← Chapters

မျှော်လင့်ချက်အားရှာဖွေခြင်း

Vol. 84 Ch. 1180

မျှော်လင့်ချက်အားရှာဖွေခြင်း

Vol. 84 Ch. 1180

အော့ရှောင်ဝူမှာ မတိုက်ခိုက်ချင်တော့သဖြင့် အန်လင်းတို့မှာ သူမအား မဖြောင်းဖြနိုင်တော့ပေ။

နဂါးဧကရီ ရှိနေသောကြောင့် မိန်ကွေ့နောက်လည်း မလိုက်ဖြစ်ကြပေ။

မိန်ကွေ့နှင့် နဂါးဧကရီမှာ လျင်မြန်စွာ ဆုတ်ခွာသွားကြသည်။

“ဆရာ ကျွန်တော်တို့ ဘာလုပ်ကြမလဲ။”

ရှောင်ဇယ် မေးမြန်းလာသည်။

ကမ္ဘာပျက်ကပ်မှာ မည်သို့မှ ရှောင်လွှဲမရနိုင်တော့ပေ။

“ဝင်္ကပါနားသွားပြီး ဘယ်လိုလမ်းကြောင်းလဲ ကြည့်ရအောင်။”

အန်လင်း လက်မလျှော့ချင်သေးပေ။

“ငါလည်းလိုက်မယ်။”

လုံအော့ထျန်း ရောက်ရှိလာသည်။

“ကောင်းပြီလေ။”

အန်လင်း အုတ်ခဲနက်အားစီးကာ ပျံသန်းလိုက်သည်။

ထိုအချိန်တွင် ပျင်းရိနေသော စကားသံတစ်ခု ထွက်ပေါ်လာသည်။

“နေဦး ငါပါလိုက်မယ်။”

အနီရောင်ဝတ်စုံနှင့် အမျိုးသမီးမှာ အုတ်ခဲနက်ပေါ် ရောက်ရှိလာသည်။

အန်လင်း အံ့သြသွားရသည်။

“မအိပ်ဘူးလား။”

“ဘယ်သူက အသက်မရှင်ချင်လို့လဲ။ လွတ်မြောက်ဖို့ လုပ်ရမှာပေါ့။”

ထိုသို့ပြောနေပါသော်လည်း သူမ စကားသံမှာ ဖျော့တော့လွန်းလှသည်။

မည်သို့ပင်ဆိုစေကာမူ အန်လင်းတို့ အားရှိသွားရသည်။

နဂါးဧကရီပြီးနောက် အသန်မာဆုံး ကျင့်ကြံသူမှာ ထိုသို့ပြောလာသဖြင့် မျှော်လင့်ချက် ရှိလာစေသည်။

ထိုသို့ဖြင့် အန်လင်းတို့သည်လည်း နဂါးဧကရီနောက်မှ လိုက်ပါသွားကြသည်။

ကမ္ဘာပျက်တော့မည် ဖြစ်သောကြောင့် ဟင်းလင်းပြင်သို့အပြန် အဆင့်များကိုပင် သေစေနိုင်သော လေပြင်းများ တိုက်ခတ်နေသည်။

ထို့ကြောင့် အန်လင်းတို့မှာ အသည်းအသန် ကာကွယ်နေကြရသည်။

ဝင်္ကပါထဲတွင် အလင်းစက်ကွင်းတစ်ခု လည်ပတ်နေသည်။

မိစ္ဆာနဂါးများမှာ ထိုစက်ကွင်းထဲ တစ်ကောင်ပြီးတစ်ကောင် ခုန်ချသွားကြသည်။

အေသီနာ၊ ဟေးဒီးစ်၊ ပိုဆိုင်ဒွန်၊ အော့မန်နှင့် အော့ချင်းယွီတို့မှာ မျက်စိပျက်၊ မျက်နှာပျက် ဖြစ်နေကြသည်။

၎င်းတိုသာမက အခြားသော ဟင်းလင်းပြင်သို့အပြန် အဆင့်များအပြင် စိတ်ဝိဥာဥ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူများပါ ရူးတော့မတက် စိတ်ဓာတ်ကျကုန်သည်။

အချို့သည် ဒေါသစိတ်ကြောင့် ဆိုးဆိုးရွားရွား တိုက်ခိုက်ကာ အချို့သည် သေဆုံးရတော့မည့်အတွက် ငိုကြွေးနေပြီး အချို့မှာမူ ယခုအခြေအနေမှ လွတ်မြောက်ရန် အပြင်းအထန် တွေးတောနေကြသည်။

ဟွမ့်မန်၊ တုပါနှင့် ဝူစိသည် အားနည်းသော မိစ္ဆာနဂါးများ ဦးစွာလွတ်မြောက်နိုင်ရန် ရန်သူများအား ထိန်းပေးထားသည်။

ထို့နောက် ၎င်းတို့လည်း စတင်ဆုတ်ခွာတော့သည်။

ဝင်္ကပါ အပြင်ဘက်ရှိ စစ်မြေပြင်မှာ စုတ်ပြတ်သတ်နေလေပြီ။

စစ်မြေပြင်တွင် ဟင်းလင်းပြင်သို့အပြန် နောက်ဆုံးအဆင့်များသာမက အခြားသော ဟင်းလင်းပြင်သို့အပြန် အဆင်များနှင့် စိတ်ဝိဥာဥ်ဖွဲ့စည်းခြင်း အဆင့်များပါ စုဝေးရောက်ရှိနေကြသည်။

“ငါတို့ရော လမ်းဖွင့်နိုင်လောက်မလား။”

နဂါးမင်းပိုင်နက်မှ နဂါးတစ်ကောင် ရေရွတ်လိုက်သည်။

“ငါတို့ပေါင်းပြီး လုပ်ကြည့်ရအောင်။”

အများအပြား သဘောတူလာကြသည်။

ကမ္ဘာပျက်နေပြီ ဖြစ်သောကြောင့် တံခါးပွင့်လာမည့် အချိန်အား စောင့်နေ၍ မဖြစ်တော့ပေ။ တစ်ဖက်မှ တံခါးပွင့်လာမှသာ ပြန်လည်ထွက်ခွာနိုင်မည် ဖြစ်သဖြင့် မည်သို့မှ အဆင်မပြေပေ။

၎င်းတို့၏ မျှော်လင့်ချက်သည် မိစ္ဆာနဂါးများ၏ လမ်းကြောင်းသာရှိသည်။

ဝုန်း....

ဟေးဒီးစ်မှာ ဝင်္ကပါအား အပေါက်ဖောက်လိုက်သည်။

အော့ချင်းယွီသည်လည်း ပြင်းထန်လှသော ဓားချက်အား ထုတ်လိုက်သဖြင့် ဝင်္ကပါမှာ နှစ်ပိုင်းပြတ်မတက် ဖြစ်သွားရသည်။

လမ်းကြောင်းပွင့်နေပြီ ဖြစ်သောကြောင့် ဝင်္ကပါမှာ ရန်သူများနှင့် ကမ္ဘာပျက်ကပ်ထံမှ ကာကွယ်ရုံမှလွဲ၍ အရေးမပါတော့ပေ။

ထိပ်တန်းအဆင့် ကျင့်ကြံသူများ ဝိုင်းဝန်းတိုက်ခိုက်ကြသောကြောင့် အဆုံးတွင် ဝင်္ကပါလည်း ပျက်စီးသွားသည်။

အလင်းတန်း ကိုးဆယ့်ကိုးသွယ်မှ အလင်းတန်းအချို့လည်း ပျက်စီးသွားသည်။

သို့သော် ထိုအရာများမှာ အရေးမပါတော့ပေ။

မည်သို့ပင်ဆိုစေကာမူ ကမ္ဘာပျက်နေခဲ့ပြီ မဟုတ်လော။

အရှင်မ နွီဝါးသည် ကောင်းကင်ဘုံအား ပြင်ဆင်နိုင်ပါသော်လည်း ဤနေရာတွင် တာအိုပေါင်းစည်းခြင်းအဆင့် တစ်ဦးတလေမျှ မရှိပေ။

စစ်မြေပြင်၌...

နဂါးမျိုးနွယ်စု ကျင့်ကြံသူ အချို့မှာ လမ်းကြောင်းနားထိ ရောက်ရှိနိုင်လာကြသည်။

“ဒီလမ်းကြောင်းက မိစ္ဆာနဂါးတွေ အတွက်ပဲ မဟုတ်လောက်ပါဘူး။”

စိတ်ဝိဥာဥ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူမှာ ကိုယ့်ကိုယ်ကို နှစ်သိမ့်ကာ ခုန်ချသွားသည်။

အလင်းစက်ကွင်းနှင့် ထိတွေ့မိသည်နှင့် အော်ဟစ်ရတော့သည်။

“အား.... ကယ်ကြပါဦး။”

ထိုသူ၏ ခန္ဓာကိုယ်သည် အသားကြိတ်စက်ထဲ ဝင်သွားမိသည့်အလား တစ်စစီဖြစ်ကာ ပျောက်ကွယ်သွားရသည်။

စိတ်ဝိဥာဥ်ဖွဲ့စည်းခြင်း ကျင့်ကြံသူများအားလုံး ကြောက်ရွံ့သွားရလေသည်။

ထိုသည်မှာ ကိုယ့်ကိုယ်ကို သေကြောင်းကြံနေသလိုပင်။

မိစ္ဆာနဂါးများ ၎င်းတို့အား မတားကြသည်မှာ မထူးဆန်းတော့ပေ။

စိတ်ဝိဥာဥ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူများမှာ လမ်းကြောင်းထဲဝင်ရန် လက်လျှော့လိုက်ကြသည်။

သို့သော် ဟင်းလင်းပြင်သို့အပြန် အဆင့်များသည် လမ်းကြောင်းအား စိတ်ဝင်စားနေကြဆဲပင်။ စိတ်ဝိဥာဥ်ဖွဲ့စည်းခြင်း အဆင့်များသည် လုံလောက်အောင် မသန်မာခြင်းကြောင့် ဖြစ်နိုင်သည်။

အနောက်နဂါးတောမှ ဟင်းလင်းပြင်သို့အပြန်အဆင့် ကျင့်ကြံသူမှာ လမ်းကြောင်းအလယ်ထိ ပျံသန်းသွားပြီးမှ တွေဝေနေမိသည်။

မည်သို့ပင်ဆိုစေကာမူ နဂါးဧကရီအားကြည့်ကာ ဆုံးဖြတ်ချက် ချလိုက်သည်။

“အနောက်နဂါးတောအတွက် ငါ့ကိုယ်ငါ ပေးဆပ်နိုင်တယ်။”

ကမ္ဘာပျက်ကပ် ဖြစ်နေပြီ ဖြစ်သောကြောင့် စွန့်စားကြည့်သင့်သည်ပင်။

နဂါးဧကရီသာ ပိတ်ပင်လာပါက လမ်းကြောင်းထဲသို့ပင် ဝင်နိုင်တော့မည် မဟုတ်ပေ။

ထိုဟင်းလင်းပြင်သို့အပြန်အဆင့် ကျင့်ကြံသူသည် လေဟာနယ် စွမ်းအင်အားထုတ်ကာ ခုန်ချသွားသည်။

ထို့နောက် သွေးပျက်နေသော အော်ဟစ်သံများ ပဲ့တင်ထပ်သွားလေသည်။

ကမ္ဘာနှစ်ခုကြားမှ စွမ်းအင်တစ်ခုသည် လေဟာနယ် စွမ်းအင်အား ပျက်ပြယ်စေကာ ထိုသူကို အမှုန့်ကြိတ်လိုက်ခြင်းပင်။

နဂါးမျိုးနွယ်စု ကျင့်ကြံသူသည် အသည်းအသန် ခုခံနေပါသော်လည်း သဲနွံနစ်သလို ဖြစ်သွားခဲ့သည်။

ထို့ကြောင့် အားလုံး၏ မျက်စိရှေ့မှောက်တွင်ပင် သေသွားခဲ့ရသည်။

ထိုမြင်ကွင်းသည် ကြောက်မက်ဖွယ် ကောင်းလွန်းလှသဖြင့် မည်သူကမှ လမ်းကြောင်းထဲဆင်းရန် မတွေးကြတော့ပေ။

အများစုမှာ ဘာလုပ်ရမှန်းမသိ ဖြစ်ကုန်သည်။

အချို့သည် ဒေါသများအား မိစ္ဆာနဂါးများအပေါ် ဖြေဖျောက်ကြသည်။

“ရောက်တာနဲ့ ဒါမျိုးမြင်ရမယ် မထင်ထားဘူး။”

အန်လင်းမှာ စုရှောင်လန်လက်အား ခပ်တင်းတင်း ဆုပ်ကိုင်လိုက်သည်။

သူသည်လည်း မည်သည့်နည်းလမ်းကိုမှ စဥ်းစားမရပေ။

“ဟားဟားဟား.... သခင်လေး အန်လင်း အဲ့မိန်းမနဲ့ ရင်ဆိုင်ရတာတောင် မသေသေးဘူးပေါ့။”

ရှောင်တုမှာ တက်ကြွနေသည်။

“သေတော့မှာတောင် ပျော်နေသေးတာလား။”

အန်လင်း မျက်မှာပျက်သွားသည်။

“ငါအဆင်ပြေမှာပါ။”

ရှောင်တု လက်ခါပြလာသည်။

“ငါ့မှာ အသက်ပြန်ရှင်ဖို့ ဝှက်ဖဲတွေ အများကြီး ရှိတယ်လေ။”

အန်လင်း : “....”

အားလုံး : “.....”

လူတိုင်းမှာ ရှောင်တုအား သေသည်အထိ သမချင်မိလာတော့သည်။

All Chapters