← Chapters

အခန်း (၃၈၅)

Vol. 28 Ch. 385

အခန်း (၃၈၅)

Vol. 28 Ch. 385

“ဘုန်း”

ပေတစ်သောင်းရှည်သောဓားအလင်းသည် ကဗျာစာပေစွမ်းအားများနှင့်အတူ ကျဆင်းလာပြီး အင်မော်တယ်ဝိညာဉ်ကမ္ဘာ၏ ဝိညာဉ်ကိုယ်ခွဲအဆင့်ကျင့်ကြံသူကို ခုတ်ချသည်။

ထိုကျင့်ကြံသူ၏မျက်နှာတွင် ထိတ်လန့်မှုများပေါ်ပေါက်လာသည်။ သူက ကျောက်စိမ်းပြား၊ ရွှေရောင်အဆောင်လက်ဖွဲ့နှင့် ကျောက်စိမ်းခေါင်းလောင်းလေးတစ်ခုကို ထုတ်ယူလိုက်သည်။

ဓမ္မရတနာများဖြစ်သည်။

ထိုရတနာတစ်ခုချင်းစီသည် ဓမ္မရတနာဖြစ်သည်။

အင်မော်တယ်ဝိညာဉ်ကမ္ဘာ၏ကျင့်ကြံသူတွင် ဓမ္မရတနာသုံးခုရှိသည်။

သူ့ကို ချမ်းသာသည်ဟု ပြောနိုင်သည်။

ထိုအချိန်တွင် ဟန်မူယဲ့က သက်ပြင်းချရန်အချိန်ရှိသေးသည်။

ဓားအလင်းကြောင့်ပျက်စီးသွားသော ဓမ္မရတနာသုံးခုကိုကြည့်လိုက်ပြီး ဟန်မူယဲ့၏နှလုံးသားက နာကျင်သွားသည်။

ထိုရတနာများသည် သူ့အပိုင်ဖြစ်ခဲ့လျှင် ....

“ဘုန်း”

ဓားတစ်ချက်ဖြင့် ဓမ္မရတနာများနှင့်အတူ မူလဝိညာဉ်က ပျက်စီးသွားခဲ့သည်။

ဓားသည် ဝိညာဉ်လိပ်ပြာဓားနှင့် သမာဓိစွမ်းအားကို ပေါင်းစပ်ထားပြီး ဝိညာဉ်ကို ဖိနှိပ်နိုင်သည်။ မူလဝိညာဉ်သည် ပြန်လည်မစုစည်းနိုင်တော့ပေ။ ထို့ကြောင့် အကြိမ်ရေအနည်းငယ်တုန်န်ခါပြီး ပျောက်ကွယ်သွားခဲ့သည်။ ချီစွမ်းအင်အလင်းများပဲ ကျန်ရစ်ခဲ့သည်။

ဝိညာဉ်ကိုယ်ခွဲအဆင့်ကျင့်ကြံသူတစ်ယောက်၏ မူလဝိညာဉ် ပျက်စီးသွားခဲ့သည်။

ဧရာမဓားကြီးသည် လေထုထဲတွင်လွင့်မျောနေပြီး ရွှေအလင်းများတောက်ပနေသည်။

ဝိညာဉ်ကိုယ်ခွဲအဆင့်ကျင့်ကြံသူ၏ မူလဝိညာဉ်ကိုသတ်ဖြတ်ခဲ့သည်။ မူလဝိညာဉ်၏စွမ်းအားများသည် ဓားအတွက် အလွန်ကောင်းမွန်သည်။

ထို့ကြောင့် ဆုံးရှုံးသွားသောစွမ်းအားများကို အနည်းနှင့်အများဆိုသလို ပြန်လည်ဖြည့်ဆည်းနိုင်ခဲ့သည်။

ကံမကောင်းစွာဖြင့် မူလဝိညာဉ်စွမ်းအားများသည် လျင်မြန်စွာပျောက်ကွယ်သွားပြီး ပတ်ဝန်းကျင်တွင်ရှိသောကြယ်များက စုပ်ယူလိုက်သည်။

ရတနာအပိုင်းအစများကိုတောင် စားသုံးခဲ့သည်။

‘ဒီကြယ်တွေက ဘယ်လောက်တောင်ဆာလောင်နေတာလဲ ....’

“သခင်ယုယန် အသတ်ခံလိုက်ရပြီ” ဝိညာဉ်ကိုယ်ခွဲအဆင့် မူလဝိညာဉ်လေးယောက်ထဲတွင် တစ်ယောက်က အော်ဟစ်လိုက်သည်။

ကျန်သုံးယောက်ကလည်း ထိတ်လန့်နေသည်။

“သွားပြီ။ သူက အင်မော်တယ်ဝိညာဉ်ကမ္ဘာရဲ့ အဓိကဂိုဏ်းကြီးတစ်ဂိုဏ်းက တိုက်ရိုက်မျိုးဆက်ပဲ။ ငါတို့ .... ဘာလုပ်သင့်လဲ”

ဝိညာဉ်ကိုယ်ခွဲအဆင့်မူလဝိညာဉ်များက ထိတ်လန့်စွာထွက်ပြေးသွားကြသည်။ သူတို့က ဓားစွမ်းအားကို ထိတ်လန့်နေခြင်း သို့မဟုတ် သေဆုံးသွားသောကျင့်ကြံသူ၏နောက်ခံကို ကြောက်ရွံ့နေခြင်း ဖြစ်နိုင်သည်။

မဟာကျင့်ကြံသူကြီးများ ထွက်ပြေးသွားသောကြောင့် တိမ်တိုက်ကောင်းကင်ကမ္ဘာ၏ကျင့်ကြံသူများ ဆက်မနေရဲတော့ပေ။

ချက်ချင်းဆိုသလိုပဲ သူတို့အားလုံး လူစုခွဲသွားသည်။

ဟန်မူယဲ့က ခေါင်းပေါ်တွင်ရှိသောဓားအလင်းကို နောင်တများဖြင့်ပြန်သိမ်းလိုက်ပြီး အထဲတွင်ရှိသော ဝိညာဉ်သူငယ်စွမ်းအားကို ခံစားကြည့်နေသည်။

သူက ကဗျာတစ်ပုဒ်ရေးဖွဲ့ပြီး ဓားနှင့်ပေါင်းစပ်ခဲ့သည်။ ဓားတွင် ဝိညာဉ်စွမ်းအား၊ အမှန်တရားစွမ်းအား၊ လူသားဆန္ဒစွမ်းအားများ ပါဝင်နေသည်။ ထို့အပြင် သမာဓိစွမ်းအားဖြင့် လွှမ်းခြုံထားသောကြောင့် သူက မူလဝိညာဉ်ကို တစ်ချက်တည်းဖြင့်သတ်နိုင်သည်။

ထိုဓားသည် မူလဝိညာဉ်များအားလုံး၏ ရန်ဘက်ဖြစ်သည်။

မူလဝိညာဉ်အချို့ကို ထပ်သတ်နိုင်လျှင် သူ့ဝိညာဉ်က အဆင့်တက်သွားနိုင်သည်။

‘နှမြောစရာပဲ’

သို့သော် မူလဝိညာဉ်များက ထွက်ပြေးမသွားလျှင်ပင် ဟန်မူယဲ့က ထပ်မံတိုက်ခိုက်မည်မဟုတ်ပေ။

သူ့ကျင့်ကြံခြင်းဖြင့် ဓားချက်အနည်းငယ်ကိုသာ ထုတ်ဖော်နိုင်သည်။ ဤနေရာတွင် မဖြုန်းတီးနိုင်ပေ။

“ဟန် ....” ချိန်းကြိုးများကြားမှလွတ်မြောက်လာသော လုချန်က ရှေ့တက်လာပြီး လက်နှစ်ဖက်ကိုဆုပ်ကိုင်၍ ကမောက်ကမဖြစ်စွာ ပြောသည်။

‘စောင့်ရှောက်သူဟန်လား ဒါမှမဟုတ် ဆရာသခင်ဟန်လား’

ဟန်မူယဲ့ကပြုံးလိုက်ပြီး လုချန်၏နောက်သို့ လက်သီးဆုပ်၍ နှုတ်ဆက်သည်။

“အကြီးအကဲလုယွီကျိုး၊ ကျွန်တော်စိတ်မပျက်စေခဲ့ဘူးမဟုတ်လား”

လုချန်၏မျက်နှာထားက တောင့်တင်းသွားပြီး တစ်ကိုယ်လုံးတုန်ခါနေသည်။ သူက နောက်သို့ ပြန်လှည့်မကြည့်ရဲပေ။

လုချန်၏နောက်တွင် ဆံပင်ချထားသော လူအိုကြီးတစ်ယောက်ရပ်နေသည်။ သူက မီးခိုးရောင်ဝတ်စုံကိုဝတ်ထားပြီး ကြင်နာစွာပြုံးနေသည်။

သူက အရပ်မရှည်ဘဲ အနည်းငယ်ခါးကုန်းနေသည်။ သို့သော် သူ့အငွေ့အသက်က ဤကြယ်နှင့် တစ်သားတည်းဖြစ်နေပြီး လူများကို ခြောက်လှန့်နိုင်သည်။

သူက ပေဒါဇင်ချီအကွာတွင်ရှိနေပြီး သူ့ကိုယ်သူ ဖော်ပြခဲ့သောကြောင့် ဟန်မူယဲ့က မြင်နိုင်ခြင်းဖြစ်သည်။

လုယွီကျိုး၊ ကောင်းကင်အံ့ဖွယ်ကမ္ဘာမှ တော်ဝင်ကျောင်းတော်၏ လက်ထောက်ကျောင်းအုပ်

သူက အထွတ်အထိပ်အဆင့် ဆရာသခင်တစ်ဦးဖြစ်သည်။

လုချန်က ဖြည်းဖြည်းချင်းသတိဝင်လာပြီး နောက်လှည့်ကြည့်သည်။

ဟန်မူယဲ့က လုချန်၏လက်သီးဆုပ်များနှင့် တောင့်တင်းနေသောကျောပြင်ကို မြင်နိုင်သည်။

လုယွီကျိုး၏မျက်နှာထားက ရှုပ်ထွေးသွားပြီး ညင်သာစွာသက်ပြင်းချသည်။ “ငတုံးလေး၊ ဘာဖြစ်လိုလိုက်လာရတာလဲ ....”

“ဘန်း”

လုချန်က လုယွီကျိုး၏မျက်နှာကို ထိုးချလိုက်သောကြောင့် လုယွီကျိုးက လဲကျသွားသည်။

“မသိတတ်တဲ့သား၊ မသိတတ်တဲ့သား ....” လုယွီကျိုးက စီးကျလာသောနှာခေါင်းသွေးများကို အုပ်ကိုင်ထားပြီး နာကျင်စွာအော်ဟစ်နေသည်။

ဟန်မူယဲ့က မျက်လုံးပြူးသွားပြီး ထိုးနှက်ခံနေရသောလုယွီကျိုးကို ကြည့်သည်။

“နှုတ်မဆက်ဘဲထွက်သွားဖို့ ခင်ဗျားကိုဘယ်သူပြောလဲ”

“နန်းမြို့တော်က အရှုပ်အထွေးတွေကို ကျွန်တော့်အတွက်ချန်ထားခဲ့ဖို့ ဘယ်သူပြောလဲ”

“အကြွေးမဆပ်ဘဲရှောင်ပြေးသွားဖို့ ဘယ်သူကပြောလဲ”

....

လုချန်က အံတင်းတင်းကြိတ်ထားပြီး လက်သီးဆုပ်များကို ဝှေ့ယမ်းနေသည်။ သူက ဆရာသခင်တစ်ယောက်နှင့် လုံးဝမတူပေ။

လုယွီကျိုးက ခေါင်းကိုအုပ်ကိုင်ထားပြီး မြေပြင်ပေါ်တွင်လဲကျနေသည်။ အစပိုင်းတွင် သူက အော်ဟစ်နေသေးသည်။ “သားမိုက်၊ မင်းကို မမွေးဘဲထားခဲ့ရမှာ။ မင်းက ငါ့ကို ထပ်ရိုက်ရင် ငါက မင်းကို လက်တစ်ချောင်းနဲ့ဖိချေပစ်မယ်။ မကောင်းတဲ့သား မင်းကို နံရံမှာပန်းခဲ့ရမှာ”

ထို့နောက် လုယွီကျိုးက မအော်နိုင်တော့ပေ။ သူက သေသွားတော့မည့်အတိုင်း မြေပြင်ပေါ်တွင် အကြောဆွဲနေသည်။

အဝေးတစ်နေရာတွင် စုဟယ်နှင့် အံ့ဖွယ်နေမင်းသက်တော်စောင့်များက အကြည့်လွှဲထားသည်။

ဟန်မူယဲ့က ရှေ့တက်သွားပြီး တားဆီးသင့်သည်ဟု တွေးမိသည်။

ကွန်ဖြူးရှပ်တာအိုတွင် အကြီးအကဲများကို လေးစားရသည်။ သားတစ်ယောက်က အဖေကိုရိုက်နှက်နေသောမြင်ကွင်းမျိုးသည် အလွန်ရှားပါးသည်။

‘နေပါအုံး၊ လုယွီကျိုးသေသွားရင် ငါလုပ်ထားတာက အလကားဖြစ်သွားမှာပေါ့’

“အဟွတ်၊ အဟွတ်၊ စိစစ်ရေးအရာရှိလု၊ အကြီးအကဲလုယွီကျိုးရဲ့ကျင့်ကြံခြင်းက ကြယ်နဲ့ပေါင်းစပ်နေတယ်။ သူက နေဝင်ချိန်ကို ရောက်နေပါပြီ။ ရိုက်နှက်တာကို မခံနိုင်မှာစိုးရိမ်မိတယ်”

“နည်းနည်းလောက် အားလျော့ရိုက်ပါ့လား။ ဒါမှမဟုတ်ရင်လည်း ဖြည်းဖြည်းချင်းရိုက်လေ” ဟန်မူယဲ့က ရှေ့တစ်လှမ်းတိုးလိုက်ပြီး ကျယ်လောင်စွာပြောသည်။

လုချန်၏ ပင့်မြှောက်ထားသောလက်သီးက အေးခဲသွားပြီး ဖြည်းဖြည်းချင်း အောက်ချလိုက်သည်။

သူက တစ်ဖက်သို့လှည့်ပြီး ဟန်မူယဲ့ကိုကြည့်၍ ညင်သာစွာသက်ပြင်းချသည်။ “ညီအစ်ကိုဟန်၊ တကယ့်ကိုကံမကောင်းတာပဲ ....”

မြေပြင်ပေါ်တွင် ခေါင်းကို လက်နှစ်ဖက်ဖြင့်ကာထားသော လုယွီကျိုးက လက်ဖယ်ကြည့်သည်။

ဟန်မူယဲ့က ညင်သာစွာပြောလိုက်သည်။ “စိစစ်ရေးမှူးလု၊ တခြားနေရာမှာ သွားပြောကြရအောင်လား”

“သွားကြအောင်၊ မင်းတို့ကို နေရာတစ်ခုစီခေါ်သွားမယ်” လုချန်မဖြေနိုင်ခင် လုယွီကျိုးက မတ်တပ်ထရပ်ပြီး ပြောလိုက်သည်။ သူက ဖုန်ခါလိုက်ပြီး ခြေလှမ်းကျဲကြီးများနှင့် လျှောက်သွားသည်။

သူက သွက်လက်နေပြီး မြေပြင်ပေါ်တွင် သေချင်ယောင်ဆောင်နေသောပုံစံဖြင့် မတူပေ။

သူက သူတော်စင်တစ်ဝက်အဆင့်သို့ရောက်နိုင်သော ကွန်ဖြူးရှပ်တာအို၏ မဟာကျင့်ကြံသူကြီးတစ်ဦးဖြစ်သည်။ သူ့ကို အသေရိုက်သတ်လိုလျှင် ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ရုပ်ခန္ဓာကျင့်ကြံသူတစ်ဦးကို လိုအပ်လိမ့်မည်။

ဤလောကတွင် နတ်ဘုရားတစ်ပိုင်းအဆင့် ရုပ်ခန္ဓာကျင့်ကြံသူများ ရှိနေသလား မသိနိုင်ပေ။

လုယွီကျိုးက ရှေ့မှသွားနေပြီး လုချန်နှင့်ဟန်မူယဲ့က ပခုံးချင်းယှဉ်၍ လိုက်လာသည်။

သူတို့နောက်တွင် စုဟယ်နှင့် အံ့ဖွယ်နေမင်းသက်တော်စောင့်များက လျင်မြန်စွာလိုက်လာသည်။

“ညီအစ်ကိုဟန်က တကယ်ပဲ အနောက်ဘက်နယ်စပ်ကုန်းမြေကို စောင့်ကြပ်နေတာလား” လုချန်က ဟန်မူယဲ့ကိုလှည့်ကြည့်လိုက်ပြီး သိချင်စိတ်များနှင့်အတူ မေးသည်။

အနောက်ဘက်နယ်စပ်ကုန်းမြေ၏အစောင့်တစ်ယောက်တွင် ဆရာသခင်တစ်ယောက်၏စွမ်းအား မည်သို့ရှိနေသနည်း။

ဟန်မူယဲ့က ခေါင်းညိတ်လိုက်ပြီး ပြောသည်။ “တိုက်ဆိုင်တာလို့ပဲ ပြောပါတော့”

အမှန်တရားဖြစ်သည်။

အနက်ရောင်ဓားလေး၊ သမာဓိစွမ်းအားကို ကျင့်ကြံနိုင်သော လူသားလောကမန္တန်၊ အလယ်ပိုင်းကုန်းမြေတွင် စုစည်းခဲ့သော လူသားဆန္ဒစွမ်းအား ထိုအရာများအားလုံးသည် တိုက်ဆိုင်ခြင်းဖြစ်သည်။

ဟန်မူယဲ့က ထိုစွမ်းအားများကို ရည်ရွယ်ချက်ဖြင့် မရှာခဲ့ပေ။

လုချန်က ပါးစပ်ဖွင့်ထားသော်လည်း စကားမပြောနိုင်ခဲ့ပေ။

ကွန်ဖြူးရှပ်တာအိုကို လေ့ကျင့်ရာတွင် ခြေတစ်လှမ်းချင်းစီလှမ်းပြီး အမှတ်အသားထားရှိခဲ့ရသည်။ အဆုံးမရှိသော ကြိုးစားအားထုတ်မှုများ၏ အသီးအပွင့်ဖြစ်သည်။ တိုက်ဆိုင်ခြင်းဟူ၍ မရှိပေ။

“ကြည့်ပါ့လား။ လေ့လာနေရုံနဲ့ မလုံလောက်ဘူး။ အမြင်ကျယ်လာဖို့ ငါက မကြာခဏအပြင်ထွက်ပေးရတယ်”

ရှေ့တွင်လမ်းလျှောက်နေသောလုယွီကျိုးက စိတ်အားထက်သန်စွာပြောသည်။

“အဲ့ဒီလိုဆိုရင် နန်းမြို့တော်ကိုပြန်မလာဘဲ အပြင်ဘက်မှာ တစ်နှစ်ပတ်လုံး ပြည့်တန်ဆာအိမ်တွေကိုသွားနေတာက အမြင်ကျယ်စေတာလား”

“တစ်နေ့ကျရင် အမြင်ကျယ်အောင် သွားကြည့်အုံးမှပဲ” လုချန်က အေးစက်စွာနှာမှုတ်လိုက်ပြီး ပြောသည်။

လုယွီကျိုး၏ပခုံးများက တုန်ခါသွားပြီး တီးတိုးပြောသည်။ “အဲ့ဒီလို လုပ်လို့ရမဘူး။ မင်းက လုမိသားစုရဲ့ အကြီးဆုံးသားပဲ။ အဲ့ဒီလိုနေရာတွေကို ဘယ်လိုလုပ်ပြီးသွားနိုင်မှာလဲ”

ထိုစကားများကို ကြားလိုက်ရသောအခါ လုချန်၏မျက်လုံးထဲတွင် နွေးထွေးမှုအချို့ ဖြတ်ပြေးသွားသည်။

ထို့နောက် သူက လုယွီကျိုး၏ရေရွတ်သံကို ထပ်ကြားလိုက်ရသည်။ “ဒါနဲ့ ငါက အဲ့ဒီနေရာတွေကိုမရောက်တာ နှစ်တစ်ရာကျော်နေပြီ။ သင်္ဘောပေါ်မှာရှိတဲ့မိန်းကလေးက တစ်ယောက်ပြီးတစ်ယောက် ပြောင်းသွားလောက်ပြီပဲ။ အဲ့ဒါလည်း အဆင်ပြေပါတယ်။ ငါပြန်သွားရင် ....”

လုချန်၏မျက်လုံးထဲတွင် ဒေါသများဖြတ်ပြေးသွားသည်။

ဟန်မူယဲ့က ပတ်ဝန်းကျင်ကိုလှည့်ကြည့်သည်။

အရာအားလုံးသည် အသက်စွမ်းအင်မရှိဘဲ ခြောက်သွေ့နေသည်။

ထိုကြယ်များအားလုံးသည် သေဆုံးနေသည်။

‘မဟုတ်သေးဘူး’

ဟန်မူယဲ့၏မျက်လုံးများ တောက်ပသွားသည်။

“မင်းသတိထားမိသွားပြီလား။ မင်းရဲ့အသိစိတ်က တကယ်ထက်မြက်တာပဲ” လုယွီကျိုးက ခပ်ဟဟရယ်လိုက်သည်။ သူက ရှေ့သို့လှမ်းလိုက်ပြီး ဖျတ်ခနဲပျောက်ကွယ်သွားသည်။

သူတို့ရှေ့တွင် စိမ်းလန်းသောတောအုပ်တစ်ခု ရှိနေသည်။

တိတ်ဆိတ်စွာအသက်မဲ့နေသော ကြယ်များကြားတွင် အသက်စွမ်းအားပြည့်နေသော နေရာတစ်ခုရှိသည်။

လုချန်ကလည်း အံ့အားသင့်သွားပြီး လျင်မြန်စွာလိုက်သွားသည်။

ဟန်မူယဲ့က ပိုမိုလျင်မြန်သည်။ သူက တစ်ချက်လှုပ်ရှားလိုက်ပြီး တောအုပ်၏ရှေ့သို့ ရောက်လာသည်။

တောအုပ်တစ်ခုဟု ခေါ်သော်လည်း ဆယ်ပေမကျော်သော ဒါဇင်ချီနေသည့် ထင်းရှူးပင်အနည်းငယ်ပဲ ရှိသည်။ မြေပြင်ထက်တွင် ညှိုးနွမ်းနေသော မြက်ပင်များရှိသည်။

All Chapters