← Chapters

အခန်း (၃၈၂)

Vol. 28 Ch. 382

အခန်း (၃၈၂)

Vol. 28 Ch. 382

ဟန်မူယဲ့က ကောင်းကင်ကြိုးကြာတောင်ပံ၏မကျေနပ်ချက်ကို ခံစားမိလိုက်သည်။

ကောင်းကင်ကြိုးကြာတောင်ပံက အစွမ်းကုန်ထုတ်မပြခင်မှာ သူက ရပ်တန့်သွားခဲ့သည်။

ထိုခံစားချက်ကြောင့် ဟန်မူယဲ့က ခါးသီးစွာပြုံးသည်။

အာကာသထဲတွင်ပျံသန်းလိုလျှင် အမြန်နှုန်းကိုပဲ အားမကိုးနိုင်ပေ။ သူ့မှာ သန်မာသောခန္ဓာကိုယ်မရှိလျှင် ကောင်းကင်ကြိုးကြာတောင်ပံကို အသုံးပြုနိုင်မည်မဟုတ်ချေ။

ကောင်းကင်ကြိုးကြာတောင်ပံသည် ရှေးခေတ်တွင်သန့်စင်ခဲ့သော ရတနာတစ်ပါးဖြစ်သင့်သည်။ ကောင်းကင်ဘုံ ဝိညာဉ်ကိုယ်ခွဲအဆင့်ကျင့်ကြံသူတစ်ဦးကတောင် ကောင်းကင်ကြိုးကြာတောင်ပံကို အမီလိုက်ရန် ခက်ခဲလိမ့်မည်။

ကောင်းကင်ကြိုးကြာတောင်ပံက အစွမ်းကုန်သုံး၍ ထွက်ပြေးလိုက်လျှင် မည်သို့ဖြစ်သွားမည်နည်း။

ဟန်မူယဲ့က ပတ်ဝန်းကျင်ကိုကြည့်လိုက်ပြီး အလင်းရောင်များထွက်နေသောနေရာသို့ ဦးတည်လိုက်သည်။

သူက အစွမ်းကုန်သုံးမထားဘဲ အသက်တစ်ကြိမ်ရှူလျှင် မိုင်တစ်ထောင်နှုန်းဖြင့် ပျံသန်းနေသည်။

လေဟာနယ်ထဲတွင် အတားအဆီးများမရှိသောကြောင့် ထိုအမြန်နှုန်းအတိုင်း ပျံသန်းနေသောအချိန်တွင် စွမ်းအင်ကုန်ဆုံးမှုကို လျစ်လျူရှုထားနိုင်သည်။

ဟန်မူယဲ့က ပျံသန်းလာသောလမ်းတစ်လျှောက်တွင် အကြွင်းအကျန်ချီစွမ်းအင်များကို ခံစားကြည့်နိုင်သည်။

တိုက်ပွဲ၏ အကြွင်းအကျန်စွမ်းအင်များဖြစ်သည်။

သူက လျင်မြန်စွာရှေ့ဆက်သွားခဲ့သည်။ တစ်နာရီအကြာတွင် ပျက်စီးနေသောကြယ်များကို သူမြင်လိုက်ရသည်။

ပျက်စီးနေသောကြယ်များသည် ကောင်းကင်တာအိုစွမ်းအား ထွက်ပေါ်မလာသေးသောကြယ်များ ဖြစ်နိုင်သလို ကောင်းကင်တာအိုစွမ်းအား ကျဆင်းသွားသောကြယ်များလည်း ဖြစ်နိုင်သည်။ ထိုကြယ်များသည် တိတ်ဆိတ်ပြီး အသက်ကင်းမဲ့နေသည်။

ကြယ်တချို့သည် ကြီးမားပြီး တချို့က သေးငယ်သည်။ ကြီးမားသောကြယ်များသည် မိုင်သောင်းချီကျယ်ပြန့်ပြီး သေးငယ်သောကြယ်များသည် မိုင်တစ်ရာခန့်ပဲ ကျယ်ပြန့်သည်။ အာကာသထဲတွင် ထိုကြယ်များကို နေရာအနှံ့တွင် တွေ့နိုင်သည်။

အာကာသထဲတွင် အသက်စွမ်းအင်နိုးထလာနိုင်သောကြယ်များ အနည်းငယ်သာရှိသည်။

မူလမီးတောက်ကမ္ဘာတွင် ကောင်းကင်တာအို၊ အသက်စွမ်းအင်နှင့် သဘာဝစွမ်းအင်များရှိနေသောကြောင့် တိမ်တိုက်ကောင်းကင်ကမ္ဘာက မိုင်သန်းရာချီအကွာအဝေးကိုဖြတ်သန်း၍ လာရောက်တိုက်ခိုက်ခြင်းဖြစ်သည်။

ဟန်မူယဲ့၏ရှေ့တွင်ရှိသောကြယ်သည် မိုင်သန်းဆယ်ချီကျယ်ဝန်းသည်။

ကြယ်ပေါ်တွင် သွယ်ယှက်နေသောအလင်းတန်းများကို မြင်နိုင်သည်။

ကျင့်ကြံသူများက တစ်ယောက်ပြီးတစ်ယောက် တိုက်ခိုက်နေသည်။

ဟန်မူယဲ့က အလျင်စလိုပြေးဝင်မသွားဘဲ တိတ်ဆိတ်စွာဆင်းသက်လိုက်သည်။

အပင်နဲ့သက်ရှိများမရှိဘဲ ကျောက်တုံးနှင့်မြေကြီးသာရှိနေသော ကြယ်ပေါ်သို့ ခြေချလိုက်သောအခါတွင် ဟန်မူယဲ့၏မျက်နှာထားက ပြောင်းလဲသွားသည်။

ကောင်းကင်တာအို

ကောင်းကင်တာအိုသည် အသက်ရှိနေဆဲဖြစ်သည်။

ဤကြယ်ပေါ်တွင် အားနည်းသော ကောင်းကင်တာအိုစွမ်းအားရှိနေသည်။

သို့သော် ကောင်းကင်တာအိုစွမ်းအားသည် အလွန်အားနည်းနေသောကြောင့် သာမန်လူများ သတိမထားမိနိုင်ပေ။

ဟန်မူယဲ့က ကောင်းကင်တာအို၏ကောင်းချီးပေးခြင်းကို ရရှိထားသည်။ ထို့အပြင် ကျောက်တုံးနှင့်မြေဓာတ် လိုက်ဖက်ညီမှုစွမ်းအားသည် ပြီးပြည့်စုံနေပြီး သူက ကောင်းကင်တာအိုနှင့် တန်းတူညီစွာ အလဲအလှယ်လုပ်နိုင်သည်။ ထို့ကြောင့် ဤကြယ်ပေါ်တွင်ရှိသောကောင်းကင်တာအိုကို အာရုံခံမိခဲ့သည်။

သို့သော် ကောင်းကင်တာအိုသည် အလွန်အားနည်းနေပြီး ခွန်အားချေးယူရန် မဖြစ်နိုင်တော့ပေ။

ဟန်မူယဲ့က အဝေးတစ်နေရာသို့ ကြည့်လိုက်သည်။

တစ်ဖက်တွင် ဓားအလင်းနှင့်ချီစွမ်းအင်အလင်းများ ရောယှက်နေပြီး တုန်ခါသံများပေးနေသည်။

ထိုအလင်းရောင်ကြားတွင် ဓားချီများသည် ဓားပိုက်ကွန်အဖြစ်ပြောင်းသွားပြီး ခရမ်းရောင်လူသားဆန္ဒစွမ်းအားနှင့် ရွှေရောင်သမာဓိစွမ်းအားများသည် လှံတစ်လက်အဖြစ် ရှိနေသည်။

ထိုသို့ အားကောင်းလှသောနည်းစနစ်သည် အနည်းဆုံး ဆရာသခင်အဆင့်တွင် ရှိနေသည်။

‘လေဟာနယ်ထဲမှာ ကွန်ဖြူးရှပ်တာအိုဆရာသခင်တစ်ယောက် အဝိုင်းခံထားရတာလား’ ဟန်မူယဲ့က တွေးမိသည်။

ကွန်ဖြူးရှပ်တာအိုအမွေအနှစ်သည် ကောင်းကင်အံ့ဖွယ်ကမ္ဘာတစ်ခုတည်းတွင် ရှိနေခြင်းမဟုတ်သော်လည်း ဤနေရာသည် ကောင်းကင်အံ့ဖွယ်ကမ္ဘာနှင့် သိပ်မဝေးပေ။ ‘အဝိုင်းခံထားရတဲ့လူက ကောင်းကင်အံ့ဖွယ်ကမ္ဘာရဲ့ ကွန်ဖြူးရှပ်တာအိုဆရာသခင်တစ်ယောက် ဖြစ်နိုင်တယ်မဟုတ်လား’

သို့သော် ထိုဆရာသခင်က အဘယ်ကြောင့် လေဟာနယ်ထဲတွင် ရောက်နေသနည်း။

သူ့ခြေထောက်အောက်တွင်ရှိသော မြေဓာတ်စွမ်းအားသည် ခန္ဓာကိုယ်ထဲသို့စီးဝင်လာပြီး သူ့ပုံရိပ်က ပျောက်ကွယ်သွားသည်။

ယခုအချိန်တွင် ကောင်းကင်ဘုံအဆင့်ကျွမ်းကျင်သူတစ်ဦးကတောင် သူ့ကို အာရုံခံနိုင်ရန် ခက်ခဲလိမ့်မည်။

သူက အငွေ့အသက်များကိုထိန်းချုပ်ထားပြီး ပျံသန်းသွားသည်။ ခဏအကြာတွင် သူက တိုက်ပွဲနေရာသို့ ရောက်လာသည်။

ကျောက်တုံးနှင့်မြေကြီးသာရှိသော ပျက်စီးနေသည့်ကုန်းမြေသည် အဆုံးမရှိပေ။ ထောင်ချီနေသောကျင့်ကြံသူများနှင့် ထူးဆန်းသောသားရဲများသည် ဓားကိုင်ထားသော ဝတ်စုံနက်ကျင့်ကြံသူတစ်ရာခန့်ကို ဝိုင်းရံထားသည်။

အံ့ဖွယ်နေမင်းသက်တော်စောင့်များ

အလယ်ပိုင်းကုန်းမြေ၏ အံ့ဖွယ်နေမင်းသက်တော်စောင့်များကို မြင်ရလိမ့်မည်ဟု ဟန်မူယဲ့ထင်မထားခဲ့ပေ။

တစ်ရာခန့်ရှိသော အံ့ဖွယ်နေမင်းသက်တော်စောင့်များက ဝင်္ကပါတစ်ခုကို ထုတ်ဖော်လိုက်သောအခါတွင် ဟန်မူယဲ့က မတူညီသော တိုက်ခိုက်မှုနည်းစနစ်များကို မြင်လိုက်ရသည်။

ဓားအလင်းသည် ဘီးလုံးတစ်ခုကဲ့သို့ လည်ပတ်နေပြီး အဆုံးမရှိပေ။

တစ်ဖက်က တိုက်ခိုက်ပြီး တစ်ဖက်က ခုခံသည်။ အံ့ဖွယ်နေမင်းသက်တော်စောင့်များက ဝင်္ကပါနှစ်ခုအဖြစ် ဖွဲ့စည်းထားသည်။ သူတို့က ခုခံမှုနှင့် တိုက်ခိုက်မှုကို တစ်လှည့်စီ ဆက်တိုက်ပြုလုပ်နေသည်။

သူတို့၏ပတ်ပတ်လည်တွင် အားကောင်းသောရန်သူများရှိနေသော်လည်း သူတို့၏ခုခံမှုကို အချိန်တိုအတွင်း၌ ချိုးဖောက်နိုင်မည်မဟုတ်ပေ။

သူတို့၏အပေါ်တွင်ရှိနေသော ကွန်ဖြူးရှပ်တာအိုဆရာသခင်၏ လှံကြောင့် ရန်သူများက အပြင်းအထန်မတိုက်ခိုက်ရဲပေ။

ဟန်မူယဲ့က မျက်လုံးများမှေးကျဉ်းလိုက်သည်။

ထိုအရာသည် အလယ်ပိုင်းကုန်းမြေ၏ အစစ်အမှန်ခွန်အားဖြစ်သည်။

အံ့ဖွယ်နေမင်းသက်တော်စောင့်များ၏ ကာကွယ်မှုကိုရထားသော ကွန်ဖြူးရှပ်တာအိုကျင့်ကြံသူတစ်ဦးသည် ကောင်းကင်ဘုံအဆင့်ကျွမ်းကျင်သူများ၊ ထောင်ချီနေသောကျင့်ကြံသူများ၊ မရေမတွက်နိုင်လောက်သော ထူးခြားသည့်သားရဲများနှင့် လွယ်ကူစွာရင်ဆိုင်နိုင်သည်။

ထို့အပြင် ကွန်ဖြူးရှပ်တာအိုကျင့်ကြံသူသည် ကောင်းကင်နှင့်မြေကြီး၏စွမ်းအားကို ချေးယူပြီး မသုံးနိုင်ဘဲ လူသားဆန္ဒစွမ်းအားနှင့် သမာဓိစွမ်းအားကိုပဲ အသုံးပြုနေရသည်။

အလယ်ပိုင်းကုန်းမြေတွင် ကောင်းကင်နှင့်မြေကြီး၏ထောက်ပံ့မှုကိုရထားသော ကွန်ဖြူးရှပ်တာအိုကျင့်ကြံသူများသည် ဒေသတစ်ခုကို လွယ်ကူစွာစိုးမိုးနိုင်သည်။

“ဘုန်း”

ချီစွမ်းအင်အလင်းများဖြင့်စုစည်းထားသော ပေတစ်ထောင်ရှည်လျားသည်ဆေဘာဓားတစ်လက်သည် ရွှေရောင်လှံနှင့် ထိတွေ့သွားသည်။

ဆေဘာဓားရှည်သည် ကျိုးပဲ့ပြီး ချီစွမ်းအင်များအဖြစ် ပျောက်ကွယ်သွားသည်။ လှံက အနည်းငယ်တုန်ခါသွားပြီး ရွှေအလင်းများမှိန်ဖျော့သွားသည်။

“လူကြီးမင်း၊ ကျွန်တော်တို့က ခင်ဗျားကိုကာကွယ်ပြီး လမ်းဖောက်ပေးပါ့မယ်”

အံ့ဖွယ်နေမင်းသက်တော်စောင့်များထဲတွင် လူတစ်ယောက်က အော်ပြောသည်။

ဟန်မူယဲ့က ဓားအလင်းများကိုဖြတ်သန်း၍ အစိမ်းရောင်နှင့်အဝါရောင်ဝတ်စုံကို ဝတ်ဆင်ထားသော သက်လတ်ပိုင်းအရွယ်လူတစ်ယောက်ကို မြင်ရသည်။ သူက လက်ထဲတွင် စုတ်တံတစ်ချောင်းကို တင်းကျပ်စွာဆုပ်ကိုင်ထားပြီး ဆုံးဖြတ်ထားသောမျက်နှာထားဖြင့် တိတ်ဆိတ်နေသည်။

သူ့နောက်တွင် ရွှေရောင်ချိပ်စည်းတံဆိပ်၏ပုံရိပ်က တောက်ပလာသည်။

အလယ်ပိုင်းကုန်းမြေ၏ စိစစ်ဆေးအရာရှိ။

သူ့အဝတ်အစားများအရ ဒေသအုပ်ချုပ်သူတစ်ဦးနှင့် ယှဉ်နိုင်သည်။

သို့သော် လေဟာနယ်ထဲတွင် ရွှေရောင်တံဆိပ်တုံးက ကောင်းကင်နှင့်မြေကြီး၏စွမ်းအားကို ဆင့်မခေါ်နိုင်ပေ။ သူက ကိုယ်ပိုင်ကျင့်ကြံခြင်းအပေါ်တွင်မှီခို၍ သတ်ဖြတ်ရန်အတွက် သမာဓိစွမ်းအားကို စုစည်းခဲ့သည်။ အလယ်ပိုင်းကုန်းမြေ၏ ဆရာသခင်အဆင့် စိစစ်ရေးအရှာရှိသည် တိုက်ခိုက်နိုင်စွမ်းတစ်ဝက်ကျော် ဆုံးရှုံးထားသည်။

ထိုဆရာသခင်သည် အလယ်ပိုင်းကုန်းမြေတွင်ရှိနေလျှင် ဒေသတစ်ခုကို စကားတစ်လုံးဖြင့် ဖိနှိပ်နိုင်သည်။

“ဝေါင်း ....”

လေဟာနယ်ထဲမှ သန္ဓေပြောင်းသားရဲများ၏ဟိန်းဟောက်သံကို ကြားရသည်။ ဝိုင်းရံထားသောသားရဲများက ရူးသွပ်စွာတိုက်ခိုက်လာသည်။

ထို့ကြောင့် အံ့ဖွယ်နေမင်းသက်တော်စောင့်များအတွက် အန္တရာယ်များလာသည်။

“လူကြီးမင်း၊ မြန်မြန်ထွက်သွားပါတော့။ နောက်တစ်ရက်ကျရင် စစ်တပ်ကိုဦးဆောင်ပြီး ဒီပြင်ပဘုံကျင့်ကြံသူတွေကို သတ်ပစ်လိုက်ပါ” အံ့ဖွယ်နေမင်းသက်တော်စောင့်တစ်ယောက်က တီးတိုးပြောသည်။

အံ့ဖွယ်နေမင်းသက်တော်စောင့်များသည် လူသားများဖြစ်သည်။ သူတို့က တိုက်ခိုက်နိုင်စွမ်းကောင်းပြီး စိတ်ဓာတ်ခိုင်မာလျှင်ပင် အဆုံးမရှိသောရန်သူများ၏ရှေ့တွင် မျှော်လင့်ချက်မဲ့ခြင်းကို ခံစားလာရသည်။

ကွန်ဖြူးရှပ်တာအိုဆရာသခင်တစ်ယောက်အတွက် ဤနေရာမှ တစ်ယောက်တည်းထွက်သွားရန် ဖြစ်နိုင်သည်။

သို့သော် အံ့ဖွယ်နေမင်းသက်တော်စောင့်များအားလုံးကို သူနှင့်အတူခေါ်သွားချင်လျှင်တော့ မဖြစ်နိုင်ပေ။

“တောင်နဲ့မြစ်တွေက ပျက်စီးနေတယ်။ သံချပ်ကာပေါ်မှာ သံချေးတက်နေပြီ” စိစစ်ရေးအရာရှိက ဆုံးဖြတ်ထားသောမျက်နှာထားဖြင့် ခေါင်းခါလိုက်ပြီး လက်ထဲတွင်ရှိသောစုတ်တံကို လှုပ်ရှားလိုက်သည်။ ကဗျာစာကြောင်းနှစ်ကြောင်း ပေါ်လာသည်။

သူက ကဗျာကိုအသုံးချပြီး သမာဓိစွမ်းအားနှင့်လူသားဆန္ဒစွမ်းအားကို ပေါင်းစပ်၍ သံချေးတက်နေသော သံချပ်ကာဝတ်စုံအဖြစ် ပြောင်းလိုက်သည်။

သံချပ်ကာသည် သံချေးတက်နေသော်လည်း ထူးဆန်းသောသွေးများဖြင့် စွန်းပေနေသည်။

သံချပ်ကာက ဖျတ်ခနဲပျောက်ကွယ်သွားပြီး အံ့ဖွယ်နေမင်းသက်တော်စောင့်များ၏ကိုယ်ပေါ်သို့ ရောက်သွားသည်။

သက်တော်စောင့်များ၏ကိုယ်ပေါ်တွင် ချက်ချင်းဆိုသလိုပဲ ရွှေအလင်းများပေါ်လာသည်။

သူတို့ကို အပြင်းအထန်ဒဏ်ရာရပြီး သွေးအန်သွားစေသောတိုက်ခိုက်မှုများကို သံချပ်ကာက ကာကွယ်ပေးထားသည်။

ထိုနည်းစနစ်မျိုးသည် အမှန်တကယ်ထူးခြားသည်။

သို့သော် ထိုသံချပ်ကာကို မြင်လိုက်ရသောအခါတွင် အံ့ဖွယ်နေမင်းသက်တော်စောင့်များက ပျော်ရွှင်မသွားဘဲ ဝမ်းနည်းနေသည်။

သူတို့က သေဆုံးသည်အထိတိုက်ခိုက်ပြီး နောက်ဆုတ်မည်မဟုတ်ပေ။

အံ့ဖွယ်နေမင်းသက်တော်စောင့်များသည် စောင့်ကြပ်ပေးရန် တာဝန်ရှိသောကြောင့် ရှင်သန်ခြင်းနှင့်သေဆုံးခြင်းကို ဂရုမစိုက်ပေ။

သို့သော် သူတို့ကာကွယ်ပေးနေသော စိစစ်ရေးအရာရှိက သူတို့နှင့်အတူ သေဆုံးသည်အထိ တိုက်ခိုက်သွားချင်သည်။

ရေလှိုင်းများသဖွယ် ခုခံတိုက်ခိုက်နေသော အံ့ဖွယ်နေမင်းသက်တော်စောင့်များက စကားတစ်ခွန်းမှမပြောဘဲ ရွှေသံချပ်ကာနှင့် စစ်နတ်ဘုရားများအဖြစ် ပြောင်းလဲသွားသည်။ ဓားအလင်းများစုစည်းသွားပြီး ပေတစ်ထောင်ရှည်သောဓားအလင်း ပေါ်လာသည်။

“သတ် ....”

ကျယ်လောင်စွာအော်ဟစ်သံနှင့်အတူ ရွှေရောင်အလင်းသည် ကြမ်းတမ်းသောလှိုင်းတစ်ခုအဖြစ် ပြေးထွက်သွားသည်။

စိစစ်ရေးအရာရှိက ထွက်မသွားသောကြောင့် သူတို့က စိတ်ကျေနပ်သည်အထိ သတ်ဖြတ်တော့မည်။

ပေတစ်ထောင်ရှည်သောဓားအလင်းသည် ကျဆင်းသွားပြီး မိုင်ရာချီရှည်လျားသော ချောက်နက်တစ်ခု ဖြစ်လာစေသည်။

ယခုအချိန်တွင် ထိုဓားအလင်းကို တားဆီးရဲသောလူမရှိပေ။

အသက်ဆယ်ခါရှုချိန်အတွင်း၌ ဓားအလင်းသည် ပတ်ဝန်းကျင်မိုင်ရာချီကို ဖြတ်သန်းသွားသည်။

အံ့ဖွယ်နေမင်းသက်တော်စောင့်များ၏ စွမ်းအားသည် အမှန်တကယ်ထူးခြားသည်။

ကောင်းကင်အံ့ဖွယ်ကမ္ဘာက တခြားကမ္ဘာများကို သိမ်းပိုက်ရာတွင် အံ့ဖွယ်နေမင်းသက်တော်စောင့်များက အရေးကြီးသောအခန်းကဏ္ဍတွင် ပါဝင်သည်။

သို့သော် ထိုဓားအလင်းသည် အချိန်ကြာမြင့်စွာမရှိနိုင်ပေ။

အသက်ဆယ်ခါရှုချိန်ပြီးသောအခါတွင် ဓားအလင်းက ဖြည်းဖြည်းချင်းမှိန်ဖျော့သွားသည်။

အံ့ဖွယ်နေမင်းသက်တော်စောင့်များ၏ ကျင့်ကြံခြင်းနည်းစနစ်သည် အံ့ဖွယ်နေမင်းနည်းစနစ်နှင့် တူညီသည်။

ဟန်မူယဲ့က သေချာကြည့်လိုက်ပြီး နားလည်သွားသည်။

နှစ်ပေါင်းခြောက်ဆယ်ကျင့်ကြံပြီးသွားလျှင် ကောင်းကင်ဘုံအဆင့်ကျွမ်းကျင်သူတစ်ယောက်နှင့် တိုက်ခိုက်နိုင်စွမ်းချင်းယှဉ်နိုင်သော အံ့ဖွယ်နေမင်းနည်းစနစ်ကဲ့သို့ အားမကောင်းပေ။

သို့သော် အံ့ဖွယ်နေမင်းသက်တော်စောင့်များ၏ ကျင့်ကြံခြင်းနည်းစနစ်သည် စွမ်းအားများကို ဆက်တိုက်စုဆောင်းထားပြီး ရန်သူများကို သတ်ဖြတ်နိုင်သောစွမ်းရည်ရှိသည်။

မှိန်ဖျော့သွားသောဓားအလင်းကို မြင်လိုက်ရသောအခါတွင် ဟန်မူယဲ့က လှုပ်ရှားလိုက်ပြီး ပျံတက်သွားသည်။

“ဘယ်သူလဲ”

“သူ့ကိုတားလိုက်”

“သတ် ....”

ဟန်မူယဲ့ကို မြင်လိုက်ရသောအခါတွင် အံ့ဖွယ်နေမင်းသက်တော်စောင့်များက ဟိန်းဟောက်လိုက်ပြီး ဓားအလင်းများဖြင့် ခုတ်ချသည်။

ဟန်မူယဲ့က လေထဲတွင်ရှိနေသည်။ သို့သော် သူက မတိုက်ခိုက်ဘဲ ဓားအလင်းများကို ရှောင်တိမ်းလိုက်သည်။

All Chapters