← Chapters

ထိပ်သီးနှစ်ဦး၏တိုက်ပွဲ7

Vol. 84 Ch. 1176

ထိပ်သီးနှစ်ဦး၏တိုက်ပွဲ7

Vol. 84 Ch. 1176

အော့ရှောင်ဝူသည် ပြင်းထန်လှသော လှံချက်ဖြင့် နဂါးဧကရီအား တိုက်ခိုက်လိုက်သည်။

နဂါးမျိုးနွယ်စု၏ ထိပ်တန်းကျင့်ကြံသူ အော့ရှောင်ဝူသည် အမြဲလိုလို အိပ်နေတတ်ပါသော်လည်း သူမ အလေးအနက် တိုက်ခိုက်သောအခါ ထိတ်လန့်ဖွယ် ကောင်းလွန်းလှသည်။

နဂါးဧကရီသည် ထိုတိုက်ခိုက်မှုအားကြည့်ကာ အနီရောင် အံ့ဖွယ်တာအိုများ ထွက်ပေါ်စေလိုက်သည်။

“သတ်ဖြတ်ခြင်းရဲ့ နာကျင်မှု....”

ရုတ်ချည်းဆိုသလို အော့ရှောင်ဝူမှာ ဆယ်ကီလိုမီတာခန့် ဆုတ်ခွာသွားသည်။ သို့သော် သူမလှံသည် နဂါးဧကရီ၏ နှလုံးသားတည့်တည့်ထံသို့ ပျံသန်းလာနေဆဲပင်။

နဂါးဧကရီ အံအားသင့်သွားရသည်။

“လှောင်အိမ်တစ်ခုရဲ့ နာကျင်မှု.....”

အံ့ဖွယ်တာအိုများမှာ ရွှေခေါင်းလောင်းကြီးအသွင် ဖြစ်ပေါ်လာသည်။

အော့ရှောင်ဝူ၏ လှံနှင့် ရွှေခေါင်းလောင်းတို့ ထိပ်တိုက်တွေ့ဆုံကာ ပွတ်တိုက်သံများနှင့်အတူ ခေါင်းလောင်းပေါ်တွင် အက်ကွဲရာများ ထင်ဟပ်လာသည်။

တိုက်ခိုက်မှုသည် ပြင်းထန်လွန်းပါသော်လည်း နဂါးဧကရီ၏ ခုခံမှုအား မထိုးဖောက်နိုင်ခဲ့ပေ။ အဆုံးတွင် လှံပုံရိပ် ပျောက်ကွယ်သွားရသည်။

နဂါးဧကရီ လှမ်းကြည့်လိုက်သောအခါ အော့ရှောင်ဝူမှာ ထပ်မံတိုက်ခိုက်ရန် ပြင်နေလေပြီ။ နဂါးဧကရီ အမူအရာပြောင်းကာ နောက်ဆုတ်သွားရသည်။

အော့ရှောင်ဝူသည် လှံတစ်ချက် ယမ်းလိုက်သည်နှင့် လှံပုံရိပ်ပေါင်း ရာနှင့်ချီ ထွက်ပေါ်လာကာ နဂါးဧကရီအား ပိတ်ဆို့ထားလိုက်သည်။

“ကြောက်ရွံ့ခြင်းရဲ့ နာကျင်မှု....”

နဂါးဧကရီ၏ လက်ဝါးထက်တွင် အနက်ရောင် အံ့ဖွယ်တာအိုများ ပေါ်ထွက်လာသည်။

နဂါးဧကရီသည် လက်နှစ်ဖက်ဖြင့် အော့ရှောင်ဝူ၏ လှံများအား ဖယ်ရှားပစ်တော့သည်။

“ငါတို့ နဂါးဧကရီက အဲ့မိန်းမ ဖိအားပေးတာကို ခံနေရတာလား။”

မိန်ကွေ့ မျက်လုံးပြူးနေသည်။

“ဒီမိန်းမက တကယ်ကြောက်စရာပဲ။”

လွမ့်ယွီမှာ လုံအော့ထျန်းအား တိုက်ခိုက်ရင်း မှတ်ချက်ပြုလာသည်။

လွမ့်ယွီနှင့် လုံအော့ထျန်း နှစ်ဦးလုံးမှာ ထိခိုက်ထားကြပြီး တစ်ဦးကိုတစ်ဦး တိုက်ခိုက်ရန် ဆုံးဖြတ်ခဲ့ကြသည်။

နဂါးဧကရီသည ဖိအားပေးခံနေရခြင်း မဟုတ်ပဲ အော့ရှောင်ဝူအား မည်သို့တိုက်ခိုက်ရမည်ကို မတွေးရသေးခြင်း ဖြစ်သည်။

အော့ရှောင်ဝူသည် ထူးချွန်လှသော သူရဲကောင်းတစ်ဦးပင်။

သူမသည် ရန်သူလှုပ်ရှားမှုအား ခန့်မှန်းနိုင်သည့်အပြင် နဂါးဧကရီ၏ အားနည်းချက်ကိုလည်း လျင်မြန်စွာ သိရှိနိုင်သည်။

နဂါးဧကရီ၏ တိုက်ခိုက်မှုများမှာ ကြောက်မက်ဖွယ် ကောင်းပါသော်လည်း အချိန်လိုအပ်ချက် ရှိကြသည်။

အခြားသူများအတွက် အချိန်ကြာမြင့်ချက် အနည်းငယ်မှာ ဘာမှမဖြစ်စေနိုင်ပါသော်လည်း အော့ရှောင်ဝူသည် ထိုအချက်အား အားသာချက်အဖြစ် အသုံးချကာ တိုက်ခိုက်မှုကို အရှိန်မြှင့်ခဲ့သည်။

သာမန်ကျင့်ကြံသူ တစ်ဦးသည် ထိုသို့ပြုလုပ်လာပါက နဂါးဧကရီမှာ လွယ်လင့်တကူ သတ်ပစ်နိုင်လိမ့်မည်။ မည်သို့ပင်ဆိုစေကာမူ အော့ရှောင်ဝူသည် မြန်ဆန်ရုံသာမကပဲ သူမ၏ တိုက်ကွက်များမှာ ပြင်းထန်လွန်းနေသည်။

နဂါးဧကရီသည် လှံချက်များအား ဂရုမစိုက်ပဲ သွေးမျက်ရည်ကျရန် ကြိုးပမ်းခဲ့ပါက သွေးမျက်ရည် မကျခင် နှလုံးသွေးရှင်ရှင် ကျသွားရပေလိမ့်မည်။

သူမနှင့် အော့ရှောင်ဝူ၏ တိုက်ပွဲမှာ ခက်ထန်လွန်းလှ၏။

မိစ္ဆာနဂါးများမှာလည်း နဂါးဧကရီအား မကူနိုင်ကြပေ။

ဟွမ့်မန်သည် ရှောင်ဇယ်အား အိပ်မက်ကမ္ဘာထဲ ဆွဲသွင်းရန် ကြိုးစားနေပါသော်လည်း အံ့အားသင့်ဖွယ် အံ့ဖွယ်တာအိုကြောင့် အလုပ်မဖြစ်ခဲ့ပေ။

ထို့ကြောင့် ရွေးချယ်ခြင်း မရှိပဲ ရှောင်ဇယ်အား လက်ရည်ယှဥ်ရတော့သည်။

ရှောင်ဇယ်သည် အရေထူလွန်းသောကြောင့် ဟွမ့်မန်မှာ အခြေအနေ မကောင်းလှပေ။

ထွက်ပြေးရန် ကြိုးစားသော်လည်း ရှောင်ဇယ်၏ ထူးခြားသော တိုက်ကွက်များကြောင့် အဆင်မပြေပေ။

အန်လင်းနှင့် စုရှောင်လန်မှာမူ မိန်ကွေ့အား တိုက်ခိုက်ကြသည်။

“နှင်းဆီ နှင်းဆီ ဘာလို့နီ....”

အန်လင်းမှာ မီးနတ်ဘုရားအသွင်အား အသက်သွင်းကာ မိန်ကွေ့အား သမလိုက်သည်။

“ဒီနဂါးက အရမ်းလှတယ်။ အသက်ရှင်ခွင့် ပေးလို့မဖြစ်ဘူး။”

စုရှောင်လန်မှာ အစစ်အမှန် နဂါးစွမ်းအင်နှင့် ဗာမီလီယမ်ငှက်စွမ်းအင်တို့အား ဓားချက်အတွင်း ထည့်သွင်းကာ အပြင်းအထန် တိုက်ခိုက်နေသည်။

မိန်ကွေ့မှာ ရူးတော့မလို ဖြစ်နေလေပြီ။

လှလို့ သေရမယ်တဲ့လား.... ဘယ်လိုကြီးလဲ.....

ထိုမေးခွန်းအား မည်သူကမှ ဖြေပေးကြမည် မထင်ပေ။

ထိုအချိန်တွင် ကျယ်လောင်လှသော အသံတစ်ခု ထွက်ပေါ်လာသည်။

အော့ရှောင်ဝူသည် နဂါးဧကရီ၏ လက်ဝါးတစ်ဖက်အား လှံဖြင့်ထိုးလိုက်ခြင်းပင်။

နဂါးဧကရီမှာ သွေးများစီးကျလာပါသော်လည်း အခွင့်အရေးအား လက်လွှတ်မခံပဲ လှံအားဆုပ်ကိုင်ထားလိုက်သည်။

ထို့နောက် ကြောက်မက်ဖွယ် အံ့ဖွယ်တာအိုအား အသက်သွင်းလိုက်၏။

ဘန်း....

ပေါက်ကွဲသံတစ်ခု ပဲ့တင်ထပ်သွားသည်။

အော့ရှောင်ဝူ၏ အံ့ဖွယ်တာအိုများ ပါဝင်နေသောလှံမှာ နဂါးဧကရီကြောင့် ထက်ပိုင်းကျိုးသွားလေပြီ။

အော့ရှောင်ဝူ မယုံကြည်နိုင်ဖြစ်ကာ နောက်ဆုတ်သွားရသည်။

“အဆင့်မြင့် စိတ်ဝိဥာဥ်လက်နက်ကို အဲ့လိုဖျက်စီးလိုက်တာလား။”

“အခု နင်ဘယ်လိုဆက်တိုက်မလဲ။”

နဂါးဧကရီ အေးစက်စွာ ပြောလာသည်။

မကြာမီပင် နဂါးဧကရီ ကြက်သီးထသွားရသည်။

ညင်သာသော လက်သီးချက်တစ်ခု ရောက်ရှိလာလေသည်။

ထိုလက်သီးချက်သည် သူမအား ကြောက်ရွံ့စေသည်။

နဂါးဧကရီမှာ လက်ဝါးနှင့် ကာလိုက်ပါသော်လည်း ဆယ်ကီလိုမီတာခန့် လွင့်ထွက်သွားရသည်။

“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။”

နဂါးဧကရီမှာ လက်တစ်ဖက်လုံး ထုံကျင်သွားရသည်။

သူမ လက်တွင် အံ့ဖွယ်တာအိုသာ ရှိမနေပါက လက်တစ်ချောင်းလုံး ပျက်စီးသွားလောက်သည်။

“ငါ... ငါက လှံသိုင်း မကျွမ်းဘူး။ မောင်တော်အတွက် လှံကိုသုံးခဲ့ရုံပဲ။”

အော့ရှောင်ဝူမှာ မျက်ဝန်းများပိတ်ကာ အိပ်မက်ယောင်နေသလိုပင်။

နဂါးဧကရီ သွေးအန်တော့မလို ခံစားလိုက်ရသည်။

ငါက လှံကို အလကားသက်သက် ချိုးလိုက်မိတာလား....

“နင့်အခြေအနေက တစ်မျိုးကြီးပဲ။ အံ့ဖွယ်တာအိုက ခန္ဓာကိုယ်နဲ့ ပေါင်းစည်းနေပါလား။”

နဂါးဧကရီ မျက်မှောင်ကျုံ့လိုက်သည်။

အော့ရှောင်ဝူ ခန္ဓာကိုယ်မှာ စတင်ယိုင်ထိုးလာသည်။

“ငါ့ရဲ့ အံ့ဖွယ်တာအိုက အိပ်စက်ခြင်းပဲ။ အိပ်ပျော်လေလေ၊ အစွမ်းထက်လေလေပဲ။ လုံးဝအိပ်မောကျသွားရင် ငါက ပြိုင်ဘက်ကင်း ဖြစ်လာလိမ့်မယ်။”

“တိုက်ပွဲထဲမှာ ဘယ်လိုလှုပ်ရှားရမယ် ဘာညာဆိုတာ တွေးနေစရာတောင် မလိုဘူး။ အထင်ကြီးစရာပဲမလား။”

နဂါးဧကရီ အံ့အားသင့်သွားမိသည်။

ဘယ်လောက်တောင် အိပ်ရတာကြိုက်လို့ ဒီလိုအစွမ်းကို ရခဲ့တာလဲ.....

ထိုအချိန်တွင် အော့ရှောင်ဝူသည် လေဟာနယ် ခုန်ကူးခြင်းဖြင့် နဂါးဧကရီရှေ့ ရောက်ရှိလာကာ ထိုးချလိုက်သည်။

ရိုးရှင်းသော လက်သီးချက် ဖြစ်ပါသော်လည်း ကောင်းကင်နှင့်မြေပြင်၏ စွမ်းအင်များ ပါဝင်နေသလို ထင်မှတ်ရကာ တိုက်ပွဲစိတ်ဆန္ဒမှာလည်း သေအောင်ထိုးပစ်မည်ဟူသော အတွေးတစ်ခုနှင့် ရိုးရှင်းနေသည်။

နဂါးဧကရီသည် တိုက်ခိုက်မှုအား မရှောင်နိုင်သောကြောင့် အံ့ဖွယ်တာအိုအား အဆုံးတိုင် မြှင့်တင်ကာ လက်သီးဖြင့် ပြန်ခုခံလိုက်သည်။

ဝုန်း....

လက်သီးနှစ်လုံး တွေ့ဆုံသွားလေပြီ။

ကောင်းကင်နှင့်မြေပြင်မှာ ရုတ်ချည်းတိတ်ဆိတ်သွားသည်။

အရိုးကျိုးသံများသာ ကြားလိုက်ရ၏။

ထို့နောက် နဂါးဧကရီမှာ အမြှောက်ဆံတစ်ခုအလား လွင့်ထွက်သွားတော့သည်။

All Chapters