← Chapters

အခန်း (၃၈၉)

Vol. 28 Ch. 389

အခန်း (၃၈၉)

Vol. 28 Ch. 389

ဟန်မူယဲ့က ခေါင်းညိတ်လိုက်ပြီး အဆုံးမရှိသောကမ္ဘာကိုကြည့်သည်။

“အဲ့ဒါက ကျွန်တော့်ရဲ့ အနောက်ဘက်နယ်စပ်ကုန်းမြေဖြစ်လိမ့်မယ်”

သူက ကမ္ဘာ၏အနောက်ခြမ်းတွင်ရှိသော ကျယ်ပြန့်သည်ကုန်းမြေကို ညွှန်ပြသည်။

“ကျွန်တော်က အနောက်ဘက်နယ်စပ်ကုန်းမြေကို အရင်ပြန်လိုက်အုံးမယ်။ အလယ်ပိုင်းကုန်းမြေကိုရောက်လာတဲ့အခါမှာ ညီအစ်ကိုလုနဲ့အတူ သေရည်သောက်ပြီး တာအိုကိုဆွေးနွေးပါ့မယ်”

ထိုသို့ဖြင့် သူ့ခန္ဓာကိုယ်သည် အလင်းတန်းတစ်ခုအသွင်ပြောင်းသွားသည်။ သူ့နောက်ကျောတွင်ရှိသောတောင်ပံသည် လှုပ်ရှားလိုက်ပြီး ဖျတ်ခနဲပျောက်ကွယ်သွားသည်။

“ကောင်းပြီ။ ငါက သေရည်သောက်ရတာကိုကြိုက် ....”

“အင်းပေါ့။ သေရည်က ....”

လုယွီကျိုးနှင့်လုချန်က တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်သည်။

‘ညီအစ်ကိုလုက ဘယ်သူလဲ’

‘ရိုင်းလိုက်တာ’

“ကောင်းကင်အံ့ဖွယ်ကမ္ဘာကနေ သွမ်ကျိုးရှောင်နဲ့ ဓားဘုရင်ယွမ်ထျန်းတို့ထွက်သွားတဲ့အချိန်မှာ ဒီလိုလူမျိုးပေါ်လာလိမ့်မယ်လို့ ဘယ်သူကထင်ထားမှာလဲ”

“ကမ္ဘာတွေကြားထဲမှာ ကောင်းကင်အံ့ဖွယ်ကမ္ဘာက သဘာဝစွမ်းအင်တွေရဲ့နယ်မြေပဲ။ ကောင်းကင်တာအိုက တိုးတက်လာသင့်တယ်”

လုယွီကျိုးက တစ်ဖက်သို့လှည့်ပြီး သက်ပြင်းချသည်။

လုချန်က ခေါင်းညိတ်သည်။

ဟန်မူယဲ့သည် ရှားပါးသောလူမျိုးဖြစ်သည်။

“ငါ လုယွီကျိုးကလည်း အလုပ်ကြိုးစားခဲ့တယ်။ ဒါပေမဲ့ မင်းတို့တွေက ဘာဖြစ်လို့ အဲ့ဒီလိုပါရမီမျိုး မရှိရတာလဲ ....” လုယွီကျိုး၏စကားများကြောင့် လုချန်၏မျက်နှာက မည်းမှောင်သွားသည်။

“ဘုန်း!”

သူ့ရှေ့တွင် ကမ္ဘာသည် တုန်ခါသွားသည်။ လုယွီကျိုး၏ခြေထောက်အောက်တွင်ရှိသောကြယ်သည် မိုင်သန်းချီကျယ်ဝန်းသောကုန်းမြေအဖြစ် ပြောင်းလဲသွားပြီး ကမ္ဘာထဲသို့ ဝင်သွားသည်။

“အနောက်ဘက်နယ်စပ်ကုန်းမြေမှာ ဟန်မူယဲ့ရှိတယ်။ တောင်ပိုင်းရဲ့မိစ္ဆာတွေကို စိုးရိမ်စရာမလိုတော့ဘူး။ ငါက ကောင်းကင်အံ့ဖွယ်ကမ္ဘာရဲ့အရှေ့အရပ်ကို စောင့်ကြပ်မယ်”

လုယွီကျိုးက ကောင်းကင်ပေါ်တွင်ရပ်ပြီး အော်ပြောသည်။

“ကောင်းပြီညီအစ်ကိုလု။ ကျေးဇူးပြုပြီး အရှေ့ဘက်ကို တာဝန်ယူပေးပါ။ ဒီနေရာကို အရှေ့တောင်တန်းဒေသလို့ခေါ်မယ်”

ကောင်းကင်နှင့်မြေကြီးကြားတွင် အသံတစ်သံထွက်လာသည်။

ရွှေအလင်းတစ်ခုသည် ဧရာမချိပ်စည်းအဖြစ် ပြောင်းလဲသွားသည်။

အမတ်ချုပ်ကြီးဝမ်မော့ရှန်

အရှေ့တောင်တန်းဒေသ

လုယွီကျိုးက ဦးညွှတ်သည်။

ကောင်းကင်နှင့်မြေကြီးကြားတွင် ပုံရိပ်များပေါ်လာပြီး လက်သီးဆုပ်၍ လုယွီကျိုးကို နှုတ်ဆက်သည်။

“လူအိုကြီးလု၊ မင်းနားလည်သွားပြီလား”

“ဆရာအိုကြီးလုက အခုတော့ ဝမ်းသာနိုင်ပြီပေါ့”

“ညီအစ်ကိုယုကျိုး၊ မင်းက တကယ့်ကိုထူးချွန်တဲ့လူပဲ”

“ဒုကျောင်းအုပ်လု၊ ဘယ်တော့ပြန်လာမှာလဲ”

....

ကောင်းကင်နှင့်မြေကြီးသည် အရှေ့တောင်တန်းဒေသအဖြစ် ပြောင်းလဲသွားပြီး တုန်ခါနေသည်။

ထိုသို့ ကြီးမားသောဖြစ်ရပ်ကို ကောင်းကင်အံ့ဖွယ်ကမ္ဘာတစ်ခုလုံး အာရုံခံနိုင်သည်။

ချက်ချင်းဆိုသလိုပဲ လူတိုင်းက ဒေသအသစ်အကြောင်းကို ပြောနေကြသည်။

တော်ဝင်ကျောင်းတော်၏ လုယွီကျိုးသည် သူတော်စင်တစ်ဝက်အဆင့်ဖြစ်လာပြီး ကြယ်များကိုဖိနှိပ်၍ ကောင်းကင်အံ့ဖွယ်ကမ္ဘာတွင် ဒေသအသစ်တစ်ခု ပေါင်းထည့်ခဲ့သည်။

ထိုဒေသအသစ်တွင် မရေမတွက်နိုင်လောက်သောအခွင့်အရေးများဖြင့် ပြည့်နေသည်။

ကျန်းမင်၊ ခုန်းချောင်တိနှင့် တခြားလူများက လက်နှစ်ဖက်ကိုပွတ်သပ်ပြီး အရှေ့တောင်တန်းဒေသသို့ စီးပွားရေးချဲ့ထွင်ချင်နေသည်။

တစ်ဖက်တွင် ကျင်းကျားလင်းက ရတနာအမျိုးမျိုးကိုစုစည်းပြီး အရှေ့တောင်တန်းဒေသ၏ နံပတ်တစ်ကုန်သည်ဖြစ်လာရမည်ဟု ကျိန်ဆိုခဲ့သည်။

အပြင်ကမ္ဘာမှပြန်လာသောဟန်မူယဲ့က သူတို့ကို ပုံမှန်အတိုင်းသာတုံ့ပြန်ခဲ့သည်။

သို့သော် ခုန်းချောင်တိနှင့် ကျင်းမိသားစု၏ကုန်လှည်းတန်းများ ထွက်သွားသောအခါတွင် သူက စာအိတ်တစ်အိတ် ထုတ်ပေးခဲ့သည်။

စာအိတ်ထဲတွင် ဟန်မူယဲ့၏နာမည်ပဲ ရှိနေသည်။

သို့သော် ထိုနာမည်သည် လုံလောက်သည်။

“အင်မော်တယ်ဟန်က အရှေ့တောင်တန်းဒေသနဲ့ ဆက်သွယ်နိုင်မယ်လို့ ထင်မထားခဲ့ဘူး” ကျင်းကျားလင်း၏မျက်နှာတွင် ပျော်ရွှင်မှုများနှင့်ပြည့်နေသည်။

“ဒါနဲ့ အဆင့်တက်သွားတဲ့သူတော်စင်တစ်ဝက်အဆင့်က ခြေရှုပ်တယ်လို့ကြားတယ်။ အင်မော်တယ်ဟန်က သူနဲ့ပတ်သတ်နေတာများလား”

ကျင်းကျားလင်း၏မျက်လုံးသည် အတင်းအဖျင်းများဖြင့် တောက်ပနေသည်။

ဟန်မူယဲ့က ပြင်ပဘုံ၏အကြောင်းများကို မပြောခဲ့ပေ။ သူတို့ အရှေ့တောင်တန်းဒေသသို့ သွားသောအခါတွင် စပါးစိမ်းတောင်ကုန်းမှ ဝိညာဉ်ဆေးပင်သစ်စေ့များ ယူသွားရန် မှာလိုက်သည်။

အရှေ့တောင်တန်းဒေသတွင် သက်ရှိများနည်းပါးသောကြောင့် ဝိညာဉ်ဆေးပင်များပျိုးထောင်ပေးရန် နေရာကောင်းတစ်ခုဖြစ်နေသည်။

ဟန်မူယဲ့က အသေးစားကိစ္စရပ်များကို စီမံပြီးသောအခါတွင် တံခါးပိတ်ကျင့်ကြံခဲ့သည်။

ပြင်ပဘုံတိုက်ပွဲတွင် သူက အများအပြားဆုံးရှုံးပြီး အများအပြားပြန်ရခဲ့သည်။

ကောင်းကင်ကြိုးကြာတောင်ပံသည် ရှားပါးသောရတနာတစ်ခုဖြစ်ပြီး အာကာသထဲတွင် အလွန်လျင်မြန်စွာပျံသန်းနိုင်သည်။ သို့သော် သူ့ရုပ်ခန္ဓာသည် လုံလောက်အောင်မသန်မာသောကြောင့် အဆုံးစွန်အထိ အမြန်နှုန်းတိုးမြှင့်ရန် ခက်ခဲနေသည်။

သူက အနာဂတ်တွင် ရုပ်ခန္ဓာကျင့်ကြံခြင်းတိုးတက်လာရန် ကြိုးစားရမည်။

ဝိညာဉ်လိပ်ပြာဓား၊ ဓားဆန္ဒ၊ လူသားဆန္ဒစွမ်းအားနှင့် သမာဓိစွမ်းအားများသည် ဓားတစ်လက်အဖြစ် ပေါင်းစပ်သွားသည်။

ထိုဓားသည် အလွန်စွမ်းအားကြီးပြီး ဝိညာဉ်ကိုယ်ခွဲအဆင့်ကျင့်ကြံသူကို သတ်ဖြတ်နိုင်သည်။

သို့သော် ဆုံးရှုံးမှုကြီးမားသည်။

အနာဂတ်တွင် လုံလောက်သောအကျိုးအမြတ်များမရှိလျှင် ထိုဓားမျိုးကို ထပ်မသုံးရန် ဆုံးဖြတ်လိုက်သည်။

သူက ကြွယ်ဝမှုများကို မီးရှို့နေသည်ဟု ခံစားရသည်။

တစ်ခုခုပေးလိုက်လျှင် တစ်ခုခုပြန်ရသင့်သည်။

ဟန်မူယဲ့က မီးဓာတ်လိုက်ဖက်ညီမှုကို အမြင့်ဆုံးအဆင့်အထိရောက်သွားလိမ့်မည်ဟု ထင်မထားခဲ့ပေ။

မီးဓာတ်လိုက်ဖက်ညီမှုစွမ်းအားကြောင့် သူက မီးတောက်များထဲတွင် ရှင်သန်နိုင်ရုံတင်မကဘဲ ဆေးလုံးသန့်စင်သောအခါတွင် မီးဓာတ်ပြောင်းလဲမှုကို အာရုံခံနိုင်လိမ့်မည်။

မီးဓာတ်လိုက်ဖက်ညီမှုစွမ်းအားသည် အာခီမီကျင့်ကြံခြင်းအတွက် အလွန်အကျိုးရှိသည်။

ထို့အပြင် မီးဓာတ်လိုက်ဖက်ညီမှုစွမ်းအားကြောင့် မီးမျိုးဆက်ဓားနည်းစနစ်ကို အသုံးပြုပြီး မီးအမျိုးအစားကျင့်ကြံခြင်းနည်းစနစ်ကို လေ့ကျင့်လျှင် တစ်ဝက်အားထုတ်ပြီး နှစ်ဆပြန်ရလိမ့်မည်။

ယခုအချိန်တွင် သူက မီးလွင်ပြင်ဓားနည်းစနစ်ကို အသုံးပြုလိုက်လျှင် စွမ်းအင်ကုန်ဆုံးမှုနည်းပါးပြီး ဓားနည်းစနစ်၏စွမ်းအား ပိုကောင်းလာလိမ့်မည်။

ဟန်မူယဲ့က မီးဓာတ်လိုက်ဖက်ညီမှုစွမ်းအားအပြင် ကြယ်ဝိညာဉ်ပုလဲလုံးကိုလည်း ရခဲ့သည်။

သူက သေချာလေ့လာပြီးသောအခါတွင် ကြယ်ဝိညာဉ်ပုလဲလုံး၏အသုံးပြုပုံကို နားလည်လာခဲ့သည်။

စွမ်းအင်သိုလှောင်ခြင်းဖြစ်သည်။

ကြယ်ဝိညာဉ်ပုလဲလုံးသည် ကြယ်အသစ်ကို မွေးဖွားပေးနိုင်သည်။ ထို့ကြောင့် ကြယ်စွမ်းအားများကို သိုလှောင်ထားနိုင်သည်။

ကြယ်ဝိညာဉ်ပုလဲလုံးကို သန့်စင်ပြီးလျှင် စွမ်းအင်များ ဆက်တိုက်သိုလှောင်ထားနိုင်သည်။

ကြယ်ဝိညာဉ်ပုလဲလုံးထဲတွင် သိုလှောင်ထားသောစွမ်းအားများသည် လိုအပ်သောအချိန်တွင် ပေါ်ထွက်လာလိမ့်မည်။

ထိုအရာသည် ဟန်မူယဲ့၏ ချီပင်လယ်တွင်ရှိသောဓားဆန္ဒ၊ ဝိညာဉ်လိပ်ပြာဓားနှင့် တူညီသည်။

ဒန်ထျန်ထဲတွင် ထည့်သိမ်းထားလျှင် ကြယ်ဝိညာဉ်ပုလဲလုံးသည် အဆုံးမရှိသောစွမ်းအားများကို သိုလှောင်ထားနိုင်သည်။

ကြယ်ဝိညာဉ်ပုလဲလုံးသည် ခရီးသွားခြင်း၊ လုယက်ခြင်း၊ သတ်ဖြတ်ခြင်းတို့အတွက် ရတနာကောင်းတစ်ခုဖြစ်သည်။

သို့သော် သူက ကြယ်ဝိညာဉ်ပုလဲလုံးကို စွမ်းအင်သိုလှောင်ရန်အတွက် သိပ်စိတ်မဝင်စားပေ။ အနာဂတ်တွင် ပိုမိုကောင်းမွန်သောအရာကို ရနိုင်မည်လား သိချင်သည်။

ဟန်မူယဲ့သည် ဓားစံအိမ်၏တတိယထပ်တွင် လေးနက်သောမျက်နှာထားဖြင့် တင်ပျဉ်ခွေထိုင်နေသည်။ သူ့လက်ပေါ်တွင် ဓားရှည်တစ်လက်ရှိသည်။

သူက ဓားရိုးပေါ်သို့ ညင်သာစွာလက်တင်သည်။

ဓားသည် သုံးပေနှင့်သုံးလက်မရှည်လျားပြီး လေးလံသည်။ ဟန်မူယဲ့က ရေရွတ်လိုက်သည်။ “ဒါက အင်မော်တယ်ဝိညာဉ်ကမ္ဘာရဲ့ လက်နက်သန့်စင်ခြင်းအမွေအနှစ်လား။ သူတို့က ဘာဖြစ်လို့ အလေးချိန်စီးတဲ့ဓားတွေကို သဘောကျတာလဲ”

ဤဓားသည် ရှစ်ဟမ်တာအိုဂိုဏ်း၏ တောင်တန်းတာအိုဓားနှင့် တူညီသည်။ သို့သော် စွမ်းအားချင်းကွာခြားသည်။

တိမ်တိုက်လှေကားဟုအမည်ရသော အလယ်အလတ်အဆင့်ဓမ္မရတနာဓားသည် ပေါင်းသုံးထောင်လေးသည်။ ဓားကိုယ်ထည်တစ်ခုလုံးကို တိမ်တိုက်မျောလွင့်ရွှေဖြင့် ပြုလုပ်ထားပြီး မရေမတွက်နိုင်လောက်သော ဝိညာဉ်အင်းကွက်များ ထွင်းထုထားသည်။

“ကောင်းကင်ဘုံလှေကားလား” ဟန်မူယဲ့က ညင်သာစွာပြောသည်။ သူက ဓားရိုးကို တင်းကျပ်စွာဆုပ်ကိုင်ပြီး ဓားချီများထည့်သွင်းလိုက်သည်။

“ဝီ!”

ဓားသည် ခုခံရန်ကြိုးစားနေသကဲ့သို့ တုန်ခါလာသည်။

ဟန်မူယဲ့က ခပ်ဟဟရယ်သည်။

အင်မော်တယ်ဝိညာဉ်ကမ္ဘာမှ ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်ကျင့်ကြံသူ၏ အစစ်အမှန်ခန္ဓာကိုယ်သည် သေဆုံးမသွားသေးပေ။ ဤဓားတွင် ပိုင်ရှင်ရှိနေဆဲဖြစ်သည်။

သို့သော် ဓားတွင် ပိုင်ရှင်ရှိနေလျှင်တောင် သူက ပိုင်ရှင်မဲ့ဖြစ်သွားအောင် လုပ်နိုင်သည်။

ဓားဆန္ဒတစ်ခုသည် ဓားထဲသို့ တိုးဝင်သွားသည်။ ဓားရှည်သည် ပျက်စီးသွားတော့မည့်အတိုင်း တုန်ခါလာသည်။

အစိမ်းပုပ်ရောင်ဝတ်စုံနှင့်လူတစ်ယောက်သည် ဟန်မူယဲ့၏စိတ်နယ်ပယ်ထဲသို့ ရောက်လာသည်။

သူမက အစိမ်းရောင်ဝတ်စုံကိုဝတ်ဆင်ပြီး ဆံပင်ကို ညင်သာစွာထုံးထားသည်။ ဓားဝိညာဉ်သည် အမျိုးသမီးကျင့်ကြံသူတစ်ယောက်နှင့်တူသည်။

သူမက မည်သို့တိုက်ခိုက်ရမည်ကို နားလည်သည်။

ဓားဝိညာဉ်သည် စိတ်နယ်ပယ်ထဲသို့ရောက်လာပြီး ခပ်အုပ်အုပ်အော်ဟစ်သည်။ သူမ၏တစ်ကိုယ်လုံးက ဓားအလင်းတစ်ခုအဖြစ်ပြောင်းသွားပြီး နေရာအနှံ့ကို ခုတ်ပိုင်းသည်။

ကံမကောင်းစွာဖြင့် ပေါ်ထွက်လာသောဓားအလင်းများသည် ရပ်တန့်သွားခဲ့သည်။

ဟန်မူယဲ့၏စိတ်နယ်ပယ်ထဲတွင် သမာဓိစွမ်းအားများသည် အလွန်သိပ်သည်းသောကြောင့် အကောင်အထည်ပေါ်လုနီးပါးဖြစ်နေသည်။

ဝိညာဉ်ကိုယ်ခွဲအဆင့်မူလဝိညာဉ်ကတောင် အံ့အားသင့်သွားလိမ့်မည်။ ဤဓားဝိညာဉ်သည် အရေးမပါပေ။

“ကောင်မလေး၊ ငါ့ရှေ့မှာ ဓားနဲ့ကစားရဲတယ်ပေါ့” ဟန်မူယဲ့၏ဝိညာဉ်က ဝင်ရောက်လာပြီး ခပ်ဟဟရယ်သည်။

အမျိုးသမီးကျင့်ကြံသူ မလှုပ်ရှားခင်မှာ ရွှေရောင်ဓားအလင်းများက သူမ၏ခန္ဓာကိုယ်ကို ကြမ်းတမ်းစွာထိုးဖောက်သွားသည်။

“မင်းကို အသိစိတ်ဝင်လာအောင် စကားပြောပေးရမှာပေါ့”

“အရင်ဆုံး ကွန်ဖြူးရှပ်တာအိုရဲ့အနှစ်သာရအကြောင်းကို ပြောကြမလား”

ရွှေရောင်သမာဓိစွမ်းအားများသည် ဓားဝိညာဉ်ပေါ်သို့ တစ်လှိုင်းပြီးတစ်လှိုင်း ကျရောက်သွားသောကြောင့် ဓားဝိညာဉ်၏မျက်နှာထားက ရှုပ်ထွေးလာသည်။

သမာဓိစွမ်းအားသည် ဝိညာဉ်ကို ဖိနှိပ်နိုင်သည်။

အကြိမ်တစ်ထောင်ပြည့်သွားသောအခါတွင် ဓားဝိညာဉ်၏ခန္ဓာကိုယ်က တုန်ခါသွားပြီး ပန်းရောင်ဝတ်စုံနှင့်အစေခံမိန်းကလေးတစ်ယောက် ဖြစ်သွားသည်။

“နှုတ်ဆက်ပါတယ်သခင်လေး”

ဟန်မူယဲ့က စိတ်ကျေနပ်စွာခေါင်းညိတ်လိုက်ပြီး ဓားဝိညာဉ်ကို ဓားထဲသို့ ပြန်ပို့သည်။

“ဘုန်း!”

တက်ကြွသောဓားစွမ်းအားသည် ရေလှိုင်းများနှင့်တူသည်။

ဟန်မူယဲ့၏အပြုံးက ပိုမိုထင်ရှားလာသည်။

ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်ကျင့်ကြံသူ၏ဓားသည် သူ့အတွက် စားသောက်ပွဲကြီးတစ်ခုဖြစ်သည်။

သူ့ချီပင်လယ်ထဲတွင်ရှိသောဓားအလင်းသည် တောက်ပလာပြီး တိုက်ပွဲအတွက် အသင့်ပြင်ထားပုံပေါ်သည်။ သူက ဓားဆန္ဒများကိုစုပ်ယူပြီး ကောင်းကင်ကိုထောက်ပံ့နိုင်သော ဧရာမဓားတစ်လက်အဖြစ် စုစည်းလိုက်သည်။

ကျင့်ကြံသူကြီး၏ဓားဆန္ဒသည် သိပ်သည်းပြီး ဓားမာန်ဟုန်မှတစ်ဆင့် ဖြစ်ပေါ်လာသည်။

ယခု ဟန်မူယဲ့က အကျိုးအမြတ်ရသွားသည်။

ဟန်မူယဲ့၏စိတ်ထဲတွင် ပုံရိပ်များပေါ်လာသည်။

သူက အင်မော်တယ်ဝိညာဉ်ကမ္ဘာမှ အလင်းတိမ်တိုက်ဓားဂိုဏ်း၏ တိမ်တိုက်ပွေ့ဖက်ခြင်းဓားနည်းစနစ်ကို တတ်မြောက်သွားသည်။

သူက အင်မော်တယ်ဝိညာဉ်ကမ္ဘာမှ အလင်းတိမ်တိုက်ဓားဂိုဏ်း၏ တိမ်တိုက်လှိုင်းဓားနည်းစနစ်ကို တတ်မြောက်သွားသည်။

သူက အင်မော်တယ်ဝိညာဉ်ကမ္ဘာမှ အလင်းတိမ်တိုက်ဓားဂိုဏ်း၏ တိမ်တိုက်ပင်လယ်ဓားနည်းစနစ်ကို တတ်မြောက်သွားသည်။

....

ဒါဇင်ချီနေသောဓားနည်းစနစ်များကို နားလည်ခဲ့ပြီး အင်မော်တယ်နှင့်ဗုဒ္ဓများရှိနေသောကမ္ဘာကို မြင်ခဲ့သည်။

အင်မော်တယ်ဝိညာဉ်ကမ္ဘာ

သူက တောင်တန်းတာအိုဓား၏ မြင်ကွင်းများအပြင် အင်မော်တယ်ဝိညာဉ်ကမ္ဘာ၏မြင်ကွင်းကို ပြန်မြင်လိုက်ရသည်။

“ဘုန်း!”

All Chapters