← Chapters

အလယ်အင်ပါယာစုဝေးပွဲ

Vol. 34 Ch. 472

အလယ်အင်ပါယာစုဝေးပွဲ

Vol. 34 Ch. 472

ယဲ့ချန်သည် သူစုစည်းထားသော ဝိညာဥ်ချီများကို ပြန်လည်ထုတ်လွှတ်လိုက်သောအခါ သက်ဆိုင်ရာခန္ဓာကိုယ်အသီးသီးသို့ ပြန်လည်ရောက်ရှိသွားကြသည်။ ကြယ်ခန်းမတပည့်များသည် ချက်ချင်းအားနည်း ပျော့ခွေသွားကြပြီး လဲကျမသွားခင် တင်ပျဥ်ခွေထိုင်၍ ကျင့်ကြံလိုက်ရ၏။ ယဲ့ချန်တိုက်ခိုက်နေစဥ် သူတို့အားလုံးက ဖိအားကြီးတစ်ခုအောက်ကျရောက်နေပြီး သူသေဆုံးသွားလျှင် အတူတူလိုက်ပါ သေဆုံးရမည်ဖြစ်သည်။ အနာဂတ်တွင် ဤတိုက်ကွက်ကို အသုံးပြုပါက ယဲ့ချန်အနေဖြင့် သေချာပေါက် ဂရုစိုက်ရပေလိမ့်မည်။

"ကျေးဇူးအများကြီးတင်ပါတယ်"

ယဲ့ချန်က အဝေးတစ်နေရာသို့ စိုက်ကြည့်၍ ပြောလိုက်ခြင်းဖြစ်သည်။ ထန်တိုက်လင်မှ ကြယ်ခန်းမကို ကယ်တင်ပေးခဲ့သောကြောင့် သူက အကြွေးကြီးကြီးတင်သွားခဲ့သဖြင့် ခံစားချက်များ ရှုပ်ထွေးနေသည်။ သူက ကုန်းပန်ကို ကိုယ်ပိုင်ခွန်အားဖြင့် အနိုင်ယူချင်ခဲ့သော်လည်း နောက်ဆုံးတွင် လုံလောက်အောင် သန်မာခြင်းမရှိပေ။ သို့သော် သူက ဤတိုက်ပွဲမှ ကြယ်ပိုင်နက်အကြောင်း နားလည်မှုများ တိုးပွားလာသဖြင့် အမြတ်ထွက်ခဲ့သည်။

"ကိစ္စမရှိပါဘူး။ မုန်တိုင်းမျိုးနွယ်က နောက်တစ်ခေါက် ပြန်လာရဲမှာမဟုတ်ဘူး။ ငါ မြောက်ပင်လယ်ကို ပြန်တော့မယ်။ ကျန်းရန်ကို နင်နဲ့အတူ ခေါ်ထားလိုက်"

ထန်တိုက်လင်က လူလုံးထွက်ပြခြင်းမရှိဘဲ အေးစက်သော်လည်း အနည်းငယ်သိမ်မွေ့သော လေသံဖြင့် အဝေးမှ ပြောလိုက်ခြင်းဖြစ်သည်။ ထို့နောက် သူမ၏အသံက ဖြည်းဖြည်းချင်းဝေးကွာ ပျောက်ကွယ်သွားခဲ့သည်။

"ခန်းမသခင် မင်းက တကယ်အစွမ်းထက်တယ်ကွာ။ အတိတ်တုန်းက အရှင်မဟာ ဘယ်သူ့အပေါ်မှ ဒီလောက်မသိမ်မွေ့ဖူးဘူး"

ကျန်းရန်က ရှေ့တက်လာ၍ ယဲ့ချန်ကို တစ်ချက်ပြုံးပြလိုက်သည်။ ယဲ့ချန်က သူ့ကို ဆွံ့အသွားဟန်ဖြင့် ပြန်ကြည့်လိုက်မိသည်။ ထန်တိုက်လင်၏လေသံက အနည်းငယ်သာ ညှင်သာနေခြင်းဖြစ်သော်လည်း ကျန်းရန်က သိမ်မွေ့သည်ဟူ၍ အဓိပ္ပါယ်ဖွင့်နေသည်။ ထို့ကြောင့် သူမ၏စရိုက်က မည်မျှအေးစက်ကြောင်း သိသာစေသည်။ သူမ၏သိမ်မွေ့ခြင်းက သာမန်လူများထက် များစွာပို၍အေးစက်နေသောအခါ ထိုအဓိပ္ပါယ်နှင့် လုံးဝသက်ဆိုင်ခြင်းမရှိပေ။ သို့သော် ယဲ့ချန် မည်သို့တွေးနေပါစေ၊ ကျန်းရန်က ယဲ့ချန်အပေါ် အလွန်လေးစားနေပြီဖြစ်သည်။

ယဲ့ချန်က ယဲ့တောင်ကြားသို့ ထွက်ခွာလာပြီး ဝိညာဥ်သစ်ပင်အောက်တွင်ထိုင်ချကာ နားလည်မှုအသစ်များကို စတင်ဆင်ခြင်လိုက်သည်။ မုန်တိုင်းမျိုးနွယ်၏လုပ်ရပ်က ခွန်အားဆာလောင်စိတ်ကို အဆမတန်မြင့်တက်လာစေသည်။ သူက ကုန်းပန်နှင့်တိုက်ပွဲတွင် ဉာဏ်အလင်းအသစ်များရရှိသကဲ့သို့ ဒဏ်ရာများလည်း ရခဲ့သည်။ ကံကောင်းစွာဖြင့် ၎င်းတို့က မပြင်းထန်သောကြောင့် ဓားပျံကိုအသက်သွင်း၍ ကောင်းကင်ချီများ လည်ပတ်လိုက်ရုံဖြင့် ခဏအတွင်း ပြန်လည်ကောင်းမွန်သွားခဲ့သည်။ သူက မျက်လုံးများမှိတ်၍ အတွေးနက်နေပြီး ပိုင်နက်၏အစွမ်းကို စတင်နားလည်စပြုလာသည်။ ကြယ်ခန်းမတပည့်များ၏ အားနည်းသော ဝိညာဥ်များက သူ့ကို တိုက်ပွဲအတွင်း ပို၍သန်မာလာစေပြီး ခွန်အားက ထူးကဲအဆင့်သို့ ရောက်လုနီးပါးဖြစ်သည်။ ထို့ကြောင့် သူက ကြယ်ခန်းမတပည့်များအနေဖြင့် ဝိညာဥ်အသိစိတ်များ ကျင့်ကြံနိုင်စေရန် လေ့ကျင့်ပေးမည်ဟု ဆုံးဖြတ်လိုက်သည်။

ယဲ့ချန်က ဝိညာဥ်အသိစိတ်ကို ထုတ်လွှတ်၍ ဝိညာဥ်ချီကို ကြယ်ခန်းမအတွင်း ဖြန့်ကျက်လိုက်သည်။ လင်းယွန်တောင်တန်းအတွင်းရှိ ခြင်္သေ့ဘုရင်က ယဲ့တောင်ကြားကို တစ်ချက်ကြည့်လိုက်သည်။ ယဲ့ချန်၏ကျင့်ကြံနှုန်းက အံ့သြစရာကောင်းလောက်အောင် မြန်ဆန်နေသည်။ သူက ယဲ့ချန်၏ဝိညာဥ်ချီကို အာရုံခံမိသောအခါ ဝိညာဥ်ကိုထုတ်လွှတ်၍ ပေါင်းစပ်လိုက်ပြီး ၎င်းတို့ကို စုပ်ယူလိုက်သည်။ ကြယ်ခန်းမတပည့်များ၏ ဝိညာဥ်များကလည်း လွှမ်းမိုးခံလိုက်ရပြီး ယဲ့ချန်၏ဝိညာဥ်အသိစိတ်အတွင်း ပေါင်းစပ်လာကြသည်။ လင်းယွန်တောင်တန်းပေါ်ရှိ နေရာတိုင်းတွင် လူသားများ၊ မှော်သားရဲများနှင့် ကောင်းကင်သားရဲများ၏ မျက်လုံးတိုင်းက ကြည်လင်နေကာ အတွေးများကိုထိန်းချုပ်၍ ကျင့်ကြံနေကြပြီး ဝိညာဥ်ချီအချို့ စတင်ဖြစ်ပေါ်လာနေသည်။

"ခန်းမသခင်ကို သေတဲ့အထိ သစ္စာရှိပါမယ်"

ကြယ်ခန်းမကို ပုန်ကန်ရန် တွေးဖူးသူများ၏စိတ်ထဲတွင် အပြစ်ရှိစိတ်ကို ခံစားလိုက်ရပြီး စိတ်အတွင်းပိုင်းထဲ၌ သစ္စာရှိစိတ်များ တိုးပွားလာ၏။ ဝိညာဥ်ပေါင်းဆယ်သန်းကျော်က ယဲ့ချန်၏ဝိညာဥ်အသိစိတ်နှင့် ဆက်သွယ်ပြီး ၎င်းကို ပို၍အစွမ်းထက်လာစေသည်။ ကြယ်ခန်းမတပည့်များ၏ ယုံကြည်မှုနှင့် သစ္စာများက ယဲ့ချန်၏ခွန်အားကို တိုးတက်လာစေသည်။ ဤကား ကြယ်တာရာဘုံကိုးလွှာကျင့်စဥ်၏ ပြိုင်ဘက်ကင်းထူးခြားမှု ဖြစ်လေသည်။

အလယ်အင်ပါယာ၏ တော်ဝင်မြို့တော်တွင် သမာဓိကောင်စီခေါင်းဆောင်သုံးယောက်က ကြီးမြတ်သူအဆင့်သို့ ချိုးဖျက်နိုင်ခဲ့ပြီဟူသော သတင်းများ ထွက်ပေါ်နေကာ အင်အားစုများ စတင်စုဝေးလာကြသည်။ ဝိညာဥ်သားရဲကပ်ဘေး ပြင်းထန်လာချိန်တွင် ကိုယ့်ကိုကိုယ်ကာကွယ်နိုင်စွမ်းမရှိသူများက သမာဓိကောင်စီ၏အစွမ်းကို ကြားသိရသောအခါ အလုံခြုံဆုံးဖြစ်သော တော်ဝင်မြို့တော်ထံ ခိုလှုံရန် ပြောင်းရွှေ့လာခဲ့ကြသည်။ တော်ဝင်မြို့တော်က အလယ်အင်ပါယာ၏ အဓိကမြို့တော်ဖြစ်လာခဲ့သည်။ သာမန်အင်အားစုများအပြင် မုန်တိုင်းမျိုးနွယ်ကဲ့သို့ အလယ်အလတ်အဆင့်အင်အားစုများကလည်း သမာဓိကောင်စီထံ ခိုဝင်လာကြသည်။ အဆုံးမဲ့အဆင့်နှင့် ထူးကဲအဆင့်ကျင့်ကြံသူများကို ပိုင်ဆိုင်ထားသော်လည်း နောက်ဆုံးတွင် သူတို့က သမာဓိကောင်စီ၏ လက်အောက်ခံများ ဖြစ်လာကြသည်။ ၎င်း၏အင်အားက ကြောက်ခမန်းလိလိတိုးတက်လာပြီး အတိတ်ကထက် ပို၍အစွမ်းထက်လာသည်။

မိုးကြိုးမျိုးနွယ်မှ ကျင့်ကြံသူငါးဆယ်ကျော်၊ စစ်နတ်ဘုရားကျောင်းတော်၊ သဲသားရဲမျိုးနွယ် ၊မီးတောက်သစ်နက်မျိုးနွယ်စသော ရှေးဟောင်းသွေးမျိုးဆက်များနှင့် အစွမ်းထက်အင်ပါယာဆယ်ခုမှ တော်ဝင်မျိုးနွယ်ဝင်များက အစည်းအဝေးတက်ရောက်ရန် ရောက်ရှိလာခဲ့ကြသည်။ အချို့က ပိုမေ့နှင့်အတူ တော်ဝင်မြို့တော်အတွင်း ဝင်ရောက်လာကြပြီး အချို့က အခြေအနေကို ပထမဆုံးစောင့်ကြည့်ရန် မြို့ပြင်တွင် နေခဲ့ကြသည်။ သမာဓိကောင်စီနှင့် ရန်ငြှိုးများရှိခဲ့သော ရှေးဟောင်းမျိုးနွယ်လေးခုမှ အစွမ်းထက်ခေါင်းဆောင်များ ရောက်ရှိမလာဘဲ မထင်မရှားတပည့်များသာ ရောက်ရှိလာကြသည်။ သို့သော် ခေါင်းဆောင်များက တော်ဝင်မြို့တော်ကို ကန့်လန့်ကာနောက်ကွယ်မှ အချိန်တိုင်းသတိထား စောင့်ကြည့်နေကြသည်။ ယဲ့ချန်နှင့် ထန်တိုက်လင်ကမူ တက်ရောက်လာခြင်းမရှိပေ။ ထန်တိုက်လင်က အဆုံးမဲ့အဆင့် အကြီးအကဲတစ်ယောက်ကိုစေလွှတ်ခဲ့ပြီး ယဲ့ချန်က ဝူဇီကို စေလွှတ်ခဲ့သည်။ ဝူဇီက အလွန်လျင်မြန်သောကြောင့် တော်ဝင်မြို့တော်သို့ ခဏအတွင်း ရောက်ရှိလာသည်။ သူက ကောင်းကင်ထက်ရှိ တိမ်များအတွင်း ပုန်းအောင်းနေကာ လက်တံရှစ်ချောင်းနှင့် ကြယ်သလင်းကျောက်ကို သယ်ဆောင်လာသည်။ တော်ဝင်မြို့တော်တွင် ဖြစ်ပျက်သမျှက ကြယ်သလင်းကျောက်အတွင်း မှတ်တမ်းတင်ထားခံရပေလိမ့်မည်။

တော်ဝင်မြို့တော်၏ တောင်ဘက်ရှိ တောင်ကြီးတစ်လုံးကို တိမ်တိုက်များဝန်းရံနေကာ ပန်းချီကားတစ်ချပ်သဖွယ် လှပနေသည်။ သစ်ပင်တောတောင်များကြားတွင် ရွှေရောင်ကျောက်စိမ်းအဆောက်အအုံများ တည်ရှိနေကာ မြင့်မြတ်မြို့တော်တစ်ခုအသွင်ဖြင့် ခမ်းနားနေသည်။ လွန်ခဲ့သောရက်များအတွင်း တောင်ပေါ်တွင် အလံများ တလူလူလွှင့်ထူထားပြီး ကျင့်ကြံသူများ ဝင်ထွက်သွားလာနေသဖြင့် အလွန်စည်ကားနေသည်။ တောင်ထိပ်တွင် လူပေါင်းထောင်ချီ ကျယ်ကျယ်ဝန်းဝန်းစုစည်းနိုင်သော စင်မြင့်ကြီးတစ်ခု တည်ရှိကာ ၎င်း၏ကြမ်းပြင်က ဓားတစ်လက်နှင့်ခုတ်ပိုင်းထားသကဲ့သို့ ချောမွတ်နေသည်။ ၎င်းအပေါ်တွင် စားပွဲပုလေးများကို ငါးတန်းနေရာချထားပြီး စားသောက်ဖွယ်ရာများ ခင်းကျင်းထားသည်။ အမျိုးမျိုးသော အင်အားစုများ၏ကျင့်ကြံသူများက သေရည်ကို အရသာခံသောက်သူသောက်၊ အခြားစားပွဲရှိ ကျင့်ကြံသူများနှင့် စကားစမြည်ပြောသူပြောဖြင့် လှုပ်ရှားသက်ဝင်နေသည်။ စားပွဲများနှင့် မျက်နှာချင်းဆိုင်တွင် လက်တင်ကုလားထိုင်သုံးခု ခင်းကျင်းထားကာ အပေါ်တွင် ခေါင်းဆောင်သုံးယောက် ထိုင်နေကြသည်။ သူတို့က ကျော်ကြားသူများဖြစ်သော်လည်း အမြဲတစေ တံခါးပိတ်ကျင့်ကြံနေတတ်သည်။ အလွန်နည်းပါးသူများသာ သူတို့ကို မြင်ဖူးသည်။ လက်ရှိတွင် သုံးယောက်လုံး အတူတကွထွက်ပေါ်လာသောအခါ ကျင့်ကြံသူများစွာက တစ်ကြိမ်ထက် ပို၍ကြည့်လိုက်မိကြသည်။ သုံးယောက်လုံး ထွက်ပေါ်လာခြင်းက ဤအစည်းအဝေးသည် သမာဓိကောင်စီအတွက် မည်မျှအရေးကြီးကြောင်း သိသာနေသည်။ သမာဓိကောင်စီ၏ ခေါင်းဆောင်သုံးယောက်က သက်လတ်ပိုင်းအရွယ်ဟု ထင်ရသော်လည်း အမှန်တကယ် အသက်၂၀၀ကျော်ပြီဖြစ်သည်။

အလယ်တွင်ထိုင်နေသူက အသက်အကြီးဆုံးဖြစ်ကာ အသက်နှစ်ရာ့ခြောက်ဆယ်ရှိပြီး သမာဓိကောင်စီတွင် အဆင့်အတန်းအမြင့်ဆုံးဖြစ်သည်။ ကုမင်အမည်ရသော ဤကျင့်ကြံသူက လေးထောင့်ကျကျမျက်နှာနှင့် တင်းမာရက်စက်သော အသွင်ကို ပိုင်ဆိုင်ထားကာ မျက်လုံးများက တလက်လက်တောက်ပနေသည်။ ကုမင်သည် လွန်ခဲ့သောနှစ်၂၀၀ကပင် ပြိုင်ဘက်ကင်းပါရမီရှင်တစ်ယောက်အဖြစ် အရှေ့ပိုင်းတိုက်ကြီးတွင် ကျော်ကြားခဲ့သည်။ သူက အသက်၂၆နှစ်တွင် အဆုံးမဲ့အဆင့်သို့ရောက်ခဲ့ပြီး အသက်ငါးဆယ်တွင် သမာဓိကောင်စီသို့ ဝင်ရောက်ခဲ့သည်။ သူက ခန်းမခေါင်းဆောင်တစ်ယောက်ဖြစ်လာသောအခါ သူ့ကိုဆန့်ကျင့်သော မဟာအကြီးအကဲသုံးဆယ့်တစ်ယောက်ကို သတ်ဖြတ်၍ ကောင်စီတစ်ခုလုံးကို သွေးချောင်းစီစေခဲ့သည်။ အချိန်တစ်ခုကြာသောအခါ သူ့ကို လူတိုင်းကြောက်ရွံ့လာကြပြီး ခန်းမခေါင်းဆောင်ရာထူးက အခြေကျသွားခဲ့သည်။ သူက အသက်ခုနစ်ဆယ်အရွယ်သို့ ရောက်သောအခါ ကျင့်ကြံခြင်းကိုသာအာရုံစိုက်ပြီး တံခါးပိတ်ကျင့်စဥ်ဝင်သွားသောကြောင့် ပြင်ပကမ္ဘာကြီးပေါ်မှ ပျောက်ကွယ်သွားခဲ့သည်။

ကုမင်၏ဘယ်ဘက်တွင် ထိုင်နေသူမှာ သူ၏ညီငယ် ကုရန်ဖြစ်သည်။ သူက ကုမင်နှင့်ရုပ်ချင်းဆင်သော်လည်း တင်းမာသောမျက်နှာအစား အပြုံးတစ်ခုကို ဖော်ဆောင်ထားသည်။ လွန်ခဲ့သောနှစ်၂၀၀က ကုရန်သည်လည်း ကုမင်ကဲ့သို့ အစွမ်းထက်ပါရမီရှင်ဖြစ်ခဲ့သည်။ သူက ကုမင်အောက် အနည်းငယ်နိမ့်ကျသော်လည်း ခေါင်းဆောင်နိုင်စွမ်းတွင် ပို၍ထူးချွန်သည်။ ကုမင် အနားယူသွားပြီးနောက်တွင် သမာဓိကောင်စီ၏အာဏာက သူ၏ခေါင်းဆောင်မှုဖြင့် မြင့်တက်လာခဲ့ပြီး အရှေ့ပိုင်းတိုက်ကြီးတစ်ခုလုံး၏ အရှင်သခင်ဖြစ်လာကာ အခြားတိုက်များသို့ပင် လွှမ်းမိုးနိုင်လာခဲ့သည်။

ကုမင်၏ညာဘက်တွင်ရှိနေသူမှာ နတ်ပန်းပဲဟု အမည်ရပြီး အေးစက်စက်မျက်နှာထားကို ပိုင်ဆိုင်သည်။ သူက ဆံပင်များကို စီးနှောင်ထားပြီး အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားကာ ဓားတစ်လက်ကဲ့သို့ ထက်ရှသောအရှိန်အဝါကို ပိုင်ဆိုင်ထားသည်။ သူ၏ကျင့်ကြံဆင့်က ကျန်ခေါင်းဆောင်နှစ်ယောက်အောက် မနိမ့်ကျဘဲ အလွန်ဆန်းကျယ်သော နောက်ခံကိုလည်း ပိုင်ဆိုင်ထားသည်။ သူ၏အောင်မြင်မှုများအကြောင်းကို မည်သူမှမသိသကဲ့သို့ မည်သည့်နေရာမှဖြစ်ကြောင်းကိုလည်း မခန့်မှန်းနိုင်ကြပေ။ သူက လေထဲတွင် အလိုလိုပေါ်လာသကဲ့သို့ဖြစ်သည်။ ကုမင်က သမာဓိကောင်စီ၏ ခေါင်းဆောင်ဖြစ်လာသောအခါ ပထမဆုံးအလုပ်မှာ နတ်ပန်းပဲကို ခေါင်းဆောင်တစ်ယောက်အဖြစ် တင်မြှောက်ပေးခြင်းဖြစ်သည်။ ထိုအချိန်တွင် ဆန့်ကျင်သူများစွာရှိခဲ့သော်လည်း ကုမင်က အားလုံးကို သတ်ပစ်ခဲ့သည်။ ထိုအချိန်မှစ၍ သမာဓိကောင်စီ၏ကျင့်ကြံသူများက ခေါင်းဆောင်သုံးယောက်အောက် ပြားပြားဝပ်ခဲ့ရပြီး နှစ်ပေါင်းနှစ်ရာကြာသောအခါ နတ်ပန်းပဲကို ခေါင်းဆောင်တစ်ယောက်အဖြစ် လူတိုင်း သဘောတူလာကြပြီဖြစ်သည်။ ခေါင်းဆောင်သုံးယောက်တွင် ကုမင်နှင့် နတ်ပန်းပဲက အေးစက်စက်မျက်နှာထားနှင့် ထိုင်နေသော်လည်း ကုရန်ကမူ ယဥ်ကျေးစွာပြုံးပြနေသဖြင့် ကျန်နှစ်ယောက်ထက် ပို၍ဖော်ရွေပုံပေါ်နေသည်။

အစည်းအဝေးတက်ရောက်လာသူများ၏ ထိပ်ဆုံးတွင် လျှပ်စီးချပ်ဝတ်ကို ဝတ်ဆင်ထားပြီး ကျောဘက်တွင် အနက်ရောင်ဆံပင်များလွင့်ပျံနေကာ သူရဲကောင်းဆန်သည့် သားရဲဧကရာဇ်ပိုမေ့ ရှိနေသည်။ သူက တည်ငြိမ်စွာထိုင်နေသော်လည်း ခန္ဓာကိုယ်ပတ်လည်တွင် လျှပ်စီးများ ဖြစ်ပေါ်နေသည်။ သူ၏ လျှပ်စီးများ တဖျတ်ဖျတ်လက်နေသည့် မျက်ဝန်းများက ခေါင်းဆောင်သုံးယောက်ကို စိုက်ကြည့်နေသည်။ သူ၏နောက်တွင် အစွမ်းထက်အင်အားစုများ၏ ခေါင်းဆောင်များ နေရာယူထားကာ အရှေ့ပိုင်းတိုက်ကြီးရှိ ထိပ်တန်းကျင့်ကြံသူများဖြစ်ကြသည်။

သမာဓိကောင်စီခေါင်းဆောင်များ၊ သားရဲဧကရာဇ် ပိုမေ့၊ စစ်နတ်ဘုရားကျောင်းတော်သခင် ကျန်းလီ၊ မီးတောက်သစ်နက်မျိုးနွယ်ခေါင်းဆောင် ဟေးယု၊ သဲသားရဲမျိုးနွယ်မှ ရှထုံတန်း၊ ဆေးဘုရင်မြို့တော်၏ ရောင်ချန်နှင့် လက်နက်ကောင်စီ၏ ရွှမ်လင်းတို့အားလုံးက အစွမ်းထက်ပိုင်နက် အဆင့်နှစ်ကိုယ်စီ ထုတ်ဖော်ထားကြသည်။ တောင်ထိပ်စင်မြင့်တစ်ခုလုံးက ကမ္ဘာငယ်ကိုးခုပမာ ပိုင်းခြားခံထားရလေသည်။

All Chapters