← Chapters

လုံအော့ထျန်း၏တန်ပြန်တိုက်ခိုက်မှု

Vol. 84 Ch. 1172

လုံအော့ထျန်း၏တန်ပြန်တိုက်ခိုက်မှု

Vol. 84 Ch. 1172

အနီရောင် အံ့ဖွယ်တာအိုများ ကျဆင်းလာသည်။

အန်လင်းတိုသည် အိပ်မက်ကမ္ဘာမှ ထွက်လာသည်နှင့် နဂါးဧကရီအား ရင်ဆိုင်ရမည်ဟု ထင်မထားခဲ့ပေ။

နဂါးဧကရီက မပင်ပန်းဘူးလား....

ကြည့်ရတာ အသည်းအသန် သတ်ချင်နေပုံပဲ.....

ရုတ်ချည်းဆိုသလို လုံအော့ထျန်းထံမှ စွမ်းအင်များ ပေါက်ကွဲထွက်ပေါ်လာကာ နဂါးဧကရီရှေ့ လျှပ်စီးအလား ရောက်ရှိသွားသည်။

သေရေးရှင်ရေး အခြေအနေ ဖြစ်နေသောကြောင့် လုံအော့ထျန်းမှာ စွန့်စားတိုက်ခိုက်ရုံမှလွဲ၍ ရွေးချယ်စရာ မရှိတော့ပေ။

“ပေါက်ကွဲလက်သီး....”

လုံအော့ထျန်း ဟစ်ကြွေးကာ အံ့ဖွယ်တာအို အစွမ်းများနှင့်အတူ နဂါးဧကရီအား မညှာမတာ ထိုးချလိုက်သည်။

သူသည် အခွင့်အရေးအား ကောင်းစွာနားလည်ထားသည်။ အနီရောင် အံ့ဖွယ်တာအိုသည် အသက်စွမ်းအင်များ ပျောက်ဆုံးကုန်သည်အထိ ကြောက်မက်ဖွယ် ကောင်းလွန်းပါသော်လည်း ပစ်မှတ်ထံ ရောက်ရှိလာရန် အချိန်တစ်ခု လိုအပ်သည် မဟုတ်ပါလော။

သတ်ဖြတ်ခြင်း၏ နာကျင်မှုအား ယခင်တစ်ခါက လိပ်ခွံထဲဝင်ကာ ရှောင်ပုန်းနိုင်ခဲ့ဖူးသည်။ ပစ်မှတ်ထက်ရောက်ရန် ကြာချိန်အား အခွင့်အရေး တစ်ခုအဖြစ် သတ်မှတ်နိုင်သည်ပင်။

ထိုးနှက်ချက်၏ ပြင်းအားကြောင့် ကောင်းကင်နှင့်မြေပြင် တုန်ခါကာ လေထုများပင် ပေါက်ကွဲကုန်ရသည်။

လုံအော့ထျန်းမှာလည်း ထိတ်လန့်ဖွယ် တိုက်ကွက်ကြောင့် သွေးများပင် စီးကျနေပါသော်လည်း လက်သီးတစ်ချက် တွန့်မသွားပေ။

နဂါးဧကရီသည်ပင် ထိုတိုက်ခိုက်မှုအား လျစ်လျူမရှုနိုင်ပေ။

သူမသည် လက်နှစ်ဖက်အား ကြက်ခြေခတ်သဏ္ဍာန် ပြုလုပ်ကာ ခုခံလိုက်သည်။

လုံအော့ထျန်းသည် စွမ်းအင်များအားလုံး အသုံးပြုထားသောကြောင့် နဂါးဧကရီ၏ လက်များ ခွက်ဝင်ကာ အရိုးကျိုးသံများ ဆူညံသွားရသည်။

ဝုန်း......

လေထုမှာ ပြင်းထန်စွာ ပေါက်ကွဲသွားသည်။

နဂါးဧကရီသည် ဆယ်ကီလိုမီတာခန့် လွင့်ထွက်ကာ သွေးပွက်ပွက်အန်သွားရသည်။

အနီရောင် အံ့ဖွယ်တာအိုလည်း ပျောက်ကွယ်သွားလေသည်။

စုရှောင်လန်သည် လိပ်ခွံအားကိုင်ကာ ကြောင်တောင်တောင် ဖြစ်နေမိသည်။

“လုံအော့ထျန်းက သောက်ကြမ်းကြီးပဲ။”

အန်လင်း ရေရွတ်လိုက်သည်။

သေရေးရှင်ရေး အခြေအနေကြောင့် လုံအော့ထျန်းသည် အပြင်းထန်ဆုံး တိုက်ကွက်အား ထုတ်သုံးခဲ့ကာ နဂါးဧကရီမှာ ဆိုးဆိုးရွားရွား လွင့်ထွက်သွားခဲ့ရသည်။

မိစ္ဆာနဂါးများသည်လည်း မျက်လုံးပြူးကုန်ရသည်။

လုံအော့ထျန်းသည် ယိုင်ထိုးကာ အချိန်မရွေး လဲကျသွားတော့မလို ဖြစ်နေသည်။

အန်လင်း အလျင်အမြန်ပင် ၎င်းအားကူတွဲပေးကာ အဆင့်ခုနစ် အင်မော်တယ်ဆေးအား တိုက်လိုက်ပြီးနောက် အဝေးသို့ပြေးရန် ဆွဲခေါ်သွားတော့သည်။

မိစ္ဆာနဂါးသုံးကောင် အသိစိတ်ဝင်ကာ အနောက်မှ လိုက်ပါလာကြသည်။

“မလွတ်စေနဲ့။ ဧကရီကို ထိခိုက်ရဲတဲ့ကောင်တွေ သေကိုသေရမယ်။”

သေရေးရှင်ရေး အခြေအနေမှ လွတ်ခဲ့ပါသော်လည်း လုံအော့ထျန်းသည် လတ်တလော မတိုက်ခိုက်နိုင်သေးသောကြောင့် ၎င်းတို့ အန္တရာယ် ရှိနေဆဲပင်။

နဂါးဧကရီ မတ်တပ်ထရပ်ကာ မျက်စိတမှိတ်အတွင်း အကောင်းတိုင်း ပြန်ဖြစ်သွားသည်။ သူမ လေဟာနယ် ခုန်ကူးရန် ပြင်လိုက်စဥ်မှာပင် ရုတ်တရတ် သွေးအန်လိုက်ရလေသည်။

“ကြည့်ရတာ သွေးပြန်ဖြည့်မှနဲ့တူတယ်။”

သူမ ခပ်ဖွဖွပြုံးကာ အင်မော်တယ်ဆေးလုံး တစ်လုံးအား အရင်သောက်လိုက်သည်။

အန်လင်းမှာ မိစ္ဆာနဂါးများကြောင့် ခေါင်းကိုက်နေရလေပြီ။

၎င်းတိုသည် ကီလိုမီတာ ငါးရာကျော်သည့်တိုင် လက်မလျှော့ကြသေးပေ။

သူသည် အလင်းတန်း ကိုးဆယ့်ကိုးသွယ်နှင့် ကီလိုမီတာ ထောင့်ငါးရာ အကွာအဝေးသို့ ရောက်ရှိနေပြီ ဖြစ်ပါသော်လည်း ရန်သူများမှာ ဆက်လိုက်လာနေဆဲပင်။

တခြားရန်သူတွေ ရောက်လာမှာကို ထည့်မတွက်တော့ဘူးလား....

အန်လင်းသည် ကောင်းကင်ထက်တွင် ရှိနေသော ခြေရာကောက် အင်မော်တယ်ရတနာအား မသိခဲ့ပေ။

“ဟားဟား မင်းတို့ မလွတ်ပါဘူး။”

မိန်ကွေ့မှာ အသက်စွမ်းအင် ကုန်ဆုံးစေသော လျှို့ဝှက်ကျင့်စဥ်အား အသုံးပြုလိုက်ပြီးနောက် အန်လင်းတို့နား မျက်စိတမှိတ်အတွင်း ရောက်ရှိသွားသည်။

“နှင်းဆီအသုဘ...”

မိန်ကွေ့ ညင်သာစွာ ရေရွတ်လိုက်သည်။

အေးခဲစေသော စွမ်းအင်များနှင့်အတူ အဖြူရောင် နှင်းဆီပွင့်ချပ်များ ပျံဝဲထွက်ပေါ်လာသည်။ အန်လင်းတို့အနားရှိ ပတ်ဝန်းကျင်မှာလည်း စတင်အေးခဲလာသည်။

နှင်းဆီအသုဘသည် အရာအားလုံးကို မြှုပ်နှံပစ်ပေလိမ့်မည်။

အန်လင်းမှာ ထိုစွမ်းအင်မျိုးအား ရင်းနှီးနေလေပြီ။

သူသညိ လုံအော့ထျန်းအား အုတ်ခဲနက်ပေါ်တင်ကာ လက်ဆန့်လိုက်သည်။

“အစွမ်းငှားပေးပါဦး။”

စုရှောင်လန်မှာ ဆိုလိုရင်းအား နားလည်လိုက်သောကြောင့် သူမလက်အား အန်လင်းလက်ပေါ် တင်လိုက်သည်။

၎င်းတို့လက်ပေါ်တွင် သွေးနီရောင် အမှတ်အသားတစ်ခု ဖြစ်ပေါ်လာကာ သန္ဓေပြောင်းသွေးဇာမဏီ၏ အံ့ဖွယ်မီးတောက်များ ထွက်ပေါ်လာသည်။

၎င်းတို့တစ်ဦးချင်း ဟင်းလင်းပြင်သို့အပြန် နောက်ဆုံးအဆင့်အား ရင်ဆိုင်ရသည်မှာ ခက်ခဲနိုင်ပါသော်လည်း နှစ်ဦးပေါင်းပါက အတော်ကွဲပြားသွားသည်။

၎င်းတို့သည် ပူးပေါင်းတိုက်ခိုက်မှုဖြစ်သော နေနှင့်ကြယ်စင် ဖျက်စီးခြင်းအား အသက်သွင်းလိုက်ခြင်းပင်။

အန်လင်း၏ မီးတောက်သန့်စင်မှုသည် အချိန်နှင့်အမျှ တိုးတက်လာသလို စုရှောင်လန်သည်လည်း အဆင့်တက်သွားသောကြောင့် ပိုမိုအားကောင်းလာခဲ့သည်။

အနီရောင် အလင်းများမှာ မဟာပေါက်ကွဲမှုကြီးအလား ဖြာထွက်သွားသည်။

နေမင်းတစ်စင်းအလား တောက်ပလွန်းသော အလင်းများမှာ အဖြူရောင် နှင်းဆီပွင့်ချပ်များအား ပြာချပစ်လိုက်သည်။

မီးတောက်များ၏ ကြောက်မက်ဖွယ် ပေါက်ကွဲမှုကြောင့် မိစ္ဆာနဂါး သုံးကောင်သည်ပင် လွင့်ထွက်သွားရလေသည်။

“ဒင်းတို့ကို ကိုင်တွယ်ရတာ ဘာလို့အဲ့လောက်တောင် ခက်ရတာလဲ။”

မိန်ကွေ့၏ သွေးနီရောင် ခန္ဓာကိုယ်မှာ မည်းတူနေပြီပင်။

“သတိမလွတ်စေနဲ့။ သူတို့က နဂါးဧကရီကိုတောင် တိုက်နိုင်တာ။ ငါတို့ အသေဗျင်းမှဖြစ်မယ်။”

လွမ့်ယွီ စကားဆိုလိုက်သည်။

“အသေဗျင်းရမှာလား။”

မိန်ကွေ့ လွမ့်ယွီအား ကြည့်ရှုလာသည်။

“အရင်ဆုံး သွေးယဇ်ကျင့်စဥ် အရင်ထုတ်သုံးလိုက်လေ။”

မိစ္ဆာနဂါး သုံးကောင်တွင် မိန်ကွေ့တစ်ကောင်တည်းကသာ အသက်စွမ်းအင် ဆုံးရှုံးစေသော သွေးယဇ်ကျင့်စဥ်အား အသုံးပြုနေခြင်း ဖြစ်သည်။

“အပိုလိုကို သတ်တုန်းက အများကြီး သုံးထားရတာ။ အခု အားဖြည့်ဖို့ အချိန်လိုသေးတယ်။”

လွမ့်ယွီ ရှင်းပြလိုက်သည်။

“ငါတို့ ဘာမှလုပ်စရာ မလိုတော့ဘူး။”

ဟွမ့်မန်မှာ အန်လင်းတို့အားကြည့်ကာ အတောင်ခတ်လိုက်သည်။

သက်တံ့ရောင်စဥ်တစ်ခု ပေါ်ထွက်လာလေသည်။

သွေးမျက်ရည်များနှင့် အမျိုးသမီးအား တွေ့လိုက်ရပြန်သည်။

အန်လင်းနှင့် စုရှောင်လန်မှာ အလန့်တကြား ထဆဲမိမလိုပင် ဖြစ်သွားရသည်။

အန်လင်း အမှန်တကယ် ဆဲမိသွားသည်။

“နောက်တစ်ခါ ထပ်တိုက်ဦးမလို့လား။ သောက်ကျိုးနည်း သွေးမျက်ရည်က မကုန်နိုင်တော့ဘူးလား။”

မျိုးနွယ်စုအတွက် ထိုမျှပေးဆပ်သော ခေါင်းဆောင်အား သူမမြင်ခဲ့ဖူးပေ။

ရန်သူသည် အကြမ်းဆုံး တိုက်ကွက်အား အကြိမ်ရေများစွာ သုံးနေနိုင်ခြင်းမှာ မတရားလှပေ။

အန်လင်း စိတ်ဓာတ်ကျတော့မည့် အချိန်မှာပင် သွေးမိုးများ ရွာကျလာသည်။

အနီရောင် အံ့ဖွယ်တာအို အစွမ်းမှာလည်း စတင်လွှမ်းခြုံလာ၏။

“နာကျင်မှုကို ခံစားကြည့်စမ်းပါ။”

နဂါးဧကရီ သွေးမျက်ရည်များဖြင့် ပြောလာသည်။

အနက်ရောင်ဝတ်စုံနှင့် ပုံရိပ်တစ်ခု အန်လင်းရှေ့ ရောက်ရှိလာလေသည်။

“ခံစားကြည့်ရသေးတာပေါ့။”

ထိုပုံရိပ်မှာ လက်များဆန့်တန်းကာ ပြောလိုက်သည်။

All Chapters