← Chapters

မိစ္ဆာနဂါးသုံးကောင်၏ရူးသွပ်မှု

Vol. 84 Ch. 1171

မိစ္ဆာနဂါးသုံးကောင်၏ရူးသွပ်မှု

Vol. 84 Ch. 1171

နဂါးဧကရီမှာ အန်လင်းတို့ ဝိုင်းခြင်းကို ခံထားရသည်။

ထိုအချိန်မှာပင် သွေးနီရောင် ပွင့်ချပ်များ ရုတ်ချည်းဆိုသလို ကောင်းကင်ထက် ပျံတက်လာသည်။

ကုဋေနှင့်ချီသော သက်ရှိများ၏ အော်ဟစ်သံနှင့်အတူ ကမ္ဘာမြေမှာလည်း ပူနွေးလာသည်။

ကြောက်မက်ဖွယ် အရှိန်အဝါ သုံးခုအား ခံစားမိလိုက်သောကြောင့် အန်လင်းတို့ အမူအရာ ပြောင်းလဲသွားရသည်။

လမိုက်ည ခရင်းခွ ခပ်ဖွဖွ ပြုံးလိုက်သည်။

“မိန်ကွေ့၊ လွမ့်ယွီနဲ့ ဟွမ်းမန့်ကတော့ အသက်စွမ်းအင် သုံးရတဲ့ လျှို့ဝှက်ကျင့်စဥ်ကို အသက်သွင်းလိုက်ပြီ။ ဘာပဲဖြစ်ဖြစ် ကောင်းတာပဲလေ။ အပိုလိုသေပြီး ဟေးဒီးစ် ထွက်ပြေးသွားရတယ်မလား။”

“အခုက ဒင်းတို့ အလှည့်ပဲ။”

လမိုက်ည ခရင်းခွမှာ ခက်ထန်နေသည်။

“ဒင်းတို့က ဒီလောက်တောင် လုပ်ရဲတယ်ပေါ့။ သေကိုသေရမယ်။”

....

စစ်မြေပြင်၌..

ဟင်းလင်းပြင်သို့အပြန် နောက်ဆုံးအဆင့် နဂါးသုံးကောင်မှာ ကောင်းကင်ထက်တွင် စက်ဝိုင်းသဏ္ဍာန် လည်ပတ်နေကြသည်။

“ဧကရီ ကျွန်တော်တို့ လာပြီ။”

မိစ္ဆာနဂါး သုံးကောင်မှာ အန်လင်းတို့အား ဝိုင်းထားလိုက်ကြသည်။

အန်လင်းတို့မှာ တဖန်ပြန်၍ ဝိုင်းခံနေရလေပြီ။

“အန်လင်း အခြေအနေတော့ သိပ်မကောင်းဘူးထင်တယ်။”

စုရှောင်လန် စကားဆိုလာသည်။

“မကောင်းတာ မဟုတ်ဘူး။ ဆိုးကိုဆိုးနေတာ။”

အန်လင်း လေးလေးနက်နက် ပြောလိုက်သည်။

လုံအော့ထျန်းသည် နဂါးဧကရီ လွင့်ထွက်သွားအောင် တိုက်ခိုက်လိုက်ပြီးနောက် ဆက်မတိုက်တော့ပဲ အန်လင်းနှင့် စုရှောင်လန်အား ကြည့်ရှုလာသည်။

၎င်းတို့သည် ပြောစရာပင် မလိုပဲ တစ်ဦးကိုတစ်ဦးကြည့်ကာ နားလည်လိုက်ကြသည်။

ထို့နောက် တချိုးတည်း ထွက်ပြေးကြတော့သည်။

နဂါးဧကရီအား တိုက်ခိုက်ရသည်ကပင် ခက်ခဲနေပြီဖြစ်ကာ ဟင်းလင်းပြင်သို့အပြန် နောက်ဆုံးအဆင့် နဂါးသုံးကောင် ပါလာသောအခါ မည်သို့မျှ အဆင်မပြေနိုင်တော့ပေ။

နဂါးဧကရီ မြေပြင်ပေါ် သက်ဆင်းကာ အမိန့်ပေးလိုက်သည်။

“မလွတ်စေနဲ့။ သူတို့ အသက်မရှင်ရဘူး။”

မိစ္ဆာနဂါးများအတွက် သူမ၏ စကားမှာ အမြင့်မြတ်ဆုံး အမိန့်တော်တစ်ခုပင်။

မိစ္ဆာနဂါးများမှာ အရှိန်အဝါများ ပေါက်ကွဲထွက်ပေါ်စေလျက် အန်လင်းတို့အား တိုက်ခိုက်တော့သည်။

“ဒီကိုရောက်မလာသေးတဲ့သူတွေ ရှိတယ်။ လိုအပ်ရင် ထွက်ပြေးလို့ရအောင် အကွာအဝေးတစ်ခု ထားရအောင်။ သူတို့လည်း ငါတို့နောက် အတင်းမလိုက်ရဲလောက်ပါဘူး။ လောလောဆယ် မီးစင်ကြည့်ကကြတာပေါ့။”

လုံအော့ထျန်း အကြံပေးလိုက်သည်။

ထိုအချိန်မှာပင် မြေပြင်မှ အလင်းများ ဖြာထွက်လာသည်။

“ကောင်းကင်နဲ့မြေပြင်ကို ထာဝရငရဲအဖြစ် ပြောင်းပစ်လိုက်စမ်း....”

လွမ့်ယွီ၏ မျက်ဝန်းများမှာ နီရဲနေသည်။

မြေပြင်မှ အဖျက်စွမ်းအင်များ ရုတ်ချည်းပေါက်ကွဲကာ သတ္ထုများကိုပင် အရည်ပျော်စေနိုင်လောက်သော အလင်းတန်းတစ်ခု အန်လင်းတို့ထံ ရောက်ရှိလာသည်။

“တုန်ခါစေသော အံ့ဖွယ်ကောင်းကင်ချိပ်စည်း...”

လုံအော့ထျန်း လက်နှစ်ဖက်အား ပူးကပ်လိုက်သည်။

စွမ်းအင်လှိုင်းတစ်ခု တုန်ခါပြန့်ကားလာလေသည်။

ထိုလှိုင်းသည် အဖြူရောင် အကာအရံအဖြစ် အန်လင်းတို့အား လွှမ်းခြုံသွားသည်။

အလင်းတန်းနှင့် အကာအရံတို့ တွေ့ဆုံသွားပြီးနောက် အလင်းတန်း၏ အပူချိန်မှာ ထိုးကျပျောက်ကွယ်သွားသည်။

“နှင်းဆီ....”

ချစ်ခြင်းများ ပြည့်နှက်နေသော စကားသံတစ်ခု ထွက်ပေါ်လာသည်။

အံ့ဖွယ်တာအိုများ ပါဝင်နေသော အနီရောင် နှင်းဆီပွင့်ချပ်များ ကောင်းကင်ထက်မှ ကျဆင်းလာ၏။ မည်သို့ပင်ဆိုစေကာမူ ထိုပွင့်ချပ်များသည် အန္တရာယ် ရှိသယောင် မထင်မှတ်ရပေ။

“ဘာလို့ ဆူးတွေရှိနေရတာလဲ။”

ထိုစကားသံတွင် မကျေနပ်ချက်များ ပါဝင်နေသယောင်။

ရုတ်ချည်းဆိုသလို အနီရောင် နှင်းဆီပွင့်ချပ်များမှာ ကြောက်မက်ဖွယ် ဆူးများအဖြစ် ပြောင်းလဲသွားပြီး အန်လင်းတို့ထံ ဦးတည်လာသည်။

ထိုဆူးများသည် နှင်းဆီပွင့်ချပ်များမှ ဖြစ်ပါသော်လည်း ထက်ရှလွန်းလှပြီး လုံအော့ထျန်း၏ အကာအရံသည်ပင် အပြည့်အဝ မကာကွယ်နိုင်ပဲ ဆူးအချို့ ထိုးဖောက်ခြင်းကို ခံလိုက်ရသည်။

“မကြောက်ကြနဲ့။ ဒီဆူးတွေက ငါ့ချိပ်စည်းကြောင့် တော်တော်အားနည်းနေပြီ။ ခန္ဓာကိုယ်နဲ့သာ ခုခံလိုက်။”

လုံအော့ထျန်း စကားဆိုလာသည်။

ထို့နောက် သူ၏အသွင်သဏ္ဍာန်မှာ ဆူးများကြောင့် ဖြူတစ်ကောင်သဖွယ် ဖြစ်သွားရတော့သည်။

စုရှောင်လန်မှာ မြင့်မြတ်မီးတောက်နှင့် ဆူးများအား အရည်ဖျော်ပစ်လိုက်သောကြောင့် အခြေအနေ ပိုမိုကောင်းမွန်ပါသော်လည်း ဆူးအချို့မှာ ခန္ဓာကိုယ်ထဲ ဖောက်ဝင်လာဆဲပင်။

“စီနီယာ လုံအော့ထျန်း ပြောတာမှန်တယ်။”

အန်လင်းသည် စစ်နတ်ဘုရားခန္ဓာ ရှိသောကြောင့် ထိုဆူးများအား စိုးရိမ်စရာ မလိုလောက်ပေ။

ဖြူဖြစ်နေသော လုံအော့ထျန်း : “.....”

မိန်ကွေ့၏ တိုက်ခိုက်မှုများမှာ ၎င်းတို့အား မဟန့်တားနိုင်ပေ။

ထိုအချိန်တွင် အိပ်မက်ဆန်သော တေးသီသံ ပေါ်ထွက်လာသည်။

အန်လင်းတို့မှာ ကမ္ဘာတစ်ခုလုံး ပြောင်းလဲသွားသလို ခံစားလိုက်ရပြီး မည်သည့်အရာမှ အစစ်အမှန် မဟုတ်သော ပန်းချီတစ်ချပ်ထဲ ရောက်သွားသလို ခံစားလိုက်ကြရသည်။

၎င်းတို့မှာ အရပ်မျက်နှာပင် မခွဲနိုင်တော့ပေ။

မည်သည့်အရပ်သည် အရှေ့၊ မည်သည့်အရပ်သည် အနောက်ဖြစ်ကြောင်းလည်း မပြောနိုင်ကြပေ။

ပြုံးနေသော နဂါးငယ်လေးများမှာ ၎င်းတို့ထံ တစ်ကောင်ပြီးတစ်ကောင် ပျံသန်းလာကြသည်။

စူးရှရှ စကားသံတစ်ခု ထွက်ပေါ်လာသည်။

“လာကစားပါလား..... ဟီးဟီး....”

“ဝက်ဝံငယ်လေး တွေ့မိသေးလားဟင်။”

ထိုစကားဆုံးသည်နှင့် ကြီးမားလှသော ဧရာမ ဝက်ဝံလက်သည်းကြီး ကျဆင်းလာသည်။

အန်လင်းမှာ မီးနတ်ဘုရားအသွင်ပြောင်းကာ ထိုးချလိုက်ပါသော်လည်း ဝက်ဝံလက်သည်းကြောင့် မြေပြင်ပေါ် ပြုတ်ကျသွားရသည်။

သူသာမက စုရှောင်လန်နှင့် လုံအော့ထျန်းလည်း ထို့အတူပင်။

၎င်းတို့မှာ ဝက်ဝံလက်သည်းအောက် အတုံးအရုံး ဖြစ်နေရလေသည်။

“နဂါးစွမ်းအင်က အရမ်းအရသာရှိတာ။ စားကြည့်ချင်လား။”

ခန္ဓာကိုယ် တစ်ခုလုံး ပုပ်သိုးနေသော နဂါးငယ်လေးမှ ပြုံးကာပြောလာသည်။

၎င်းသည် ရုတ်တရတ် ပါးစပ်ဟကာ အန်လင်းတို့အား ဝါးရန်ကြံတော့သည်။

“ဒါက ဟွမ့်မန်ရဲ့ မိစ္ဆာနဂါး ပုံရိပ်ယောင် အိပ်မက်နယ်မြေပဲ။ စိတ်ကူးတွေအားလုံး အစစ်အမှန် ဖြစ်လာနိုင်တယ်။ ဒီမှာရှိတာတွေက သူ့ရဲ့ အံ့ဖွယ်တာအို စွမ်းအင်ပဲ။”

“မင်းတို့ထဲမှာ သိစိတ်အာရုံ ဘယ်သူပိုအားကောင်းလဲ။ ငါတို့ ပြန်တိုက်မှဖြစ်မယ်။”

လုံအော့ထျန်း အော်ဟစ်လိုက်သည်။

သူသည် ခန္ဓာကိုယ်နှင့် တိုက်ခိုက်တတ်သူဖြစ်ကာ သိစိတ်အာရုံ အားမကောင်းလှပေ။ ထို့ကြောင့်ပင် ဟင်းလင်းပြင်သို့အပြန် စဦးအဆင့်နှင့် စိတ်ဝိဥာဥ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူများအား အကူအညီ တောင်းနေရခြင်း ဖြစ်သည်။

နဂါးငယ်လေး ပါးစပ်ပိတ်သွားသည်နှင့် မဟူရာဇာမဏီ အစွမ်းများ ပါဝင်နေသော ဓားမောက်တစ်ခု ရုတ်ချည်းပေါ်ထွက်လာကာ နဂါးငယ်လေးအား ထက်ပိုင်းဖြတ်လိုက်သည်။

ထိုဓားမောက်သည် ဝက်ဝံလက်သည်းကိုပါ ဖျက်စီးလိုက်၏။

အန်လင်း ခပ်ဖွဖွပြုံးကာ ဓားမောက်အား ပြန်လည်ဆင့်ခေါ်လိုက်သည်။ ထိုဓားမောက်ထံမှ ပြင်းထန်လွန်းသော စိတ်ဝိဥာဥ် စွမ်းအင်များ ဖြာထွက်နေသည်။

“စောစောစီးစီးသာပြောရင် ဒုက္ခတောင် မရောက်လောက်ဘူး။ ဒီက ဆရာ့ဆရာကြီးက အားလုံး ထူးချွန်တယ်လေ။”

သူသည် ပတ်ဝန်းကျင်အား တစ်ချက်ကြည့်ကာ ဓားမော့ပုံရိပ်တစ်ခု ထွက်ပေါ်စေလိုက်သည်။

“ကောင်းကင်နဲ့မြေပြင်ကို ဖြိုခွဲပစ်...”

အနက်ရောင် ဓားမော့ထံမှ ဓားဟိန်းသံကြီး ပဲ့တင်ထပ်သွားသည်။

ဓားချက်နှင့်အတူ မိန်းမောဖွယ် ကမ္ဘာလည်း ပြိုကျသွားလေသည်။

၎င်းတို့ မူလကမ္ဘာသို့ ပြန်လည်ရောက်ရှိလာသည်။

ထိုအချိန်မှာပင် သွေးမျက်ရည်များနှင့် အမျိုးသမီးအား တွေ့လိုက်ရသည်။

နဂါးဧကရီ ခပ်ဖွဖွ ပြုံးလိုက်သည်။

“သတ်ဖြတ်ခြင်းရဲ့ နာကျင်မှု....”

အနီရောင် အံ့ဖွယ်တာအိုများ ဖြာထွက်လာတော့သည်။

All Chapters