← Chapters

အခန်း (၃၉၀)

Vol. 28 Ch. 390

အခန်း (၃၉၀)

Vol. 28 Ch. 390

အင်မော်တယ်စွမ်းအင်များလှုပ်ရှားနေပြီး တိမ်တိုက်များစုစည်း၍ ပြန့်ကျဲသွားသည်။ ကောင်းကင်ပေါ်သို့ အလင်းတန်းများထိုးတက်လာသည်။

အင်မော်တယ်ဝိညာဉ်ကမ္ဘာသည် ထိတ်လန့်ဖွယ်ကောင်းနေဆဲဖြစ်သည်။

မရေမတွက်နိုင်သောဓားကျင့်ကြံသူများက ဓားကိုသယ်၍ လမ်းလျှောက်နေကြသည်။ သူတို့၏ဓားအလင်းများသည် ကောင်းကင်ကို ဖုံးလွှမ်းထားသည်။

ထိုအရာသည် ကမ္ဘာတစ်ခုကိုသိမ်းပိုက်နေသော အင်မော်တယ်ဝိညာဉ်ကမ္ဘာမှ စစ်တပ်၏မြင်ကွင်းဖြစ်သည်။

“စန်းယွမ်ကမ္ဘာရဲ့ မော့ရှန့်ဟွားက အင်မော်တယ်ဝိညာဉ်ကမ္ဘာကို ဆက်တိုက်ရန်စနေခဲ့တယ်။ စန်းယွမ်ကမ္ဘာကိုဖိနှိပ်ဖို့အတွက် စစ်သည်တစ်သန်းပါတဲ့စစ်တပ်ကို စေလွှတ်လိုက်တယ်”

ပုံရိပ်ထဲတွင် မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သောအသံကို ကြားရသည်။

‘မော့ရှန့်ဟွားတဲ့လား’

‘လွန်ခဲ့တဲ့နှစ်သုံးထောင်က ဓားစံအိမ်ရဲ့အစောင့်အရှောက်တစ်ဦးလား’

ဟန်မူယဲ့၏မျက်လုံးများ တောက်ပသွားသည်။

သူ့ကိုဖိနှိပ်ရန်အတွက် အင်မော်တယ်ဝိညာဉ်ကမ္ဘာက စစ်သည်တစ်သန်းပို့ခဲ့ရသည်။ ဓားစံအိမ်၏ထိုအကြီးအကဲက အလွန်အားကောင်းသည်။

စစ်တပ်နှင့် မရေမတွက်နိုင်သောဓားကျင့်ကြံသူများ တိုက်ခိုက်နေကြသည်။

စိမ်းလန်းသောကမ္ဘာတစ်ခုတွင် မီးတောက်များထုတ်ပေးနေသောဓားရှည်ကို ကိုင်ဆောင်ထားသည့်ဓားကျင့်ကြံသူက ဓားတစ်ချက်ဖြင့် မရေမတွက်နိုင်လောက်သောကျင့်ကြံသူများကို သတ်ဖြတ်နေသည်။

“သေစမ်း၊ ငါက မင်းတို့သူတော်စင်ရဲ့တင်ပါးကို နည်းနည်းလောက်ထိခဲ့ရုံပဲ။ မင်းတို့မိသားစုထဲကိုဝင်လာအောင်လို့ ငါ့ကိုလိုက်ဖမ်းနေတာလား”

ကျိန်ဆဲနေသောဓားကျင့်ကြံသူက ဓားကိုဝှေ့ယမ်းပြီး လှည့်ထွက်ရန်ပြင်လိုက်သည်။

အဝေးတစ်နေရာတွင် ပိုမိုများပြားသောကျင့်ကြံသူများ တိုးဝင်လာသည်။

ဟန်မူယဲ့က ကမ္ဘာများ၏စစ်ပွဲကိုကြည့်၍ သွေးများဆူပွက်လာသည်။

မော့ရှန့်ဟွားက ပေါ့ပျက်ပျက်နိုင်ပုံပေါ်သော်လည်း မကောင်းဆိုးဝါးဆန်သည့်တိုက်ခိုက်နိုင်စွမ်းကို ပိုင်ဆိုင်ထားသည်။

သူ့ရှေ့တွင် ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်ကျင့်ကြံသူက တစ်ယောက်တည်းဓားမထုတ်ရဲပေ။

ထိုတိုက်ပွဲသည် နှစ်ပေါင်းဆယ်ချီကြာမြင့်ခဲ့သော်လည်း မော့ရှန့်ဟွားကို မထိခိုက်စေခဲ့ပေ။

ထိုတိုက်ပွဲမျိုးသည် နှစ်တစ်ရာ၊ နှစ်တစ်ထောင်အထိ ကြာမြင့်နိုင်သည်။ နှစ်တစ်သောင်းကြာသွားလျှင်တောင် ပုံမှန်ပင်ဖြစ်သည်။

တိမ်တိုက်လှေကားဓား၏ပိုင်ရှင်ဖြစ်သော ချင်းယွင်ဓားဂိုဏ်း၏အကြီးအကဲဖြစ်သူ ဟော်ရှန်လင်းသည် စစ်တပ်ခေါင်းဆောင်ဖြစ်သည်။ သူ့တရားဝင်သားက အကျိုးပြုမှုအချို့ ရချင်သောကြောင့် စစ်တပ်တွင် လိုက်ပါလာခဲ့သည်။

နောက်ပိုင်းတွင် ဟော်ယုယန်က တိမ်တိုက်ကောင်းကင်ကမ္ဘာသို့ အထောက်အပံ့များလာယူခဲ့ပြီး လုချန်၏အကြောင်းကို ကြားသွားသည်။

သူက လုချန်ကိုသတ်ဖြတ်ပြီး ကောင်းကင်အံ့ဖွယ်ကမ္ဘာကို တိုက်ခိုက်ချင်ခဲ့သည်။

အင်မော်တယ်ဝိညာဉ်ကမ္ဘာတွင် ကောင်းကင်အံ့ဖွယ်ကမ္ဘာနှင့်ပတ်သတ်သော ကောလဟာလများရှိသည်။

အင်မော်တယ်ဝိညာဉ်ကမ္ဘာမှ ကျင့်ကြံသူများ၏အမြင်တွင် ကောင်းကင်အံ့ဖွယ်ကမ္ဘာသည် တိုက်ခိုက်နိုင်စွမ်းနိမ့်သော အလွန်ကြွယ်ဝသည့်ကမ္ဘာတစ်ခုဖြစ်သည်။

သို့သော် ကောင်းကင်အံ့ဖွယ်ကမ္ဘာကို ကွန်ဖြူးရှပ်တာအိုသူတော်စင်က ဖိနှိပ်ထားသည်။ ကောင်းကင်နှင့်မြေကြီး၏စွမ်းအားကိုအသုံးပြုနိုင်သော ကွန်ဖြူးရှပ်တာအိုသည် ရင်ဆိုင်ရန်မလွယ်ပေ။

ထို့အပြင် ကောင်းကင်အံ့ဖွယ်ကမ္ဘာကို မဟာနတ်ဘုရားစွမ်းအားတစ်ခုက လွှမ်းခြုံထားသောကြောင့် ရှာဖွေရန်ခက်ခဲသည်။

ဟော်ယုယန်က လုချန်ကိုသတ်ဖြတ်ရန် ကြိုးစားခဲ့ပြီး အသက်ဆုံးရှုံးသွားလိမ့်မည်ဟု ထင်မထားခဲ့ပေ။ ထို့ကြောင့် ဟော်ရှန်လင်း၏ကိုယ်ပွား ပေါ်လာခဲ့သည်။ သို့သော် အဆုံးတွင် ထိုကိုယ်ပွားက ဖိနှိပ်ခံလိုက်ရသည်။

ထိုဖြစ်ရပ်တွင် ပါဝင်ပတ်သတ်နေသောကံကြမ္မာသည် အလွန်အံ့အားသင့်ဖွယ်ကောင်းသည်။

ဟန်မူယဲ့က မော့ရှန့်ဟွားကို မကူညီနိုင်ပေ။

သူက ထိုတိုက်ပွဲအတွင်းသို့ဝင်ရောက်သွားလျှင် ဝန်ထုပ်ဝန်ပိုးတစ်ခုပဲ ဖြစ်လာလိမ့်မည်။

ဟန်မူယဲ့က ဓားကို ဆေးကြောလိုက်သည်။ ဓားဆန္ဒပျောက်ကွယ်သွားသောအခါတွင် ဓားသည် တစ်ပေခန့်ရှည်သော ဓားတစ်လက်ဖြစ်သွားခဲ့သည်။

အစေခံမိန်းကလေးယွင်တိက ဟန်မူယဲ့၏နောက်တွင် ရပ်နေသည်။

သူက ဓားကိုင်ထားပြီး ဓားစံအိမ်ထဲမှ ထွက်သွားသည်။

လျှိုဟုန်က ဟန်မူယဲ့၏နောက်တွင်ရှိသော ယွင်တိကို မြင်လိုက်ရသောအခါ အနည်းငယ်အံ့အားသင့်သွားသည်။

ဟန်မူယဲ့က ဓားစံအိမ်ထဲမှထွက်သွားသောအခါတွင် လျှိုဟုန်က ခေါင်းခါလိုက်ပြီး တီးတိုးပြောသည်။ “ဂိုဏ်းတူအစ်ကိုဟန်က ဘယ်လိုအပျော်ရှာရမလဲ တကယ်သိတာပဲ”

ဟန်မူယဲ့က အပြင်စည်းဂိုဏ်း၏ ဧည့်သည့်ခြံဝိုင်းသို့ ရောက်သွားသောအခါတွင် ခြောက်ယောက်မြောက်မရီးလုချန်းဖျင်က ဟွမ်ကျစ်ဟူနှင့် လက်ရေးလှလေ့ကျင့်နေခဲ့သည်။

လုချန်းဖျင်က ဟန်မူယဲ့၏နောက်တွင်ရှိသော ယွင်တိကို မြင်လိုက်ရသောအခါတွင် စိတ်ရှုပ်ထွေးသွားသည်။

“သူမရဲ့နာမည်က ယွင်တိပါ။ သူမက ဒီဓားရဲ့ ဓားဝိညာဉ်ပဲ”

ဟန်မူယဲ့က ဓားလေးကို ဟွမ်ကျစ်ဟူ၏ရှေ့တွင် ချပေးလိုက်ပြီး ပြောသည်။ “ဒီနေ့ကစပြီး သူမက ကျစ်ဟူနောက်လိုက်လိမ့်မယ်”

‘ဓားဝိညာဉ်’

လုချန်းဖျင်က မျက်လုံးပြူးသွားသည်။

‘လူအသွင်ပြောင်းနိုင်တဲ့ဓားဝိညာဉ်ဆိုတော့ ဓမ္မရတနာမဟုတ်ဘူးလား’

‘အနောက်ဘက်နယ်စပ်ကုန်းမြေမှာ အဲ့ဒီလိုရတနာမျိုး သိပ်မရှိဘူးလေ’

“ဂိုဏ်းတူအစ်ကိုဟန်၊ ဒါက အရမ်းအဖိုးတန်တယ် ....” လုချန်းဖျင်က လျင်မြန်စွာပြောသည်။

ဟန်မူယဲ့က ခေါင်းခါသည်။ “မရီးခြောက်၊ ကျစ်ဟူက ငါ့ကို မွေးစားအဖေလို့ခေါ်တယ်။ ငါက သူမအတွက် ပစ္စည်းကောင်းတွေပေးရမှာပေါ့”

ထိုသို့ဖြင့် သူက ယွင်တိကိုကြည့်လိုက်ပြီး ဟွမ်ကျစ်ဟူကိုညွှန်ပြသည်။ “ဒီကနေ့စပြီး သူမက မင်းရဲ့သခင်ဖြစ်လာလိမ့်မယ်။ မင်းက သူမကိုကာကွယ်ပြီး သူမရဲ့ကျင့်ကြံခြင်းကို စောင့်ကြည့်ရမယ်”

ဟန်မူယဲ့၏စကားကို ကြားလိုက်ရသောအခါတွင် ယွင်တိက ဦးညွှတ်လိုက်ပြီး ဟွမ်ကျစ်ဟူ၏နောက်တွင် ရပ်လိုက်သည်။

ဟွမ်ကျစ်ဟူ၏အပြုံးက ပျောက်ဆုံးသွားသည်။

သူမက ကစားဖော်ရှာတွေ့ပြီဟု ထင်ထားသော်လည်း သူမ၏ကျင့်ကြံခြင်းကို စောင့်ကြည့်မည့်လူဖြစ်နေသည်။

ဟွမ်ကျစ်ဟူ၏မျက်နှာထားကိုကြည့်လိုက်ပြီး ဟန်မူယဲ့က ခပ်ဟဟရယ်လျက် ပြောသည်။ “မင်းက ကောင်းကောင်းလေ့လာပြီး ကျင့်ကြံမယ်ဆိုရင် ကစားဖို့ တောင်အောက်ကိုခေါ်သွားမယ်”

‘ကစားဖို့ တောင်အောက်ကိုခေါ်သွားမယ်!’

ဟွမ်ကျစ်ဟူက လျင်မြန်စွာခေါင်းညိတ်ပြီး စိတ်လှုပ်ရှားစွာပြောသည်။ “မွေးစားအဖေ၊ သမီးတို့ ဘယ်တော့သွားမှာလဲ”

“၂နှစ်နေရင်ပေါ့” ဟန်မူယဲ့က ပြောသည်။

၂နှစ် ....

ဟွမ်ကျစ်ဟူက လေလျော့သွားသောဘောလုံးတစ်လုံးကဲ့သို့ ဖြစ်နေသည်။ သူမက စားပွဲခုံပေါ်သို့ မှောက်ချလိုက်ပြီး နှုတ်ခမ်းဆူသည်။ “အမေ၊ သမီးဗိုက်ဆာတယ်”

လုချန်းဖျင်က ပြုံးလိုက်ပြီး အသီးတစ်လုံးပေးသည်။

ဟန်မူယဲ့က ခြံဝိုင်းထဲမှထွက်လာသောအခါတွင် မူဝမ်ကို မြင်လိုက်ရသည်။

သူတို့နှစ်ယောက်က နားလည်မှုရှိစွာဖြင့် တောင်ပတ်လမ်းအတိုင်း လျှောက်သွားလိုက်သည်။

သူတို့က အချိန်အတော်ကြာအောင် လမ်းလျှောက်ခဲ့သော်လည်း စကားမပြောမိပေ။

“ညီမမူ ....”

ဟန်မူယဲ့က စကားပြောတော့မည့်အချိန်တွင် မူဝမ်က တီးတိုးပြောသည်။ “အစ်ကိုဟန်၊ ကျွန်မက ဒီကနေ ထွက်သွားတော့မယ်”

ဟန်မူယဲ့က သူမကို လှည့်ကြည့်သည်။

မူဝမ်က ခေါင်းငုံ့ထားပြီး ညင်သာစွာပြောသည်။ “အစ်ကိုဟန်ရဲ့ဆေးလုံးကြောင့် ကျွန်မရဲ့ အပင်နဲ့လိုက်ဖက်ညီမှုစွမ်းအားက အဆပေါင်းများစွာတိုးတက်လာတယ်”

“အနာဂတ်မှာ ကျွန်မက အာခီမီနဲ့ပတ်သတ်ပြီး အဆင့်တက်နိုင်လိမ့်မယ်”

မဂ္ဂနိုလီယာသစ်သီးနှင့် သန့်စင်ထားသောဆေးလုံးများသည် သူမ၏ သစ်သားဓာတ်လိုက်ဖက်ညီမှုကို အဆုံးစွန်အထိရောက်ရန် ကူညီပေးနိုင်သည်။

မူဝမ်အတွက် ဝန်ထုပ်ဝန်ပိုးဖြစ်မည်ကို စိုးရိမ်သောကြောင့် ဟန်မူယဲ့က ပြောမပြခဲ့ပေ။

မူဝမ်က တောက်ပသောမျက်လုံးများနှင့် မော့ကြည့်သည်။

“အစ်ကိုဟန်၊ မိသားစုခေါင်းဆောင်နဲ့ အဘွားက သူတို့နဲ့အတူ အာခီမီပညာရပ်ကိုလေ့ကျင့်ဖို့ ကျွန်မကို ပြောထားတယ်”

“ကျွန်မကို သူတို့နဲ့အတူ အလယ်ပိုင်းကုန်းမြေဆီ ခေါ်သွားမယ်တဲ့”

အာခီမီညီလာခံကို အလယ်ပိုင်းကုန်းမြေတွင် နှစ်သုံးရာလျှင်တစ်ကြိမ် ကျင်းပသည်။

မူမိသားစုခေါင်းဆောင်သည် ယခင်တစ်ခေါက် အာခီမီညီလာခံသို့ရောက်ခဲ့ပြီး ပါဝင်ခွင့်ရထားသည်။

ထိုပွဲသည် ကောင်းကင်အံ့ဖွယ်ကမ္ဘာ၏ အခမ်းနားဆုံး အာခီမီစုဝေးပွဲဖြစ်သည်။ ထိုနေရာတွင် မရေမတွက်နိုင်လောက်သော အာခီမီကျွမ်းကျင်သူများရှိနေသည်။

ဟန်မူယဲ့က ထိုကိစ္စနှင့်ပတ်သတ်ပြီး အသေးစိတ်နားလည်ထားသည်။

မူမိသားစုခေါင်းဆောင်က အကောင်းဆုံးကြိုးစားပြီး ဟန်မူယဲ့ကို ဖိတ်ခေါ်ခဲ့သည်။ ဟန်မူယဲ့ကလည်း သဘောတူခဲ့သည်။

“ကောင်းပြီ။ ကောင်းကောင်းလေ့ကျင့်ပါ။ အလယ်ပိုင်းကုန်းမြေကို အတူတူသွားကြတာပေါ့” ဟန်မူယဲ့က ခေါင်းညိတ်သည်။

မူဝမ်က ပျော်ရွှင်နေသောမျက်လုံးများဖြင့် ပြုံးသည်။

တခြားအကြောင်းအရာကြောင့်လား သို့မဟုတ် ဟန်မူယဲ့နှင့်အတူ ခရီးသွားနိုင်သည့်အတွက်လား မသိနိုင်ပေ။

“အစ်ကိုဟန်၊ ဒါက ကျွန်မသန့်စင်ထားတဲ့ဆေးလုံးပါ။ အစ်ကိုဟန်က ဝိညာဉ်ကျောက်တုံးနဲ့ဆေးလုံးတွေ မလိုအပ်ဘူးဆိုတာကို ကျွန်မသိပါတယ်။ ဒါပေမဲ့ တခြားပေးစရာလည်းမရှိဘူး”

မူဝမ်က ဟန်မူယဲ့ကို ဆေးလုံးအိတ်တစ်အိတ်ပေးလိုက်ပြီး ခေါင်းငုံ့လျက် ထွက်သွားသည်။

ဟန်မူယဲ့က သူမ၏နောက်ကျောကိုကြည့်လိုက်ပြီး ညင်သာစွာသက်ပြင်းချသည်။

သူက တစ်ခုခုကို လိုချင်နေတာမျိုးမဟုတ်ပေ။

သို့သော် မူဝမ်က မူမိသားစုသို့ပြန်သွားပြီး အာခီမီပညာရပ်ကို ကျင့်ကြံမည်ဖြစ်သောကြောင့် ကောင်းမွန်သည့်ကိစ္စတစ်ခုဖြစ်သည်။

အနောက်ဘက်နယ်စပ်ကုန်းမြေတွင် မူမိသားစုခေါင်းဆောင်နှင့် နတ်မိမယ်ပီအိုနေးတို့၏ အာခီမီကျွမ်းကျင်မှုသည် ထိပ်တန်းအဆင့်တွင်ရှိသည်။

မူဝမ်၏ သစ်သားဓာတ်လိုက်ဖက်ညီမှုသည် အမြင့်ဆုံးအဆင့်တွင်ရှိနေသောကြောင့် အာခီမီပညာရပ်တွင် ခုန်ပေါက်တိုးတက်လာလိမ့်မည်။

အလယ်ပိုင်းကုန်းမြေ၏ အာခီမီစုဝေးပွဲတွင် သူမက သေချာပေါက် တောက်ပနိုင်လိမ့်မည်။

မူဝမ်၏အကျင့်စရိုက်နှင့်ဆိုလျှင် အာခီမီပညာရှင်နှင့်ကျင့်ကြံသူ ဖြစ်နိုင်သည်။

ဟန်မူယဲ့၏မျက်လုံးထဲတွင် ပြတ်သားမှုများဖြင့်ပြည့်နေသည်။

ဤအရာသည် ကျင့်ကြံခြင်းလောကဖြစ်သည်။

သတ်ဖြတ်မှုကိုမရပ်တန့်နိုင်သော သူ့လိုကျင့်ကြံသူများရှိနေသလို လက်တွင်သွေးမစွန်းသော မူဝမ်လိုကျင့်ကြံသူမျိုးလည်း ရှိနေသည်။

စိတ်ကြိုက်ကျင့်ကြံနိုင်ခြင်းသည် ကျင့်ကြံခြင်းလောက၏ အစစ်အမှန်တောက်ပမှုဖြစ်သည်။

ဟန်မူယဲ့က ဓားစံအိမ်သို့ပြန်သွားသည်။ အလယ်ပိုင်းကုန်းမြေမှပြန်လာသောခုန်းချောင်တိက ဓားစံအိမ်ရှေ့တွင် စောင့်နေသည်။

“သခင်လေးအတွက် မဟာဆရာတုန်းဖန်က စာတစ်စောင်ပေးလိုက်ပါတယ်”

တုန်းဖန်ရှု

သမင်ဖြူတောင်တန်းကျောင်းတော်သည် တိုးတက်နေသည်။ ဆရာတစ်ရာခန့်နှင့် ကျောင်းသားတစ်ထောင်ကျော်သည် သမင်ဖြူတောင်တန်းကျောင်းတော်တွင် စာသင်ကြားနေကြသည်။

၂နှစ်အတွင်း၌ ထိုသို့ဖြစ်လာခဲ့သည်။ ဆယ်နှစ်၊ အနှစ်၂၀ကြာလျှင် သမင်ဖြူတောင်တန်းကျောင်းတော်သည် ကွန်ဖြူးရှပ်တာအို၏ တော်ဝင်နယ်မြေတစ်ခု ဖြစ်လာလိမ့်မည်။

တုန်းဖန်ရှုက စာအချို့ပို့ခဲ့သည်။ တစ်ခါတလေတွင် သူက ကျောင်းတော်၏အခြေအနေကို သတင်းပို့ပြီး တစ်ခါတလေတွင် ကျောင်းတော်တည်ဆောက်မှုနှင့်ပတ်သတ်၍ သတင်းပို့သည်။

ဟန်မူယဲ့က ကိုယ်ပိုင်အတွေးများအတိုင်း စာပြန်ခဲ့သည်။

လက်ရှိအချိန်တွင် သမင်ဖြူတောင်တန်းကျောင်းတော်၌ စာသင်ကြားနေသော ဆရာနှင့်ကျောင်းသားများအားလုံးသည် ဓားသယ်ထားသည်။

ကျောင်းသားများသည် စာပေနှင့် ဓားပညာရပ်တင်မကဘဲ တိုက်ခိုက်ရေးနည်းစနစ်နှင့် စစ်ပွဲနည်းဗျူဟာများကိုပါ သင်ကြားရသည်။ သမင်ဖြူတောင်ခြေတွင် ဝိညာဉ်ဆေးပင်များစိုက်ပျိုးထားသော ဆေးခင်းများရှိသည်။

စာဖတ်ခြင်း၊ ကဗျာရွတ်ခြင်း၊ ဓားပညာရပ်

ထိုယဉ်ကျေးမှု ပျံ့နှံ့သွားသောအခါ အလယ်ပိုင်းကုန်းမြေတွင် ဓားကိုင်ထားသောကျောင်းတော်သားများကို မြင်နိုင်လိမ့်မည်။

သို့သော် အလယ်ပိုင်းကုန်းမြေ၏ ရိုးရာကျောင်းတော်သားများသည် ထိုအပြုအမူကို အထင်သေးပြီး အပြစ်တင်မှုများရှိနေသည်။

စာအိတ်ကို ဖွင့်လိုက်သောအခါ အရှေ့တောင်တန်းဒေသတွင် လုပ်စရာအများအပြားရှိပြီး လူများရွှေ့ပြောင်းရန်လိုအပ်နေသည်ဟု တုန်းဖန်ရှုက ပြောထားသည်။ ဂိုဏ်းအများအပြားသည် ပြောင်းရွှေ့ချင်ကြသည်။

All Chapters