လမ်းပွင့်ကာ ကမ္ဘာတုန်ခါလာခြင်း
Vol. 84 Ch. 1179
ရှောင်တုမှာ တိုက်ပွဲအတွင်း ထပ်မံထွက်ပေါ်လာသည်။
၎င်းအား နဂါးဧကရီမှလွဲ၍ တားစီးနိုင်မည့်သူ မရှိပေ။
နဂါးဧကရီသည် အော့ရှောင်ဝူ၏ တိုက်ခိုက်မှုအား ခံနေရသောကြောင့် ရှောင်တုမှာ ပြိုင်ဘက်ကင်း ဖြစ်သွားရသည်။
ရှောင်တုမှာ ဝင်္ကပါထံ ဦးတည်ပျံဝဲလာသည်။
“ဝင်္ကပါ ပေါင်းစည်းခြင်း....”
ဟင်းလင်းပြင်သို့အပြန် စဦးအဆင့်နှင့် အလယ်အလတ်အဆင့် မိစ္ဆာနဂါးသုံးကောင် အော်ဟစ်လိုက်ကြသည်။
၎င်းတိုသည် ဝင်္ကပါတစ်ခုအား ပေါင်းစပ်ဖွဲ့စည်းကာ နဂါးနက်ကြီးအား တိုက်ခိုက်ကြမည်ပင်။
ဝုန်း....
နဂါးနက်ကြီးမှာ ဝင်္ကပါအား အရှိန်အဟုန်ဖြင့် ဝင်တိုက်သွားသည်။
ကျယ်လောင်သော ပေါက်ကွဲမှုနှင့်အတူ အက်ကွဲသံများ ထွက်ပေါ်လာလေသည်။
မိစ္ဆာနဂါးသုံးကောင် သွေးအန်ကာ လွင့်ထွက်သွားရသည်။
ရှောင်တုသည် ဟေးဒီးစ်ကဲ့သို့ ဖွတ်ချီးမဟုတ်ပေ။
မိစ္ဆာနဂါးများ ထိတ်လန့်သွားရသည်။ ဟင်းလင်းပြင်သို့အပြန် နောက်ဆုံးအဆင့်များသာ ၎င်းအား တားနိုင်မည့်ပုံပေါ်သည်။
သို့သော် ဟင်းလင်းပြင်သို့အပြန် နောက်ဆုံးအဆင့် မိစ္ဆာနဂါးများအားလုံးမှာ တိုက်ခိုက်နေရသောကြောင့် ရှောင်တုအား လာမတားနိုင်ကြပေ။
“ဟားဟား.... ဒီပွဲကို ငါလက်စသတ်ပေးရမှာပဲ။”
ရှောင်တု ရယ်မောလိုက်သည်။
ခရက်....
ဘန်း....
နားကွဲမတက် ကျယ်လောင်သော ပေါက်ကွဲသံကြီး ပဲ့တင်ထပ်သွားသည်။
တစ်စုံတစ်ခု ကျိုးပျက်သွားသလို ကောင်းကင်နှင့်မြေပြင်မှာ ပြင်းထန်စွာ တုန်ခါလာလေသည်။
ကောင်းကင်ထက်မှ အပေါက်ကြီးမှာ လျင်မြန်စွာ ပြန့်ကားလာသည်။
ကမ္ဘာမြေပြင်မှာလည်း ဆိုးဆိုးရွားရွား အက်ကွဲလာသည်။
“တကယ်ကြီးလား။”
ရှောင်တု မယုံကြည်နိုင် ဖြစ်သွားရသည်။
စစ်တိုက်နေသူများမှာလည်း ဝင်္ကပါအား လှမ်းကြည့်လာကြသည်။ အသွားနှစ်ဖက်လှံမှာ ကမ္ဘာနှစ်ခုအား ထိုးဖောက်ခဲ့လေပြီ။
အလင်းတန်း ကိုးဆယ့်ကိုးသွယ်မှာ မျက်စိကျိန်းလောက်အောင် တောက်ပလာသည်။
“မေမေ မြေကြီးက အဖြူရောင် ပြောင်းသွားတယ်။”
မိစ္ဆာနဂါး ကလေးငယ်များ စိတ်လှုပ်ရှားလာကြသည်။
အသွားနှစ်ဖက်လှံ၏အောက်၌...
ဗလာနတ္ထိ နယ်ပယ်မှာ ကောင်းကင်ဘုံသို့ တက်မည့်လမ်းအလား မြင့်မြတ်သော အဖြူရောင်များ လွှမ်းခြုံလာသည်။
လမိုက်ည ခရင်းခွမှာ မျက်ရည်အဝဲသားပင် ဖြစ်လာရသည်။
“မိစ္ဆာနဂါးတွေ အာရုံစိုက်ကြပါ။”
“ဒီလမ်းက ထိုက်ချူကုန်းမြေကို ရောက်တဲ့လမ်းပါ။ ငါတို့မျိုးနွယ်စုအတွက် သီးသန့်မလို့ အမြန်ဆုံး ဝင်္ကပါ ဗဟိုချက်ကို လာခဲ့ကြပါ။ တိုက်ခိုက်နေတဲ့ ညီနောင်တွေလည်း တတ်နိုင်သမျှ လက်စသတ်ပြီး အမြန်လာပေးကြပါ။”
“ဒီတိုက်ပွဲမှာ ငါတို့က အနိုင်ရသွားပါပြီ။”
လမိုက်ည ခရင်းခွ၏ စကားမှာ ပဲ့တင်ထပ်သွားသည်။
မိစ္ဆာနဂါးများ အောင်ပွဲခံကုန်ကြသည်။
အချို့သည် ရယ်မောကာ အချို့မှာ ငိုကြွေးနေသည်။
သွေးပင်လယ်ထဲ ရှိနေသူများမှာ စိတ်ဒုန်းဒုန်းချကာ မျက်လုံးပိတ်သွားကြသည်။ တာဝန် အောင်မြင်သွားပြီ ဖြစ်သောကြောင့် အသက်ဆက်ရှင်ရန် မလွယ်ကြောင်း သိနေသူများမှာလည်း မိမိကိုယ်ကို ဖျက်စီးကာ ရန်သူများအား အပါဆွဲခေါ်ရန် ကြိုးစားကြသည်။
အန်လင်းနှင့် စုရှောင်လန်တို့ မှင်သက်ကာ တိုက်ခိုက်ရန်ပင် မေ့လျော့သွားမိကြသည်။
နဂါးဧကရီလည်း စိတ်သက်သာရာရကာ ကြည်လင်သော မျက်ရည်များ ကျဆင်းလာသည်။
“နောက်ဆုံးတော့ အောင်မြင်သွားပြီပဲ။”
ဒီနေ့ကိုရောက်ဖို့ နှစ်ပေါင်းများစွာ စောင့်ခဲ့ရတာ.....
ပေးဆပ်ရသော တန်ကြေးမှာ ကြီးမားလှပါသော်လည်း ရလဒ်ကောင်းမွန်ခဲ့သည်။
တိုက်ပွဲသည် အနိုင်အရှုံး အဓိက မဟုတ်ခဲ့ပဲ ကမ္ဘာနှစ်ခုကြား လမ်းမပွင့်ခင် ဝင်္ကပါ ပျက်စီးမသွားရန်သာ ဖြစ်သည်။
အရှေ့ပင်လယ် နဂါးမင်းပိုင်နက်နှင့် အနောက်နဂါးတောသည် တိုက်ပွဲအား ကြီးစိုးခဲ့ပါသော်လည်း ဝင်္ကပါအား အချိန်မှီ မဖျက်စီးနိုင်ခဲ့ပေ။
“နောက်ဆုံးတော့ လုပ်နိုင်ခဲ့ပြီ။”
မိန်ကွေ့ မျက်ရည်ဝဲလာသည်။
အသက်စွမ်းအင်နှင့် သွေးမျိုးဆက်အား အသုံးချခဲ့ရပါသော်လည်း အဆုံးတွင် ကမ္ဘာနှစ်ခုကြား လမ်းပွင့်သွားလေပြီ။
ကောင်းကင်ထက်မှ နှင်းဆီပွင့်ချပ်များ ကျဆင်းလာသည်။
ယခုအချိန်သည် အောင်ပွဲခံရန် ထိုက်တန်သည်ပင်။
ကောင်းကင်နှင့်မြေပြင်မှာ ပြိုကျတော့မတက် တုန်ခါလာသည်။
ကမ္ဘာပျက်ရန် အချိန်မလိုတော့ပေ။
အော့ရှောင်ဝူ မျက်လုံးဖွင့်ကာ သမ်းဝေလိုက်သည်။
“ပြီးသွားပြီလား။”
သူမ ညင်သာစွာ ရေရွတ်လိုက်သည်။
“အင်း...”
နဂါးဧကရီ ပြုံးကာပြောလာသည်။
အော့ရှောင်ဝူသည် ဟိုဟိုသည်သည် ကြည့်ရှုကာ နဂါးဧကရီအား တစ်ချက်မျှကြည့်လျက် တိတ်ဆိတ်သွားသည်။
“ငါနိုးလာပြီးတဲ့နောက် ပြုံးနေတဲ့ ရန်သူက နင်တစ်ယောက်ပဲ ရှိတယ်။”
အော့ရှောင်ဝူ စကားဆိုလာသည်။
နဂါးဧကရီမှာ အပြုံးမပျက်ပေ။
“ငါတို့ မဟာမိတ်တွေက ဝက်တွေချည်းပဲလား။”
အော့ရှောင်ဝူ မကျေမနပ် ဖြစ်နေမိသည်။
ဟင်းလင်းပြင်သို့အပြန် နောက်ဆုံးအဆင့် ငါးဦးအား မိစ္ဆာနဂါး နှစ်ကောင်တည်းဖြင့် ထိန်းထားခဲ့ခြင်းမှာ စိတ်ဆင်းရဲစရာ ကောင်းလှသည်။
“ဝက်ကတစ်ကောင်တည်း ရှိတာပါ။ အဲ့ဝက်ကပဲ သောက်သုံးမကျလွန်းတာ။”
အန်လင်း စကားဆိုလိုက်သည်။
ထိုဝက်သည် သောက်ကျိုးနည်း ဟေးဒီးစ်ပင်။
အော့ရှောင်ဝူ နှုတ်ခမ်းစူနေပါသော်လည်း ဘာမှမပြောပေ။
“ဆုတ်ကြ....”
နဂါးဧကရီ အော်ဟစ်လိုက်သည်။
မိစ္ဆာနဂါးများမှာ ဝင်္ကပါထံ ဆုတ်ခွာလိုက်ကြသည်။
“လွတ်မယ်မထင်နဲ့။”
လုံအော့ထျန်း လွမ့်ယွီအား ထိုးချလိုက်သည်။
လွမ့်ယွီမှာ ဆက်မပြေးနိုင်တော့ပေ။
“လမ်းပွင့်ပြီး တိုက်ပွဲပြီးနေပြီ။ ကမ္ဘာလည်း ပျက်တော့မှာကို ဘာလို့ဆက်တိုက်ရမှာလဲ။”
လွမ့်ယွီ ပေါက်ကွဲနေသည်။
“ယီးလား။ ငါသေရင် မင်းပါသေရမယ်။”
လုံအော့ထျန်း တိုက်ပွဲစိတ်ဆန္ဒများ ပြင်းထန်နေသည်။
မျှော်လင့်ချက်မဲ့စွာ သေဆုံးရသည်ထက် တိုက်ခိုက်ရင်း သေဆုံးရသည်မှာ အဆပေါင်းများစွာ ပိုမိုကောင်းမွန်သည်။
“ယီးတဲ့မှ မင်းကရူးနေတာပဲ။”
လွမ့်ယွီ စိတ်ဒုက္ခ ရောက်နေလေပြီ။
ထိုအချိန်တွင် နဂါးဧကရီ ရောက်ရှိလာကာ လုံအော့ထျန်းအား လက်သီးတစ်ချက်ဖြင့် လွင့်ထွက်သွားစေသည်။
လုံအော့ထျန်း သွေးပွက်ပွက်အန်လိုက်ရသည်။
နဂါးဧကရီမှာ အမှန်တကယ် ကြောက်မက်ဖွယ်ရာပင်။
“ပြေးတော့။”
နဂါးဧကရီ အော်ဟစ်လိုက်သည်။
လွမ့်ယွီ လှည့်ပင်မကြည့်ပဲ ပြေးတော့သည်။
“သခင်မလေး ရှောင်ဝူ နဂါးဧကရီကို မတားတော့ဘူးလား။”
အန်လင်း မေးမြန်းလိုက်သည်။
“ငါ့ကို လာမပြောနဲ့။”
အော့ရှောင်ဝူ အော်ဟစ်လိုက်သည်။
“နင့်ဘာသာ တိုက်ချင်တိုက်။ ကမ္ဘာပျက်တော့မှာပဲဟာ။ ဘာမှမထူးတော့ဘူး။”
အားလုံးတွင် လုံအော့ထျန်းနှင့် တူညီသော အတွေးမျိုး မရှိကြပေ။
အော့ရှောင်ဝူ ပျင်းရိစွာ လှဲလျောင်းလိုက်သည်။
“ဖွတ်ချီးမဟာမိတ်တွေကြောင့် ငါ အော့ရှောင်ဝူ ဒီမှာသေရတော့မယ်။”
“အိပ်နေရင်း သေသွားရင် သိပ်မနာလောက်ပါဘူးလေ။”
အော့ရှောင်ဝူ မျက်ဝန်းများ ပိတ်သွားသည်။
အန်လင်း : “.....”