← Chapters

လောကနိယာမနှင့် တထပ်တည်းကျခြင်း၊ လောကနိယာမအားဆန့်ကျင်ခြင်း

Vol. 84 Ch. 1177

လောကနိယာမနှင့် တထပ်တည်းကျခြင်း၊ လောကနိယာမအားဆန့်ကျင်ခြင်း

Vol. 84 Ch. 1177

နဂါးဧကရီ အဝေးသို့ လွင့်ထွက်သွားရပြန်သည်။

အိပ်မောကျသွားပြီးနောက် အော့ရှောင်ဝူ၏ စွမ်းအင်များ ထိုးတက်လာကာ တိုက်ခိုက်မှုထဲတွင်လည်း ကောင်းကင်နှင့်မြေပြင် အစွမ်းများ ရောယှက်ပါဝင်လာသည်။

နဂါးဧကရီမှာ ယခုအတိုင်းသာ ဆက်သွားနေပါက အော့ရှောင်ဝူအား ယှဥ်နိုင်တော့မည် မဟုတ်ပေ။

“နင်အိပ်ပျော်နေတာကို ငါ့တည်နေရာ ဘယ်လိုသိတာလဲ။”

နဂါးဧကရီ နားမလည်နိုင်ပေ။

အော့ရှောင်ဝူ ပြန်မဖြေခဲ့ပေ။ သူမသည် အန္တရာယ်ကင်းစွာ အိပ်မောကျနေသော အလှပဂေးလေးအလား မျက်ဝန်းများ ပိတ်နေသည်။

သူမ ခြေတစ်လှမ်း ရှေ့တိုးလာသည်။

နဂါးဧကရီ အမူအရာ ပြောင်းလဲသွားကာ အဝါရောင် အံ့ဖွယ်တာအိုများ ထွက်ပေါ်စေလိုက်သည်။

အသားပျက်ခြင်းရဲ့ နာကျင်မှု....

အော့ရှောင်ဝူမှာ နဂါးဧကရီရှေ့ ရောက်ရှိလာပြီး လက်သီးဖြင့် ထိုးချလိုက်သည်။

သူမ၏ လက်သီးသည် အဝါရောင် အံ့ဖွယ်တာအိုနှင့် တွေ့ဆုံကာ ဒဏ်ရာဒဏ်ချက်များ ရရှိသွားသည်။

ထိုအံ့ဖွယ်တာအိုသည် အန်လင်းအား လက်တစ်ဖက် ပျက်စီးသွားစေခဲ့သည်။

အော့ရှောင်ဝူ၏ အနီရောင် အင်္ကျီလက်စ ပျက်စီးသွားကာ ဒဏ်ရာများ ပြည့်နေသော လက်မောင်းဖြူဖြူလေး ပေါ်ထွက်လာသည်။

သို့သော် နဂါးဧကရီ မျက်လုံးပြူးသွားရသည်။

သူမ၏ အံ့ဖွယ်တာအိုနှင့် အော့ရှောင်ဝူ၏ ဒဏ်ရာဒဏ်ချက်များသည် အစစ်အမှန် ဖြစ်ပါသော်လည်း ရုတ်ချည်းဆိုသလို အိပ်မက်တစ်ခုအလား အတုအယောင် ဖြစ်သွားသလိုပင်။

“အိမ်မက်ပုံရိပ်ယောင်အဖြစ် ပြောင်းပစ်လိုက်တာလား။”

နဂါးဧကရီ ဖြူဖျော့သွားရသည်။

အော့ရှောင်ဝူ ထိုးနှက်လာပြန်သည်။

နဂါးဧကရီ လက်နှစ်ဖက်ဖြင့် ကာလိုက်ပါသော်လည်း လွင့်ထွက်သွားရကာ ကြောက်မက်ဖွယ် စွမ်းအင်ကြောင့် ကိုယ်တွင်းအင်္ဂါများ ထိခိုက်ကုန်သည်။

“ပိုတောင်ဆိုးလာပါလား။ အခု စကားတောင် မပြောတော့ဘူးဆိုတော့ လုံးဝအိပ်ပျော်သွားပြီထင်တယ်။”

နဂါးဧကရီ အလေးအနက် တွေးလိုက်သည်။

“အစစ်အမှန်တွေ အားလုံးကိုတော့ ပုံရိပ်ယောင် မလုပ်နိုင်လောက်ပါဘူး။ ဘယ်သူကမှ အမှန်တရားကို မပြောင်းပစ်နိုင်ဘူး။”

“ငါ့မှာ အချိန်မရှိဘူး။ အမြန်အဆုံးသတ်မှရမယ်။”

နဂါးဧကရီမှာ နာကျင်မှု ခုနစ်သွယ်အား ကိုယ်စားပြုသော သက်တံ့ရောင် အံ့ဖွယ်တာအိုအား ထုတ်ဖော်လိုက်သည်။

“အာခံမယ့်နဂါး.....”

နဂါးဧကရီမှာ အော့ရှောင်ဝူထံ ခုန်ဝင်လာသည်။

အော့ရှောင်ဝူမှာ အိပ်ပျော်ရင်းနှင့်ပင် လက်သီးထုတ်လိုက်သည်။

ယခုတစ်ကြိမ်တွင် အော့ရှောင်ဝူသည် နဂါးဧကရီ၏ တိုက်ခိုက်မှုကြောင့် လွင့်ထွက်သွားခဲ့ရသည်။

နဂါးဧကရီသည် အခွင့်အရေးအား အမိအရ ဆုပ်ကိုင်ကာ အော့ရှောင်ဝူအား သမတော့သည်။

အော့ရှောင်ဝူသည် ဖိနှိပ်ခံနေရပါသော်လည်း တည်တည်ငြိမ်ငြိမ် တုံ့ပြန်နိုင်ဆဲပင်။

နဂါးဧကရီသည် သာမန် ဟင်းလင်းပြင်သို့အပြန် အဆင့်များ ခံနိုင်ရည် မရှိသော သတ်ဖြတ်ခြင်း၏ နာကျင်မှုအား လက်သီးချက်ထဲ ထည့်သွင်းရန် ကြိုးစားလိုက်သည်။

သို့သော် အော့ရှောင်ဝူမှာ ပါးပြင်များ နီလာရုံမှလွဲ၍ မြန်မြန်ဆန်ဆန် တုံ့ပြန်လာဆဲ ဖြစ်သည်။

နိုးပင်မနိုးလာပေ။

နဂါးဧကရီလည်း ရွေးချယ်စရာ မရှိပဲ ဆက်တိုက်ခိုက်နေရသည်။

အော့ရှောင်ဝူသည် အချက်ရေးများစွာ ထိုးနှက်ခံခဲ့ရသည်။

သူမသည် မျက်နှာတစ်ခုလုံး စုတ်ပြတ်သတ်နေပါသော်လည်း နိုးထလာမည့်ဟန် မရှိပေ။

အချိန်ကြာလာသည်နှင့်အမျှ သူမသည် ပို၍ပို၍ အိပ်မောကျကာ အရှိန်အဝါများလည်း ပိုမိုအားကောင်းလာသည်။

နဂါးဧကရီမှာ စိတ်အဆင်မပြေ ဖြစ်လာရလေပြီ။

ထိုအချိန်တွင် စကားသံတစ်ခု ထွက်ပေါ်လာသည်။

“တင်းတောင်.... ရှောင်ဝူက နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားပါပြီ။ အခုကစပြီး တစ်ရာရာခိုင်နှုန်း အလိုအလျောက် တုံ့ပြန်တော့မှာပါ။”

ချက်ချင်းပင် အော့ရှောင်ဝူ၏ အရှိန်အဝါ ပြောင်းလဲသွားသည်။

သာမန်မျက်စိနှင့် မမြင်နိုင်သော စွမ်းအင်လှိုင်းများလည်း ထလာသည်။

နဂါးဧကရီမှာ အော့ရှောင်ဝူ၏ အရှိန်အဝါအား အာရုံမခံနိုင်တော့ပေ။ ထူးခြားဆန်းကြယ်ပါသော်လည်း သဘာဝဆန်စွာနှင့်ပင် ထိုအရှိန်အဝါမှာ လောကကြီးနှင့် ဆက်နွယ်သွားလေသည်။

အော့ရှောင်ဝူသည် တိုက်ခိုက်မှုများ ရှောင်ရှားနေရင်း နဂါးဧကရီ၏ နှလုံးသားအား လက်နှစ်ချောင်းဖြင့် ထိုးလိုက်သည်။

ထက်ရှလှသော လက်ချောင်းထိပ်ကြောင့် သက်တံ့ရောင် အံ့ဖွယ်တာအိုအား ထိုးဖောက်နိုင်သွားသည်။

ထိုလက်ချောင်းများတွင် ကောင်းကင်နှင့်မြေပြင် အစွမ်းများ ပါဝင်နေသည်။

နဂါးဧကရီ ရုတ်တရတ် သဘောပေါက်သွားသည်။ သူမ၏ တာအိုသည် မျိုးနွယ်စုအား ကယ်တင်ရန် လောကနိယာမအား ဆန့်ကျင်နေပြီး အော့ရှောင်ဝူ၏ တာအိုသည် လောကနိယာမနှင့် တထပ်တည်း ကျနေသည်။

အော့ရှောင်ဝူသည် အိပ်မောမကျခင် ကောင်းကင်နှင့်မြေပြင်အား ချိတ်ဆက်သွားရန်သာ လိုအပ်သည်။

ထိုသည်မှာ အမိန့်တစ်ခုကဲ့သို့ ကောင်းကင်နှင့်မြေပြင်သည် အော့ရှောင်ဝူ၏ ခန္ဓာကိုယ်အား ထိန်းချုပ်ကာ သူမ အလိုရှိသည်ကို လုပ်ဆောင်ပေးပေလိမ့်မည်။

အော့ရှောင်ဝူသည် တစ်ရာရာခိုင်နှုန်း အလိုအလျောက် တုံ့ပြန်နေပြီ ဖြစ်သောကြောင့် ကောင်းကင်နှင့်မြေပြင်သည် နဂါးဧကရီအား သတ်ကြတော့မည်ပင်။

“ဘယ်လောက်တောင်ကြမ်းတဲ့ အံ့ဖွယ်တာအိုလဲ။”

နဂါးဧကရီ၏ နှလုံးသားမှာ လက်နှစ်ချောင်းဖြင့် ထိုးဖောက်ခံလိုက်ရသည်။

သူမ သွေးများစီးကျကာ နောက်ဆုတ်လိုက်ရသည်။

သို့သော် သူမ ကြောက်ရွံ့နေခြင်း မရှိပေ။

“ငါ့ရဲ့ တာအိုက လောကနိယာမကို အမြဲဆန့်ကျင်ခဲ့တာ။ နင်ကတော့ လောကနိယာမနဲ့ တထပ်တည်း ကျနေတယ်ပေါ့လေ။ ငါ့တာအိုက ပိုသာတယ်ဆိုတာ နင့်ကိုဖျက်စီးပြီး သက်သေပြမယ်။”

အစိမ်းရောင် အံ့ဖွယ်တာအို၏အောက်တွင် သူမ၏ နှလုံးသားမှာ အလျင်အမြန် ပြန်လည်ကောင်းမွန်လာသည်။

နဂါးဧကရီသည် ဉာဏ်အလင်းပွင့်သွားသည့်အလား အရှိန်အဝါများ အားကောင်းလာကာ အော့ရှောင်ဝူထံ ဦးတည်လာသည်။

၎င်းတို့နှစ်ဦး၏ တိုက်ပွဲမှာ ကြောက်မက်ဖွယ် ကောင်းလွန်းလှသည်။

တစ်ဦးသည် လောကနိယာမအား ဆန့်ကျင်ကာ ကျန်တစ်ဦးမှာ လောကနိယာမနှင့် ထပ်တူကျနေသည်။

ထိုတိုက်ပွဲသည် ကောင်းကင်နှင့်မြေပြင်၏ မဟာတာအိုပင် လှုပ်ခတ်စေသောကြောင့် စွမ်းအင်လှိုင်းဂယက်များမှာ ကမ္ဘာပျက်မတက် ဖြစ်နေသည်။

“ကြောက်စရာကောင်းလိုက်တာ။ ဒေါသထွက်နေတဲ့ ကျားမတစ်ကောင်က ကမ္ဘာပေါ်မှာ ကြောက်စရာ အကောင်းဆုံးပဲ။”

အန်လင်း ရေရွတ်လိုက်သည်။

“အခုကကျားမ မဟုတ်ပဲ နဂါးမတွေ ဖြစ်နေတော့ ပိုတောင်ဆိုးသေးတယ်။”

စုရှောင်လန် မိန်ကွေ့အား တိုက်ခိုက်ရင်း ပြောလိုက်သည်။

“မင်းရော အဲ့လိုဖြစ်လာမှာလား။”

အန်လင်း စိုးရိမ်သွားရသည်။

“အဲ့ဒါ နင်နဲ့ပဲဆိုင်တယ်။”

စုရှောင်လန် အန္တရာယ်ရှိစွာ ပြုံးလိုက်သည်။

“သစ္စာမရှိဘူးဆိုရင် ငါလည်း ဒေါသထွက်နေတဲ့ နဂါးမတစ်ကောင် ဖြစ်သွားရလိမ့်မယ်။”

အန်လင်း နဖူး ချွေးပျံလာရသည်။

၎င်းတို့သည် စိတ်အခြေအနေ ကောင်းနေသောကြောင့် တိုက်ခိုက်ရင်းပင် စကားပြောဖြစ်နေကြသည်။

မိစ္ဆာနဂါး သုံးကောင်မှာ ရုတ်တရတ် သတင်းအချက်အလက် တစ်ခုအား ရရှိလိုက်ကြသည်။

“ဝူစိနဲ့ တုပါ မခံနိုင်တော့ဘူး။”

“ဟွမ့်မန် မင်းက အမြန်ဆုံးပဲ။ ငါနဲ့ လွမ့်ယွီ ဒီမှာထိန်းထားလိုက်မယ်။ မင်းသွားကူလိုက်။”

မိန်ကွေ့ အော်ဟစ်လိုက်သည်။

အန်လင်း အေးစက်စွာ ရယ်မောလာသည်။

“မင်းတို့နှစ်ကောင်က ထိန်းထားနိုင်မယ် ထင်နေတာလား။”

သို့သော် ၎င်းတို့သည် အန်လင်းတို့အား အမှန်တကယ် ထိန်းထားနိုင်ကြောင်း သိလိုက်ရသည်။

မိစ္ဆာနဂါး သုံးကောင်မှာ ၎င်းတို့၏ အသက်စွမ်းအင်များအပြင် သွေးမျိုးဆက်ကိုပါ အသုံးချလိုက်ကြတော့သည်။

All Chapters