင်းစပ်နိုင်သော အပင်များနှင့် လိုက်ဖက်ညီမှုဖြစ်သည်။
အာခီမီကျင့်ကြံသူများ၏အမြင်တွင် အပင်များနှင့်လိုက်ဖက်ညီမှုစွမ်းအားသည် ရတနာတစ်ပါးဖြစ်သည်။
“ခလွမ် ....”
သူ့လက်ထဲတွင်ရှိသောဓားချီသည် ဆေးမီးပြင်းဖိုထဲသို့ ဝင်ရောက်သွားသည်။ မီးပြင်ဖိုက တုန်ခါသွားပြီး ဆေးစွမ်းအားများ လှုပ်ရှားလာသည်။
ရေခဲ၊ နှင်း၊ မီး၊ လေ၊ မိုး၊ တိမ်တိုက်၊ မိုးကြိုး
မီးပြင်းဖိုထဲတွင် ကောင်းကင်နှင့်မြေကြီး၏ မဟာတာအိုရှိနေပုံရသည်။ ဆေးစွမ်းအားများက ဆက်တိုက်ပြောင်းလဲနေပြီး ဖြည်းဖြည်းချင်းစုစည်းလာသည်။
ထိုအရာသည် နဝင်းကိုးပါး ဆေးလုံးသန့်စင်ခြင်းနည်းစနစ်ဖြစ်သည်။
ဘေးတွင်ကြည့်နေသော အကြီးအကဲစုလျန့်က ခေါင်းခါသည်။
ထိုနည်းလမ်းမျိုးကို သင်ယူရန်မဖြစ်နိုင်ပေ။
သူမက ဆေးလုံးသန့်စင်နေသော ဟန်မူယဲ့ကို မြင်လိုက်ရသည့်အခါတိုင်းတွင် ထိခိုက်သွားသောနှလုံးသားကို ခံစားမိသည်။
ထိုနည်းလမ်းမျိုးကို သင်ယူရန်မဖြစ်နိုင်ပေ။
ကျန်းမင်က နာခံမှုရှိစွာဖြင့် လက်နှစ်ဖက်ကိုဆုပ်ကိုင်ထားပြီး တောက်ပနေသောမျက်လုံးများဖြင့် တစ်ခုခုရေရွတ်သည်။
ဟန်မူယဲ့၏ဘေးတွင် မူဝမ်က လက်သီးဆုပ်ထားပြီး မီးပြင်းဖိုကိုကြည့်နေသည်။ သူမက ဟန်မူယဲ့၏နည်းလမ်းများကို အကောင်းဆုံးကြိုးစား၍ မှတ်သားနေသည်။
ဆေးတစ်လုံးစားပြီးသွားသော ဟွမ်ကျစ်ဟူက မျက်လုံးပြူးလေးများနှင့် မီးပြင်းဖိုကိုကြည့်နေသည်။
‘အချိန်ကြာအောင်သန့်စင်ထားတဲ့သကြားလုံးက ပိုချိုနေမှာမဟုတ်လား’
“ဝီ”
မီးပြင်းဖိုက တုန်ခါသွားသည်။ ကောင်းကင်ထက်တွင် တိမ်များစုဝေးလာသည်။
ဆေးလုံးကပ်ဘေး
ဟန်မူယဲ့က ကျယ်လောင်စွာရယ်လိုက်သည်။ ပုံရိပ်တစ်ခုရောက်လာသည်။
“ကောင်လေးဟန်၊ မင်းက ဘယ်လိုပစ္စည်းကောင်းတွေကို လုပ်နေတာလဲ” ခေါင်းဆောင်တောက်ရင်က ရေကန်ဘေးစံအိမ်သို့ရောက်လာပြီး မီးပြင်းဖိုကို စိုက်ကြည့်လိုက်သည်။
“ရောနှောထားတဲ့ဆေးစွမ်းအားတွေ အများကြီးရှိနေတယ်။ မင်းက အစွမ်းကုန်ထုတ်သုံးတော့မလို့လား”
“ဘယ်လိုလဲ။ မိုးကြိုးကပ်ဘေးကို ခုခံနိုင်လား”
“ငါခုခံပေးမယ်လေ။ ဆေးတစ်လုံးပေး”
ခေါင်းဆောင်တောက်ရင်က ခေါင်းမော့ထားပြီး ဟန်မူယဲ့ကိုကြည့်သည်။
“ကောင်းပြီလေ။ ကျစ်ဟူအတွက်ဆေးလုံးကို ခေါင်းဆောင်ဆီပေးလိုက်မယ်” ဟန်မူယဲ့က တည်ငြိမ်စွာပြောသည်။
ခေါင်းဆောင်တောက်ရင်က တစ်ဘက်သို့လှည့်ကြည့်သောအခါတွင် လက်သီးဆုပ်ပြီး အံကြိတ်ထားသော ဟွမ်ကျစ်ဟူကို မြင်လိုက်ရသည်။
ခေါင်းဆောင်တောက်ရင်က ချက်ချင်းပြုံးလိုက်သည်။
“ငါ့ရဲ့ ဟူဟူလေးအတွက်လား။ အဲ့ဒါဆိုရင် မလိုချင်တော့ပါဘူး။ မင်းကိုကူညီပြီး မိုးကြိုးကပ်ဘေးကို တားဆီးပေးမယ်”
ခေါင်ဆောင်တောက်ရင်က ဆေးလုံးနှင့်ဝိညာဉ်သစ်သီးများကို ထုတ်ယူလိုက်သည်။
ဟွမ်ကျစ်ဟူ၏မျက်နှာထားကလည်း ပျော့ပြောင်းသွားသည်။ သူမက ခေါင်းဆောင်တောက်ရင်၏လက်မောင်းများကြားသို့ ခုန်ဝင်လိုက်ပြီး အရသာရှိသောဆေးလုံးနှင့် ဝိညာဉ်သစ်သီးများကို ကောက်ယူလိုက်သည်။