← Chapters

ရန်သူများကို တုံ့ပြန်တိုက်ခိုက်ခြင်း

Vol. 34 Ch. 467

ရန်သူများကို တုံ့ပြန်တိုက်ခိုက်ခြင်း

Vol. 34 Ch. 467

အရေအတွက်မည်မျှများပါစေ၊ အမှိုက်ကအမှိုက်ဟူသော စကားကို ယဲ့ချန်က ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။ ထန်တိုက်လင်က အမှန်တကယ်ကြီးစိုးမှုရှိပြီး အစွမ်းထက်ရန်သူများစွာရှေ့တွင် ထုတ်ပြောဝံ့သည်။ ထန်တိုက်လင်၏စကားကို ကြားသောအခါ သူတို့ကိုဝိုင်းထားသည့် မျိုးနွယ်နှစ်ခု၏ ကျင့်ကြံသူများက မျက်နှာပျက်ကုန်သည်။

"မောက်မာလှချည်လား"

"မင်း အတော်လွန်သွားပြီ"

ထူးကဲအဆင့်ကျင့်ကြံသူများက ဒေါသတကြီးကြုံးဝါး၍ မျက်နှာများ မည်းနက်နေကြသည်။ သူတို့က ထန်တိုက်လင်ကို စူးရဲစွာ စိုက်ကြည့်နေကြသည်။

"ဒီလိုဆိုရင် ဘယ်လောက်အစွမ်းထက်သလဲ စမ်းသပ်ရသေးတာပေါ့"

ဟောရန်က အေးစက်စက်ပြုံးလိုက်ပြီး မျက်လုံးများမှ မီးတောက်နှစ်ခုတောက်လောင်လာကာ ဦးဆောင်တိုက်ခိုက်လိုက်သည်။ ထန်တိုက်လင်က ကြောက်စိတ်လုံးဝမရှိဘဲ ဟောရန်၏တိုက်ခိုက်မှုကို အလွယ်တကူဖြေရှင်းလိုက်သည်။ ထူးကဲအဆင့် ကျင့်ကြံသူလေးယောက်ကလည်း လေပေါ်သို့ခုန်တက်လာကြပြီး လက်နက်ကိုယ်စီဖြင့် သူမကို ဝိုင်းတိုက်လိုက်ကြ၏။

"အရှင်မ"

စီကုန်းကျင်းမင်က စိုးရိမ်တကြီးအော်ဟစ်၍ ထူးကဲအဆင့်ကျင့်ကြံသူတစ်ယောက်ကို ဝင်တိုက်ရန် ခုန်ဝင်သွားခဲ့သည်။ အချိန်ခဏအတွင်း ရေအောက်တွင် လက်နက်အရိပ်များ ပြည့်နှက်လာကာ ပြင်းထန်သောစွမ်းအားများက ပတ်ဝန်းကျင်ကိုဝါးမျို၍ လေဟာနယ်တစ်ခု ဖြစ်သွားစေခဲ့သည်။ ရေသင်္ချိုင်းအတွင်း ရတနာရှာဖွေနေကြသော ပင်လယ်မိစ္ဆာများက တိုက်ပွဲနှင့်ခပ်လှမ်းလှမ်းသို့ ချက်ချင်းဆုတ်ခွာသွားကြပြီး အဝေးမှစောင့်ကြည့်နေကြသည်။ လွန်ခဲ့သောရက်များအတွင်း ရတနာလုယူရန်အတွက် မရေမတွက်နိုင်သော တိုက်ပွဲများစွာ ဖြစ်ခဲ့သည်။ သူတို့အတွက် ကောင်းကျိုးတစ်စုံတစ်ရာမရှိလျှင် ဓားခုတ်ရာလက်ဝင်လျှိုမည့် အလုပ်မျိုးကို ရှောင်ရှားကြစမြဲပင်ဖြစ်သည်။

ရေခဲပြာမျိုးနွယ်၏ ကျင့်ကြံသူနှစ်ယောက်က အခြားမျိုးနွယ်နှစ်ခုကို ဆန့်ကျင်နေခဲ့သည်။ အတိတ်တွင် ၎င်းက အလွန်အစွမ်းထက်ခဲ့ဖူးသော်လည်း လက်ရှိတွင် ကျဆင်းသွားပြီဖြစ်သည်။ စီကုန်းကျင်းမင်က ထူးကဲအဆင့်နှစ်သာဖြစ်ပြီး ထန်တိုက်လင်တစ်ယောက်တည်းက ထူးကဲအဆင့်လေးယောက်ကို ရင်ဆိုင်နိုင်မည်ဟု မည်သူမှ မထင်ထားကြပေ။ သို့သော် နောက်ထပ်ဖြစ်ပေါ်လာသော မြင်ကွင်းများက သူတို့ကို ကြောင်အသွားစေသည်။ ထန်တိုက်လင်က ရန်သူလေးယောက်ကို လက်ရည်တူယှဥ်ပြိုင်နိုင်နေသည့်အပြင် လျင်မြန်စွာ ရှုံးနိမ့်မသွားခဲ့ပေ။ သူမကိုတိုက်ခိုက်နေသော ထူးကဲအဆင့်များမှာ အဆင့်တက်ကာစ ကျင့်ကြံသူများမဟုတ်ဘဲ လက်ရှိအဆင့်တွင် နှစ်ရာချီအောင် အခြေကျထားသူများဖြစ်၍ နှစ်ယောက်က ကောင်းကင်ဘုရင်များဖြစ်ကြသည်။ ဟောရန်သည် ထူးကဲအဆင့်ငါး ကျင့်ကြံသူဖြစ်ကာ ငှက်မွေးမျိုးနွယ်၏ ကောင်းကင်ဘုရင်ပိုင်မန်းက အဆင့်ခြောက်ဖြစ်သည်။ နှစ်ယောက်လုံးက ပင်လယ်မိစ္ဆာများကြားတွင် ကျော်ကြားသူများဖြစ်ကြသည်။ ဝိညာဥ်သားရဲကပ်ဘေးမဖြစ်ပေါ်ခင် ပင်လယ်မိစ္ဆာများတွင် အစွမ်းအထက်ဆုံးမှာ ထူးကဲအဆင့်ခုနစ် အဘိုးအိုတစ်ယောက်ဖြစ်ပြီး လူမြင်ကွင်းသို့ ထွက်ပေါ်မလာဖူးပေ။ ထို့ကြောင့် လက်ရှိတွင် အစွမ်းအထက်ဆုံးမှာ ထူးကဲအဆင့်ခြောက်များသာ ဖြစ်သည်။

လက်ရှိတွင် ထန်တိုက်လင်သည် ကောင်းကင်ဘုရင်နှစ်ယောက်နှင့် ထူးကဲအဆင့်နှစ်ယောက်ကို ရင်ဆိုင်နိုင်စွမ်းရှိနေသည်။ ဤအချက်က ပင်လယ်မိစ္ဆာများ၏အတွေးအမြင်ကို ပြောင်းပြန်လန်သွားစေသည်။ လွန်ခဲ့သောဆယ်နှစ်က မဟာစစ်ပွဲကြောင့် အားနည်းလာသော ရေခဲပြာမျိုးနွယ်က ပြန်လည်မြင့်တက်လာတော့မည်ဖြစ်သည်။ မိဘမဲ့တစ်ဦးဖြစ်သော ထန်တိုက်လင်က ဆယ်နှစ်ဆိုသော အချိန်တိုအတွင်း ဤအဆင့်အထိ အစွမ်းထက်လာခဲ့သည်။ ယနေ့အချိန်မတိုင်ခင်အထိ သူတို့က ရေခဲပြာမျိုးနွယ်ကို မျက်လုံးထဲမထည့်ထားသော်လည်း လက်ရှိတွင် အမြင်များ ပြောင်းလဲသွားကြသည်။

တိုက်ပွဲအချိန်ကြာလေလေ ဟောရန်က ပို၍ကြောက်လန့်လာလေလေဖြစ်သည်။ သူက ရေသင်္ချိုင်းအတွင်း ရောက်ချိန်မှစ၍ ထန်တိုက်လင်၏ခွန်အားကို လျှို့ဝှက်ကျင့်စဥ်တစ်ခုဖြင့် စစ်ဆေးပြီး စိုးရိမ်နေခဲ့သည်။ သို့သော် အချိန်ခဏအတွင်း သူမက လျင်မြန်စွာ အစွမ်းထက်လာမည်ဟု ထင်မထားပေ။ ထို့ကြောင့် သူက စမ်းသပ်ချင်ခဲ့ပြီး ထန်တိုက်လင်က မည်မျှအစွမ်းထက်ပါစေ ၊သူနှင့်အဆင့်တူသာဖြစ်နိုင်ကြောင်း ခန့်မှန်းထားသည်။ သူနှင့် ထူးကဲအဆင့်ခြောက် ပိုင်မန်းပူးပေါင်းလိုက်လျှင် သူမကိုအနိုင်ယူခြင်းက အလွန်လွယ်ကူမည်ဟု တထစ်ချယုံကြည်ထားသည်။ သို့သော်လည်း ရလဒ်က အထင်နှင့်အမြင်လွဲမှားနေပြီး ပင်လယ်နတ်ဘုရားလှံနှင့် ပိုးချည်စကိုအသုံးပြု၍ တိုက်ခိုက်နေသော ထန်တိုက်လင်က စစ်နတ်ဘုရားမတစ်ယောက်နှင့် တူညီနေခဲ့သည်။ သူမက အံ့သြဖွယ်ကောင်းလောက်အောင် အစွမ်းထက်နေပြီး ထူးကဲအဆင့်ခြောက် ၊ငါးနှင့် သုံး စုစုပေါင်းလေးယောက်နှင့် တိုက်ခိုက်နေရသည့်တိုင်အောင် ယှဥ်တိုက်နိုင်နေခဲ့သည်။ ဤကား ပင်လယ်မိစ္ဆာမျိုးနွယ်တွင် လုံးဝမဖြစ်ခဲ့ဖူးသော အဖြစ်အပျက်မျိုးဖြစ်သည်။ အကယ်၍ သူမသာ ဆက်လက်အစွမ်းထပ်လာမည်ဆိုလျှင် သွေးဆိုးမျိုးနွယ်အတွက် ဧရာမခြိမ်းခြောက်မှုကြီးတစ်ခု ဖြစ်လာနိုင်သည်။ ထို့ကြောင့် ဟောရန်မှာ အံကြိတ်၍ အသေသတ်တိုက်ကွက်များကို တရစပ်ထုတ်သုံးနေခဲ့သည်။

ပိုင်မန်းသည်လည်း အလွန်ထိတ်လန့်နေသည်။ သူ၏လက်အတွင်းရှိ အစွမ်းထက်တူနှစ်လက်ဖြင့်ပင် ထန်တိုက်လင်၏လှံမှ ထွက်ပေါ်လာသော သက်တန့်ရောင်နတ်အလင်းများကို မထိုးဖောက်နိုင်ခဲ့ပေ။ သူက ဤအဖြစ်ကို လုံးဝလက်မခံနိုင်ပေ။ သူ၏ခွန်အားက ငှက်မွေးမျိုးနွယ်တွင် ဒုတိယဖြစ်ကာ မျိုးနွယ်ခေါင်းဆောင်ဟောင်းလည်း ဖြစ်သည်။ သူက မျိုးနွယ်၏နံပတ်တစ်ကျင့်ကြံသူ ကောင်းကင်ဘုရင်လင်းလွမ်နှင့် တိုက်ခိုက်ရလျှင်ပင် ဤဖိအားမျိုး ခံစားရမည်မဟုတ်ချေ။ ထန်တိုက်လင်က အလွန်ငယ်ရွယ်နေပြီး သူမ၏ခမည်းတော်ပင် ပိုင်မန်းနှင့်ယှဥ်လျှင် လူငယ်တစ်ယောက်သာ ဖြစ်သည်။

ထန်တိုက်လင်က ရန်သူလေးယောက်ကို တပြိုင်နက်ရင်ဆိုင်နိုင်နေသာအခါ စီကုန်းကျင်းမင်သည် သူနှင့် မဟာအကြီးအကဲနှစ်ယောက်က သူမကိုအထင်သေးခဲ့မိကြောင်း သဘောပေါက်သွားသည်။ ရေခဲပြာမျိုးနွယ်၏ဘုရင်မက နှစ်တစ်ထောင်အတွင်း ထွက်ပေါ်လာခဲသော ရှားပါးပါရမီရှင်တစ်ယောက် ဖြစ်သည်။ ဘိုးဘေးများ၏ဝိညာဥ်များက ရေခဲပြာမျိုးနွယ်ကို နောက်တစ်ကြိမ် ကောင်းချီးပေးလာသောအခါ သူ၏မျက်လုံးများက ဝင်းလက်တောက်ပနေသည်။

တိုက်ပွဲစတင်သောအခါ အဆုံးမဲ့အဆင့် ပင်လယ်မိစ္ဆာခြောက်ယောက်က ယဲ့ချန်ကို ဝိုင်းထားလိုက်ကြသည်။ သူတို့၏အမြင်တွင် ပင်လယ်ရေအောက်သို့ ထန်တိုက်လင်နောက်မှလိုက်ပါလာသော လူသားကိုအနိုင်ကျင့်ရန် လွယ်ကူသည်ဟု သဘောထားကြသည်။ ရန်သူခြောက်ယောက်က ယဲ့ချန်ကို လှောင်ပြုံးများဖြင့် စိုက်ကြည့်နေကြသည်။ ယဲ့ချန်က ရန်သူများကို အကဲခတ်လိုက်ပြီး အဆုံးမဲ့အဆင့်တစ်ဆယ်တစ်ယောက် ၊အဆင့်ကိုးနှစ်ယောက်နှင့် အဆင့်ခြောက်နှင့် ခုနစ်သုံးယောက်ဖြစ်ကြောင်း သိခဲ့ရသည်။ သို့သော် ရေသင်္ချိုင်းအပြင်ဘက်တွင် သူတို့ကို အစွမ်းထက်ရန်သူများအဖြစ် သတ်မှတ်နိုင်သော်လည်း ဤနေရာရှိဖိအားကြောင့် ထုတ်ဖော်နိုင်သော ခွန်အားမှာ အများဆုံး နတ်ဘုရင်အလယ်အဆင့်သာ ဖြစ်သည်။ အဆုံးမဲ့အဆင့်ခြောက်သို့ရောက်ပြီးနောက် ယဲ့ချန်သည် ပတ်ဝန်းကျင်ရှိအလောင်းများထံမှ ဖိအားအချို့ကို လျစ်လျူရှုလာနိုင်သည်။ သူခံစားရသော ဖိနှိပ်မှုက ရန်သူများအောက် နိမ့်ကျသောကြောင့် အဆုံးမဲ့အဆင့်တစ်ခွန်အားကို ထုတ်ဖော်နိုင်နေသောအခါ အားလုံးကို ရင်ဆိုင်နိုင်နေပြီဖြစ်သည်။

"ခွေးကောင် မရဏအမြုတေကို ထုတ်ပေးစမ်း။ ဒါဆိုရင် မင်းကို ကောင်းကောင်းမွန်မွန် သေခွင့်ပေးမယ်"

ပင်လယ်မိစ္ဆာခြောက်ယောက်က ယဲ့ချန်ကို ဝိုင်းဝန်းခြိမ်းခြောက်လိုက်ကြသည်။ တစ်ယောက်ချင်းစီက အရပ်နှစ်မီတာမြင့်သောကြောင့် ယဲ့ချန်က သူတို့နှင့်ယှဥ်လျှင် သနားစဖွယ်ဖြစ်နေခဲ့သည်။

"မင်း...မင်းတို့ ရှေ့တိုးမလာနဲ့နော်"

ယဲ့ချန်က ကြောက်လန့်ဟန်ဆောင်၍ နောက်ဆုတ်လိုက်သည်။ သို့သော်လည်း သူ၏မျက်လုံးများကို သေချာစွာကြည့်လိုက်လျှင် ကြောက်စိတ်လုံးဝမရှိကြောင်း သိနိုင်သည်။ သူက မျက်ဝန်းများကျဥ်းမြောင်း၍ ရန်သူတစ်ယောက်ချင်းစီကို အကဲခတ်နေသည်။

"ဟမ့် မင်းက မောက်မာနေခဲ့တာ မဟုတ်ဘူးလား။ အခု မင်းကြောက်နေပေမယ့် ထန်တိုက်လင်က သူ့ကိုယ်သူတောင် မကယ်နိုင်ဘူး။ မင်းကို ဘယ်သူမှ လာမကယ်နိုင်ဘူး"

ရန်သူများက နှာခေါင်းရှုံ့၍ ယဲ့ချန်ထံ ဖြည်းဖြည်းချင်း ချဥ်းကပ်လာကြသည်။

"ငါ့အသက်အတွက် ရတနာနဲ့ အလဲအလှယ်လုပ်လို့ မရဘူးလား။ ငါ့ဆီမှာ ပစ္စည်းကောင်းတွေ အများကြီးရှိတယ်။ ကြည့်စမ်း ဒီမှာ အဖိုးမဖြတ်နိုင်တဲ့ စိတ်သန့်စင်ကျောက်မျက်ရှိတယ်။ အာကာသကျောက်တွေနဲ့ ဝိညာဥ်ကျောက်စိမ်းတွေလည်း ရှိတယ်။ ဒါတွေက အရမ်းအဖိုးတန်တယ်။ ကျုပ်ကို အသက်ချမ်းသာပေးပြီး ယူသွားလိုက်ပါ"

ယဲ့ချန်က ရန်သူခြောက်ယောက်ကို သနားစဖွယ်မော့ကြည့်၍ မျက်နှာငယ်လေးနှင့် ပြောလိုက်သည် ။သူ၏ပခုံးပေါ်တွင် ဝူဇီကပါ မျက်တောင်တဖြတ်ဖြတ်ခတ်၍ ကူညီသရုပ်ဆောင်ပေးနေခဲ့သည်။

"ဒီကောင်က အရူးလား။ ငါတို့ရှေ့ကို ရောက်နေတာတောင် ရတနာတွေ ထုတ်ပြရဲသေးတယ်။ ဒါတွေက သူ့အသက်ကို တကယ်ကယ်တင်ပေးနိုင်မယ်လို့ ထင်နေတာလား။ ငါတို့က သူ့ကိုသတ်လိုက်ရင် ရတနာအကုန်ရပြီ"

ပင်လယ်မိစ္ဆာခြောက်ယောက်က အကြည့်ချင်း ဖလှယ်လိုက်ကြသည်။

"ခွေးကောင်လေး သေစမ်း"

ငှက်မွေးမျိုးနွယ်၏ အဆုံးမဲ့အဆင့်တစ်ဆယ် ကျင့်ကြံသူက အချိန်မဖြုန်းလိုသောကြောင့် ပထမဆုံးလှုပ်ရှားကာ ယဲ့ချန်ကို လက်ဝါးဖြင့် ရိုက်ချလိုက်သည်။ ကျန်ငါးယောက်ကလည်း တဟုန်ထိုး ပြေးဝင်လာကြသည်။ သူတို့၏အမြင်တွင် ယဲ့ချန်က သေလူဖြစ်ပြီး ရတနာများကသာ ကြီးစိုးနေသည်။ ယဲ့ချန်က နေရာတွင် တည်ငြိမ်စွာ ရပ်နေခြင်းဖြစ်သော်လည်း ကြောက်လွန်းသဖြင့် ကြက်သေသေနေသည်ဟု သူတို့က ထင်နေကြသည်။

"ဒီနေ့ မင်းသေပြီ ဟား ဟား"

သွေးဆိုးမျိုးနွယ်ဝင်တစ်ယောက်က ယဲ့ချန်ကို လှောင်ရယ်လိုက်သည်။ သို့သော် ပင်လယ်မိစ္ဆာများ၏တိုက်ကွက်များက ယဲ့ချန်ကိုမထိခင်၌ ကိုယ်ပေါ်တွင် ချပ်ဝတ်တစ်ခု ထွက်ပေါ်လာ၏။ သူ၏ခန္ဓာကိုယ်တစ်ခုလုံးက ခရမ်းရောင်နတ်ဆိုးချပ်ဝတ်၏ အကာအကွယ်အောက် ရောက်ရှိသွားခဲ့သည်။ တဘန်းဘန်းမြည်သံများ ထွက်ပေါ်လာ၍ ယဲ့ချန်ကို တိုက်ကွက်များ တစ်ခုပြီးတစ်ခု ထိမှန်သွားကြသည်။ သို့သော် အဆင့်ကိုးနတ်ဆိုးချပ်ဝတ်၏ ခံစစ်နှင့်အတွေ့တွင် အားလုံးက ချေဖျက်ခံလိုက်ရသည်။ ပုံမှန်ဆိုလျှင် ၎င်းက အဆုံးမဲ့အဆင့်တစ်ဆယ် ကျင့်ကြံသူ၏တိုက်ခိုက်မှုကို ကာကွယ်နိုင်မည်မဟုတ်သော်လည်း ရေသင်္ချိုင်းအတွင်း၌ ရန်သူများ၏ခွန်အားက များစွာဖိနှိပ်ခံထားရသည်။ ဖိအားသက်ရောက်ခြင်း လုံးဝမခံရသော ချပ်ဝတ်က အလွန်အစွမ်းထက်လာခဲ့လေသည်။

နတ်ဆိုးချပ်ဝတ်က ခရမ်းရောင်အလင်းများ တောက်ပလာပြီး ပင်လယ်မိစ္ဆာခြောက်ယောက်၏ တိုက်ခိုက်မှုက ယဲ့ချန်ကို မထိခိုက်စေခဲ့ပေ။ သူက ချက်ချင်းတန်ပြန်တိုက်ခိုက်လိုက်ပြီး ညာလက်တွင် ကောင်းကင်တုန်ခါဆေးအိုးကို ဆင့်ခေါ်လိုက်သည်။ သူက ဆေးအိုးနှင့် သွေးဆိုးမျိုးနွယ်ဝင်တစ်ယောက်ထံ ပစ်ပေါက်လိုက်သည်။ အကွာအဝေးက အလွန်နီးကပ်နေသည့်အပြင် ၎င်းက အလွန်လျင်မြန်နေသောကြောင့် ပစ်မှတ်က ရှောင်တိမ်းရန် အချိန်မရှိခဲ့ပေ။

"ဘုန်း"

ကောင်းကင်တုန်ခါဆေးအိုးနှင့် ထိမှန်ခံလိုက်ရသူက သွေးအန်၍ လွင့်ထွက်သွားခဲ့သည်။ ဆေးအိုးအဝတွင် ပြင်းထန်သော ဝဲတစ်ခုဖြစ်တည်လာကာ လွင့်ထွက်သွားသော ရန်သူကို လှစ်ခနဲ စုပ်ယူလိုက်၏။ ထိုကျင့်ကြံသူ၏ နာကျင်စွာအော်သံကြီးက ကျယ်လောင်လွန်းသဖြင့် ကြားရသူတိုင်း လိပ်ပြာလွင့်သွားနိုင်သည်။ ကျန်ပင်လယ်မိစ္ဆာငါးယောက်က အချင်းချင်း အလန့်တကြားဖြင့် ကြည့်လိုက်မိသည်။ ဆေးအိုးက အလွန်အစွမ်းထက်နေသောကြောင့် မည်သို့သောရတနာဖြစ်ကြော င်းစဥ်းစားနေကြသည်။

မူလတွင် ရန်သူများက အဆုံးမဲ့အဆင့်သာဖြစ်သော ယဲ့ချန်ကို အရေအတွက်အသာစီးဖြင့် အလွယ်တကူနိုင်မည်ဟု ထင်မှတ်ထားကြသည်။ ယဲ့ချန်က သူ၏အစွမ်းကို တစ်ချိန်လုံးကွယ်ဝှက်ထားပြီး သူတို့ဘက်မှ အဆုံးမဲ့အဆင့်ကိုး ကျင့်ကြံသူတစ်ယောက်ကို ချက်ချင်းအနိုင်ယူပစ်လိုက်မည်ဟု အိပ်မက်ပင်မက်ဖူးမည် မဟုတ်ပေ။ အဆင့်ကိုးနတ်ဆိုးချပ်ဝတ်ကပင် အဖိုးတန်ရတနာတစ်ခုဖြစ်နေပြီး ပို၍အစွမ်းထက်သော ဆေးအိုးကြီးက နတ်ရတနာတစ်ခုပ င်ဖြစ်နေနိုင်သည်။

ရန်သူများက အခြေအနေမကောင်းကြောင်း ရိပ်စားမိသဖြင့် ထွက်ပြေးကာနီးတွင် ယဲ့ချန်၏ကြုံးဝါးသံကို ကြားလိုက်ရသည်။ ယဲ့ချန်၏ကိုယ်တွင်းမှ ဝိညာဥ်အသိစိတ်တစ်ခု ပြန့်ထွက်လာကာ သူတို့ကို ပစ်မှတ်ထားလိုက်သည်။ ပင်လယ်မိစ္ဆာများက တစ်လက်မပင် မရွေ့နိုင်တော့သောအခါ မျက်နှာထားများ ဆိုးရွားစွာ ပျက်သွားကြသည်။ ထူးကဲအဆင့်ကျင့်ကြံသူများ၏ ဝိညာဥ်အသိစိတ်ပင် ဤရေသင်္ချိုင်းအတွင်း ဖိနှိပ်ခံထားရသော်လည်း လူသားတစ်ယောက်က ထုတ်သုံးနိုင်စွမ်းရှိနေသည်။

ပင်လယ်မိစ္ဆာငါးယောက်သည် ခက်ခက်ခဲခဲရုန်းကန်ပြီးနောက် သူတို့၏ခွန်အားများက နတ်ဘုရင်အဆင့်သာရှိနေချိန်တွင် ယဲ့ချန်က အဆုံးမဲ့အဆင့်တစ်ခွန်အားကို ပိုင်ဆိုင်ထားကြောင်း သဘောပေါက်သွားကြသည်။ အဆုံးမဲ့အဆင့်ခွန်အားရှေ့မှောက်တွင် နတ်ဘုရင်အဆင့်စွမ်းအားက လုံးဝတွန်းလှန်နိုင်စွမ်း မရှိချေ။ ယဲ့ချန်သည် ကျားသားစားရန် ဝက်ယောင်ဆောင်နေခြင်းဖြစ်ကြောင်း သူတို့က နားလည်သွားကြလေသည်။

All Chapters