← Chapters

အရေအတွက်ဘယ်လောက်များများ အမှိုက်ကအမှိုက်

Vol. 34 Ch. 466

အရေအတွက်ဘယ်လောက်များများ အမှိုက်ကအမှိုက်

Vol. 34 Ch. 466

"ရေသင်္ချိုင်းထဲမှာ ရတနာတွေ ထပ်ရှာလိုက်ရအောင်"

ယဲ့ချန်က ထန်တိုက်လင်နှင့် စီကုန်းကျင်းမင်ကို တိုက်တွန်းကာ ရတနာများ လိုက်လံရှာဖွေခဲ့သည်။ အလောင်းလူသား၏တိုက်ခိုက်မှုကြောင့် သူတို့က ပို၍သတိထားခဲ့ကြသည်။ ဤနေရာတွင် သေဆုံးနေသူများမှာ ရှေးခေတ်ဟောင်းမှ အစွမ်းထက်သူများကြသည်။ သူတို့အသက်ရှင်စဥ်ကဆိုလျှင် အလွန်ကြောက်စရာကောင်းသော ဖြစ်တည်မှုများဖြစ်နေသောကြောင့် သေဆုံးသွားချိန်တွင် သေလွန်ဝိညာဥ်ကဲ့သို့ အကြွင်းအကျန်များ ကျန်ရစ်ခဲ့ကြသည်။ အလောင်းနှင့်ဆက်တွယ်နေသော ဝိညာဥ်လေးတစ်ခုကပင် အလွန်အစွမ်းထက်နေခဲ့သည်။ ထိုအချိန်တွင် ရှေးဟောင်းရေသင်္ချိုင်း ထွက်ပေါ်လာသော သတင်းက ပင်လယ်မိစ္ဆာများကြား လေပြင်းတစ်ခုပမာ ခပ်ကြမ်းကြမ်း ပျံ့နှံ့သွားပြီဖြစ်သည်။ ထို့ကြောင့် ကျင့်ကြံသူများစွာ ရောက်ရှိလာသောကြောင့် ရေသင်္ချိုင်းအတွင်း ပို၍စည်ကားလာခဲ့သည်။

ယဲ့ချန်တို့သုံးယောက်သည် ငါးရက်တိုင်တိုင် မရပ်မနားရှာဖွေခဲ့ပြီး ရတနာများစွာ ရရှိခဲ့သည်။ အားလုံးက အစွမ်းထက်သူများ၏ အကြွင်းအကျန်များဖြစ်သောကြောင့် ကျင့်ကြံဆင့်ကို မြှင့်တင်ပေးနိုင်သော အရာများနှင့် လက်နက်ပြုလုပ်ရာတွင် အသုံးဝင်သော ကုန်ကြမ်းများ စသဖြင့်စုံလင်နေသည်။ သူက လက်သီးဆုပ်အရွယ် ကြယ်အမြုတေကို တစ်ဝက်ခွဲကာ ထန်တိုက်လင်နှင့်ခွဲယူလိုက်ပြီး ငုံးဥအရွယ်ကြယ်အမြုတေကို စီကုန်းကျင်းမင်အား ပေးလိုက်သည်။ သုံးယောက်လုံးက အချိန်ရှိခိုက်လုံ့လစိုက်၍ ကျင့်ကြံရင်း ရတနာရှာဖွေနေကြသည်။

ရေသင်္ချိုင်းသည် စိတ်ကူးနိုင်သည်ထက် ပို၍အန္တရာယ်များနေပြီး အန္တရာယ်များ အချိန်တိုင်း ထွက်ပေါ်လာနေသည်။ ပင်လယ်မိစ္ဆာမျိုးနွယ်မှ ထူးကဲအဆင့်ကျင့်ကြံသူများပင် အန္တရာယ်နှင့်အတွေ့တွင် သေဆုံးကုန်ကြသည်။ အဝေးတစ်နေရာတွင် ငှက်မွေးမျိုးနွယ်၏ ထူးကဲအဆင့်သုံး ကျင့်ကြံသူတစ်ယောက်က အရိုးစုကြီးတစ်ခုရှေ့တွင် မတ်တပ်ရပ်နေသည်။ အရိုးစုကြီးက သူသိထားသော မှတ်တမ်းများအရ မရဏပင်လယ်မိစ္ဆာမျိုးနွယ်ဝင်၏ အလောင်းဖြစ်နေသောကြောင့် ဝမ်းဗိုက်နေရာတွင် အမြုတေတစ်ခု ရှိရပေလိမ့်မည်။ ၎င်းက ပင်လယ်မိစ္ဆာများ၏ ကျင့်ကြံခြင်းကို ကောင်းစွာကူညီပေးနိုင်ပြီး အသုံးချတတ်လျှင် ထူးကဲအဆင့်သုံးကျင့်ကြံသူကို အဆင့်လေးသာမက အဆင့်ငါးအထိပင် ချက်ချင်းရောက်ရှိသွားစေနိုင်စွမ်း ရှိသည်။ မရဏမျိုးနွယ်ဝင်၏ အလောင်းက ခုနစ်မီတာအထိရှည်သောကြောင့် မှတ်တမ်းများအရ သက်တမ်းက နှစ်သိန်းချီနေနိုင်သည်။ ထို့ကြောင့် အမြုတေကလည်း အလွန်ကြီးမားနိုင်သည်။

"မရဏအမြုတေ ရှိနေလောက်တယ်မလား"

ငှက်မွေးမျိုးနွယ်ဝင်က ပျော်ရွှင်စွာရေရွတ်၍ ဂရုတစိုက်ရှာဖွေရင်း အလောင်းကြီးကို ဆွဲလှန်လိုက်သည်။ ထိုအချိန်တွင် အလောင်းအောက်မှ ပိန်းပိတ်အောင်နက်မှောင်နေသော အမည်းရောင်အရည်များက ရုတ်တရက် ပြန့်ထွက်လာခဲ့သည်။ ထိုကျင့်ကြံသူက အချိန်မီမတုံ့ပြန်နိုင်ခဲ့သောကြောင့် အရည်များအကြား ရောက်ရှိသွားကာ နာကျင်စွာအော်ဟစ်၍ နစ်မြုပ်သွားခဲ့သည်။ အနက်ရောင်အရည်များက မရဏအလောင်းကို ဗဟိုပြု၍ ပိုမိုများပြားလာခဲ့သည်။ ထိုအရည်က အဆိပ်ပြင်းလွန်းသောကြောင့် ကျင့်ကြံသူ အရည်ပျော်ကျသွားသော မြင်ကွင်းကို မနီးမဝေးရှိ ယဲ့ချန်တို့သုံးယောက်က မြင်လိုက်ရသည်။ သူတို့က အလန့်တကြားဖြင့် အပေါ်သို့ခုန်တက်ကာ ရေထဲတွင်ကူးခတ်၍ ဘေးလွတ်ရာသို့ ရှောင်တိမ်းလိုက်ကြသည်။

မရဏမျိုးနွယ်အလောင်းနှင့် အနီးဆုံးတွင် ပင်လယ်မိစ္ဆာအချို့ရှိနေပြီး သူတို့က သွေးရူးသွေးတန်း ထွက်ပြေးခဲ့သော်လည်း မလွတ်မြောက်ခဲ့ပေ။ နောက်ဆုံးတွင် ထိုကျင့်ကြံသူအားလုံးက အလောင်းပင်မကျန်အောင် ပျောက်ကွယ်သွားကြသည်။ ရေသင်္ချိုင်းအတွင်းရှိ အလောင်းကြီးများ၏ဖိအားကြောင့် ကျင့်ကြံသူများ၏ခွန်အားက များစွာအားနည်းနေပြီး အပြင်ကမ္ဘာကဲ့သို့ မိုင်တစ်ဒါဇင်ခန့်ကို ခဏအတွင်း မသွားနိုင်ကြပေ။ ထို့ကြောင့် အန္တရာယ်နှင့်ရင်ဆိုင်ရချိန်တွင် လွတ်မြောက်ရန် အဆမတန်ခက်ခဲလေသည်။

အဆိပ်ရည်များက မီတာရာချီအထိပြန့်သွားပြီးနောက် ရပ်တန့်သွားကာ ပင်လယ်ရေထဲတွင် မျောလွင့်နေသည်။ ကောင်းကင်ဘုရင်များပင် ၎င်းအနီးသို့ အလျင်စလို ချဥ်းကပ်မသွားရဲပေ။ ထိုအရည်များက ထူးကဲအဆင့်သုံး ကျင့်ကြံသူတစ်ယောက်ကို အလွယ်တကူသတ်ဖြတ်နိုင်ခဲ့ပြီး အလောင်းပင်မကျန်သောကြောင့် ဖြစ်သည်။ ဤကား မရဏပင်လယ်မိစ္ဆာ၏ အဆိပ်ရည်များဖြစ်သည်။ ရှေးဟောင်းအလောင်းကြီးများနှင့် အစွမ်းထက်ရတနာများမှလွဲ၍ ၎င်းနှင့်ထိတွေ့မိသမျှ အရာအားလုံး အရည်ပျော်သွားကြသည်။ ထိုအချိန်တွင် အဆိပ်ရည်အနီး၌ စူးစမ်းလိုဟန်ဖြင့် ကူးခတ်နေသော ဝူဇီကို ယဲ့ချန်က မြင်လိုက်ရသည်။

"ဒီနေရာမှာ အမှောင်ရေဘဝဲတစ်ကောင် ဘယ်လိုရှိနေတာလဲ"

ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများက ဝူဇီကို လျင်မြန်စွာသတိထားမိသွားကြပြီး အံ့သြနေကြသည်။ အမှောင်ရေဘဝဲများက အလွန်ရှားပါးပြီး ရှေးခေတ်၌ပင် မြင်ဖူးသူများစွာ မရှိချေ။ မျိုးသုဥ်းပျောက်ကွယ်သွားပြီဟု သတ်မှတ်ထားသော အမှောင်ရေဘဝဲတစ်ကောင်ကို ရေသင်္ချိုင်းတွင် တွေ့ရမည်ဟု သူတို့က ထင်မထားကြပေ။

"ဒီရေဘဝဲလေးမှာ သခင်ရှိနေပြီလား"

ပင်လယ်တွင် ပင်လယ်မိစ္ဆာနှင့် ရေသားရဲဟူ၍ အဓိကမျိုးနွယ်ကြီးနှစ်ခုရှိသည်။ ပင်လယ်မိစ္ဆာများက လူသားများကဲ့သို့ ဉာဏ်ရည်မြင့်မားပြီး အများစုက လူအသွင်ကို ပြောင်းလဲနိုင်ကြသည်။ ရေသားရဲများက အစွမ်းထက်သော်လည်း အသိဉာဏ်နိမ့်ကျပြီး လူအသွင်မပြောင်းနိုင်ကြပေ။ ၎င်းတို့ကို ပင်လယ်မိစ္ဆာအချို့က ယဥ်ပါးစေနိုင်စွမ်းရှိကြသည်။ အမှောင်ရေဘဝဲသည် ရေသားရဲများတွင် မြင့်မြတ်သော မျိုးနွယ်တစ်ခုဖြစ်သော်လည်း ခုခံနိုင်စွမ်းမြင့်မားကာ ယဥ်ပါးအောင်လုပ်ရန် မလွယ်ချေ။ ၎င်း၏ခန္ဓာကိုယ်က အဆိပ်ပြင်းလွန်းသောကြောင့် ပင်လယ်မိစ္ဆာများပင် ဖြေရှင်းရန် ခေါင်းကိုက်ရသည်ချည်းသာဖြစ်သည်။

"အမှောင်ရေဘဝဲဖြစ်နေရင်တောင် ဒီအဆိပ်ရည်တွေကို ထိလိုက်တာနဲ့ သေလိမ့်မယ်"

ဝူဇီက အဆိပ်ရည်များအနီး ကူးခတ်နေသည်ကိုမြင်သောအခါ ပင်လယ်မိစ္ဆာများက ဤသို့တွေးမိလိုက်ကြသည်။ ထိုအချိန်တွင် သူက အဆိပ်ရည်များကို လက်တံတစ်ချောင်းဆန့်ထုတ်၍ ထိကြည့်ပြီးနောက် ဆတ်ခနဲ ပြန်ရုတ်လိုက်သည်။ သို့သော် သူ၏လက်တံက အဆိပ်၏တိုက်စားခြင်းမခံရဘဲ အကောင်းအတိုင်းရှိနေခဲ့သည်။

"ဒီကောင်လေးက အဆိပ်ကို မကြောက်ဘူးလား"

ကျင့်ကြံသူအားလုံးက ဤမြင်ကွင်းကြောင့် မင်သက်သွားကြသည်။ မူလတွင် ယဲ့ချန်သည် ဝူဇီကိုစိုးရိမ်ပြီး နောက်ဆုတ်ရန် သတိပေးချင်ခဲ့သော်လည်း သူက အဆိပ်ကိုစမ်းသပ်ပြီးဖြစ်ကာ အဆင်ပြေနေခဲ့သည်။ ဝူဇီ၏ရုပ်ခန္ဓာက အလွန်သန်မာပြီး ရှေးခေတ်ဟောင်းမှ ပင်လယ်မိစ္ဆာ၏အဆိပ်ပင် မထိခိုက်စေနိုင်ချေ။ ဝူဇီသည် အဆိပ်ကိုစမ်းသပ်ပြီးနောက် အန္တရာယ်မရှိကြောင်း နားလည်သွားသောအခါ ပျော်ရွှင်စွာဖြင့် ၎င်းထံ တိုးဝင်သွားခဲ့သည်။ ထို့နောက် တိမ်တိုက်တစ်ခုပမာ မျောလွင့်နေသော အဆိပ်ရည်များက လျင်မြန်စွာ ကျုံ့ဝင်လာကြသည်။ အဆိပ်များကို ဝူဇီက အမှန်တကယ်စုပ်ယူနိုင်နေခဲ့သည်။

ဤမြင်ကွင်းကို မြင်ရသူတိုင်းက အံ့သြလွန်းသဖြင့် မျက်လုံးများ ပြူးကျယ်နေကြသည်။ အမှောင်ရေဘဝဲများက အစွမ်းထက်ပြီး ရေသားရဲများကြားတွင် ဆန်းကျယ်သော မျိုးနွယ်တစ်ခုဖြစ်နေခဲ့သည်။ သူတို့က အမှောင်ရေဘဝဲအကြောင်း အနည်းငယ်သာသိထားပြီး အစွမ်းထက်လွန်းသောအဆိပ်ကို မကြောက်ရုံသာမက စုပ်ယူနိုင်မည်ဟု ထင်မထားကြပေ။ ထူးကဲအဆင့်သုံးကျင့်ကြံသူတစ်ယောက်ကို အလောင်းပင်မကျန်အောင် အရည်ဖျော်ပစ်လိုက်သော အဆိပ်ရည်များကိုစုပ်ယူနေသည့် ဝူဇီကြောင့် သူတို့၏ကြောက်စိတ်များ တိုးပွားလာသည်။ အကယ်၍ သူတို့သာ ဝူဇီ၏ကိုယ်တွင်းမှ အဆိပ်များကိုထိမိလျှင် တုံးခနဲလဲကျ သေဆုံးသွားနိုင်သည်။ ဝူဇီသည် အဆိပ်ရည်အားလုံးကို စုပ်ယူပြီးနောက် အညိုရင့်ရောင်အမြုတေတစ်လုံးကို လက်တံလေးများနှင့် ရစ်ပတ်သယ်ဆောင်၍ ယဲ့ချန်ထံ ပြန်လာခဲ့သည်။ ၎င်းက ကြက်ဥတစ်လုံး၏ အရွယ်အစားခန့် ကြီးမားသည်။

"မရဏအမြုတေပါလား"

ဝူဇီကိုစောင့်ကြည့်နေသော ကျင့်ကြံသူများက ပြိုင်တူအော်ဟစ်လိုက်ကြသည်။ ဤမျှကြီးမားသော မရဏအမြုတေတစ်ခုက ထူးကဲအဆင့်ကျင့်ကြံသူများအတွက် မျက်စိကျစရာဖြစ်နေခဲ့သည်။

"ဝှစ် ဝှစ် ဝှစ်"

ပင်လယ်မိစ္ဆာများက တစ်ယောက်ပြီးတစ်ယောက် လှုပ်ရှားလိုက်ကြပြီး ငှက်မွေးမျိုးနွယ်ဝင်ခြောက်ယောက်နှင့် သွေးဆိုးမျိုးနွယ်ဝင်ငါးယောက်က ယဲ့ချန်၊ ထန်တိုက်လင်နှင့် စီကုန်းကျင်းမင်တို့ကို ဝိုင်းလိုက်ကြသည်။ ဤအုပ်စုထဲတွင် ကောင်းကင်ဘုရင်ဟောရန်လည်း ပါဝင်နေသည်။

"မင်းတို့က ဘာလုပ်ချင်တာလဲ"

စီကုန်းကျင်းမင်က အနက်ရောင်တုတ်တိုတစ်စုံကို ထုတ်ယူ၍ အေးစက်စက်မေးလိုက်ခြင်းဖြစ်သည်။

"ငှက်မွေးမျိုးနွယ်ရှာထားတာကို ပြန်ပေးကြစမ်း။ မင်းတို့လက်ထဲကိုရောက်နေတဲ့ မရဏအမြုတေကို ငှက်မွေးမျိုးနွယ်ရဲ့ ထူးကဲအဆင့်သုံးကျင့်ကြံသူတစ်ယောက်က အသက်စွန့်ပြီး ရှာဖွေခဲ့ရတယ်။ ရေခဲပြာမျိုးနွယ်က ဒါကို မျက်နှာပြောင်တိုက်ပြီး သိမ်းယူချင်နေတာလား။ ငါတို့ လက်မခံနိုင်ဘူးကွ"

ငှက်မွေးမျိုးနွယ်ဝင်တစ်ယောက်က ရှေ့တက်လာပြီး ယဲ့ချန်တို့ကို အထင်သေးစွာကြည့်ကာ အမိန့်ပေးလိုက်သည်။ ငှက်မွေးမျိုးနွယ်၏ ကျင့်ကြံသူခြောက်ယောက်တွင် ထူးကဲအဆင့်သုံးယောက်နှင့် အဆုံးမဲ့အဆင့်သုံးယောက် ပါဝင်သည်။ သူတို့က အရေအတွက်သာလွန်သည့်အပြင် သွေးဆိုးမျိုးနွယ်အောက် ငှက်မွေးမျိုးနွယ်က နိမ့်ကျသော်လည်း ရေခဲပြာမျိုးနွယ်ထက် ပို၍အစွမ်းထက်သောကြောင့် ကြောက်လန့်ခြင်း မရှိချေ။

"ရယ်စရာကောင်းလိုက်တာကွာ။ မင်းတို့တွေ့ခဲ့တာက အဆိပ်ရည်တွေ မဟုတ်ဘူးလား။ ငါ့ရေဘဝဲလေးကသာ အဆိပ်ရည်တွေကိုစုပ်ယူပြီး မရဏအမြုတေကို ရှာတွေ့ခဲ့တာပဲ။ မင်းတို့က ဘယ်လိုရှာတွေ့လိုက်တာလဲ"

ယဲ့ချန်က လှောင်ပြုံးတစ်ချက်ပြုံး၍ ဝူဇီ၏ခေါင်းကို ညှင်သာစွာပုတ်ကာ မရဏအမြုတေကို ချက်ချင်းသိမ်းဆည်းလိုက်သည်။

"ငှက်မွေးမျိုးနွယ်က ဒီအမြုတေအတွက် ထူးကဲအဆင့်သုံး ကျင့်ကြံသူတစ်ယောက် စတေးခဲ့ရတယ်။ လောကနီတိအရ ဒီရတနာဟာ သူတို့အပိုင်ဖြစ်သင့်တယ်"

ကောင်းကင်ဘုရင်ဟောရန်က ထန်တိုက်လင်ကို စိုက်ကြည့်၍ ပြောလိုက်ခြင်းဖြစ်သည်။ သူက ထန်တိုက်လင်ကို အနည်းငယ်ကြောက်လန့်နေသော်လည်း သူ့ဘက်တွင် အစွမ်းထက်ကျင့်ကြံသူအရေအတွက် ပိုသာနေသောကြောင့် သတ္တိများရှိလာခဲ့သည်။ ကျန်ပင်လယ်မိစ္ဆာများကလည်း ယဲ့ချန်ရရှိသွားသော မရဏအမြုတေကို လိုချင်တပ်မက်စိတ်ကြောင့် သွားရေတမြားမြားကျနေခဲ့ကြသည်။ သွေးဆိုးမျိုးနွယ်ဘက်တွင် ထူးကဲအဆင့်နှစ်ယောက်နှင့် အဆုံးမဲ့အဆင့်သုံးယောက်ရှိနေသောကြောင့် ငှက်မွေးမျိုးနွယ်ဝင်များနှင့် ပူးပေါင်းလိုက်လျှင် ထန်တိုက်လင် အနိုင်မယူနိုင်ဟု ဟောရန်က အပိုင်တွက်ထားသည်။

"ပိုတောင်ရယ်စရာကောင်းနေပြီ။ သွေးဆိုးမျိုးနွယ်က လောကနီတိအကြောင်း ပြောရဲတယ်ပေါ့"

စီကုန်းကျင်းမင်က နှာခေါင်းရှုံ့၍ လှောင်ရယ်လိုက်သည်။ ငှက်မွေးမျိုးနွယ်ဝင်များသည် သွေးဆိုးမျိုးနွယ်က သူတို့ဘက်တွင် ရပ်တည်နေသော အကြောင်းအရင်းကို မသိပေ။ ဖြစ်နိုင်သည်မှာ သူတို့နှင့် ရေခဲပြာမျိုးနွယ်ကြားတွင် ရန်ငြှိုးတစ်ခုရှိထားပြီး ဤအခွင့်အရေးကိုသုံးကာ ထန်တိုက်လင်အား အခက်တွေ့စေရန်ဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ မရဏမျိုးနွယ်၏ မရဏအမြုတေကို လက်လွှတ်မခံနိုင်သော ငှက်မွေးမျိုးနွယ်ဝင်များက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ အမြုတေကိုသာ အသုံးချတတ်လျှင် ထူးကဲအဆင့်ခုနစ် ကျင့်ကြံသူတစ်ယောက်ထွက်ပေါ်လာနိုင်ပြီး ပင်လယ်မိစ္ဆာများကြားတွင် အသန်မာဆုံးမှာ ထူးကဲအဆင့်ခြောက်သာ ဖြစ်သည်။ သူတို့ဘက်တွင် အရေအတွက် အသာစီးရနေသောကြောင့် အလျှော့ပေးရန် အကြောင်းလုံးဝမရှိချေ။ ထို့အပြင် ထူးကဲအဆင့်သုံး ကျင့်ကြံသူတစ်ယောက်လည်း ဆုံးရှုံးပြီးဖြစ်သည်။

ယဲ့ချန်နှင့် ထန်တိုက်လင်က တစ်ယောက်ကိုတစ်ယောက် အဓိပ္ပါယ်ပါပါကြည့်လိုက်ကြသည်။ ငှက်မွေးမျိုးနွယ်က မရဏအမြုတေကို လိုချင်တပ်မက်နေပြီး သွေးဆိုးမျိုးနွယ်က သူတို့ကိုအခက်တွေ့စေရန် ကြံစည်နေသည်။ ငှက်မွေးမျိုးနွယ်နှင့်ယှဥ်လျှင် သွေးဆိုးမျိုးနွယ်က ပို၍အောက်တန်းကျပြီး ဟောရန်နှင့် အပေါင်းအပါတစ်စုက ယုတ်မာသူများဖြစ်ကြသည်။

"စီကုန်းကျင်းမင်က ထူးကဲအဆင့်နှစ်နဲ့ ဒီလူသားက ထူးကဲအဆင့်ကိုတောင် မရောက်သေးဘူး။ ထန်တိုက်လင် မျိုးနွယ်နှစ်ခုပူးပေါင်းလိုက်ရင် နင်က အနိုင်ယူနိုင်မှာလား"

ဟောရန်က ယဲ့ချန်နှင့် စီကုန်းကျင်းမင်ကို မျက်လုံးထဲပင် ထည့်မထားချေ။ သူ၏အနီရောင်မျက်လုံးများက ထန်တိုက်လင်ကို မြွေတစ်ကောင်ပမာ စူးစူးရဲရဲစိုက်ကြည့်နေသည်။

"အရေအတွက်ဘယ်လောက်များများ အမှိုက်က အမှိုက်ပဲ။ ဒီမရဏအမြုတေက ငါတို့အပိုင်ပဲ။ မင်းတို့က လိုချင်တယ်ဆိုရင် တက်လာကြစမ်း"

များပြားသော ထူးကဲအဆင့်များနှင့် ရင်ဆိုင်နေရသည့်တိုင်အောင် ထန်တိုက်လင်က တည်ငြိမ်စွာဖြင့် စိန်ခေါ်လိုက်လေသည်။

All Chapters