← Chapters

ဖွတ်ချီးမဟာမိတ်နှင့် ဆရာကြီးမဟာမိတ်များ

Vol. 84 Ch. 1178

ဖွတ်ချီးမဟာမိတ်နှင့် ဆရာကြီးမဟာမိတ်များ

Vol. 84 Ch. 1178

သွေးမျိုးဆက်အား အသုံးချခြင်းသည် နဂါးမျိုးနွယ်စုများအတွက် ထူးခြားသော နည်းလမ်းတစ်ခုပင်။

ထိုသို့ပြုလုပ်ခြင်းဖြင့် အချိန်တိုအတွင်း မြင့်မားသော စွမ်းဆောင်ရည်ကို ရရှိနိုင်သည်။

ပေလျန် ထိုသို့ပြုလုပ်သည်ကို အန်လင်း တွေ့မြင်ခဲ့ရဖူးသည်။

နောက်ဆက်တွဲ အကျိုးသက်ရောက်မှုများသည် ပြင်းထန်လှပြီး အနည်းဆုံး သွေးမျိုးဆက် သန့်စင်မှု ထိခိုက်ကာ ကျင့်ကြံရေး အဆင့်တက်ရန် ခက်ခဲသွားနိုင်ပြီး အဆိုးရွားဆုံးအနေဖြင့် ကျင့်ကြံရေးပါ ပျက်စီးသွားနိုင်သည်။

ထိုသည်မှာ ကျင့်ကြံရေးအား လက်လျှော့လိုက်သည်နှင့် ဆင်တူသောကြောင့် နဂါးမျိုးနွယ်စု အများစုမှာ အသုံးမပြုလိုကြပေ။ ဟင်းလင်းပြင်သို့အပြန် အဆင့်များဆိုလျှင် ပို၍ပင် ဆိုးသေးသည်။

မည်သို့ပင်ဆိုစေကာမူ မိစ္ဆာနဂါး သုံးကောင်မှာ တွေဝေခြင်းပင် မရှိပဲ အသုံးပြုခဲ့လေပြီ။

“ဧကရီရဲ့ ဓားချက်က ငါတို့ နှလုံးသား နှလုံးသားအတွက် စေညွှန်ရာပဲ။”

မိန်ကွေ့သည် သွေးမျိုးဆက်အား အသုံးချလိုက်သည်နှင့် ကောင်းကင်ထက်မှ နှင်းဆီပွင့်ချပ်များ ကျဆင်းလာကာ အစွမ်းထက်သော ဝင်္ကပါ တစ်ခုသဖွယ် ဖြစ်သွားသည်။

၎င်းသည် ဟွမ့်မန်အား ကြည့်ရှုလိုက်သည်။

“အဓိက ဝင်္ကပါကိုတော့ မင်းကိုပဲ အားကိုးလိုက်မယ်။”

“စိတ်မပူပါနဲ့။”

ဟွမ့်မန် အဝေးသို့ ပျံသန်စထွက်ခွာသွားသည်။

“ဘယ်မှမသွားရဘူး။”

ရှောင်ဇယ် ဟွမ့်မန်နောက်မှ

ထိုအချိန်တွင် ကောင်းကင်နှင့်မြေပြင်မှာ ငရဲလောကအဖြစ် ပြောင်းလဲသွားသည်။

ချိပ်ပိတ်စွမ်းအင်များ ပါဝင်သော မီးလုံးများမှာ ရှောင်ဇယ်အား တားဆီးနေကြသည်။

လွမ့်ယွီသည် လုံအော့ထျန်းအား ခုခံရင်း ရှောင်ဇယ်အား တိုက်ခိုက်လာခြင်းပင်။

ရှောင်ဇယ်သည် လွမ့်ယွီ၏ ငရဲလောကကြောင့် အနည်းငယ် နောက်ကျသွားရသည်။ သွေးမျိုးဆက်အား အသုံးချပြီးနောက် ဟွမ့်မန်၏ အမြန်နှုန်းမှာ မြင့်မားနေပြီဖြစ်ပြီး ခေတ္တမျှသော အချိန်အတွင်း ရှောင်ဇယ်အား မျက်ခြေဖြတ်လိုက်နိုင်သည်။

အန်လင်းနှင့် စုရှောင်လန်မှာလည်း မိန်ကွေ့ကြောင့် မလိုက်နိုင်လိုက်ပေ။

အလင်းတန်း ကိုးဆယ့်ကိုးသွယ်နား၌...

ပြင်းထန်သော တုန်ခါမှုများ

ဝင်္ကပါအတွင်း အပေါက်တစ်ခု ဖြစ်သွားကာ အနက်ရောင် အလုံးတစ်လုံး ခုန်ဝင်သွားသည်။

“ဟေးဒီးစ်ကိုတားကြ....”

တုပါ အော်ဟစ်လိုက်သည်။

“မရဘူး။ ဒီနဂါးမင်းပိုင်နက်က နဂါးနှစ်ကောင်က အရူးလို တိုက်နေတာ။ ငါဘယ်မှသွားမရဘူး။”

ဝူစိ ခက်ခက်ခဲခဲ ပြောလာသည်။

မိစ္ဆာနဂါး နှစ်ကောင်မှာ ဟင်းလင်းပြင်သို့အပြန် နောက်ဆုံးအဆင့် ရန်သူငါးဦးအား အသည်းအသန် တိုက်ခိုက်နေရသည်။

အနောက်နဂါးတောမှ အမှောင်နတ်ဘုရား ဟေးဒီးစ်မှာ ဝင်္ကပါထဲ ဝင်နိုင်သွားလေပြီ။

အန်လင်းတို့၏ မဟာမိတ်မှာ အရေးကြီးသော ခြေလှမ်းတစ်လှမ်းအား လှမ်းနိုင်ခဲ့ပြီပင်။

“ဟားဟားဟား.... မိစ္ဆာနဂါးတွေ အများကြီးပါလား။”

ဟေးဒီးစ်မှာ စွမ်းအင်များ ဖြန့်ကျက်ကာ ရှေ့ဆက်သွားလိုက်သည်။

မိစ္ဆာနဂါးများမှာ အကြောက်တရားအား ခံစားလိုက်ကြရသည်။

၎င်းတို့သည် အလန့်တကြားဖြင့် ဝင်္ကပါ ဗဟိုချက်ထံ ထွက်ပြေးကြတော့သည်။ ထူးချွန်သော မိစ္ဆာနဂါးများအားလုံး စစ်တိုက်ထွက်သွားကြပြီး ဝင်္ကပါအတွင်း ရှိနေသူများမှာ ကလေးငယ်များနှင့် ကျင့်ကြံရေး အဆင့်နိမ့်သူများသာ ဖြစ်သောကြောင့် ဟင်းလင်းပြင်သို့အပြန် နောက်ဆုံးအဆင့်အား မရင်ဆိုင်နိုင်ကြပေ။

ဟေးဒီးစ်ထံမှ ထက်ရှလှသော ဦးမှင်များ ဖြာထွက်လာကာ မိစ္ဆာနဂါးများ၏ နှလုံးသားအား ထိုးဖောက်သွားသည်။ အသက်စွမ်းအင် အဆီအနှစ်များ စုပ်ယူခံလိုက်ရသောကြောင့် မိစ္ဆာနဂါးများမှာ တစ်ကောင်ပြီးတစ်ကောင် လဲကျသေဆုံးကုန်သည်။

“မင်းတို့ နှလုံးသား ငါ့ကိုပေးစမ်းပါ။”

ဟေးဒီးစ် ရယ်မောလိုက်သည်။

သွေးများမှာ ချောင်းရေအလား စီးဆင်းကုန်သည်။

ငိုကြွေးအော်ဟစ်သံများလည်း ပဲ့တင်ထပ်သွားရသည်။

ဦးမှင်များမှာ ထိတ်လန့်ကြောက်ရွံ့ဖွယ်ရာပင်။

မိစ္ဆာနဂါးများမှာ မျိုးနွယ်စုအတွက် ဟေးဒီးစ်အား ဝင်တိုးကြပါသော်လည်း နှလုံးဖောက်ကာ သတ်ခံကြရသည်။

“ဟားဟားဟား.... အရသာ ရှိသားပဲ။”

ဟေးဒီးစ် စိတ်လှုပ်ရှားနေသည်။

ထိုအချိန်တွင် အော်ဟစ်သံအား ကြားလိုက်ရသည်။

“ဟေးဒီးစ် မင်းမမေ့နဲ့ဦး။ ဝင်္ကပါ ဗဟိုချက်ကို ဖျက်စီးရမယ်။”

စစ်ပွဲနှင့် ဉာဏ်ပညာ နတ်ဘုရားမ သတိပေးလာသည်။

“သတိမေ့သွားတာ တောင်းပန်ပါတယ်။”

ဟေးဒီးစ် ဝင်္ကပါ ဗဟိုချက်ထံ ခုန်ဝင်လိုက်သည်။

“ဗဟိုချက်က အလင်းတန်း ကိုးဆယ့်ကိုးသွယ် အလယ်က အသွားနှစ်ဖက်လှံပဲ ဖြစ်ရမယ်။”

ဟေးဒီးစ်မှာ အရှိန်အဝါများ ထိုးတက်လာသည်။

ရုတ်ချည်းဆိုသလို အနက်ရောင် အရိပ်တစ်ခု လျင်မြန်စွာ ရောက်ရှိလာလေသည်။

“ဧကရီရဲ့ အစီအစဥ်ကို ဖျက်ပစ်ရဲလား။”

ဟွမ့်မန် အော်ဟစ်ကာ ဆင်းသက်လာသည်။

ဝုန်း....

ဟွမ့်မန်၏ တိုက်ခိုက်မှုကြောင့် ဟေးဒီးစ် လွင့်ထွက်သွားရလေသည်။

ဟွမ့်မန် ရောက်ရှိလာမှုကြောင့် ဝူစိနှင့် တုပါမှာ မျှော်လင့်ချက် ရှိလာရသည်။

“ဟေးဒီးစ် ဒါက ငါတို့ကြားက စစ်ပွဲပါ။ ဘာလို့ အပြစ်မရှိတဲ့ ပြည်သူတွေကို သတ်ပစ်ရတာလဲ။”

ဟွမ့်မန်မှာ လဲကျသေဆုံးနေသူများအားကြည့်ကာ ဒေါသထွက်လာသည်။

“ဟားဟားဟား စစ်ပွဲမှာ အားနည်းတဲ့သူက ခံရမှာပဲ။”

ဟေးဒီးစ် ရယ်မောလိုက်သည်။

ဝုန်း....

ဟွမ့်မန်မှာ ဟေးဒီးစ်အား ဝင်တိုက်ပစ်လိုက်သည်။

“အပိုလိုနောက် လိုက်သွားလိုက်တော့။”

ဟွမ့်မန်နှင့် ဟေးဒီးစ်ကြား တိုက်ပွဲစခဲ့လေပြီ။

အန်လင်းတို့မှာ ဝင်္ကပါနားမှ တိုက်ပွဲအားကြည့်ကာ စိတ်တိုလာရသည်။

“အရှေ့ပင်လယ် နဂါးမင်းပိုင်နက်နဲ့ အနောက်နဂါးတောက အဲ့လောက်တောင် အသုံးမကျတာလား။ မိစ္ဆာနဂါး နှစ်ကောင်ကိုတောင် မတိုက်နိုင်ပါဘူးဆို အခု ဟွမ့်မန်ပါ စစ်ကူရောက်သွားပြီ။”

ရှောင်ဇယ် စိတ်အဆင်မပြေ ဖြစ်နေသည်။

“ဟေးဒီးစ်က သောက်သုံးကို မကျဘူး။ ဝင်္ကပါထဲ ရောက်သွားတာတောင် အားနည်းတဲ့သူတွေ အနိုင်ကျင့်ဖို့လောက်ပဲသိတယ်။ တကယ် သောက်ရူးပဲ။”

အန်လင်း ပေါက်ကွဲနေသည်။

“ဖွတ်ချီးမဟာမိတ်တွေပဲ။”

စုရှောင်လန် မှတ်ချက်ပြုလာသည်။

“စိတ်မညစ်ကြနဲ့။ မိစ္ဆာနဂါးတွေက လျှို့ဝှက်ကျင့်စဥ် သုံးထားတာ။ အချိန်အကန့်အသတ် ရှိတယ်။ အဲ့ဒါကြောင့် အချိန်တန်ရင် ငါတို့ပဲနိုင်မှာ။”

လုံအော့ထျန်း အားပေးလိုက်သည်။

“ရန်သူတွေကို တတ်နိုင်သမျှ အချိန်ဆွဲထားရုံပဲ။”

လုံအော့ထျန်း လွမ့်ယွီအား တိုက်ခိုက်ကာ အားပေးနေသည်။

မိစ္ဆာနဂါးများသည် အခြေအနေ မကောင်းလှပေ။

ဟင်းလင်းပြင်သို့အပြန် အဆင့်များ ဖိအားပေးခံနေရသည့်အပြင် နဂါးဧကရီသည်ပင် အော့ရှောင်ဝူ၏ တိုက်ခိုက်မှုကို ခံနေရသည်။

နဂါးဧကရီသည် အော့ရှောင်ဝူအား ယှဥ်တိုက်နိုင်ပါသော်လည်း တိုက်ပွဲများစွာ ကျော်ဖြတ်လာရသည့်အပြင် ဒဏ်ရာဒဏ်ချက်များ ပြည့်နေသော ခန္ဓာကိုယ်သည်လည်း အားပြန်မဖြည့်နိုင်သေးပေ။

ထို့ကြောင့် အိပ်ပျော်နေသော မင်းသမီးလေး၏ သမခြင်းအား ခံနေရလေသည်။

နဂါးဧကရီ ရင်ဆိုင်လာရသော တိုက်ပွဲများအနက် ယခုတစ်ကြိမ်မှာ အခက်ထန်ဆုံးပင်။

မကြာမီပင် အပြောင်းအလဲတစ်ခု ဖြစ်ပေါ်လာသည်။

ကြီးမားလှသော နဂါးနက်ကြီးတစ်ကောင် ရုတ်တရတ် ထွက်ပေါ်လာကာ အလင်းတန်း ကိုးဆယ့်ကိုးသွယ်ထံ ဦးတည်ပျံသန်းနေသည်။

“ဟားဟား....ပါးပါးရှောင်တု ပြန်ရှင်လာပြီဟေ့။”

နဂါးဟိန်းသံ ပဲ့တင်ထပ်သွားသည်။

မိစ္ဆာနဂါးများအတွက် အခြေအနေ ပိုဆိုးသွားလေပြီ။

နဂါးဧကရီ အော်ဆဲချင်သွားသည်။

ဒင်းမှာ အသက်ဘယ်နချောင်းတောင် ရှိနေတာလဲ...

All Chapters