လိပ်ခွံအတွင်းမှ လှည့်စားမှု
Vol. 84 Ch. 1167
လိပ်ခွံသည် တာအိုပေါင်းစည်းခြင်း အဆင့်များကိုပင် ခုခံနိုင်သောကြောင့် နဂါးဧကရီ၏ တိုက်ခိုက်မှုအား အေးအေးဆေးဆေး ကာကွယ်ပေးထားသည်။
နဂါးဧကရီ အံကြိတ်လိုက်သည်။
“နောက်ထပ် လိပ်ခွံလား။”
အန်လင်းထံတွင်လည်း လိပ်ခွံတစ်ခု ရှိနေခဲ့သည်ပင်။
စုရှောင်လန်၏ လိပ်ခွံမှာ ထိုလိပ်ခွံထက်ပင်ပို၍ အားကောင်းနေသေးသည်။
ဒင်းတို့က နဂါးလား၊ လိပ်လား....
“ဝေါင်း....”
နဂါးဧကရီ၏ အနီရောင် အံ့ဖွယ်တာအိုမှာ ပိုမိုထူထဲလာသည်။ သူမ သွေးမျက်ရည်များ ပိုကျလာကာ ကြေးခွံအောက်မှ သွေးများလည်း ပိုမိုများပြားလာသည်။ ကြောက်မက်ဖွယ် အံ့ဖွယ်တာအို အစွမ်းသည် လိပ်ခွံအား ပြင်းပြင်းထန်ထန် တိုက်ခိုက်နေ၏။
“ဟူး.... လိပ်ခွံရှိနေလို့ တော်သေးတာပေါ့။”
စုရှောင်လန်မှာ မျက်နှာတစ်ခုလုံး သွေးဆုတ်ဖြူရော်နေသည်။
“လိပ်ခွံက ဆယ်မိနစ်ပဲခံတာ မမေ့နဲ့ဦး။”
အန်လင်း အသံဖြင့် ဆက်သွယ်လိုက်သည်။
“ကိုယ်တို့ တစ်ခုခုလုပ်ဖို့ တွေးရမယ်။”
“မိနစ်သုံးဆယ်ပါ။ သုံးခါ အသက်သွင်းလို့ ရတယ်လေ။”
စုရှောင်လန် တုံ့ပြန်လာသည်။
သူမ နဂါးဧကရီအားကြည့်ကာ အတွေးပေါက်သွားသည်။
“ဒီတိုက်ကွက်က တော်တော်ပင်ပန်းပုံပဲ။ သူမ တကိုယ်လုံး သွေးတွေချည်းပဲ။”
“ဒီလိုမျိုး လုပ်နေရတာ သူမအတွက် အန္တရာယ် များမှာပဲ။ ဘယ်လောက်ထိ ခံနိုင်ရည် ရှိမလဲတော့ မပြောတတ်ဘူး။ ဘာပဲဖြစ်ဖြစ် ဒါမျိုးဆက်တိုက်နေရင် ကောင်းမယ်။”
အန်လင်း စိတ်လှုပ်ရှားသွားသည်။
“သူမကို ပင်ပန်းပြီး သေစေချင်တာလား။”
၎င်းတို့တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။
“အန်လင်း ငါတို့ ဘာလုပ်ကြမလဲ။ ဒီလိပ်ခွံက ပျက်စီးတော့မယ်။”
စုရှောင်လန်သည် နဂါးစာကလေးဓားအားကိုင်ကာ သေသည်အထိ တိုက်ပွဲဝင်တော့မလို ဖြစ်နေသည်။
“ဘာမှမဖြစ်ပါဘူး။ လိပ်ခွံ ပျက်စီးသွားတာနဲ့ ထွက်ပြေးရအောင်လေ။ သူမ သွေးတွေထွက်နေတာ မြင်တယ်မလား။ ကိုယ်တို့ကို လိုက်ဖမ်းနိုင်မှာ မဟုတ်ဘူး။”
အန်လင်း နှစ်သိမ့်ပေးလာသည်။
နဂါးဧကရီ လက်လျှော့ရန် တွေးလိုက်စဥ်မှာပင် အန်လင်းနှင့် စုရှောင်လန်၏ စကားများကို ကြားလိုက်ရသည်။
လိပ်ခွံက ပျက်စီးတော့မယ်ဆိုတော့ သတ်ဖြတ်ခြင်းရဲ့ နာကျင်မှုကို ဆက်ထိန်းထားမှဖြစ်မယ်....
ရပ်လိုက်ပြီးမှ ပြန်စတာ အဆင်မပြေဘူး....
လိပ်ခွံပျက်စီးသွားတာနဲ့ သတ်ဖြတ်ခြင်းရဲ့ နာကျင်မှုက သူတို့ပေါ် ရောက်သွားလိမ့်မယ်.....
ဒါပေမယ့် စုရှောင်လန်နဲ့ အန်လင်းက ဟန်ဆောင်နေတာ ဆိုရင်ရော....
နဂါးဧကရီ မျက်မှောင်ကျုံ့လိုက်သည်။
သိပ်တော့မဖြစ်နိုင်ဘူး....
အဆင့်မြင့် ခုခံကာကွယ်ရေး ရတနာတွေက အချိန်တိုတိုပဲ အလုပ်ဖြစ်ကြတာ....
ဟန်ဆောင်နေတာ ဆိုရင်တောင် ဒီလိပ်ခွံက ဘယ်လောက်ခံမှာမို့လို့လဲ.....
နဂါးဧကရီမှာ သတ်ဖြတ်ခြင်း၏ နာကျင်မှုအား ဆက်လက်အသုံးပြုနေသည်။
တစ်မိနစ် ကြာပြီးနောက်......
“အန်.... အန်လင်း ငါတောင့်မခံနိုင်တော့ဘူး။”
စုရှောင်လန် ရင်ဘတ်အားဖိလျက် နှုတ်ခမ်းအားကိုက်ကာ သွေးများစီးကျစေလိုက်သည်။
“လက်မလျှော့လိုက်နဲ့။ နဂါးဧကရီက အခုထက်ပိုပြီး တောင့်ခံနိုင်မှာ မဟုတ်ဘူး။ နောက်ဆုံးမှာ ကိုယ်တို့အဆင်ပြေသွားလိမ့်မယ်။”
အန်လင်း စုရှောင်လန်အား ပွေ့ဖက်ကာ နှစ်သိမ့်ပေးလာသည်။
နဂါးဧကရီ : “....”
ငါဂျင်းထုခံနေရတာလား.....
ဒီလိပ်ခွံက ငါထင်ထားတာထက် အများကြီး ပိုသာနေတယ်... ဘယ်လိုပဲဖြစ်ဖြစ် မြင်ဖူးသမျှထဲ အကောင်းဆုံး သက်ကယ်ရတနာပဲ...
ထားပါလေ... ဒင်းတို့ ဘယ်လောက်ထိ တောင့်ခံနိုင်မှာတဲ့လဲ.....
အချိန်တစ်မိနစ် ထပ်မံကုန်ဆုံးသွားသည်။
နဂါးဧကရီ လဲကျမတက် ဖြစ်နေလေပြီ။
သွေးဆုံးရှုံးမှုများနှင့်အတူ စွမ်းအင်လည်း ကုန်ခမ်းနေပြီ ဖြစ်သည်။
ဘာလို့ဒီလိုတွေ ဖြစ်နေရတာလဲ....
နဂါးဧကရီ ဝမ်းနည်းလာမိသည်။
ထိုအချိန်တွင် အဝေးမှ အားကောင်းသော အရှိန်အဝါတစ်ခု နီးကပ်လာ၏။
နဂါးဧကရီ ကြောက်ရွံ့နေသလို အန်လင်းတို့အား မသတ်နိုင်ခင် အခြားရန်သူ ရောက်ရှိလာပြီပင်။
“ဟားဟားဟား အန်လင်းနဲ့ စုရှောင်လန် မင်းတို့ ပိတ်မိနေတာလား။ ငါကယ်ပေးမှာပေါ့။”
အဖြူနှင့်အနီ နဂါးကြီး ရယ်မောလိုက်သည်။
အန်လင်းနှင့် စုရှောင်လန် စိတ်လှုပ်ရှားသွားရသည်။
“စီနီယာ လုံအော့ထျန်း ရောက်လာပြီပေါ့။”
အန်လင်း ဝမ်းသာအားရ နှုတ်ဆက်လိုက်သည်။
“သတိထားနော်။ နဂါးဧကရီက အရမ်းကြမ်းတယ်။ သူမရဲ့ အနီရောင် အံ့ဖွယ်တာအိုကို ခန္ဓာကိုယ်နဲ့ မထိစေနဲ့။”
စုရှောင်လန် သတိပေးလာသည်။
“စိတ်မပူနဲ့။ ငါနားလည်ပါတယ်။”
လုံအော့ထျန်း နဂါးဧကရီအား စူးစိုက်ကြည့်ရှုလိုက်သည်။
“မင်းက မိစ္ဆာနဂါးတွေထဲ အကြမ်းဆုံးမလား။ ငါတစ်ခါမှ မင်းတိုက်ခိုက်တာ မမြင်ဖူးဘူး။ ဒီနေ့တော့ ငါ့အစွမ်းကို ပေးမြည်းရမှာပေါ့။”
အဖြူနှင့်အနီ နဂါးကြီး ဟစ်ကြွေးကာ အဖြူရောင် လေဆင်နှာမောင်း အံ့ဖွယ်တာအိုအား နဂါးဧကရီထံ ပို့လွှတ်လိုက်သည်။
လေဟာနယ်မှာ စတင်တုန်ခါလာပြီးနောက် ကြောက်မက်ဖွယ် အဖျက်စွမ်းအင်လှိုင်းကြီး ဖြစ်ပေါ်လာသည်။
လုံအော့ထျန်း၏ အံ့ဖွယ်တာအိုသည် အနီရောင် အံ့ဖွယ်တာအိုများအား လွယ်လင့်တကူ ဖျက်စီးပစ်လိုက်ပါသော်လည်း နဂါးဧကရီမှာ လျင်မြန်စွာ ရှောင်ရှားလိုက်သည်။
“ဘာ....”
လုံအော့ထျန်း အမူအရာ ပြောင်းလဲသွားရသည်။
အနီရောင် အံ့ဖွယ်တာအိုသည် အစစ်အမှန် မဟုတ်သည့်အလား ပြန်လည်ဖြစ်တည်လာသည်။
သွေးမိုးများ ရွာကျလာလေသည်။
နဂါးဧကရီမှာ သွေးမျက်ရည်များဖြင့် လုံအော့ထျန်းအား ကြည့်ရှုလိုက်သည်။
အနီရောင် အံ့ဖွယ်တာအိုမှာ ဖြည်းညင်းစွာ ပြန့်ကားလာ၏။
“စီနီယာ လုံအော့ထျန်း သတိထား...”
စုရှောင်လန် အန်လင်းလက်အားဆွဲကာ လုံအော့ထျန်းထံ သွားလိုက်သည်။
လိပ်ခွံသည်လည်း ၎င်းတို့နှင့်အတူ လိုက်ပါလာသည်။
လိပ်ခွံရှိနေပါက အနည်းငယ် နှေးသွားရုံမှလွဲ၍ လှုပ်ရှားနိုင်သေးကြောင်း စုရှောင်လန် တွေ့ရှိခဲ့သည်။
လုံအော့ထျန်းမှာ အနီရောင် အံ့ဖွယ်တာအိုကြောင့် ခန္ဓာကိုယ်မှသွေးများ ဆူပွက်ကာ ကပြောင်းကပြန် ဖြစ်လာသည်ကို ခံစားလိုက်ရသည်။
ထိုအံ့ဖွယ်တာအိုသည် အရာအားလုံးကို ထိုးဖောက်နိုင်ပုံရပြီး သူ၏ အံ့ဖွယ်တာအိုဖြင့်လည်း ခုခံမရပေ။
လုံအော့ထျန်း ကြောက်ရွံ့တုန်လှုပ်လာစဥ်မှာပင် စစ်ကူ ရောက်ရှိလာသည်။
“အထဲဝင်...”
စုရှောင်လန် အော်ဟစ်လိုက်သည်။
လုံအော့ထျန်း လူသားအသွင်ပြောင်းကာ လိပ်ခွံထဲ ပြေးဝင်လာသည်။
သူသည် ချွေးစေးများထွက်ကာ အသက်ရှူမဝ ဖြစ်နေပြီး သွေးအန်လိုက်ရသည်။
“ဟူး... သေတော့မလို ခံစားလိုက်ရတယ်။”
လုံအော့ထျန်း ရေရွတ်လိုက်သည်။
“တကယ်သေတော့မလို့လေ။”
စုရှောင်လန် မျက်စောင်းထိုးလာသည်။
“နဂါးဧကရီရဲ့ အံ့ဖွယ်တာအိုအကြောင်း သတိပေးခဲ့တယ်မလား။”
“ငါလည်း နည်းနည်းလေးတောင် သူမကို အထင်မသေးခဲ့ပါဘူး။ ဒါပေမယ့် ထင်ထားတာထက် အများကြီး ပိုကြမ်းနေတယ်။”
လုံအော့ထျန်း အားလျော့စွာ ပြုံးလိုက်သည်။
“သူမ တိုက်ခိုက်တာကို မြင်မှမမြင်ဖူးတာ။ ဒီလောက်ကြီးလို့တော့ ဘယ်ထင်ပါ့မလဲ။”
အန်လင်း မေးဖျားကိုပွတ်ကာ တွေးလိုက်သည်။
“ဘာတွေကြုံခဲ့ရလို့များ ဒီလိုမျိုး အံ့ဖွယ်တာအိုကို ရခဲ့တာပါလိမ့်။”
၎င်းတို့မှာ နဂါးဧကရီထံမှ ပုန်းကွယ်နေရသူများ ဖြစ်နေသည်။
ထူးခြားသည်မှာ ယခုတစ်ခါ အန်လင်းနှင့် စုရှောင်လန်သာ မကတော့ပဲ လုံအော့ထျန်းပါ ပါလာခြင်း ဖြစ်သည်။