← Chapters

ဘေးမဖယ်လျှင် အသတ်ခံရမည်

Vol. 112 Ch. 1561

ဘေးမဖယ်လျှင် အသတ်ခံရမည်

Vol. 112 Ch. 1561

ရက်နှစ်ဆယ်...

ကျန်းရီသည် အပြစ်ဆေးကြောဆန်းကြယ်နယ်မြေထဲတွင် ရက်နှစ်ဆယ်ကြာအောင် ရှင်သန်နေခဲ့သည်။ ယင်းမှာ မဖြစ်နိုင်ပေ။ သို့သော် အမှန်တရားက အားလုံး၏မျက်စိအရှေ့တွင် ရှိနေသည်။ သူတို့အားလုံးသည် ကလေးငယ်တစ်ယောက်က အုပ်ချုပ်သူအဆင့် သိုင်းသမားတစ်ယောက်အား နှိပ်စက်သတ်ဖြတ်နေသည်ကို ကြည့်နေရသလို ခံစားနေကြရ၏။ ဤကိစ္စက သူတို့အတွက် ထိုမျှရယ်စရာကောင်းသော ကိစ္စဖြစ်သည်။ ထိုမျှမဖြစ်နိုင်သော ကိစ္စဖြစ်သည်။

မကြာခင်မှာပင် စူးရှသောလေခွင်းသံတစ်သံကို ကြားလိုက်ရသည်။ အဝေးမှနေ၍ လူတစ်ယောက် ချဉ်းကပ်လာပြီး သတ်ဖြတ်အရှိန်အဝါတစ်ခုက ရန်ထျန်းဖန်တို့ကို လွှမ်းခြုံသွား၏။ သူတို့အားလုံး တုန်လှုပ်သွားကြသည်။ ကျန်းရီက အမှန်ပင် အသက်ရှင်နေသေးသည်။ ယခုတွင် သူက သူတို့ထံသို့ ပျံသန်းလာနေသည်။ ထို့ပြင် သူက သတ်ဖြတ်ရန်လည်း အသင့်ဖြစ်နေပေသည်။

ကျန်းရီသာ သတ်ဖြတ်ရန် အသင့်ဖြစ်မနေလျှင် အဘယ်ကြောင့် သူ့မျက်လုံးများက နီရဲနေမည်နည်း။ အဘယ်ကြောင့် သူ့ခန္ဓာကိုယ်မှနေ၍ အားကောင်းသော သတ်ဖြတ်အရှိန်အဝါ ထွက်နေမည်နည်း။ အဘယ်ကြောင့် ကျန့်ရှမျိုးနွယ်ဝင်များက အဆက်မပြတ် ထွက်ပေါ်နေမည်နည်း။

ရွှီး...ရွှီး...ရွှီး...

ကျန်းရီ၏လက်ထဲမှ ဆောင်းဥတုပုလဲက အဆက်မပြတ်လင်းလက်ကာ ကျန့်ရှမျိုးနွယ်ဝင်များကို တစ်ကောင်ပြီးတစ်ကောင် ထုတ်လွှတ်နေသည်။ ဆောင်းဥတုပုလဲထဲတွင် ကျန့်ရှမျိုးနွယ်ဝင်များ သိပ်မကျန်တော့ပေ။ ငါးသိန်းမပြည့်တပြည့်သာ ကျန်တော့သည်။ သို့သော် ထိုအရေအတွက်က ရန်ထျန်းဖန်တို့အုပ်စုကို ခြောက်လှန့်ရန် လုံလောက်ပေသည်။ အနည်းဆုံးတော့ နတ်ဘုရားဘုရင်များက ကောင်းကင်ထဲတွင် ပြည့်နှက်နေသော ကျန့်ရှမျိုးနွယ်ဝင်များကိုကြည့်၍ ကြောက်ရွံ့သွားကြပေလိမ့်မည်။

ကျန့်ရှမျိုးနွယ်ဝင်ငါးသိန်းသည် ကြောက်မက်ဖွယ်သတ်ဖြတ်အရှိန်အဝါများနှင့် ကောင်းကင်ခွင်းတပ်ဆီသို့ ပျံသန်းလာကြ၏။ ပတ်ဝန်းကျင်မှ လေစီးကြောင်းများပင် ရပ်တန့်သွားသည်။ အကယ်၍ ကျန့်ရှမျိုးနွယ်ဝင်များသာ ၎င်းတို့၏ကျောပေါ်မှ ဆူးချွန်များကို ပစ်လွှတ်လိုက်မည်ဆိုလျှင် ကောင်းကင်ခွင်းတပ်၏ တပ်သားနှစ်သိန်းထဲမှ တပ်သားတစ်သောင်းလောက်သာ ရှင်ကျန်နိုင်မည်ဖြစ်သည်။

‘သူက ဘယ်လိုလုပ် အသက်ရှင်နေသေးတာလဲ’

ရန်ထျန်းဖန်၊ ချိုးရန်၊ ပိုင်တိထျန်းနှင့် အခြားသူများအားလုံး တူညီသောအရာတစ်ခုကို တွေးလိုက်ကြ၏။ သူတို့သည် တစ်ချိန်တည်းမှာပင် အခြားအရာတစ်ခုကိုလည်း တွေးမိသွားကြသည်။ အဆိပ်ဝိညာဉ်နောက်သို့ လိုက်သွားသော စွမ်းအားကြီ သိုင်းသမား အယောက်တစ်ရာကျော်လုံးကလည်း ကျန်းရီ၏ သတ်ဖြတ်မှုကို ခံခဲ့ရခြင်းလော။

ဝှစ်...ဝှစ်...

ကျန်းရီက ကျန့်ရှမျိုးနွယ်ဝင်များကို သူတို့ဆီသို့ ပျံဝင်လာစေနေရာ ပိုင်တိထျန်းနှင့် အခြားသူများသည် ထိုသိုင်းသမားတစ်ရာကျော်အကြောင်းကို ဆက်မတွေးနိုင်တော့ပေ။ သူတို့အားလုံး တောင်ထိပ်ဆီသို့ ချက်ချင်း ပျံသန်းသွားလိုက်ကြ၏။ တည်နေရာပြောင်းရွှေ့အစီအရင်က ဖျက်ဆီးခံလိုက်ရပြီဖြစ်ပြီး ကျန်းရီထံမှနေ၍ သတ်ဖြတ်အရှိန်အဝါများ တထောင်းထောင်းထနေသည်။ သူသာ သူတို့ကို တိုက်ခိုက်လိုက်မည်ဆိုလျှင် သူတို့ သေချာပေါက် သေသွားပေလိမ့်မည်။ ထို့ကြောင့် သူတို့ စောင့်ကြပ်သူဘေးတွင် ရပ်နေရပေမည်။ ကျန်းရီက အုပ်ချုပ်သူအဆင့် သိုင်းသမားတစ်ယောက်၏ ရှေ့တွင်တော့ မသတ်ဖြတ်ဝံ့လောက်သည် မဟုတ်လော။

‘အဲ့ကောင်စုတ်မှာ အသက်ကိုးချောင်းရှိတာလား’

ပထမဆုံးအကြိမ်အဖြစ် သိမ်းငှက်ဘုရင်လေး ကျန်းရီကို လေးစားစွာ ကြည့်လိုက်သည်။ ဤမတိုင်ခင်က သူသည် ကျန်းရီကို အထင်သေးခဲ့၏။ သို့သော် ယခုတွင်မူ သူ ကျန်းရီ၏အစွမ်းအစကို အသိအမှတ်ပြုလိုက်ပေပြီ။ ကျန်းရီက အမှန်ပင် ပါရမီရှင်တစ်ယောက် ဖြစ်ပေသည်။ သူသည် အပြစ်ဆေးကြောဆန်းကြယ်နယ်မြေထဲတွင် ရက်နှစ်ဆယ်ကျော် ရှင်သန်နိုင်ခဲ့သည်။ ယင်းနှင့်ပင် သိမ်းငှက်ဘုရင်လေး ကျန်းရီကို လေးစားနိုင်ပြီဖြစ်သည်။

သိမ်းငှက်ဘုရင်လေးသည် ခေတ္တမျှ တွေးတောပြီးနောက် ကျန်းရီထံ အသံလှမ်းပို့လွှတ်လိုက်သည်။

“ကျန်းရီ... မင်းရဲ့ဇနီးသုံးယောက်က ရန်ထျန်းဖန်ဆီမှာ။ မိုဟွိုက်စန်းနဲ့ တိလင်အာလည်း သူ့ရဲ့ လေဟာနယ်နတ်ဘုရားအသုံးအဆောင်ထဲမှာ ရှိနေတယ်။ မင်း သင့်တော်မယ်ထင်တာကို လုပ်ပါ။ ငါက မင်းရဲ့သောက်ပြဿနာကြောင့် သေမလို ဖြစ်ခဲ့ရသေးတယ်။ ငါတို့ ပြန်ရောက်ရင် မင်း ငါ့ကို သေရည်တော့ တိုက်ဖို့ကောင်းတယ်”

“အန်...”

ကျန်းရီ၏ မျက်ဝန်းများ ပိုနီရဲသွား၏။ သတ်ဖြတ်အရှိန်အဝါကလည်း ပိုအားကောင်းလာသည်။ ထိုအရှိန်အဝါကို ကျန့်ရှမျိုးနွယ်ဝင်များ ထုတ်လွှတ်နေသော အရှိန်အဝါများနှင့် ပေါင်းစည်းလိုက်သောအခါ ကောင်းကင်ခွင်းတပ် တုန်လှုပ်သွားပေသည်။ ကျန်းရီသည် သခင်လေးများကို ဝေ့ဝဲကြည့်၍ အော်ပြောလိုက်၏။

“ရန်ထျန်းဖန်ဆိုတာ ဘယ်သူလဲ။ အရှေ့ကို ထွက်လာခဲ့”

တပ်သားများ မျက်လုံးပင့်လိုက်ကြပြီး အချင်းချင်း တီးတိုးပြောလိုက်ကြသည်။ ကျန်းရီက ရန်ထျန်းဖန်ကိုပင် မသိသည်လော။ အုပ်ချုပ်သူအဆင့် သိုင်းသမားများ ပြီးလျှင် ရန်ထျန်းဖန်က စွမ်းအားအကြီးဆုံးဖြစ်သည်။

‘အမှန်ကို ‌ပြောရရင် အရှင်ငယ်က အသက်ရှင်နေတုန်းပဲ။ ခင်ဗျား ကျုပ်တို့ကို ဖမ်းမယ်ဆိုရင် ကျုပ်အရှင်ငယ် ပြန်ရောက်လာတာနဲ့ ဘာဖြစ်မယ်ဆိုတာကို ခင်ဗျား ကောင်းကောင်းသိမှာပါ။ ပိုင်တိထျန်း၊ ချိုးရန်နဲ့ ကျန်တဲ့ကောင်တွေ... မင်းတို့ နားထောင်ကြ။ ငါ့အရှင်ငယ်ရဲ့ ဒေါသကို မင်းတို့ အသိဆုံး ဖြစ်မှာပါ။ အရှင်မသုံးယောက်ကို ထိဝံ့သူတိုင်း အကျိုးဆက်တွေ ခံစားရလိမ့်မယ်’

တပ်သားများသည် အဆိပ်ဝိညာဉ် ပြောခဲ့သော စကားများကို ပြန်တွေးလိုက်ကြ၏။ ထို့ပြင် ကျန်းရီ၏ အကျင့်စရိုက်ကိုလည်း သူတို့ တွေးလိုက်ကြသည်။ ယနေ့တွင် အမှန်တကယ် ကိစ္စကြီးတစ်ခု ဖြစ်လာတော့မည့်ပုံပင်။ အကယ်၍ သူတို့ အမှားတစ်ခု လုပ်မိပါက အရူးကျန်းရီ၏ သတ်ဖြတ်မှုကို ခံရလောက်ပေသည်။

ဝှစ်...

ရန်ထျန်းဖန်က တပ်တစ်ခု၏ စစ်သူကြီးတစ်ယောက်ဖြစ်သည်။ သို့ဖြစ်ရာ သူသည် စိန်ခေါ်မှုကို ရှောင်ပြေးနေမည် မဟုတ်ပေ။ ကျန်းရီက ကျော်ကြားပြီး အပြစ်ဆေးကြောဆန်းကြယ်နယ်မြေထဲတွင် ထူးထူးဆန်းဆန်း ရက်နှစ်ဆယ် ရှင်သန်နိုင်ခဲ့သော်လည်း ကျန်းရီက သူ့ပြိုင်ဘက်ဖြစ်လိမ့်မည်ဟု ရန်ထျန်းဖန်မယုံချေ။ အနည်းဆုံးတော့ သူတို့ သရေကျပေလိမ့်မည်။ ကျန်းရီက သိမ်းငှက်ဘုရင်လေးထက် ပိုသန်မာပါမည်လာ။ ထို့ပြင် သူတို့အနီး၌ အုပ်ချုပ်သူအဆင့် သိုင်းသမားတစ်ယောက် ရှိနေပေသေးသည်။

ရန်ထျန်းဖန် လေထဲသို့ ပျံတက်လိုက်၏။ သို့သော် အလင်းလွှာအပြင်ဘက်ကိုတော့ မထွက်လိုက်ပေ။ ထို့နောက် သူ ကျန်းရီကို အေးစက်စက်လှမ်းကြည့်၍ အော်ပြောလိုက်သည်။

“ကျန်းရီ... ငါက ကောင်းကင်ခွင်းတပ်ရဲ့ စစ်သူကြီး ရန်ထျန်းဖန်ပဲ။ မင်းရဲ့ အပြုအမူ၊ အပြောအဆိုကို ဂရုစိုက်ပါ။ ရာထူးအရဆို ငါက မင်းရဲ့ အထက်အရာရှိပဲ”

ရွှီး...

ကျန်းရီ၏လက်ထဲတွင် ဗျပ်စောင်းတစ်လက် ထွက်ပေါ်လာ၏။ သူ ရန်ထျန်းဖန်ကို လှမ်းကြည့်ကာ ကြောက်စရာကောင်းလောက်အောင် နူးညံ့သောအသံဖြင့် ပြန်ပြောလိုက်သည်။

“ကျွန်တော့်ရဲ့ ဇနီးသုံးယောက်၊ တိလင်အာနဲ့ မိုဟွိုက်စန်းတို့ကို လွှတ်ပေးလိုက်ပါ။ အဲ့ဒါဆို ကျွန်တော် ခင်ဗျားရဲ့အလောင်းကို အကောင်းအတိုင်း ထားပေးမယ်။ မဟုတ်လို့ကတော့ ခင်ဗျားရဲ့မျိုးနွယ်တစ်ခုလုံးကို သတ်ပစ်မယ်”

ကျန်းရီသည် မည်သည့်ကိစ္စဖြစ်ခဲ့ကြောင်းကို မသိပေ။ သို့သော် အဆိပ်ဝိညာဉ်က လိုက်သတ်ခံခဲ့ရပြီး ရီချန်၊ တိလင်အာနှင့် အခြားသူများက အဖမ်းခံထားရသည်။ အဆိပ်ဝိညာဉ်ကို လိုက်သတ်ခဲ့သူများကလည်း ယိုမျိုးနွယ်၊ ပိုင်မျိုးနွယ်နှင့် ချိုးမျိုးနွယ်တို့မှ ဖြစ်ကြသည်။ သူ ထိုသူများထဲမှ အချို့ကိုပင် သိသေးသည်။ ထို့ကြောင့် ယခုကိစ္စက ချိုးရန်၊ ပိုင်တိထျန်း၊ ယိုထျန်းနီတို့နှင့် သက်ဆိုင်နေမည်ဖြစ်ကြောင်း မေးနေစရာ မလိုပေ။ ကောင်းကင်ခွင်းတပ်၏ စစ်သူကြီးကလည်း ရီချန်တို့ကို ဖမ်းထားရာ ကြံရာပါပင် ဖြစ်ရပေမည်။

ရီချန်တို့က ကျန်းရီ၏ အထိမခံသော အကြေးခွံများဖြစ်ကြသည်။ သူ့ကို လာရန်မူလျှင် သူ ခွင့်လွှတ်ပေးနိုင်သေးသည်။ ရီချန်တို့ကို အန္တရာယ်ပြုလျှင်တော့ ထိုအန္တရာယ်ပြုသူက မည်သူဖြစ်စေ သူ အမေးအမြန်းမရှိ သတ်ပစ်မည်သာ။ သိမ်းငှက်ဘုရင်လေးက သူ့ထံအသံပို့လွှတ်ပြီးကတည်းက သူ့ရင်ထဲတွင် ရန်ထျန်းဖန်က သေလူဖြစ်နေပြီဖြစ်သည်။

“ဝိုး...”

ကျန်းရီ၏ စကားများက တပ်တစ်ခုလုံးကို အုတ်အော်သောင်းနင်း ဖြစ်သွားစေ၏။ ပိုင်တိထျန်း၊ ချိုးရန်နှင့် အခြားသူများလည်း ပို၍ ပို၍ စိတ်လှုပ်ရှားလာကြပြီး စောင့်ကြပ်သူအနီးသို့ ပိုတိုးလိုက်ကြသည်။

ရန်ထျန်းဖန်ကမူ ဒေါသထွက်လာပေသည်။ သူ ခေတ္တမျှ တွေးလိုက်ပြီးနောက် အေးစက်စက်လေသံဖြင့် ပြန်ပြောလိုက်သည်။

“ကျန်းရီ... မင်းက မင်းရဲ့အထက်အရာရှိကို ပုန်ကန်ချင်တာလား။ တိလင်အာနဲ့ တခြားကောင်မတွေက ကောင်းကင်ခွင်းတပ်ထဲ ခိုးဝင်ခဲ့တာ။ အဲ့ဒါ မိစ္ဆာချေဖျက်စစ်တပ်ရဲ့ စစ်စည်းမျဉ်းကို ချိုးဖောက်တာပဲ။ ငါ့မှာ သူတို့ကို ဖမ်းပိုင်ခွင့်ရှိတယ်။ မင်း မကျေနပ်ရင် ခေါင်းဆောင်သုံးယောက်ဆီ ငါ့ကို သွားတိုင်လိုက်။ ငါက သူတို့ကို လွှတ်ပေးရမှာတဲ့လား... ဆက်ပြီး အိပ်မက်မက်နေလိုက်‌ပေါ့...”

“အို့...ဟုတ်သား...”

ရန်ထျန်းဖန်သည် အခြားကိစ္စတစ်ခုကို တွေးမိသွားပြီး ထပ်ပြောလိုက်၏။

“အဆိပ်ဝိညာဉ်လည်း ဒီထဲကို ခိုးဝင်လာခဲ့ပြီး လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးစားခဲ့တယ်။ ပြီးတော့ သူက အဖမ်းမခံဘဲ ပြန်ခုခံခဲ့တယ်။ ငါ သူ့ကို ဖမ်းဖို့ လူတွေ စေလွှတ်လိုက်ပြီ။ ကျန်းရီ... မင်း အဲ့သိုင်းသမားတစ်ရာကျော်ကို တွေ့ခဲ့လား။ အဆိပ်ဝိညာဉ်ကိုရော တွေ့ခဲ့လား”

“အဲ့လူတွေ အကုန်သေပြီ။ ကျွန်တော် သူတို့ကို သတ်ပစ်လိုက်တာပဲ... တစ်ယောက်ကိုမှ အရှင်မထားခဲ့ဘူး”

ကျန်းရီက ရေခဲတမျှအေးစက်သောအသံဖြင့် ပြန်ပြောလိုက်၏။ သူ့လေသံထဲတွင် ခံစားချက်တစ်ခုမှ ပါမနေပေ။ သူသည် သူ၏လုပ်ရပ်များကို ဖုံးကွယ်ရန်လည်း ကြိုးစားမနေချေ။ သူ၏မျက်လုံးများက နီရဲနေကာ သူ့ဆံပင်များနှင့် အနက်ရောင်ဝတ်ရုံက လေထဲတွင် ဝဲလွင့်နေလေသည်။

“ရန်ထျန်းဖန်... ကျွန်တော် ခင်ဗျားကို နောက်ဆုံးတစ်ခေါက် မေးမယ်။ ခင်ဗျား သူတို့ကို လွှတ်ပေးမှာလား၊ လွှတ်မပေးဘူးလား။ ခင်ဗျားရဲ့ ဆုံးဖြတ်ချက်ကြောင့် ကောင်းကင်ခွင်းတပ် ပျက်စီးသွားရင်တော့ ကျွန်တော့်ကို ရက်စက်တယ်ဆိုပြီး အပြစ်မတင်နဲ့”

“အတင့်ရဲလိုက်တာ”

ရန်ထျန်းဖန်၏လက်ထဲတွင် ဓားရှည်တစ်လက် ထွက်ပေါ်လာသည်။ ထိုဓားရှည်က အမှောင်ထုထဲတွင် လင်းလက်နေပေသည်။ ထို့နောက် သူ ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ကာ အော်ပြောလိုက်သည်။

“အားလုံး ကြားတယ်နော်။ ကျန်းရီက ကောင်းကင်ခွင်းတပ်ရဲ့ တပ်သားတစ်ရာကျော်ကို သတ်ပစ်ခဲ့တယ်။ အခုလည်း သူက ကောင်းကင်ခွင်းတပ်ကို ဖျက်ဆီးပစ်မယ်လို့ ခြိမ်းခြောက်နေတယ်။ သူ အဲ့လောက်ရူးသွပ်နေတာ တမလွန်ဘုံရဲ့ ထိန်းချုပ်မှုအောက်ကို ရောက်နေတာ ဖြစ်ရမယ်။ သူက တမလွန်ဘုံရဲ့ ရုပ်သေးရုပ်တစ်ရုပ်ပဲ...”

“အရှင်ဟဲ... အရှင် သူ့စကားတွေကို ကြားတယ်မဟုတ်လား။ အရှင် သူ့ကို ဖိနှိပ်ပြီး ကျွန်တော်တို့ကို ကူညီပေးပါ။ ကျွန်တော် အဖွဲ့တစ်ဖွဲ့ကို ကိုယ်တိုင်ဦးဆောင်ပြီး သူ့ကို သွားဖမ်းပါမယ်”

ရန်ထျန်းဖန်သည် အုပ်ချုပ်သူအဆင့် သိုင်းသမားကို လှည့်ကြည့်ကာ လက်ဆုပ်၍ ပြောလိုက်၏။ ထို့နောက် သူ အော်ပြောလိုက်သည်။

“အားလုံး ထွက်ကြ... ကျန်းရီကိုဖမ်း။ သူ ပြန်ခုခံရင် သတ်ပစ်လိုက်”

“သတ်ကြ...”

ပိုင်တိထျန်း၊ ချိုးရန်နှင့် အခြားသူများ အံကြိတ်ကာ အရှေ့သို့ ထွက်လိုက်ကြသည်။ ရန်ထျန်းဖန်က တစ်တပ်လုံးကို အမိန့်ပေးလိုက်ခြင်းဖြစ်ရာ သူတို့ နောက်တွင် ဆက်ကျန်နေခဲ့၍ မရတော့ပေ။ သိမ်းငှက်ဘုရင်လေးနှင့် မင်ရည်တောင်ပံမျိုးနွယ်မှ သိုင်းသမားများမှလွဲ၍ ကျန်တပ်သားအားလုံး ကောင်းကင်ထက် ပျံတက်လိုက်ကြသည်။ သာမန်တပ်သားများသည် ခေတ္တမျှ တုံ့ဆိုင်းနေကြသော်လည်း အားလုံး ပျံတက်လိုက်ပြီဖြစ်၍ အဆင့်မြင့် တပ်သားများနောက်မှ လိုက်သွားလိုက်ကြလေသည်။

ပိုင်တိထျန်းနှင့် ချိုးရန်တို့သည် သူတို့၏အစွမ်းအစနှင့် ကျန်းရီကို သတ်နိုင်မည် မဟုတ်ကြောင်း‌ ကောင်းကောင်းသိသည်။ အခန့်မသင့်လျှင် သူတို့ ကျန့်ရှမျိုးနွယ်ဝင်များ၏ သတ်ဖြတ်မှုကိုပင် ခံလိုက်ရနိုင်သေးသည်။ ဤကဲ့သို့သော တိုက်ပွဲမျိုးတွင် သာမန်တပ်သားများက အရင်ဆုံး သေကြမည်ဖြစ်သည်။ သို့သော် သူတို့ တိုက်ပွဲတွင် ဝင်မကူသဖြင့် တစ်ယောက်မှ မသေလျှင် အုပ်ချုပ်သူအဆင့် စောင့်ကြပ်သူက ဝင်ပါပါမည်လော။ ရန်ထျန်းဖန်၏ ရည်ရွယ်ချက်က ရှင်းသည်။ သူသည် စောင့်ကြပ်သူကို ဝင်ပါလာရအောင် ဖိအားပေးလိုခြင်းဖြစ်ပေသည်။ စောင့်ကြပ်သူက ကျန်းရီကို အပြင်းအထန် ဒဏ်ရာရသွားအောင် လုပ်ပေးလိုက်လျှင် သူ ကျန်းရီကို အလွယ်တကူ သတ်နိုင်မည်ဖြစ်သည်။

“အားလုံး နားထောင်ကြ”

ကျန်းရီသည် ကျန့်ရှမျိုးနွယ်ဝင်များကြားတွင် မားမားမတ်မတ်ရပ်၍ ချဉ်းကပ်လာသော တပ်ကို မျက်နှာထားတည်တည်၊ အေးစက်စက်လေသံဖြင့် အော်ပြောလိုက်သည်။

“ဒီနေ့တိုက်ပွဲက ကျွန်‌တော်နဲ့ ရန်ထျန်းဖန်ကြားက တိုက်ပွဲပဲ။ ခင်ဗျားတို့ မသေချင်ရင် ဘေးဖယ်နေကြ။ ဆယ့်စက္ကန့်အတွင်း ဘေးမဖယ်တဲ့သူတွေမှန်သမျှ အသတ်ခံရမယ်”

All Chapters