အကောင်းဆုံး ခုခံကာကွယ်ရေးတာအို
Vol. 84 Ch. 1173
အနက်ရောင်ဝတ်စုံနှင့် ပုံရိပ်တစ်ခုမှာ ရုတ်တရတ် ပေါ်ထွက်လာသည်။
သူသည် လက်များဆန့်တန်းကာ နဂါးဧကရီ၏ စွမ်းအင်အား ခံစားရန် အသင့်ဖြစ်နေပုံပင်။
ထို့အပြင် အနက်ရောင် သလင်းကျောက် အကာအရံတစ်ခုအား ဖန်ဆင်းလိုက်သည်။
သို့သော် ထိုအကာအရံသည် နဂါးဧကရီ၏ အံ့ဖွယ်တာအို စွမ်းအင်အား အပြည့်အဝ မကာကွယ်နိုင်ပေ။
အနီရောင် အံ့ဖွယ်တာအို အစွမ်းများမှာ သလင်းကျောက် အကာအရံအား အလွယ်တကူ ထိုးဖောက်လာသည်။
နဂါးဧကရီ၏ မျက်ဝန်းများတွင် အထင်သေးဟန် ဖြတ်ပြေးသွားသည်။
သူမ၏ စွမ်းအင်အား တားဆီးနိုင်သူ မရှိပေ။
အံ့ဖွယ်တာအို စွမ်းအင်များမှာ ထိုသူ၏ ခန္ဓာကိုယ်ထဲ စီးဆင်းဝင်ရောက်သွားသည်။
စုရှောင်လန် မျက်နှာပျက်ကာ လိပ်ခွံအား နောက်ဆုံးအကြိမ် အသက်သွင်းရန် ပြင်လိုက်ပါသော်လည်း အန်လင်းမှ တားဆီးလာသည်။
“မင်းရဲ့ နာကျင်မှုတွေ၊ အခက်အခဲတွေ၊ ဒေါသတွေကို ခံစားမိပါတယ်။ ဒီစွမ်းအားက တကယ်ထူးခြားတာပဲ။ ဒါက မင်းရဲ့ အတွေ့အကြုံ၊ စွမ်းအင်နဲ့ စိတ်ဝိဥာဥ်ရဲ့ အသွင်မှန်ပဲ။ ဒီကျိန်စာသင့်ကမ္ဘာကို မုန်းတီးနေတဲ့စိတ်နဲ့ လွတ်မြောက်ချင်တဲ့ ဆန္ဒတွေတောင် ပါသေးတယ်။ မင်းက ခေါင်းဆောင်ကောင်းတစ်ယောက်ပဲ။”
ထိုအမျိုးသား၏ အကြည့်နှင့်အတူ သလင်းကျောက် အကာအရံထံမှ အံ့ဖွယ်တာအိုများ ဖြာထွက်လာသည်။
အားလုံး၏ အကြည့်များအောက်တွင်ပင် နဂါးဧကရီ၏ အံ့ဖွယ်တာအိုမှာ ပျက်စီးသွားရသည်။
“သူလုပ်နိုင်တာပဲ။”
စုရှောင်လန် မယုံကြည်နိုင် ဖြစ်နေမိသည်။
“ရှောင်လေးက သောက်ကြမ်းကြီးပဲ။”
အန်လင်း ဝမ်းသာသွားရသည်။
ထိုအမျိုးသား ခပ်ဖွဖွ ပြုံးလိုက်သည်။
“ကျွန်တော့်ဆရာကို ထိခိုက်ခံစရာလား။”
၎င်းသည် အန်လင်း၏ အဖိုးတန် တပည့်လေး ရှောင်ဇယ်ပင်။
အန်လင်း နာကျင်နေဟန်ဖြင့် ရှောင်ဇယ် မျက်နှာမှ သွေးများအား သုတ်ပေးလိုက်သည်။
“သွေးအရင်သုတ်လိုက်ပါဦး။”
ရှောင်ဇယ် : “.....”
ကျွန်တော် နောက်ဆုံးတော့ ဟင်းလင်းပြင်သို့အပြန် နောက်ဆုံးအဆင့် ရောက်သွားပြီလေ..... ကြွားခွင့်ပေးပါဦးလား.....
“ရှောင်ဇယ် အံ့ဖွယ်တာအို ရသွားပြီပေါ့။ အရမ်းတော်တာပဲ။”
စုရှောင်လန် ချီးကျူးလိုက်သည်။
ရှောင်ဇယ် ရှက်ရွံ့စွာ ပြုံးလိုက်မိသည်။
“စုကျိုးအင်မော်တယ်ဂိုဏ်းက ရှောင်ဇယ် ထင်တယ်။ မင်းက တကယ် လူငယ်သူရဲကောင်းပဲ။”
လုံအော့ထျန်း မှတ်ချက်ပြုလာသည်။
“ငါက ရှေးဟောင်းနဂါးမျိုးနွယ်စုကပဲ။ မင်းဘိုးဘေးလုပ်လို့ရတဲ့ထိ အိုနေပြီ။ လူငယ်လေး မဟုတ်ဘူး။”
ရှောင်ဇယ် ပြုံးကာပြောလိုက်သည်။
လုံအော့ထျန်း : “.....”
အန်လင်းနဲ့ စုရှောင်လန် ရှေ့မှာကြ မခုတ်တတ်တဲ့ ကြောင်လေးလိုနဲ့ ငါ့ကြမှ လာမောက်မာနေပါလား...
လုံအော့ထျန်း စိတ်ဓာတ်ကျသွားရသည်။
“ဟင်းလင်းပြင်သို့အပြန် အဆင့်ထဲမှာ ငါ့ကို ခုခံနိုင်တဲ့သူ ရှိတယ်ပေါ့လေ။”
နဂါးဧကရီမှာ သွေးမျက်ရည်များ စီးကျနေဆဲပင်။
“ငါ့အစွမ်းကို နားအလည်နိုင်ဆုံးက ငါ့ရန်သူ ဖြစ်နေပါလား။”
ရှောင်ဇယ် ကောင်းကင်ထက်မှ သွေးမိုးများအား ကြည့်ရှုလိုက်သည်။
“ငါ့တာအိုက အကောင်းဆုံး ခုခံကာကွယ်ရေးပဲ။ ရန်သူရဲ့ တိုက်ခိုက်မှုပေါ် မူတည်ပြီး အမျိုးမျိုး ပြောင်းလဲနိုင်တယ်။ အချိန်စီးကြောင်းက ငါ့ဆီက တစ်စုံတစ်ခု ယူသွားခဲ့ရင်တောင် ငါတန်ဖိုးထားရတဲ့ သူတွေကို ကာကွယ်ဖို့ ထာဝရတည်တံ့တဲ့ ဒိုင်းကာတစ်ခု ဖန်ဆင်းမှာ။”
“နင့်ရဲ့ အံ့ဖွယ်တာအိုက အရမ်းအထင်ကြီးစရာကောင်းတယ်။”
နဂါးဧကရီ သက်ပြင်းချကာ သွေးမျက်ရည်များ သုတ်လိုက်သည်။
သူမ၏ မျက်ဝန်းများသည် ထူးထူးခြားခြား မောက်မာမနေပေ။
ကြည့်ရသည်မှာ အတော်ပင်ပန်းထားပုံရသည်။
စင်စစ်တွင်မူ သူမ ကူကယ်ရာမဲ့နေခြင်းပင်။
“ဘာလို့ ဖျက်စီးဖို့ ခက်ခဲနေတာလဲ။”
နဂါးဧကရီ စကားဆိုလာသည်။
သွေးမိုးများ ရပ်တန့်သွားလေပြီ။
သူမ သတ်ဖြတ်ခြင်း၏ နာကျင်မှုအား ရုတ်သိမ်းလိုက်သည်။
ရှောင်ဇယ်သည် ထိုတိုက်ခိုက်မှုအား ခုခံနိုင်သွားသောကြောင့် အဆင်မပြေတော့ပေ။
“ငါမေးစရာရှိတယ်။ နင်ရောက်လာတာ ငါဘာလို့ မသိလိုက်ရတာလဲ။”
နဂါးဧကရီ မေးမြန်းလာသည်။
ရှောင်ဇယ်မှာ ကြွားနိုင်တော့မည် ဖြစ်သောကြောင့် ဝမ်းသာသွားရသည်။
“ငါ့ရဲ့ ခုခံကာကွယ်ရေး တာအိုက ထင်သလောက် မရိုးရှင်းဘူး။ ရန်သူတွေ သတိမထားမိတာလည်း ခုခံကာကွယ်ရေးပဲမလား။”
ရှောင်ဇယ် ခပ်ဖွဖွ ပြုံးလိုက်သည်။
သူ၏ ခုခံကာကွယ်ရေး တာအိုတွင် ပုန်းကွယ်ခြင်းလည်း ပါဝင်သည်။
ရန်သူများပေါ် မူတည်ကာ ခုခံကာကွယ်ရေး အသွင်အမျိုးမျိုးကိုလည်း ပြောင်းလဲပစ်နိုင်သည်။
နဂါးဧကရီနှင့် မိစ္ဆာနဂါးများသည် အန်လင်းတို့ကိုသာ အာရုံထားနေခဲ့သောကြောင့် ပုန်းကွယ်ကာ ရောက်ရှိလာသော ရှောင်ဇယ်အား မည်သို့မျှ မသိနိုင်ခဲ့ပေ။
သေရေးရှင်ရေး အခြေအနေတွင် ရှောင်ဇယ်သည် အံ့ဖွယ်တာအိုနှင့်အတူ ကယ်တင်ရှင် ဖြစ်လာခဲ့သည်။
“ရှောင်လေး ငါတို့ ဘာလုပ်ကြမလဲ။ တိုက်မလား ပြေးမလား။”
အန်လင်းမှာ တပည့်၏ ဆန္ဒအား မေးသင့်သည်ဟု ခံစားမိသည်။
“သူတို့လို ဝါရင့် ဟင်းလင်းပြင်သို့အပြန် အဆင့်တွေကို တိုက်မနိုင်လောက်ဘူး။ သူတို့ တိုက်ကွက်တွေ ကာရတာတောင် မနိမ့်လောက်ဘူး။”
ရှောင်ဇယ်၏ အံ့ဖွယ်တာအိုသည် ထိပ်တန်းအဆင့် ဖြစ်ပါသော်လည်း ရန်သူများအားလုံးကို မကိုင်တွယ်နိုင်လောက်ပေ။
“အဲ့ဒါဆို ပြေးရအောင်။ ဝေးဝေးပြေးရင် ဆက်မလိုက်နိုင်လောက်ဘူး။”
အန်လင်း တည်ငြိမ်စွာ ပြောလာသည်။
သူသည် တပည့်ရှိနေသောကြောင့် စိတ်လုံခြုံမှုရကာ စကားများအပေါ် ယုံကြည်ချက် ရှိနေသည်။
ရှောင်ဇယ် ပြုံးကာခေါင်းညိတ်လိုက်သည်။
“ဆရာ ကျွန်တော့် အကာအရံက ပြေးရင်လည်း ပါလာမှာ။ သူတို့ ဘာမှလုပ်နိုင်မှာ မဟုတ်ဘူး။”
အန်လင်းနှင့် စုရှောင်လန် ဝမ်းသာသွားရသည်။
ထိုသို့ဖြင့် ၎င်းတို့သည် အုတ်ခဲနက်အားစီးကာ အကာအရံနှင့်အတူ ပျံသန်းခဲ့ကြသည်။
“သောက်ကျိုးနည်း ငါတို့ကို လျစ်လျူရှုသွားတာလား။”
လွမ့်ယွီ ရေရွတ်လိုက်သည်။
“ငါတို့ကို အထင်သေးတာလား။”
မိန်ကွေ့ မျက်နှာပျက်နေသည်။
“အိပ်မက်ဆိုးဆိုတာ ဘာလဲသိအောင် ပြပေးရမယ်။”
ဟွမ့်မန် အေးစက်စွာ ပြောလိုက်သည်။
မိစ္ဆာနဂါးများမှာ ရှောင်ဇယ်အား တိုက်ခိုက်ကြတော့သည်။
ထိုတိုက်ခိုက်မှုများမှာ အကာအရံအား မကျော်နိုင်ကြပေ။
“ဘာလို့ အဲ့လောက်တောင် မာနေရတာလဲ။”
လွမ့်ယွီ အံ့အားသင့်နေသည်။
“အကာအရံကို မဖျက်နိုင်မှတော့ ဒင်းတို့ကို ထောင်ချောက်ဆင်ကြတာပေါ့။”
ဟွမ့်မန် အံကြိတ်လိုက်သည်။
“အဲ့လို အကာအရံက အရမ်းပင်ပန်းမှာပဲ။ အဆက်မပြတ် ကာကွယ်ရအောင်လုပ်ပြီး ပင်ပန်းသွားပြီဆိုမှ အသေဆော်ကြတာပေါ့။”
၎င်းတို့မှာ တစ်ခုပြီးတစ်ခု တိုက်ခိုက်လာကြသည်။
ထိုသည်မှာ အသုံးဝင်သော နည်းလမ်းပင်။ ရှောင်ဇယ်သည် မည်မျှကြမ်းနေပါစေ ဟင်းလင်းပြင်သို့အပြန် အဆင့်သုံးဦး၏ တိုက်ခိုက်မှုအား ခုခံရသည်မှာ မလွယ်ကူပေ။
သူသည် ကီလိုမီတာ နှစ်ရာ့ငါးဆယ်ခန့် ပြေးပြီးနောက် မိစ္ဆာနဂါးများမှ အမှီလိုက်နိုင်လာသည်။
အကာအရံအား ချိန်းကြိုးများဖြင့် ချည်နှောင်လိုက်ကြသည်။
အနီရောင် နှင်းဆီပွင့်ချပ်များလည်း ကောင်းကင်ထက်မှ ကျဆင်းလာသည်။
ဟွမ့်မန်သည် ဦးမှင်တစ်ရာဖြင့် အကာအရံအား ဖိနှိပ်ပစ်နေသည်။
“ကျွန်တော်တို့ ပိတ်မိနေပြီ။”
ရှောင်ဇယ် ချွေးစေးပျံနေလေပြီ။
အန်လင်းနှင့် စုရှောင်လန်မှာ ထိုသို့အဖြစ်အပျက်မျိုး တွေ့ကြုံရလွန်းသောကြောင့် တည်ပင်တည်ငြိမ်နေကြသည်။
၎င်းတို့သည် ခံစားချက် မရှိသည့်အလား အေးအေးဆေးဆေး ဖြစ်နေတော့သည်။