← Chapters

အခန်း (၃၈၄)

Vol. 28 Ch. 384

အခန်း (၃၈၄)

Vol. 28 Ch. 384

လူတစ်ယောက်နှင့်ဓားနှစ်လက် ပူးပေါင်းပြီး ခွဲထွက်သွားသောအခါတွင် မရေမတွက်နိုင်လောက်သောပြောင်းလဲမှုများ ဖြစ်ပေါ်လာသည်။

ယခု အာကာသထဲတွင် ပြိုင်ဘက်ကင်းသောဓားအလင်း ရှိနေသည်။

ဓားကွက်များသည် အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏ သစ်ရွက်တစ်ရွက်၊ သစ်ကိုင်းတစ်ကိုင်း၊ ရွှေအလင်းအဖြစ် ပြောင်းလဲသွားသည်။ ထို့အပြင် လအနှစ်သာရဓားဂိုဏ်း၏ ဓားနည်းစနစ်၊ အလယ်ပိုင်းကုန်းမြေ၏ ဓားနည်းစနစ်၊ အရှေ့ပင်လယ်၏ ဓားနည်းစနစ်၊ တိမ်တိုက်ကောင်းကင်ကမ္ဘာ၏ ဓားနည်းစနစ်၊ အင်မော်တယ်ဝိညာဉ်ကမ္ဘာ၏ ဓားနည်းစနစ်များ ပါဝင်နေသည်။

ဟန်မူယဲ့က မသိလိုက်ဘဲ ဓားနည်းစနစ်များအသုံးပြုခြင်းကို ရပ်တန့်လိုက်သည်။

ဓားသည် တာအိုကို ဖြစ်ပေါ်လာစေခဲ့သည်။ ထို့ကြောင့် ဓားနည်းစနစ်များကို အဘယ်ကြောင့်လိုအပ်မည်နည်း။

အဝေးမှတိုက်ခိုက်ခြင်းနှင့် အနီးကပ်တိုက်ခိုက်ခြင်းတို့တွင် ခန္ဓာကိုယ်က ဓားနောက်သို့ လိုက်လာလိမ့်မည်။ ဓားရှိနေလျှင် လူရှိနေလိမ့်မည်။ ဓားပျက်စီးသွားလျှင် လူသေဆုံးလိမ့်မည်။

သူက အန္တရာယ်ကို ချက်ချင်းဖြေရှင်းခဲ့သည်။

အောက်တွင် လုချန်က ပါးစပ်အဟောင်းသားဖြစ်နေပြီး ကဗျာအချို့ရေရွတ်ချင်သော်လည်း လက်ရှိဟန်မူယဲ့ကို မည်သို့ဖော်ပြရမည်ဖြစ်ကြောင်း သူမသိပေ။

စုဟယ်နှင့် သက်တော်စောင့်များက အံ့ဖွယ်နေမင်းဓားကို တင်းကျပ်စွာကိုင်ထားကြသည်။ သူတို့၏ပခုံးများက တုန်ခါနေသည်။

‘ဒီနေ့မှာ ဒီလိုဓားကျင့်ကြံသူမျိုးကို ကံကောင်းလို့တွေ့နိုင်ခဲ့တာ’ သူတို့ တွေးမိသည်။

“ဓားက အရမ်းမြန်တယ်” လူတစ်ယောက်က ပြောလိုက်သည်။

ကျန်လူများကလည်း သဘောတူညီစွာ ခေါင်းညိတ်သည်။

“သူက အရမ်းကိုမြန်တာပဲ” လုချန်က ရေရွတ်သည်။

လုချန်က စကားပြောပြီးသွားသောအခါတွင် မျက်နှာထားပြောင်းလဲသွားသည်။ သူက ခေါင်းပေါ်တွင်ရှိသောလှံပုံရိပ်ကို ပင့်မြှောက်လိုက်ပြီး အော်ဟစ်သည်။ “မြန်မြန်နောက်ဆုတ်ကြ”

နောက်ဆုတ်

သူတို့ နောက်ဆုတ်ရမည်။

သေူတို့၏ရှေ့တွင် ပေတစ်ထောင်မြင့်မားသော အနက်ရောင်ချပ်ဝတ်ပုံရိပ်တစ်ခု ပေါ်လာသည်။

ကောင်းကင်ဘုံ ဝိညာဉ်သူငယ်အဆင့်

အဝေးမှ ဖိအားလှိုင်းများ ဆင်းသက်လာသည်။

လုချန်၏ရွှေရောင်လှံသည် လေထုထဲတွင် ရပ်တန့်နေပြီး ရှေ့မတိုးနိုင်တော့ပေ။

ဝိညာဉ်ကိုယ်ခွဲအဆင့်ကျင့်ကြံသူ

ယနေ့တိုက်ခိုက်မှုကို ဝိညာဉ်ကိုယ်ခွဲအဆင့်ကျင့်ကြံသူက ဦးစီးထားသည်။

ထိုသို့မဟုတ်လျှင် ဆရာသခင်အဆင့်သို့ရောက်နေသောလုချန်က ပျက်စီးနေသောကြယ်ပေါ်တွင် ပိတ်မိနေမည်မဟုတ်ပေ။

အလယ်ပိုင်းကုန်းမြေတွင် လုချန်က ဝိညာဉ်ကိုယ်ခွဲအဆင့်စွမ်းအားဖြင့် တိုက်ခိုက်နိုင်သည်။

လေဟာနယ်ထဲတွင် ဝိညာဉ်ကိုယ်ခွဲအဆင့်ကျင့်ကြံသူနှင့် ရင်ဆိုင်ရလျှင် ကွန်ဖြူးရှပ်တာအိုဆရာသခင်တစ်ယောက်သည် ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်ရုံပဲရှိသည်။

လေဟာနယ်ထဲတွင် ဝိညာဉ်သူငယ်အဆင့်ကျင့်ကြံသူများတင်မကဘဲ များပြားလှသော ဝိညာဉ်ကိုယ်ခွဲအဆင့်ကျင့်ကြံသူများလည်း ရှိသည်။

လုချန်က သူတို့ရောက်လာသောအကြောင်းအရင်းကို သိထားသည်။

ထို့ကြောင့် ယနေ့တွင် သူက ထွက်သွားနိုင်မည်မဟုတ်ချေ။

အံ့ဖွယ်နေမင်းသက်တော်စောင့်များနှင့် သူ့ရှေ့တွင်ရှိသောဟန်မူယဲ့သည် သူနှင့်အတူသေဆုံးသွားရန် မထိုက်တန်ပေ။

လုချန်က ရှေ့တစ်လှမ်းတိုးပြီး လေထုထဲတွင် လွင့်မျောနေသည်။ သူ့ခေါင်းပေါ်တွင် ရှည်လျားသောအင်္ကျီလက်နှင့် ဝတ်ရုံရှည်ကိုဝတ်ထားသော ပုံရိပ်ယောင်လူတစ်ယောက် ပေါ်လာသည်။

“ဝီ”

ထိုပုံရိပ်ပေါ်လာသောအခါ အဝေးတွင်ရှိသော စွမ်းအားငါးခုက ချိန်းကြိုးများအဖြစ်ပြောင်းလဲသွားပြီး လုချန်ကိုရစ်ပတ်၍ ချုပ်နှောင်လိုက်သည်။

လုချန်၏မျက်နှာထားက ပြောင်းလဲမသွားပေ။ ခရမ်းရောင်လူသားဆန္ဒစွမ်းအားနှင့် သမာဓိစွမ်းအားများ ပေါ်ထွက်လာပြီး သူ့အဝတ်များက လေထဲတွင် တဖျပ်ဖျပ်လွင့်နေသောကြောင့် အင်မော်တယ်တစ်ပါးနှင့် တူနေသည်။

“ဟန်မူယဲ့၊ မြန်မြန်ထွက်သွားတော့”

လုချန်က အော်ဟစ်လိုက်ပြီး အဝေးသို့ကြည့်သည်။

“ကွန်ဖြူးရှပ်တာအိုကျင့်ကြံခြင်းက အမှန်တရားအတွက် ကိုယ့်ကိုယ်ကိုယ် စတေးရတာပဲ။ ဒါက မဟာတာအိုပဲ”

“ဒီနေ့မှာ လုချန်က တရားမျှတမှုကို ရှာဖွေတယ်။ ငါ့တာအိုက အဆုံးသတ်သွားမှာမဟုတ်ဘူး”

သူ့ခန္ဓာကိုယ်ထဲတွင်ရှိသော လူသားဆန္ဒစွမ်းအားနှင့် သမာဓိစွမ်းအားများက လောင်ကျွမ်းသွားတော့မည့်အတိုင်း တောက်ပလာသည်။

သူ့ကိုချုပ်နှောင်ထားသော ချီစွမ်းအင်ချိန်းကြိုးများက အက်ကွဲသံများ ပေးလာသည်။

လေဟာနယ်ထဲတွင် တာအိုတန်ခိုးရှင်များပေါ်လာသည်။

သူတို့အားလုံးက အရပ်ရှည်ပြီး ဖြောင့်မတ်နေသည်။ သူတို့၏ပုံစံက တောင်တစ်လုံးအသွင်ဖြစ်သည်။

ဝိညာဉ်ကိုယ်ခွဲအဆင့်ကျင့်ကြံသူများ ဖြစ်နေသောကြောင့် သူတို့၏ဝိညာဉ်သည် မူလဝိညာဉ်အဖြစ် စုစည်းသွားခဲ့သည်။

ဝိညာဉ်ကိုယ်ခွဲအဆင့်မူလဝိညာဉ်သည် မိုင်ထောင်ချီအကွာအဝေးကို ချက်ချင်းသွားလာနိုင်သည်။ အာကာသထဲတွင် သူတို့က အလွန်လျင်မြန်သည်ဟု ပြောနိုင်သည်။

ဝိညာဉ်ကိုယ်ခွဲအဆင့်ကျင့်ကြံသူငါးယောက်၏ဖိနှိပ်မှုအောက်တွင် လုချန်၏မျက်နှာထားက ရေမျက်နှာပြင်ကဲ့သို့ တည်ငြိမ်နေသည်။ သူက လက်ထဲတွင် ကျောက်စိမ်းပြားတစ်ခုကိုင်ထားပြီး ပစ်လွှတ်လိုက်သည်။

ချက်ချင်းဆိုသလိုပဲ အာကာသထဲတွင် မဟာကျင့်ကြံသူကြီးများ၏တိုက်ပွဲ ဖြစ်ပေါ်လာသည်။

မဟာကျင့်ကြံသူများ၏တိုက်ပွဲသည် ထောင်ချီနေသောကြယ်များကို ဖျက်ဆီးပြီး လောကကို ပြိုလဲသွားစေနိုင်သည်။

ဟန်မူယဲ့က အပေါ်သို့ မော့ကြည့်သည်။

ဝိညာဉ်ကိုယ်ခွဲအဆင့် မူလဝိညာဉ်များ ရှိနေသည်။

ရှေ့ဆုံးတွင်ရပ်နေသော ရွှေရောင်ချပ်ဝတ်နှင့် မူလဝိညာဉ်တွင် လေးနက်သောအရှိန်အဝါရှိပြီး တိမ်တိုက်ကောင်းကင်ကမ္ဘာ၏ ကျင့်ကြံသူများနှင့်မတူညီသော ကျင့်ကြံခြင်းအမှတ်အသားတစ်ခုရှိသည်။

ဟန်မူယဲ့က ထိုအမှတ်အသားကို မြင်ဖူးသည်။

အင်မော်တယ်ဝိညာဉ်ကမ္ဘာ

အင်မော်တယ်ဝိညာဉ်ကမ္ဘာသည် နေရာတိုင်းတွင် တိုက်ခိုက်နေသည်။

‘တိမ်တိုက်ကောင်းကင်ကမ္ဘာက အင်မော်တယ်ဝိညာဉ်ကမ္ဘာရဲ့လက်အောက်ကို ရောက်သွားပြီလား’

‘အဲ့ဒါဆိုရင် သူတို့က လုချန်ရဲ့နောက်ကွယ်မှာရှိနေတဲ့ ကောင်းကင်အံ့ဖွယ်ကမ္ဘာအတွက် လုချန်ကို ဝိုင်းတိုက်နေတာလား’

“ကောင်းကင်အံ့ဖွယ်ကမ္ဘာရဲ့ ကွန်ဖြူးရှပ်တာအိုကျင့်ကြံသူတစ်ယောက်။ ဆရာသခင်အဆင့်ကိုတောင် ရောက်နေပြီ” ရွှေရောင်ချပ်ဝတ်မူလဝိညာဉ်က ပြုံးသည်။

“သူ့ကို အင်မော်တယ်ကျောက်တုံးတွေနဲ့ လဲလှယ်နိုင်လိမ့်မယ်”

သူတို့က ကျင့်ကြံသူများကို ကြွယ်ဝမှုသဖွယ် အသုံးချသည်။

လုချန်၏မျက်နှာထားက မည်းမှောင်နေသည်။ သူက နှာမှုတ်လိုက်ပြီး သူ့ပတ်ပတ်လည်တွင် လူသားဆန္ဒစွမ်းအားများ လှုပ်ရှားလာသည်။ သူက သမာဓိစွမ်းအားကိုအသက်သွင်းလိုက်ပြီး အလင်းဘီးလုံးတစ်ခုအဖြစ်ပြောင်း၍ ပတ်ဝန်းကျင်ရှိချိန်းကြိုးများကို တိုက်ခိုက်သည်။

“မိတ်ဆွေလေး၊ သူ့ကိုခေါ်သွားဖို့ မင်းဆီမှာ တောင်းဆိုလို့ရမလား” ထိုအချိန်တွင် ဟန်မူယဲ့က အားနည်းသော အိုဟောင်းနေသည့်အသံတစ်သံကို ကြားလိုက်ရသည်။

ဟန်မူယဲ့၏မျက်နှာထားက ပြောင်းလဲမသွားပေ။ သူက ပျက်စီးနေသောမြေပေါ်တွင်ရပ်ပြီး ခေါင်းငုံ့ကြည့်သည်။ “အကြီးအကဲက ဘာဖြစ်လို့ ကိုယ်တိုင်ဝင်မတိုက်တာလဲ”

ထိုအသံက ခဏလောက်စဉ်းစားနေပုံရပြီး သက်ပြင်းချလိုက်သည်။ “ငါက လောဘကြီးပြီး ကိုယ်ပိုင်တာအိုကို သေဆုံးသွားတော့မယ့်ကြယ်ရဲ့ မဟာတာအိုနဲ့ ပေါင်းစပ်ခဲ့တယ်”

“ငါက ဒီကြယ်ကို ကိုယ်ပိုင်တာအိုနယ်မြေအဖြစ်ပြောင်းပြီး သူတော်စင်တစ်ဝက်အဆင့်ကို ဝင်ရောက်နိုင်မယ်လို့ တွေးခဲ့တယ်။ ဒါပေမဲ့ ငါက အဲ့ဒီလုပ်ရပ်ကြောင့် ခံစားခဲ့ရတယ်။ ငါက နှစ်တစ်ရာကြာတဲ့အထိ မလှုပ်ရှားနိုင်ဘူး။ ငါ့ရဲ့ကျင့်ကြံခြင်းကလည်း ဒီကြယ်နဲ့ ပေါင်းစပ်သွားပြီ”

“ငါက တိုက်ခိုက်ချင်ရင်တောင် မစွမ်းနိုင်တော့ဘူး”

သူက ရပ်တန့်လိုက်ပြီး ညင်သာစွာဆက်ပြောသည်။ “ငါက အလယ်ပိုင်းကုန်းမြေ တော်ဝင်ကျောင်းတော်ရဲ့ လက်ထောက်ကျောင်းအုပ် လုယွီကျိုးပါ။ လုချန်က ငါ့ရဲ့ အကြီးဆုံးသားပဲ”

“သူက ငါချန်ထားခဲ့တဲ့ သွေးမျိုးဆက်အငွေ့အသက်နောက်ကို လိုက်လာပြီး ဒီနေရာကို ရှာတွေ့သွားလိမ့်မယ်လို့ ထင်မထားခဲ့ဘူး”

“မင်းမှာ ထူးခြားတဲ့နည်းလမ်းတွေရှိတာ ငါသိပါတယ်။ ကျေးဇူးပြုပြီး လှုပ်ရှားပေးပါ”

တော်ဝင်ကျောင်းတော်၊ လုယွီကျိုး

ဟန်မူယဲ့က ထိုနာမည်ကို ကြားဖူးသည်။

သမင်ဖြူတောင်တန်းကျောင်းတော်၏ ကျောင်းအုပ်တစ်ယောက်အနေဖြင့် ဟန်မူယဲ့က အလယ်ပိုင်းကုန်းမြေ၏ ကွန်ဖြူးရှပ်တာအိုသတင်းများကို အာရုံစိုက်ထားသည်။

လုယွီကျိုးက အလယ်ပိုင်းကုန်းမြေမှ နှစ်ပေါင်းတစ်ရာအထိ ပျောက်သွားခဲ့သည်။

မဟာကျင့်ကြံသူများအနေဖြင့် နှစ်ပေါင်းတစ်ရာခန့် တံခါးပိတ်ကျင့်ကြံခြင်းသည် ပုံမှန်ပင်ဖြစ်သည်။ မည်သူမှ ဂရုမစိုက်ပေ။

ထိုလူသည် ဤနေရာတွင် ပိတ်မိနေလိမ့်မည်ဟု မည်သူမှ ထင်မထားခဲ့ပေ။

ဤကြယ်သည် သေဆုံးသွားပြီး ကောင်းကင်တာအိုအငွေ့အသက်အချို့ ကျန်နေခဲ့သည်ဟု ဟန်မူယဲ့တွေးခဲ့သည်။

လုယွီကျိုးက ကိုယ်ပိုင်တာအိုကိုအသုံးပြုပြီး အဆင့်တက်နိုင်ရန် ကြိုးစားနေခြင်းဖြစ်သည်။

ဟန်မူယဲ့က မြေဓာတ်စွမ်းအားကိုအသုံးပြု၍ ကိုယ့်ကိုယ်ကိုယ် ဖုံးကွယ်ခဲ့သည်။ သို့သော် လုယွီကျိုး၏ရှေ့တွင် အစွမ်းအစများထုတ်ပြထားသကဲ့သို့ ဖြစ်သွားပြီး သူ့ခွန်အားကို အာရုံခံမိသွားသည်။

“ဘုန်း”

ကောင်းကင်ထက်တွင် လုချန်ကို ချိန်းကြိုးများက ချည်နှောင်ထားသည်။

လုချန်၏စွမ်းအားသည် ဝိညာဉ်ကိုယ်ခွဲအဆင့်ကျင့်ကြံသူငါးဦးကို မယှဉ်နိုင်ပေ။

ထို့အပြင် အင်မော်တယ်ဝိညာဉ်ကမ္ဘာေ၏ ဝိညာဉ်ကိုယ်ခွဲအဆင့်ကျင့်ကြံသူသည် အလွန်သန်မာသည်။

သူ့နောက်တွင် အံ့ဖွယ်နေမင်းသက်တော်စောင့်များက မျှော်လင့်ချက်ကင်းမဲ့နေသည်။

ရှင်သန်ခြင်းနှင့်သေဆုံးခြင်းသည် အရေးမကြီးပေ။ သို့သော် တာဝန်ကို အပြည့်အဝထမ်းဆောင်ရမည်။

စုဟယ်က အော်ဟစ်လိုက်ပြီး နောက်တွင်ရှိသော အံ့ဖွယ်နေမင်းသက်တော်စောင့်များကို ဦးဆောင်ခဲ့သည်။

သူတို့က မီးတောက်ထဲသို့တိုးဝင်သွားသော ပိုးဖလံများနှင့်တူသည်။

ဟန်မူယဲ့က ခေါင်းခါလိုက်ပြီး ဓားနှစ်လက်ကိုသိမ်း၍ ခါးဆန့်သည်။

“အကြီးအကဲက ကျွန်တော့်ကို တောင်းဆိုနေမှတော့ ဒီမျိုးဆက်သစ်က တစ်ကြိမ်ကူညီပေးပါ့မယ်”

ဟန်မူယဲ့၏ခန္ဓာကိုယ်ပေါ်တွင်ရှိသော ရွှေရောင်အငွေ့အသက်သည် ဓားရှည်တစ်လက်အဖြစ် ပြောင်းလဲသွားသည်။

ဝိညာဉ်လိပ်ပြာဓားသည် အရိုးဖြစ်ပြီး သမာဓိစွမ်းအားသည် အရေပြားဖြစ်သည်။

ထိုဓားအလင်းထွက်ပေါ်လာသောအချိန်တွင် နောက်ထပ် ခရမ်းရောင်ဓားတစ်လက် လွင့်မျောလာသည်။

ဓားဆန္ဒသည် အရိုးဖြစ်ပြီး လူသားဆန္ဒစွမ်းအားသည် အရေပြားဖြစ်သည်။

ဓားနှစ်လက်သည် လေထုထဲတွင် မျောလွင့်နေသည်။ လူသားဆန္ဒနှင့် သမာဓိစွမ်းအားသည် တစ်ခုတည်းအဖြစ်စုစည်းသွားပြီး ပေတစ်သောင်းရှည်လျားသောဓားအလင်းတစ်ခု ဖြစ်လာသည်။

ဓားက ပြေးထွက်သွားပြီး မိုင်ထောင်ချီပတ်လည်ကို ဖိနှိပ်နေသည်။

အာကာသထဲတွင် မည်သည့်လမ်းစဉ်မှမရှိပေ။ ဓားသည် တာအိုဖြစ်သည်။

ထိုတာအိုဖြင့် ကောင်းကင်နှင့်မြေကြီး၏စွမ်းအားသည် နေရာအနှံ့တွင် ဖြာကျလာသည်။

ထိုအချိန်တွင် သေဆုံးသွားသောကြယ်များ နိုးထလာပုံရသည်။

“ကွန်ဖြူးရှပ်တာအို ဆရာသခင် ....” လုချန်၏မျက်လုံးထဲတွင် နားမလည်မှုများရှိနေသည်။

အနောက်ဘက်နယ်စပ်ကုန်းမြေ၏အစောင့်က မည်သို့ ကွန်ဖြူးရှပ်တာအိုဆရာသခင်တစ်ယောက် ဖြစ်သွားခဲ့သနည်း။

စုဟယ်နှင့် အံ့ဖွယ်နေမင်းသက်တော်စောင့်များက ထိတ်လန့်နေသောမျက်လုံးများဖြင့် လေထုထဲတွင် အေးခဲနေသည်။

‘ဘာဖြစ်လို့ ဆရာသခင်တစ်ယောက်ပေါ်လာတာလဲ’

‘ဓားနဲ့ လူသတ်နိုင်တဲ့ ဆရာသခင်တစ်ယောက်လား’

‘ဓားတစ်ချက်နဲ့ လွှမ်းမိုးနိုင်စွမ်းပြခဲ့တဲ့ ဓားကျင့်ကြံသူက ဘယ်လိုလုပ်ပြီး ကွန်ဖြူးရှပ်တာအိုဆရာသခင်တစ်ယောက် ဖြစ်သွားတာလဲ’

“မိုင်ထောင်ချီထက်မြိမှုတွေက စကြဝဠာကိုဖြတ်တောက်ပြီး အေးခဲသွားစေတဲ့ ဓားတစ်လက်ဖြစ်လာတယ်”

ဟန်မူယဲ့၏ခေါင်းပေါ်တွင် ကျောင်းတော်သားပုံရိပ်ပေါ်လာသည်။ ထိုကျောင်းတော်သားပုံရိပ်က လက်စရှည်သောဝတ်ရုံ၊ သရဖူနှင့် ကျောက်စိမ်းခါးပတ်ကို ဝတ်ဆင်ထားသည်။ သူက ကဗျာရွတ်ဆိုလိုက်ပြီး ထိုကဗျာက ဓားနှင့်ပေါင်းစပ်သွားသည်။

All Chapters