အခန်း (၃၉၂)
Vol. 28 Ch. 392
ကျောင်းတော်သားများသည် ဓားတစ်လက်သယ်ထားပြီး ကဗျာနှင့်ဓားကို ကျင့်ကြံကြသည်။ နောက်ဆုံးတွင် ထိုလမ်းစဉ်သည် လောက၏ ကွန်ဖြူးရှပ်တာအိုအမွေအနှစ်တစ်ခု ဖြစ်လာသည်။
သမင်ဖြူတောင်တန်းပေါ်တွင် မရေမတွက်နိုင်လောက်သောလူများသည် ကျောင်းအုပ်ပြန်လာမည့်အချိန်ကို စောင့်နေသည်။
ဆရာသခင်ဟန်မူယဲ့ပြန်လာသောအချိန်တွင် သူတော်စင်အဆင့်သို့ တက်ရောက်သွားလိမ့်မည်ဟု အလယ်ပိုင်းကုန်းမြေရှိ မရေမတွက်နိုင်လောက်သောလူများက ခန့်မှန်းထားကြသည်။
....
ကျင့်ကြံနေသောအချိန်သည် လျင်မြန်စွာကုန်ဆုံးသွားသည်။
အံ့ဖွယ်ကိုးပါးတောင်ပေါ်တွင် ပန်းများပွင့်လန်းလာပြီး ညှိုးနွမ်းသွားသည်။
ဓားစံအိမ်သည် ဓားများကို ထုတ်ပြခဲ့ပြန်သည်။
တောင်ပေါ်တွင်သောင်းကျန်းနေသောဟွမ်ကျစ်ဟူက ခေါင်းတစ်လုံးပို၍ အရပ်ရှည်လာသည်။
ဓားစံအိမ်အကြီးအကဲဟန်မူယဲ့သည် သီးသန့်ကျင့်ကြံနေရာမှ ထွက်မလာသေးပေ။
သို့မဟုတ် ဓားစံအိမ်မှ ထွက်မလာခဲ့ဟု ပြောနိုင်သည်။
“ခလွမ် ....”
ဓားစံအိမ်အရှေ့တွင် ဓားရှည်တစ်လက်ပျံသန်းလာသည်။
ရှုပ်ထွေးနေသောမျက်နှာထားနှင့် ယန်မင်ရွှမ်က နောက်သို့ ခြေတစ်လှမ်းဆုတ်လိုက်ပြီး တီးတိုးပြောသည်။ “ငါရှုံးပြီ”
ပတ်ဝန်းကျင်တွင်ရှိနေသော အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏တပည့်များသည် ဒေါသမထွက်ဘဲ လက်သီးများဆုပ်ထားပြီး မျက်နှာပေါ်တွင် စိတ်လှုပ်ရှားမှုများနှင့်ပြည့်နေသည်။
အကြီးအကဲဟန်မူယဲ့က လွန်ခဲ့သောတစ်နှစ်တွင် ကောင်းကင်ဂိတ်တံခါးကို ဖွင့်ခဲ့သည်။ နောက်ဆုံးတွင် လူတစ်ယောက်က တိုက်ပွဲ၁၈ပွဲ ဆက်တိုက် တိုက်ခိုက်ခဲ့ပြီး ဓားစံအိမ်အရှေ့သို့ ရောက်လာသည်။ သူက ဓားထိန်းယန်မင်ရွှမ်၏ လက်ထဲတွင်ရှိသောဓားကို လွင့်ထွက်သွားစေခဲ့သည်။
နောက်တစ်ပွဲတွင် တိုက်ခိုက်လာမည့် ဓားစံအိမ်အကြီးအကဲဟန်မူယဲ့ကို မြင်နိုင်လိမ့်မည်။
ဓားအင်မော်တယ်၏စွမ်းအားသည် အံ့ဖွယ်ကိုးပါးတောင်တွင် ပြန်ပေါ်လာတော့မည်။
ယန်မင်ရွှမ်၏ဓားကို လွတ်ကျသွားစေသောလူငယ်က ပတ်ဝန်းကျင်ကို နားမလည်နိုင်စွာကြည့်သည်။
သူက တစ်ဖက်အဖွဲ့၏ကျွမ်းကျင်သူကို အနိုင်ယူခဲ့သည်။ သူတို့က မခံမရပ်နိုင်ဖြစ်ပြီး သူ့ကို ဝိုင်းရံတိုက်ခိုက်သင့်သည်။
‘သူတို့က ဘာဖြစ်လို့ အရမ်းစိတ်လှုပ်ရှားနေတာလဲ’
“အစ်ကိုယန်က လျှို့ဝှက်နယ်မြေထဲမှာ ကျွန်တော့်ကို သတ်ဖြတ်ရမဲ့နည်းလမ်းတွေ သင်ကြားပေးခဲ့တယ်”
“ဒီနေ့မှာ ကျွန်တော့်ရဲ့ဓားတာအိုက ပိုသန်မာနေလို့ အစ်ကိုယန်ကို အနိုင်ရခဲ့တာမဟုတ်ဘူး။ အစ်ကိုယန်မှာ သတ်ဖြတ်လိုစိတ်မရှိလို့ပဲ”
လူငယ်က ဓားကိုသိမ်းလိုက်ပြီး လက်သီးဆုပ်၍ ယန်မင်ရွှမ်ကို ဦးညွှတ်သည်။
ထိုလူငယ်၏ဓားချက်ကြောင့် နောက်တွင်ရှိနေသော ဒါဇင်ချီသည့်ဓားကျင့်ကြံသူများက ခေါင်းညိတ်သည်။
သူတို့က အလယ်ပိုင်းကုန်းမြေမှရောက်လာပြီး အံ့ဖွယ်ကိုးပါးဓားဂိုဏ်းစီစဉ်ပေးသော လျှို့ဝှက်နယ်မြေလေ့ကျင့်ရေးကို အောင်မြင်ခဲ့သည်။
လျှို့ဝှက်နယ်မြေရှိသွေးစွန်းတိုက်ပွဲများသည် လူတိုင်းကို တုန်ခါသွားစေနိုင်သည်။
ဓားစံအိမ်မှ ယန်မင်ရွှမ်၏ သတ်ဖြတ်လိုစိတ်သည် လူတိုင်း၏နှလုံးသားထဲတွင် စွဲထင်နေသည်။
“လောထန့်၊ မင်းရဲ့ကျင့်ကြံဆင့်နဲ့ တိုက်ခိုက်နိုင်စွမ်းက တကယ့်ကိုသန်မာပါတယ်။ မင်းတို့ အလယ်ပိုင်းကုန်းမြေရဲ့ ဟောင်ယွမ်ဓားဂိုဏ်းက တကယ်အားကောင်းတာပဲ”
ယန်မင်ရွှမ်က ခေါင်းခါလိုက်ပြီး တည်ငြိမ်စွာပြောသည်။ “ငါတို့ အလင်းတောင်ကုန်းဓားဂိုဏ်းရဲ့အမွေအနှစ်က မယှဉ်နိုင်ဘူး”
အလင်းတောင်ကုန်းဓားဂိုဏ်း
အံ့ဖွယ်ကိုးပါးဓားဂိုဏ်းမဟုတ်ပေ။
ယန်မင်ရွှမ်က အစမှအဆုံးထိ ဓားစံအိမ်၏အမွေအနှစ်ကိုမသုံးဘဲ အလင်းတောင်ကုန်းဓားဂိုဏ်း၏အမွေအနှစ်ကိုပဲ သုံးသွားခဲ့သည်။
“မင်းက ငါ့လက်ထဲမှာရှိတဲ့ဓားကို တွန်းထုတ်နိုင်မှတော့ ရှေ့ဆက်သွားနိုင်တဲ့အရည်အချင်းရှိတယ်”
ယန်မင်ရွှမ်က ပြုံးသည်။
“ဂိုဏ်းတူအစ်ကိုလုကောနဲ့ ဂိုဏ်းတူအစ်ကိုလင်းရှန်တို့က ဒီမှာမရှိဘူး။ တိုက်တိုက်ဆိုင်ဆိုင်ပဲ အကြီးအကဲဟန်က သီးသန့်ကျင့်ကြံရာကနေ ထွက်လာခဲ့ပြီ”
အကြီးအကဲဟန်က သီးသန့်ကျင့်ကြံရာမှ ထွက်လာသည်။
ဓားစံအိမ်၏အပြင်ဘက်တွင် အားပေးသံများထွက်လာသည်။
အလယ်ပိုင်းကုန်းမြေ၏လောထန့်နှင့် ဓားကျင့်ကြံသူများက စိတ်ရှုပ်သွားသည်။
‘သူတို့က ဘာလို့ပျော်ရွှင်နေတာလဲ’ သူတို့ တွေးမိသည်။
ဓားစံအိမ်၏တတိယထပ်တွင် ဟန်မူယဲ့သည် ပြင်တင်းပေါက်တွင်ရပ်နေပြီး ညင်သာစွာခေါင်းခါသည်။
ဂိုဏ်းတပည့်များသည် ဂိုဏ်း၏လက်ရွေးစင်တပည့်များ စိန်ခေါ်ခံရသည်ကို ပျော်ရွှင်နေကြသည်။
လူများ၏နှလုံးသားက အမှန်တကယ်ပြောင်းလဲတတ်သည်။
သူက နောက်လှည့်ပြီး အောက်ထပ်သို့ဆင်းသွားသည်။
သက်တောင့်သက်သာရှိပြီး ပေါ့ပါးသောမျက်နှာထားက ဖြည်းဖြည်းချင်းလေးနက်လာသည်။
အလယ်ပိုင်းကုန်းမြေ၏ဓားကျင့်ကြံသူများကို အလေးထားရန်မလိုပေ။ သူတို့ကို မျှော်လင့်ချက်ပေးရန်အတွက် ယန်မင်ရွှမ်က တမင်သက်သက်အရှုံးပေးခဲ့သည်။
ထိုသို့မဟုတ်လျှင် တိမ်တိုက်ကောင်းကင်ကမ္ဘာ၏ကျင့်ကြံသူများကို ခုခံရန်အတွက် အလကားရလာသောလူများ များပြားစွာရှိတော့မည်မဟုတ်ပေ။
မိုင်ထောင်ချီအကွာတွင်ရှိသော လိမ့်တက်လာသည့်တိမ်တိုက်များကြောင့် ဟန်မူယဲ့၏မျက်နှာထားက လေးနက်လာသည်။
ထိုနေရာတွင် အလွန်ထက်မြိသောဓားဆန္ဒရှိသည်။
ထိုဓားဆန္ဒသည် အားကောင်းသောစွမ်းအားတစ်ခုအဖြစ် ဖွဲ့စည်းထားပြီး ရှေ့တက်လာနေသည်။
အံ့ဖွယ်ကိုးပါးတောင်ဆီသို့ ဦးတည်ထားသည်။
အရှေ့ပင်လယ်၏ဓားကျင့်ကြံသူများသည် မိုင်တစ်သန်းစွမ်းအားကိုစုစည်း၍ ဓားစွမ်းအားဖြင့် ရှေ့တက်လာနိုင်သည်။
လွန်ခဲ့သောလဝက်တွင် အရှေ့ပင်လယ်သို့ရောက်သွားသော ကျင်းကျားလင်းနှင့် တာအိုဆရာတယန်က စာပို့ခဲ့သည်။
အရှေ့ပင်လယ်ရေနဂါးမျိုးနွယ်၏ တတိယမင်းသားချင်းအောင်းသည် ပြိုင်ဘက်ကင်းပါရမီရှင်တစ်ယောက်ဖြစ်ပြီး ဟန်မူယဲ့ကိုစိန်ခေါ်ရန်အတွက် အနောက်ဘက်နယ်စပ်ကုန်းမြေသို့ ထွက်သွားခဲ့သည်။
ရေနဂါးများတွင် ကြွယ်ဝသောသွေးမျိုးဆက်စွမ်းအားရှိသည်။ ထို့ကြောင့် ကျင့်ကြံရာတွင် အတွေ့အကြုံများ သိပ်မလိုအပ်ပေ။ ဓားနည်းစနစ်များကို ကျင့်ကြံသောလူ အနည်းငယ်သာရှိသည်။
သို့သော် ချင်းအောင်းက မတူပေ။
ရေနဂါးမျိုးနွယ်၏ တတိယမင်းသားဖြစ်နေသောကြောင့် ချင်းအောင်းသည် အကောင်းဆုံးအရင်းအမြစ်များကို ရနိုင်သည်။
တတိယမင်းသား၏ပါရမီသည် ပြိုင်ဘက်ကင်းသည်။ သူက ရေနဂါးမျိုးနွယ်၏ မျိုးဆက်သစ်လူငယ်များကိုဖိနှိပ်၍ အရွယ်မရောင်ခင် နံပတ်တစ်ကျွမ်းကျင်သူ ဖြစ်လာခဲ့သည်။
ထို့နောက် သူက နဂါးနန်းတော်မှထွက်သွားပြီး လူသားများကို စိန်ခေါ်ခဲ့သည်။
အရှေ့ပင်လယ်တွင် မရေမတွက်နိုင်သော ဓားကျင့်ကြံသူများရှိသည်။ တတိယမင်းသားက ဒါဇင်ချီသောဓားကျင့်ကြံသူများကို ကိုယ်ပိုင်တိုက်ခိုက်နိုင်စွမ်းဖြင့်အနိုင်ယူခဲ့ပြီး ပျင်းရိလာသည်။ ထို့ကြောင့် ဓားနည်းစနစ်ကို သင်ယူခဲ့သည်။
သူက ဆယ်နှစ်ကြာသည်အထိ ဓားကိုကျင့်ကြံပြီး ဓားဂိုဏ်းကြီးတစ်ဂိုဏ်းသို့ ဝင်ရောက်နိုင်ခဲ့သည်။
သူက လွန်ခဲ့သောနှစ်တစ်ရာအတွင်း၌ အရှေ့ပင်လယ်၏ဓားဂိုဏ်းငါးဂိုဏ်းကို မကြာခဏလည်ပတ်ခဲ့သည်။
ကူယွမ်လုံ၏ပြောစကားအရ သူက ချင်းအောင်းနှင့်ယှဉ်ပြိုင်ခဲ့ပြီး တစ်ဖက်လူ၏ တိုက်ခိုက်နိုင်စွမ်းသည် အလွန်သန်မာသည်။
ဓားနည်းစနစ်အရဆိုလျှင် ချင်းအောင်းသည် အရှေ့ပင်လယ် လူငယ်မျိုးဆက်၏ ထိပ်ဆုံးအယောက်ငါးဆယ်ထဲတွင် ရှိသည်။
သို့သော် လွှမ်းမိုးနိုင်စွမ်းကောင်းသော ရုပ်ခန္ဓာစွမ်းအားနှင့် သွေးမျိုးဆက်ဖိအားကြောင့် တိုက်ပွဲအတွင်း၌ ချင်းအောင်း၏တိုက်ခိုက်နိုင်စွမ်းသည် ထိပ်ဆုံးဆယ်ယောက်ထဲတွင် ရှိနေသည်။
ကျင်းကျားလင်း၏စာသည် ရိုးရှင်းသည်။ အရှေ့ပင်လယ်မှ ရေနဂါးမျိုးနွယ်၏ ချင်းအောင်းသည် ဟန်မူယဲ့ကိုစိန်ခေါ်ရန် ထွက်သွားခဲ့သည်။ ဟန်မူယဲ့က ရေနဂါးမျိုးနွယ်နှင့် အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏ မဟာမိတ်ကို ထည့်တွက်ပြီး ချင်းအောင်းကို ဂရုစိုက်ပေးမည်ဟု မျှော်လင့်သည်။
ထိုဂရုစိုက်မှုက မည်သည့်အရာဖြစ်ကြောင်း သူမသိပေ။
တာအိုဆရာတယန်၏စာသည် ပိုမိုအသေးစိတ်ကျသည်။
ချင်းအောင်းက လွန်ခဲ့သောနှစ်အနည်းငယ်ခန့်တွင် သီးသန့်ကျင့်ကြံနေသောကြောင့် အရှေ့ပင်လယ်ကိုစိန်ခေါ်နေသော မော့ယွမ်၏အကြောင်းကို မသိခဲ့ပေ။
သူက ကျင့်ကြံရာမှထွက်လာပြီး မော့ယွမ်ကိုစိန်ခေါ်ရန်အတွက် စန်းရှန်ဓားဂိုဏ်းသို့ သွားခဲ့သောအခါတွင် မော့ယွမ်က ဓားကို ပျိုးထောင်ရန်အတွက် ဆယ်နှစ်ကြာသည်အထိ တံခါးပိတ်ကျင့်ကြံနေခဲ့သည်။
ချင်းအောင်းက မော့ယွမ်နှင့် မတိုက်ခိုက်ရသောကြောင့် အလွန်မကျေမနပ်ဖြစ်နေသည်။
သူက ထွက်မသွားခဲ့သောကြောင့် မော့ယွမ်က စန်းရှန်းဓားဂိုဏ်းတည်ရှိသော စန်းရှန်းတောင်တန်းကျွန်းပေါ်တွင် မတ်တပ်ရပ်ပြီး ဓားဖြင့်ခုတ်ချသည်။
သူ့ဓားသည် မိုင်ထောင်ချီဖြတ်သန်းသွားပြီး ဒါဇင်ချီသော ကြေးခွံနက်ငါးမိစ္ဆာများကိုသတ်ဖြတ်၍ မိုင်တစ်ရာကျယ်ဝန်းသောကျွန်းတစ်ကျွန်းကို ဖြတ်တောက်ခဲ့သည်။
ထိုဓားချက်ကြောင့် ချင်းအောင်းသည် ကြောင်အသွားခဲ့သည်။
ထို့နောက် ချင်းအောင်းက မော့ယွမ်၏တပည့် ဖြစ်ချင်လာသည်။
စန်းရှန်ဓားဂိုဏ်းကလည်း ရေနဂါးမျိုးနွယ်၏ တိုက်ရိုက်မျိုးဆက်ဖြစ်သော ချင်းအောင်းကို မော့ယွမ်၏တပည့်ဖြစ်လာရန်အတွက် ခိုင်မာစွာထောက်ပံ့ပေးသည်။
မော့ယွမ်က အချိန်အတော်ကြာသည်အထိ တုံ့ဆိုင်းနေပြီး သူ့တွင် ဟန်မူယဲ့ဆိုသော တပည့်တစ်ယောက်သာရှိကြောင်း ပြောခဲ့သည်။
အကယ်၍ ချင်းအောင်းက သူတပည့်ဖြစ်လာချင်လျှင် ဟန်မူယဲ့နှင့်သွားတွေ့ပြီး ခွင့်ပြုချက်တောင်းရန်လိုအပ်သည်။
ထို့ကြောင့် ချင်းအောင်းက အနောက်ဘက်နယ်စပ်ကုန်းမြေသို့ လာခဲ့သည်။
သူက အရှိန်အဟုန်ကိုစုစည်း၍ ကူးခပ်လာခဲ့သည်။ သူက အရှေ့ပင်လယ်မှထွက်လာသောအခါတွင် ဓားတာအို၏ အစစ်အမှန်အဓိပ္ပာယ်ကို နားလည်ခဲ့သည်။ ဓားအလင်းသည် ကောင်းကင်ကို ထိုးဖောက်သွားသည်။
တောင်ပိုင်းကုန်းမြေကို ဖြတ်သန်းလာသောအခါတွင် ဓားအလင်းသည် အရှေ့နှင့်အနောက်သို့ထိုးဖောက်သွားပြီး မိုင်တစ်ထောင်အကွာမှ မြင်နိုင်သည်။
အနောက်ဘက်နယ်စပ်ကုန်းမြေသို့ ရောက်လာသောအခါတွင် သူက ခြေတစ်လှမ်းထပ်တိုးပြီး ဓားမာန်ဟုန်ကို ဖွဲ့စည်းနိုင်ခဲ့သည်။
ချင်းအောင်းက ဟန်မူယဲ့၏ခွင့်ပြုချက်ကိုတောင်းရန်အတွက် ရောက်လာခြင်းမဟုတ်ပေ။
သူက ဓားကိုအသုံးပြုပြီး ဟန်မူယဲ့သဘောတူရန် တွန်းအားပေးလိမ့်မည်။ သူက မော့ယွမ်၏နံပတ်တစ်တပည့်ဖြစ်နေသော ဟန်မူယဲ့၏အနေအထားနှင့်ပတ်သတ်ပြီး ပြဿနာအနည်းငယ်ရှိနေသည်။
မော့ယွမ်၏ ဓားနည်းစနစ်နှင့်ဆိုလျှင် ဟန်မူယဲ့က အရှေ့ပင်လယ်သို့လိုက်မလာဘဲ အံ့ဖွယ်ကိုးပါးတောင်တွင် အဘယ်ကြောင့်ပုန်းနေရသနည်း။
ဟန်မူယဲ့က သူ၏ဓားတစ်ချက်ကို ခုခံနိုင်လျှင် သူက ဟန်မူယဲ့ကို အရှေ့ပင်လယ်သို့ခေါ်သွားပြီး မော့ယွမ်ကို အတူတူခစားမည်။
ဟန်မူယဲ့က ဓားချက်အချို့ကို ခုခံနိုင်လျှင် သူက ဟန်မူယဲ့နှင့် တူညီသောအဆင့်အတန်းကို လက်ခံပေးနိုင်သည်။
ဟန်မူယဲ့က သူ့အား အနိုင်ယူမည့်အကြောင်းကို တွေးမထားခဲ့ပေ။
သူ၏ဓားတစ်ချက်ကို မခုခံနိုင်လျှင် အနိုင်ယူမည့်အကြောင်းကို စဉ်းစားရန်မလိုအပ်ပေ။
ချင်းအောင်း၏ဓားကို အရှေ့ပင်လယ်တွင် ဖိနှိပ်နိုင်သောလူ သိပ်မရှိပေ။
အနောက်ဘက်နယ်စပ်ကုန်းမြေဆိုလျှင် ပိုဆိုးလိမ့်မည်။
ထိုအတွေးသည် ချင်းအောင်းတစ်ဦးတည်း၏ အတွေးမဟုတ်ပေ။ အရှေ့ပင်လယ်မှ ချင်းအောင်းနောက်သို့လိုက်လာသော ရာချီနေသည့်ဓားကျင့်ကြံသူများကလည်း ထိုသို့ပင်တွေးသည်။
မိုင်တစ်သန်းစုစည်းလာသော အရှိန်အဟုန်ကို မည်သူက ခုခံနိုင်မည်နည်း။
“ဒေါင် ....”
အံ့ဖွယ်ကိုးပါးတောင်ပေါ်တွင် ခေါင်းလောင်းသံမြည်လာသည်။
အလင်းလွှာတစ်ခု ပေါ်ထွက်လာသည်။