← Chapters

ကျိန်စာသင့်ကမ္ဘာ

Vol. 84 Ch. 1169

ကျိန်စာသင့်ကမ္ဘာ

Vol. 84 Ch. 1169

နဂါးဧကရီ၏ လျှို့ဝှက်ဆန်းကြယ်သော အပြုံးကြောင့် အားလုံး ထိတ်လန့်သွားရသည်။

စုရှောင်လန်သည် မရေရာသော အခြေအနေအတွက် လုံအော့ထျန်းအားခေါ်၍ အန်လင်းဘေးလာကာ လိပ်ခွံအား အသက်သွင်းရန် ပြင်လိုက်သည်။

နဂါးဧကရီမှာ အဝေးသို့ ငေးကြည့်လိုက်လေသည်။

“ဒီနေရာက ကျိန်စာသင့်ကမ္ဘာပဲ။”

“လောကနိယာမတွေကြောင့် နင်တို့ နဂါးမျိုးနွယ်စုတွေက ဒီနေရာကို လေ့ကျင့်ရေးကွင်းတစ်ခုလို သတ်မှတ်လာကြတယ်။ ဒါပေမယ့် ဒီနေရာက ငါတို့အိမ်ဆိုတာ သိရဲ့လား။”

“ငါတို့ ဘာမှတောင် မလုပ်ပဲ မိစ္ဆာနဂါးတွေလို့ တံဆိပ်ကပ်ခံရတယ်။ နင်တို့ အစွမ်းတွေ တိုးဖို့အတွက် ငါ့မျိုးနွယ်စုဝင်တွေကို တိရစ္ဆာန်တွေလို သတ်ပစ်ကြတယ်။ ငါတို့လည်း မတိုက်ခိုက်ချင်ပါဘူး။ ဒါပေမယ့် ငါတို့အိမ်ထိ ရောက်လာမှတော့ ဘယ်မှာသွားပုန်းရမှာလဲ။”

“မြို့တော်တွေ တစ်ခုပြီးတစ်ခု ဖျက်စီးခံရတယ်။ မျိုးနွယ်စုဝင်တွေလည်း မရေမတွက်နိုင်လောက်အောင် သတ်ခံခဲ့ရတယ်။ ငါးနှစ်တစ်ခါ ငါတို့မှာ မျိုးတုန်းတော့မလိုပဲ။ ရန်သူတွေ ဘယ်လောက်သန်မာလာမလဲ မသိပေမယ့် ဘယ်လောက်ထိ ရက်စက်မလဲကတော့ အားလုံး သိနေကြတယ်။ ငါတို့ရဲ့ တစ်ခုတည်းသော ရွေးချယ်စရာက ပြန်တိုက်ခိုက်ဖို့ပဲ။ အဲ့လိုနဲ့ တကယ့် မိစ္ဆာနဂါးတွေ ဖြစ်လာရတယ်။”

နဂါးဧကရီသည် အန်လင်းအား ကြည့်နေရင်း ရုတ်ချည်းဆိုသလို သက်တံ့ရောင် အလင်းမှာ ကောင်းကင်နှင့်မြေပြင်အား လွှမ်းခြုံသွားသည်။ ခုနစ်စဥ်သွယ်သော ထိုအလင်းမှာ လက်ရာမြောက်သော အနုပညာအလား လှပလွန်းလှသည်။

သူမ နာကျင်စွာ ပြုံးလိုက်သည်။

“ငါ့မျိုးနွယ်စုက ဘာအမှားတွေများ လုပ်မိလို့လဲ။ ဘာလို့ ငါတို့က ဒီဒုက္ခတွေ ခံစားနေရတာလဲ။ ဘာအကြောင်းကြောင့် ဒီနေရာမှာ ပိတ်မိနေရတာလဲ။ ငါသူတို့ကို ကာကွယ်ပေးချင်တယ်။ တကယ်ဆိုရင် တာအိုပေါင်းစည်းခြင်း အဆင့်ကို ရောက်သင့်နေတာတောင်မှ ကောင်းကင်နဲ့မြေပြင်ရဲ့ ဥပဒေသတွေကြောင့် ငါဟင်းလင်းပြင်သို့အပြန် အဆင့်မှာ ပိတ်မိနေရတယ်။”

“ဒီနေရာက နင်တို့အတွက်တော့ လေ့ကျင့်ရေးကွင်းတစ်ခုပေါ့။ ဒါပေမယ့် ငါတို့အတွက်ကတော့.....”

နဂါးဧကရီ သွေးမျက်ရည်များနှင့်အတူ ကောင်းကင်အား လက်ညှိုးထိုးလိုက်သည်။

“နှစ်ပေါင်းများစွာ ပိတ်မိနေတဲ့ ငရဲခန်းတစ်ခုပဲ။ အဲ့တော့ ငါတို့ ထွက်သွားချင်တာ ဘာမှားလို့လဲ။”

ဝုန်း....

ကောင်းကင်ထက်တွင် သွေးနီရောင် မိုးကြိုးလျှပ်စီးများ ပေါက်ကွဲသွားသည်။

ထိုအသံမှာ နားကွဲမတက် ကျယ်လောင်လွန်းလှ၏။

နဂါးဧကရီသည် အန်လင်းတို့ကိုသာမက ကောင်းကင်နှင့်မြေပြင်ကိုပါ မေးခွန်းထုတ်လိုက်သလိုပင်။

ကောင်းကင်နှင့်မြေပြင်ကြားမှ သက်တံ့ရောင် အလင်းသည်လည်း ပိုမိုတောက်ပလာသည်။

ထိုသည်မှာ ဤကမ္ဘာအတွင်း ငရဲတမျှ နှိပ်စက်ခံခဲ့ရသော ဝိဥာဥ်ပေါင်းများစွာ၏ ရူးသွပ်ချင်စဖွယ် ခံစားချက်များ ရုပ်လုံးပေါ်လာခြင်း ဖြစ်သည်။

“ရှောင်လန် လိပ်ခွံကို အသက်သွင်းလိုက်တော့။ နဂါးဧကရီက ဒါကို သေသေချာချာ ပြင်ဆင်ထားတာပဲ။ မဟုတ်ရင် ကိုယ်တို့ ဘာမှလုပ်နိုင်လိုက်မှာတောင် မဟုတ်ဘူး။”

အန်လင်း ခပ်တိုးတိုး ပြောလာသည်။

“ကောင်းပြီ။”

စုရှောင်လန် ခေါင်းညိတ်ကာ လိပ်ခွံအား အသက်သွင်းလိုက်သည်။

ဖျက်စီးမရနိုင်သော လိပ်ခွံကြီး တစ်ဖန်ပေါ်ထွက်လာလေသည်။

နဂါးဧကရီ : “.....”

“ငါဒီလောက် ပြောပြခဲ့တာတောင် လိပ်ခွံက နင့်တုံ့ပြန်မှုတဲ့လား။”

နဂါးဧကရီမှာ အန်လင်းအား မကျေမနပ် ဖြစ်သွားရသည်။

လုံခြုံမှုရှိသော စိတ်ခံစားချက်ကြောင့် အန်လင်း တည်တည်ငြိမ်ငြိမ် စကားဆိုလာသည်။

“မင်းမျိုးနွယ်စု နှိပ်စက်ခံရတာကို အလေးမထားနေနိုင်ဘူး။ အခု ငါလွတ်မြောက်ဖို့ လိုအပ်နေတယ်။”

“ကမ္ဘာနှစ်ခုကြား မင်းအတင်းဖွင့်မယ့် တံခါးပေါက်တစ်ခုထံ မင်းတို့ မျိုးနွယ်စုတွေအတွက် တစ်ခုတည်းသော တံခါးပေါက်မလား။ ဘာပဲဖြစ်ဖြစ် ငါမင်းကို တားမှရမယ်။ မဟုတ်ရင် ဒီကမ္ဘာနဲ့အတူ အကုန်ငါးပါးမှောက်ကုန်မယ်။”

နဂါးဧကရီ လက်ပိုက်လိုက်သည်။

“ငါ့ကို တားမယ်ပေါ့လေ။ အဲ့ဒါဆိုလည်း လိပ်ခွံထဲက ထွက်ခဲ့ပါလား။”

“ဟင့်အင်း....”

အန်လင်း ပြတ်ပြတ်သားသား ဖြေလိုက်သည်။

နဂါးဧကရီ : “......”

“နင်က မထွက်လာပဲ ဘယ်လိုတားမှာလဲ။”

“စကားနဲ့ တားမှာပေါ့။”

အန်လင်း တုံ့ပြန်လာသည်။

နဂါးဧကရီ နှုတ်ခမ်းရွဲ့သွားရသည်။

ထိုမျှ အရှက်မဲ့သော ရန်သူအား သူမ တစ်ကြိမ်တစ်ခါမှ မတွေ့ခဲ့ဖူးပေ။

အန်လင်းသည် နဂါးဧကရီ၏ မဲ့ရွဲ့နေသော အမူအရာကို မမြင်သည့်အလား စကားဆက်လိုက်သည်။

“အခု မင်းသာရပ်လိုက်မယ်ဆိုရင် ငါပြန်ရောက်တာနဲ့ သေချာပေါက် နည်းလမ်းရှာပေးမယ်။”

“ဟင်းဟင်း.... ဘယ်ကယုံကြည်ချက်တွေ ရနေတာလဲ။”

နဂါးဧကရီ ရယ်မောလိုက်သည်။

“ငါ့ကိုယ်ငါ ယုံကြည်တာပေါ့။ စိတ်ဝိဥာဥ်ဖွဲ့စည်းခြင်း အဆင့်နဲ့တင် မင်းကိုပြန်တိုက်နိုင်တဲ့ ယောက်ျားတစ်ယောက်ကို အထင်မသေးစမ်းပါနဲ့။ ငါက မင်းထင်ထားတာထက် အများကြီး ပိုသန်မာတယ်။”

အန်လင်း တည်ငြိမ်စွာ ပြောလာသည်။

နဂါးဧကရီ မေးမြန်းလိုက်သည်။

“အဲ့ဒါဆိုလည်း လိပ်ခွံထဲက ထွက်ခဲ့ပါလား။”

“မရဘူး။”

အန်လင်းမှာ ခပ်ပြတ်ပြတ်ပင်။

နဂါးဧကရီမှာ ဒေါသကြောင့် အံကြိတ်နေရလေပြီ။

သောက်ကျိုးနည်းကို အရှက်မဲ့လွန်းတယ်.......

“ငါ့အကြံကို လက်ခံလား။ ငါတာအိုနှလုံးသားနဲ့ ကျိန်ပေးနိုင်တယ်။”

အန်လင်း လှမ်းမေးလိုက်သည်။

နဂါးဧကရီ ခေါင်းခါပြလာသည်။

“စကားလုံးတွေ လာဖြုန်းတီးမနေနဲ့။ ဒီနေ့ကို ငါစောင့်ခဲ့ရတာ အရမ်းကြာနေပြီ။ ဒါငါတို့ရဲ့တစ်ခုတည်းသော အခွင့်အရေးပဲ။ အဲ့ဒါကို ဘယ်လိုမှ ဆုံးရှုံးမခံနိုင်ဘူး။”

“ကောင်းပြီလေ။ အဲ့ဒါဆိုလည်း စကားတွေပြောပြီး အချိန်ဖြုန်းမနေတော့ဘူး။”

အန်လင်း လက်ဆန့်ထုတ်လိုက်သည်။

“လာစမ်းပါ။ အကောင်းဆုံး တိုက်ကွက်နဲ့တိုက်ပြီး ဒီလိပ်ခွံကို ဖျက်စီးလိုက်။”

“မလုပ်နိုင်ဘူး။”

နဂါးဧကရီ ပြတ်ပြတ်သားသား ပြောလာသည်။

အန်လင်း : “ ....”

၎င်းတို့မှာ လိပ်ခွံအား အသက်သွင်းထားပါသော်လည်း နဂါးဧကရီမှ မတိုက်ခိုက်နိုင်ကြောင်း ဆိုလာခဲ့သည်။

မိစ္ဆာနဂါးတွေရဲ့ ခေါင်းဆောင်ဖြစ်ပြီး သိက္ခာတွေ၊ မာနတွေ ဘယ်ရောက်သွားတာလဲ.....

အန်လင်းသာမက စုရှောင်လန်ပါ ရင်ဘတ်ဆင်နင်းခံရသလို ခံစားလိုက်ရသည်။

“ခင်ဗျား စကားတွေကြပြောပြီး မတိုက်တော့ဘူးလား။”

အန်လင်း လောဆော်လိုက်သည်။

နဂါးဧကရီ ခပ်ဖွဖွသာပြုံးကာ ဘာမှပြောမလာပေ။

“ကိုယ့်ကိုယ်ကို ထိန်းချုပ်နေရတာ မပင်ပန်းဘူးလား။”

စုရှောင်လန် တွေးတွေးဆဆ ပြောလာသည်။

နဂါးဧကရီ ခေါင်းခါပြလိုက်သည်။

“စိတ်ပူနေစရာ မလိုပါဘူး။ နင်တို့ လိပ်ခွံကြီး မရှိတော့ရင် တိုက်ရတာ ပိုအဆင်ပြေလိမ့်မယ်။”

အန်လင်းနှင့် စုရှောင်လန် : “....”

သောက်ကျိုးနည်း.....

၎င်းတို့သည် လိပ်ခွံထဲမှ မထွက်ချင်သလို နဂါးဧကရီသည် လိပ်ခွံအား မတိုက်ခိုက်လိုပေ။

အချိန်အနည်းငယ် ကုန်ဆုံးသွားသည်။

အခြေအနေမှာ ဂွတီးဂွကျ ဖြစ်နေလေသည်။

“နဂါးဧကရီက အဲ့ဒါကိုသုံးဖို့ အစွမ်းတော်တော် ကုန်ပုံပဲ။ မဟုတ်ရင် ငါတို့ကို တိုက်ပြီးနေလောက်ပြီ။”

လုံအော့ထျန်း ရုတ်တရတ် ပြောလိုက်သည်။

အန်လင်း ပြောစရာများ ပျောက်ကွယ်သွားရသည်။

“စီနီယာကတော့ ကိုသိတတ်ပါပဲ။”

“စုရှောင်လန်ရဲ့ ရတနာက တကယ်အထင်ကြီးစရာပဲ။ နဂါးဧကရီတောင် မထိုးဖောက်နိုင်ဘူးဆိုတော့...”

လုံအော့ထျန်း ဆက်ပြောလာသည်။

“တကယ်ကို စီနီယာက ကိုသိတတ်ကြီးပဲ။”

စုရှောင်လန် အန်လင်းအား ထောက်ခံလိုက်သည်။

လုံအော့ထျန်း ကြောင်တောင်တောင် ဖြစ်သွားရသည်။

“ငါက သုံးသပ်ကြည့်နေရုံပဲလေ။”

“ဟူး.... ရိုးရိုးသားသား ပြောရရင် နဂါးဧကရီကို အသေအကြေ တိုက်ရတော့မယ် ထင်ထားတာ။ ဒါပေမယ့် မင်းတို့မှာ အဖိုးတန် ရတနာ ရှိနေတယ်လေ။”

“စီနီယာ အခုက အဲ့ဒါတွေးနေရမှာ မဟုတ်ဘူး။ ဒီအခြေအနေကို ဘယ်လိုလုပ်ကြမလဲ။”

အန်လင်း စကားလမ်းကြောင်း ပြောင်းလိုက်သည်။

“လွယ်ပါတယ်။ သူမ တိုက်လာမယ့် အချိန်ကိုစောင့် လိပ်ခွံကို ခဏဖယ်ပြီး သမကြမယ်လေ။”

လုံအော့ထျန်း အကြံပေးလာသည်။

“ဒါပေမယ့် လိပ်ခွံက ဆယ်မိနစ်ပဲခံတာ။”

စုရှောင်လန် အသံပေးပို့လိုက်သည်။

“အဲ့ဒါဆိုလည်း ထပ်အသက်သွင်းလိုက်ပေါ့။”

လုံအော့ထျန်းမှာ တွေဝေခြင်းပင် မရှိပေ။

“ဒါက သုံးလို့ရတဲ့ နောက်ဆုံးအကြိမ်ပဲ။”

အန်လင်း မျက်နှာပျက်နေသည်။

“တကယ်လား...”

“တကယ်....”

လုံအော့ထျန်း၏ အမေးအား အန်လင်းရော၊ စုရှောင်လန်ပါ ဖြေပေးလိုက်ကြသည်။

လုံအော့ထျန်း ခြေထောက်များ တုန်ယင်လာသည်။

“ဘာမှမဖြစ်ပါဘူး။ တိုက်မယ်ဆိုလည်း တိုက်ကြရုံပေါ့။”

All Chapters