← Chapters

နောက်ဆုံးတိုက်ပွဲ

Vol. 84 Ch. 1175

နောက်ဆုံးတိုက်ပွဲ

Vol. 84 Ch. 1175

အနီရောင်ဝတ်စုံနှင့် အမျိုးသမီးတစ်ဦးမှာ ပျင်းရိစွာ သမ်းဝေလိုက်သည်။

“တကယ်ပါပဲ။ အိပ်လို့တောင် မရတော့ဘူး။”

“နိုးလာတာနဲ့ ကောင်းကင်က ပြိုကျနေပြီလေ။”

အမျိုးသမီးမှာ မဖြစ်မနေ ထလာရခြင်းကြောင့် မကျေမနပ် ဖြစ်နေပုံပင်။

“အစ်မတော် ရောက်လာတာ တော်သေးတယ်။ မိစ္ဆာနဂါးတွေရဲ့ ဝင်္ကပါကို ဖျက်ကြရအောင်။”

အော့ချင်းယွီ စကားဆိုလာသည်။

အော့ရှောင်ဝူ အော့မန်အား ကြည့်ရှုလာသည်။

“ခမည်းတော် အော့ရှန်းယွီကို ဘယ်သူသတ်တာလဲ။”

အော့မန် အံ့အားသင့်သွားပါသော်လည်း သေသေချာချာ စဥ်းစားလိုက်သည်။

“သူသေတာ မြန်လွန်းတယ်။ နဂါးဧကရီကလွဲရင် ဘယ်သူကမှ အဲ့လိုမလုပ်နိုင်လောက်ဘူး။”

အော့ရှောင်ဝူ ခေါင်းညိတ်ကာ တစ်နေရာသို့ လှမ်းကြည့်လိုက်သည်။

အော့ချင်းယွီ သဘောပေါက်ကာ မျက်နှာပျက်သွားသည်။

“အစ်မတော် ဝင်္ကပါကို ဖျက်ဖို့က ပိုအရေးကြီးတယ်နော်။”

“နင်တို့ သွားလိုက်ကြလေ။ ငါလက်စားချေမလို့။”

အော့ရှောင်ဝူ ခပ်ပြတ်ပြတ် ပြောလာသည်။

“သမီးတော် အော့ရှူးယွီ ဆုံးတုန်းကတောင် လျစ်လျူရှုခဲ့တာပဲမလား။ အခုရော အဲ့လိုလုပ်လို့ မရဘူးလား။”

အော့မန် ဖြောင်းဖြကြည့်သည်။

အော့ရှောင်ဝူ ပြုံးကာပြောလိုက်သည်။

“မတူဘူး။ မောင်တော် ခုနစ်ကို ကျွန်မပဲ လှံသိုင်းသင်ပေးထားတာ။ ကျွန်မက ဆရာတစ်ပိုင်းပဲ။ တပည့်အတွက် လက်စားချေပေးမှရမယ်။”

“ဟူး..... မဟုတ်ရင် ကိုယ့်ကိုယ်ကို အပြစ်တင်နေမိမှာ။”

အော့ရှောင်ဝူ ခြေတစ်လှမ်း လှမ်းလိုက်သည်နှင့် ငါးကီလိုမီတာ အကွာအဝေးသို့ ရောက်ရှိသွားသည်။

“ခမည်းတော်နဲ့ မောင်တော် ဝင်္ကပါကို ဖျက်လိုက်ကြပါ။ ကျွန်မ ရန်သူတွေကို အကောင်းဆုံး ထိန်းထားပေးမယ်။”

အော့မန်နှင့် အော့ချင်းယွီ သက်ပြင်းချမိလိုက်ကြသည်။

အော့ရှောင်ဝူ၏ ဆုံးဖြတ်ချက်အား ၎င်းတို့ ဘယ်သောအခါမှ မလွှမ်းမိုးနိုင်ခဲ့ပေ။

“ခမည်းတော် အခုထိတောင် ကြောက်နေတုန်းပဲလား။”

အော့ချင်းယွီ မေးမြန်းလိုက်သည်။

အော့မန် ဒေါသထွက်သွားရသည်။

“ယီးလား ဝင်္ကပါ သွားဖျက်ကြမယ်။”

နဂါးနှစ်ကောင်မှာ ကောင်းကင်ထက် ပျံသန်းသွားတော့သည်။

.......

အန်လင်းတို့ ရှိရာနေရာ၌

မိစ္ဆာနဂါးများ၏ အဆက်မပြတ် တိုက်ခိုက်မှုကြောင့် ငါးဆယ်ကီလိုမီတာ ပတ်ဝန်းကျင်မှာ ရစရာ မရှိအောင် စုတ်ပြတ်သတ်နေသည်။

“ဆရာ ကျွန်တော် မခံနိုင်တော့ဘူး။”

ရှောင်ဇယ် အံကြိတ်ကာ ပြောလာသည်။

မိစ္ဆာနဂါးသုံးကောင် စိတ်လှုပ်ရှားသွားကြသည်။

“ဘယ်လောက်ခံနိုင်ဦးမလဲ။”

အန်လင်း စိုးရိမ်စွာ မေးလိုက်သည်။

“အများဆုံး နောက်နှစ်နာရီပေါ့။”

ရှောင်ဇယ် ဝမ်းနည်းစိတ်ပျက်နေမိသည်။

မိစ္ဆာနဂါးသုံးကောင် : “.....”

ခွေးမသားက လာနောက်နေတာလား.....

မိစ္ဆာနဂါးများ ဒေါသထွက်ကာ အသည်းအသန် တိုက်ခိုက်လာသည်။

ထိုအချိန်တွင် လမိုက်ည ခရင်းခွ စကားဆိုလာသည်။

“အရေးပေါ်သတင်း ဟင်းလင်းပြင်သို့အပြန် နောက်ဆုံးအဆင့် နဂါးနှစ်ကောင် ပြန်လာပြီး ဝင်္ကပါကို ပစ်မှတ်ထားနေတယ်။ တော်တော်ထိထားကြတာဆိုတော့ တစ်ယောက်ယောက် သွားကိုင်တွယ်လိုက်ရင်ရပြီ။”

“ငါက အဲ့လိုနေရာမှာ အတွေ့အကြုံ ရှိတယ်။ ငါသွားမယ်။”

လွမ့်ယွီ လျှာသပ်ကာ ထွက်ခွာသွားသည်။

ရုတ်ချည်းဆိုသလို ကောင်းကင်နှင့်မြေပြင်အား ထိုးဖောက်မတက် ထက်ရှလှသော သွေးနီရောင် လှံတစ်ချောင်း ထွက်ပေါ်လာသည်။

“ဘာ....”

လွမ့်ယွီ အမူအရာ ပြောင်းလဲသွားကာ မိမိကိုယ်ကို ကာကွယ်ရန် အံ့ဖွယ်တာအိုအား အသက်သွင်းလိုက်သည်။

ထိုလှံသည် ထင်မှတ်ထားသည်ထင် ပိုမိုအားကောင်းကာ အံ့ဖွယ်တာအိုအား ထုတ်ချင်းပေါက်လျက် လွမ့်ယွီကိုပါ ထိုးဖောက်သွားသည်။

“အား.....”

လွမ့်ယွီ နာကျင်စွာ အော်ဟစ်လိုက်ရသည်။

၎င်း၏ ခန္ဓာကိုယ်မှ သွေးများယိုစီးကျလာသည်။

အနီရောင်ဝတ်စုံနှင့် အမျိုးသမီးတစ်ဦး ၎င်းနားသို့ ရောက်ရှိလာသည်။

သူမ လွမ့်ယွီအားကြည့်ကာ ပြုံးလိုက်သည်။

“စိတ်မကောင်းပေမယ့် နင်တို့ တစ်ယောက်မှ သွားခွင့်မရှိဘူး။”

“ငိုးမ မင်းကိုယ်မင်း ဘာထင်နေလဲ။ ငါတို့အားလုံးကို ရင်ဆိုင်နိုင်မယ် ထင်နေတာလား။”

မိန်ကွေ့ ပေါက်ကွဲသွားရသည်။

“ငါ့ဘာသာ ရင်ဆိုင်မယ် မပြောပါဘူး။ မိတ်ဆွေတွေ ရှိနေတာပဲဟာ။”

အော့ရှောင်ဝူ အန်လင်းတို့အား လှမ်းကြည့်လာသည်။

အန်လင်းတို့မှာ သူမအားကြည့်ကာ ဝမ်းသာသွားရသည်။

အကောင်းဆုံး မဟာမိတ်ကြီး ရောက်ရှိလာလေပြီ။

အော့ရှောင်ဝူ နဂါးဧကရီအား ကြည့်ရှုလိုက်သည်။

“အော့ရှန်းယွီကို နင်သတ်လိုက်တာလား။ လှံသူရဲကောင်းလေ။”

နဂါးဧကရီ ခေါင်းညိတ်ပြလာသည်။

“ဟုတ်တယ်။”

အော့ရှောင်ဝူ သဘောပေါက်သွားသည်။

“ကောင်းပြီလေ။”

သူမ နဂါးဧကရီအား လှံဖြင့်ချိန်လိုက်သည်။

“နင့်ကိုငါသတ်ပစ်မယ်။”

“ဟားဟားဟား နားကြားလွဲတာများလား။ ဒီမိန်းမက နဂါးဧကရီကို သတ်မယ်ပေါ့လေ။”

မိန်ကွေ့ ရယ်မောလိုက်သည်။

“သောက်ရူးမပဲ။ အရှေ့ပင်လယ် နဂါးမင်းပိုင်နက်က လူသစ်လေး ဖြစ်မယ်။ ရှေးဟောင်းထိုက်ချူကုန်းမြေထဲ ရောက်ဖူးပုံ မရဘူး။”

ဟွမ့်မန်လည်း သဘောကျနေမိသည်။

၎င်းတို့သုံးဦး ပေါင်းလျှင်ပင် နဂါးဧကရီအား မမှီနိုင်သည်ကို ထိုအမျိုးသမီးသည် အဓိပ္ပါယ်မဲ့သော စကားအား ပြောနေသည် မဟုတ်လော။

နဂါးဧကရီသည် ထူးခြားလွန်းသူဖြစ်ပြီး ဒဏ်ရာများ ရရှိထားသည့်တိုင် အခြားသော ဟင်းလင်းပြင်သို့အပြန် အဆင့်များထက် အပြတ်အသတ် သာလွန်သေးသည်။

အော့ရှောင်ဝူ နှုတ်ခမ်းအား ဖိကိုက်လိုက်သည်။

သူမသည် ရှေးဟောင်းထိုက်ချူကုန်းမြေထဲ အကြိမ်ကြိမ် ရောက်ခဲ့ဖူးပါသော်လည်း အမြဲလိုလို အိပ်စက်နေခဲ့သည်။

“ဒီမိန်းမက လွယ်တော့မလွယ်ဘူး။”

အော့ရှောင်ဝူကြောင့် ဒဏ်ရာရထားသော လွမ့်ယွီမှာ အထင်မသေးရဲပေ။

အော့ရှောင်ဝူ အန်လင်းတို့အား စကားဆိုလာသည်။

“ငါနဂါးဧကရီကို တိုက်မယ်။ ကျန်တဲ့ကောင်တွေ မလွတ်သွားစေနဲ့။ အဆင်ပြေလား။”

“ကိစ္စမရှိဘူး။”

အန်လင်း ရင်ဘတ်အား ပုတ်ပြလိုက်သည်။

“အန်လင်း သူမက နဂါးဧကရီကို တိုက်နိုင်ပါ့မလား။”

စုရှောင်လန် စိုးရိမ်နေသည်။

“မင်းရဲ့ ဒေါ်လေးကို ယုံလိုက်စမ်းပါ။ သူမကမှ အရှေ့ပင်ဘယ် နဂါးမင်းပိုင်နက်ရဲ့ တကယ့်သူရဲကောင်းပဲ။”

အန်လင်း ပြုံးကာပြောလာသည်။

ထို့နောက် နဂါးဧကရီ၏ ထူးခြားသော အံ့ဖွယ်တာအို အစွမ်းအား အော့ရှောင်ဝူထံ အသံဖြင့် ဆက်သွယ်ပြောပြလိုက်သည်။

အော့ရှောင်ဝူသည် ကြောက်ရွံ့ခြင်း အလျဥ်းမရှိပဲ နဂါးဧကရီအား စူးစူးရဲရဲ ကြည့်ရှုလာသည်။

“အစွမ်းထက်ဆုံး မိစ္ဆာနဂါးရဲ့ အစွမ်းကို ခံစားရသေးတာပေါ့။”

အော့ရှောင်ဝူ လှံကိုင်ကာ နဂါးဧကရီထံ ပြေးဝင်သွားသည်။

ရှောင်ဇယ် အကာအရံအား ရုတ်သိမ်းကာ အန်လင်းတို့မှာ မိစ္ဆာနဂါးများအား စတင်တိုက်ခိုက်လိုက်ကြသည်။

......

ဝင်္ကပါနား၌

ဟင်းလင်းပြင်သို့အပြန် အဆင့်ငါးဦးမှာ အသေအကြေ တိုက်ပွဲဆင်နွှဲနေသောကြောင့် ပတ်ဝန်းကျင်မှာ မြင်မကောင်း၊ ရှုမကောင်းပင် ဖြစ်နေရသည်။

အော့မန်နှင့် အော့ချင်းယွီမှာ တိုက်ပွဲထဲဝင်ရန် ပြင်လိုက်ကြသည်။

ဝူစိနှင့် တုပါမှာ အသက်စွမ်းအင်များအား အသုံးချနေရလေပြီ။

ထိုကျင့်စဥ်သည် အချိန်ကြာမြင့်စွာ အသုံးမပြုနိုင်သောကြောင့် မိစ္ဆာနဂါးများ၏ နောက်ဆုံးသော ခံတပ်မှာ ကျိုးပျက်တော့မည် ဖြစ်သည်။

အန်လင်းတို့မှာ မျှော်လင့်ချက် ရှိလာပြီပင် ဖြစ်တော့သည်။

All Chapters