← Chapters

အရသာတွေ့သွားသော အစ်ကိုကြီးကျား

Vol. 41 Ch. 558

အရသာတွေ့သွားသော အစ်ကိုကြီးကျား

Vol. 41 Ch. 558

‘ဟ... ဖက်တီးနဂါးပဲ... အစ်ကိုကြီးကျားနဲ့ ကျန်တဲ့သူတွေလည်း ပါတယ်... ငါ့ကို လာရှာတာ ဖြစ်မယ်’

ချင်မူ အလျင်အမြန် နောက်ပြန်လှည့်၍ ပြေးသွားရင်း ဖြေဆေးဖော်လိုက်သည်။ ဖက်တီးနဂါး ယိုင်ထိုးနေပြီး ပါးစပ်မှ အမြုပ်များပင် ထွက်လာသည်ကို လှမ်းမြင်လိုက်ရ၏။ ထို့နောက် ဖက်တီးနဂါးမှာ ဘိုင်းခနဲ လဲကျသွားကာ ခြေထောက်နှစ်ချောင်း မိုးပေါ်‌ထောင်လျက် တောင့်တင်းသွားလေသည်။

ချင်မူမှာ ကိုက်သုံးရာအကွာမှ အမြန်ဆုံး ပြေးလာနေသည်။ ဖြေဆေး ဖော်ပြီးလျှင်ချင်း လက်ချောင်းများကို လှုပ်ခါလိုက်သည့်အခါ ချီစွမ်းအင်မီးဖို ပေါက်ကွဲသွားပြီး ဖြေဆေးက နဂါးချီလင်၏ပါးစပ်ထဲ ဝင်သွား၏။

ချင်မူ့လက်ဟန်နည်းစနစ်များက လျင်မြန်စွာ ပြောင်းလဲနေသည့်အတွက် သူ ဖက်တီးနဂါးဘေး‌သို့ ရောက်သည့်အချိန်တွင် လက်တစ်ထောင်မုဒြာလက်ဟန်များက ဖက်တီးနဂါး၏ကိုယ်လုံးကြီးအား ဝန်းရံထားသည့်အလား ထင်ရသည်။ ချင်မူက ဖက်တီးကြီး၏ကိုယ်လုံးကြီးကို တဖြန်းဖြန်း ရိုက်၍ ဆေးစွမ်းအင်အား လျင်မြန်စွာ ဖြန့်ပေးနေသည်။

‘ဒီကောင်ကြီး ပိုတောင် ဝလာသလိုပဲ....’ သူ့လက်ဝါး နဂါးချီလင်၏ကိုယ်လုံးကြီးအပေါ် ကျရောက်သွားသည်နှင့် အဆီများမှ တွန်းကန်မှုကြောင့် လက်ဝါးချက်များ တိုးပေါက်ရန် ခက်ခဲနေသလို ခံစားလိုက်ရသည်။ ချင်မူ ဇဝေဇဝါ ဖြစ်သွားမိ၏။ ‘သူ့အတွက် ငါ ဆေးလုံးများများစားစား မချန်ခဲ့ပါဘူး... ဘာလို့ ဒီလောက်ဝလာတာပါလိမ့်... ငါပဲ မှားတာလား... သူက လေကို ရှူရင်းနဲ့တောင် ဝနိုင်တဲ့ အမျိုးအစားများလား’

စန်းဟွာ၊ လင်ယွိရှု့၊ စစ်ယွင်ရှန်းနှင့် ဟူလင်းအာတို့အားလုံး အနားတွင် ရှိကြသည်။ လူတစ်ယောက် တရှိန်ထိုး ပြေးလာသည်ကို မြင်လိုက်ရတုန်းက သူတို့အားလုံး ဟန့်တားရန် ပြင်ခဲ့ကြသော်လည်း ချင်မူမှန်း သိလိုက်သည်နှင့် ဝမ်းသာသွားကြပြီး နဂါးချီလင်အား ကုသနေသည်ကို တိတ်ဆိတ်စွာ စောင့်နေလိုက်ကြ၏။

ချင်မူက ဖက်တီးကြီးကို အချက်ပေါင်းမရေမတွက်နိုင်အောင် ရိုက်ကာ ဆေးစွမ်းအင်အား ခန္ဓာကိုယ်အနှံ့အပြားသို့ ဖြန့်ကျက်နေသည်။ တစ်ကိုယ်လုံးအနှံ့ ပျံ့နှံ့သွားမှ သူ သက်ပြင်းချ၍ သဘက်တစ်ထည်ထုတ်ပြီး နဖူးမှ ချွေးများကို သုတ်လိုက်သည်။

‘ဒီအဆိပ်က သိပ်မပြင်းလို့ တော်သေးတယ်...’

နဂါးချီလင်မှာ မျက်လုံးအဝိုင်းသားဖြင့် သူ့ကို ကြည့်နေရာ သနားစဖွယ်ကောင်းနေ၏။

ချင်မူ သက်ပြင်းချကာ နှစ်သိမ့်ပေးလိုက်သည်။ “မပူနဲ့ မပူနဲ့ ဒါက ပြဿနာကြီး မဟုတ်ပါဘူး... ခဏနေရင် ပြန်ရပ်နိုင်လိမ့်မယ်... မင့်အနံ့ခံနိုင်စွမ်းကတော့ ခဏတဖြုတ်လောက် ထိခိုက်သွားလိမ့်မယ်.. ဒါပေမဲ့ တစ်ရက်၊ နှစ်ရက်နေရင် ပြန်ကောင်းမှာပါ... ဟာ.. သေတ္တာကြီး၊ မစားနဲ့ဦးဟ... ဖက်တီးနဂါးက မသေသေးဘူး... တကယ် မသေသေးပါဘူးဆို... သူ သေရင်တောင်မှ မင်း သူ့ကို မစားရဘူး... အခု ထွေးထုတ်လိုက်စမ်း.... မင်းတို့တွေ ဘာလို့လိုက်လာတာတုန်း”

သေတ္တာကြီးက နဂါးချီလင်ကို မထွေးချင်၊ ထွေးချင်ဖြင့် ထွေးထုတ်လိုက်သည်။

ဟူလင်းအာက လေပွေတစ်ခု ဖန်တီးကာ ချင်မူ၏ နံဟောင်နေသော ဖိနပ်များကို အဝေးပို့လိုက်သည်။ သူမက နဂါးချီလင်၏ ခေါင်းပေါ် ခုန်တက်ကာ ပြုံးလျက် ပြောလာ၏။ “သခင်လေး ပျောက်သွားတော့ ဆရာကြီးကျွားက ဧကရာဇ်အတိုင်ပင်ခံဆီ အကြောင်းကြားခဲ့သေးတယ်... ဒါမဲ့ သူက သခင်လေး ဘာမှမဖြစ်ဘူးတဲ့ လွယ်လွယ်သေမှာမဟုတ်လို့ မပူနဲ့လို့ ပြောခဲ့တယ်တဲ့... အဲ့လိုပြောပေ့မယ့်လည်း ကောင်းကင်တန်ခိုးရှင်ဂိုဏ်းဆီ လှမ်းအကြောင်းကြားလို့ ကောင်းကင်နတ်မယ်ရှန်းက ကျွန်မတို့ကို ဒီခေါ်လာတာ”

ဤမြေခွေးလေးမှာ ကျားအား မှန်မှန်ကန်ကန် အသံမထွက်နိုင်ပေ။

ကျားနတ်မင်းက ချင်မူ့ကို စစ်ဆေးပြီး မျက်လုံးများအား ဖြဲကြည့်သည်။ ထို့‌နောက် သူ စိတ်အေးသွား၏။ “ငါတို့ နတ်ဆိုးမြေထဲ ဝင်လာကတည်းက မင်းသမီးနဲ့ကောင်းကင်နတ်မယ်က မင်းရဲ့မူလဝိညာဉ်ကို ဆက်တိုက်ဆက်သွယ်ခဲ့ပေမယ့် တုံ့ပြန်မှုမရခဲ့ဘူး... မင်းကို နှောင့်ယှက်မိမှာစိုးလို့ နောက်ပိုင်း ရပ်လိုက်တယ်

“အစတုန်းကတော့ အပမြေထဲ သွားမလို့ပဲ.... ဒါပေမဲ့ အဲဒီ့မရောက်ခင် အရှေ့အရပ်ဆီ တရှိန်ထိုး သွားနေကြတဲ့ ‌ကောင်းကင်နတ်ဆိုးတွေကို လှမ်းမြင်လိုက်ရတယ်... သူတို့က မင်း ဒီဘက်ကသွားနေတဲ့အကြောင်း ပြောနေကြတာနဲ့ ငါတို့လည်း သူတို့နောက်ကနေ လိုက်လာတာ... နဂါးချီလင်က မင်းနဲ့ အရင်းနှီးဆုံးဆိုတော့ မင်းအနံ့ ခံရင်း မင်းကို ငါတို့ ရှာတွေ့သွားတာပဲ”

ချင်မူက အတန်ကြာ စဉ်းစားပြီးသော် ပြောလိုက်သည်။ “အစ်ကိုကြီးတို့ ကျွန်တော့်ကို ဆက်သွယ်တုန်းက ကျွန်တော် အပမြေထဲမှာပဲ ရှိနေသေးတာ ဖြစ်လောက်တယ်... အဲဒီနေရာက သိပ်ထူးဆန်းတယ်ဗျ... အဲဒါကြောင့် ကောင်းကင်နတ်မယ်နှင့် ယွိရှို့ရဲ့ မူလဝိညာဉ်တွေနဲ့ အဆက်အသွယ် မမိလိုက်တာ နေမှာ.. အစ်ကိုကြီးတို့ နတ်ဆိုးမြေထဲ ဝင်လာတော့ အန္တရာယ်မတွေ့ခဲ့ဘူးလား”

လင်ယွိရှို့က နဂါးချီလင်ကို သေတ္တာကြီးအပေါ် မ,တင်လိုက်၏။ “မိန်းကလေးစန်းဟွာက သိပ်ထက်မြက်တယ်... သူ့ကျေးဇူးကြောင့် ငါတို့ ဗျူဟာမြို့တွေအားလုံးကို ရှောင်ကွင်းလာနိုင်ခဲ့တာပဲ

“ပြီးတော့ မိစ္ဆာနတ်ဆိုးအများစုက နင့်နောက် လိုက်နေကြတာလေ... နင်က ဖုရွေ့လော်ကို ဒဏ်ရာရသွားအောင် လုပ်ခဲ့တယ်လို့တောင် နားစွန်နားဖျား ကြားခဲ့ရသေးတယ်... မိစ္ဆာနတ်ဘုရားအတော်များများ ပင်မစခန်းမှာ စုဝေးပြီး သူတို့ခေါင်းဆောင်ကို စောင့်ရှောက်နေရတယ်တဲ့.... တစ်ယောက်ယောက် အလစ်ဝင်လာပြီး သတ်သွားမှာ စိုးရိမ်နေကြတယ်ကြားတယ်”

ချင်မူ တဟားဟား ရယ်လိုက်မိသည်။ “မသိရင် ငါက သိပ်ကြောက်စရာကောင်းတယ် ထင်ကုန်ကြမှာပဲ... ဖုရွေ့လော်က တကယ်တော့ ကျိန်စာကြောင့် အထိနာသွားတာ...  ငါနဲ့ ဘာမှမဆိုင်ဘူး... ဒဏ်ရာရသွားတာ မှန်ပေမယ့် အခုလောက်ဆို ပြန်ကောင်းသင့်ပါပြီ”

စန်းဟွာ ပတ်ဝန်းကျင်အား ကြည့်လိုက်သည့်အခါ သူတို့ဆီ လာနေသော ကောင်းကင်နတ်ဆိုးများအား လှမ်းမြင်လိုက်သည်။ သူမက အလျင်အမြန် ပြောလိုက်၏။ “ဆရာကြီးကျားက အခုတင် မိစ္ဆာနတ်ဆိုးအများကြီး သတ်လိုက်တာဆိုတော့ မိစ္ဆာနတ်ဘုရားတစ်ယောက်၊ နှစ်ယောက်တော့ ရောက်လာလိမ့်မယ်... ငါတို့ ဒီမှာ ကြာကြာနေလို့ မဖြစ်ဘူး.... အရင်ဆုံး ဒီကနေ ထွက်သွားစို့ ... နောက်မှ အသေးစိတ် ပြောကြတာပေါ့.... ဆရာကြီးကျား၊ ဆရာကြီးရဲ့ ခန္ဓာကိုယ်က ကြီးလွန်းနေတယ်... မိစ္ဆာနတ်ဘုရားတွေ အာရုံစိုက်မိလိမ့်မယ်”

ကျားနတ်မင်းက သူမစကားကို ကြားသည်နှင့် တစ်ပေသာ မြင့်သော ကျားသေးသေးလေးအဖြစ် ချုံ့လိုက်သည်။

မိန်းကလေးများ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြကာ ကျားလေးအား ပွတ်သပ်မိကြသည်။ ကျားနတ်မင်းက သူတို့ကို အာရုံမရှိပေ။

‘အစ်ကိုကြီးကျားက နတ်ဆိုးမြေထဲ ဝင်ဖို့ ဒီအသွင်ကို အားကိုးခဲ့တာများလား’ ချင်မူ တွေးလိုက်မိ၏။

သူတို့ အရှေ့အရပ်သို့ လျှောက်သွားကြပြီး သေတ္တာကြီးက သူတို့နောက်မှ လိုက်လာသည်။

ကျားနတ်မင်းက ချင်မူ့ဘေးနား ကပ်လာကာ ခေါင်းမော့ကြည့်သည်။ “ဖုရွေ့လော် ကျိန်စာကြောင့် အထိနာသွားတယ်ဆိုတာ ဘာများလဲ... သူက ကောင်းကင်နတ်ဆိုးမျိုးနွယ်ရဲ့ ဘုရင်

အစစ်အမှန်မိစ္ဆာနော်... ဘယ်လိုလုပ်ပြီး ကျိန်စာလေးတစ်ခုကြောင့် ထိခိုက်နိုင်မှာလဲ”

“ကျွန်‌တော့် ကျောက်စိမ်းလည်ဆွဲကြောင့်ပါ... လည်ဆွဲထဲမှာ ကျိန်စာတစ်ခု ကိန်းဝပ်နေတယ်... ဘာလဲတော့ ကျွန်တော်လည်း မသိဘူး... တန်ခိုးရှင်သစ်ခုတ်သမားက သိပေမယ့် ကျွန်တော့်ကို မပြောပြဘူး”

မကြာမီ နဂါးချီလင် လှုပ်နိုင်သွားသော်လည်း ခြေလက်များ နှုံးခွေနေသည့်အတွက် မထနိုင်ပေ။ သူက မျက်နှာငယ်လေးဖြင့် ပြောသည်။ “ဂိုဏ်းသခင် ဗိုက်ဆာတယ်....”

“မင်း အခု စွမ်းအင်ဆေးလုံးတွေ စားရင် အစာမကြေဘဲ ပြန်အန်ထွက်လိမ့်မယ်” ချင်မူက အလျင်အမြန် ရှင်းပြလိုက်သည်။

နဂါးချီလင် တခဏ တိတ်ဆိတ်သွားပြီးနောက် ပြောလာသည်။ “ဂိုဏ်းသခင်၊ ဒီနဂါးလေးက နတ်ဆိုးမြေကို သက်စွန့်ဆံဖျား ဝင်လာပြီး ဂိုဏ်းသခင်ကို လိုက်ရှာခဲ့ပေမယ့် ဂိုဏ်းသခင်ကတော့ ဒီနဂါးလေးကို အဆိပ်ခပ်ခဲ့တယ်.....”

ချင်မူက မျက်တောင်ပုတ်ခတ်ပုတ်ခတ် လုပ်ကာ မည်သို့မျှ မပြောပေ။

“ဗိုက်ဆာတယ်လို့” နဂါးချီလင်က ပြော၏။

ချင်မူမှာ မတတ်နိုင်တော့ဘဲ ပရဆေးပင်တချို့ထုတ်ကာ ဓာတ်ကြီးငါးပါးကောင်းကင်အားဖြည့်ဆေးလုံးများကို ဖော်လိုက်သည်။

“ကျွန်တော် သွေးနီမီးလျှံဆေးလုံးတွေကို ကြိုက်တာ ... ဓာတ်ကြီးငါးပါးကောင်းကင်အားဖြည့်ဆေးလုံးတွေကို မကြိုက်ဘူး”

ချင်မူ မျက်ခုံးပင့်လိုက်မိသော်လည်း ဒေါသကို မြိုသိပ်လိုက်သည်။ ဖော်စပ်ထားသော ဆေးလုံးများကို ဘေးဖယ်၍ သွေးနီမီးလျှံဆေးလုံးများအတွက် ဆေးပင်များ ရှာလိုက်၏။

ဆေးလုံး‌ဖော်ပြီးသည့်အခါ နဂါးချီလင်က ပါးစပ်ဟပြီး သူ ခွံ့ကျွေးမည်ကို စောင့်နေသည်။

ချင်မူ့နဖူးတွင် သွေးကြောများ ထောင်လာသော်လည်း ဆေးလုံးနှစ်လုံးအား ပစ်ထည့်ပေးလိုက်၏။ နဂါးချီလင်က ဝါးရင်း မယုံသင်္ကာ ပြောသည်။ “အရသာက သိပ်မဟုတ်သလိုပဲ... အရသာမရှိဘူး”

“အဆိပ်ကြောင့် မင်းရဲ့ အနံ့အရသာခံနိုင်တဲ့ အကြောတွေ ထိခိုက်သွားလို့ အရသာ မရှိတာ” ချင်မူက ရှင်းပြလိုက်သည်။

“ဂိုဏ်းသခင် ကျွန်တော့်ကို ထပ်ကျွေးဦး... အရသာ ပြန်ခံနိုင်တဲ့အထိ စားမယ်”

ချင်မူက ဖော်စပ်ပြီးသည့် သွေးနီမီးလျှံစွမ်းအင်ဆေးလုံးများ ပေးလိုက်သည်။ နဂါးချီလင်က သေတ္တာထဲ၌ ဖွက်လိုက်ပြီး အားနည်းဖျော့တော့စွာ ပြောလေသည်။ “ဆာနေတုန်းပဲ... ဓာတ်ကြီးငါးပါးကောင်းကင်အားဖြည့်ဆေးလုံး စားချင်တယ်... အရင်ကလောက် မြိုရမခက်ဘူး ထင်တာပဲ”

ချင်မူ ပရဆေးပင်များ ထုတ်ကာ ဓာတ်ကြီးငါးပါးကောင်းကင်အားဖြည့်ဆေးလုံးတစ်အိုး ဖော်ပေးလိုက်သည်။ နဂါးချီလင်က နှစ်လုံးစားကြည့်၏။ “အရသာ အများကြီး ပိုကောင်းတာပဲ... မဆိုးဘူး.. ဂိုဏ်းသခင်၊ နောက်နှစ်အိုး ဖော်ပေးလို့ရလား”

“တဝတပြဲ စားပြီး စားပိုးနင့် သေနေဦးမယ်... မင်း ဘယ်လောက်ဝလာလဲ ကြည့်ဦး... သေတ္တာကြီးတောင် မင်းကို မသယ်နိုင်တော့ဘူး” ချင်မူ့ဒေါသများ ပေါက်ကွဲထွက်လာတော့သည်။

နဂါးချီလင်က အသက်ဆက်ရှင်ရန် အကြောင်းပြချက်မရှိတော့သကဲ့သို့ ဝမ်းနည်းပက်လက် ပြောလာသည်။ “ကျွန်တော်က အဆိပ်ခပ်ခံထားရတာလေ.... သွေးနီမီးလျှံဆေးလုံးအရသာကိုတောင် ထပ်ခံစားလို့ရပါ့ဦးမလား မသိတော့ဘူး.... အမေ အစောကြီး ထွက်သွားတာ ဆိုးတယ်... ဂိုဏ်းသခင်လည်း ထွက်သွားပြီ...”

ချင်မူမှာ မကြည့်ရက်တော့၍ သူ့အတွက် ဆေးလုံးနောက်နှစ်အိုး ဖော်ပေးလိုက်သည်။ နဂါးချီလင် ကဂျီကဂျောင် ထပ်မကျတော့ပေ။

ချင်မူ တိတ်တိတ်ကလေး နောက်ပြန်လှည့်ကြည့်လိုက်သည့်အခါ ဖက်တီးကြီး ဆေးလုံးများမစားဘဲ သေတ္တာကြီးကို ခိုးကြောင်ခိုးဝှက်ဖွင့်၍ သိမ်းနေမှန်း တွေ့လိုက်ရ၏။

‘ဖက်တီးနဂါး ငါမရှိတဲ့ ရက်ပိုင်း ဘာတွေများ ကြုံတွေ့ခဲ့ရတာပါလိမ့်’ ချင်မူ ဇဝေဇဝါ ဖြစ်သွားမိသည်။

နဂါးချီလင်က သေတ္တာပေါ်တွင် ငြိမ်ငြိမ်လှဲနေပြီး စာအုပ်တစ်အုပ် ထုတ်လိုက်သည်။ ထို့နောက် စုတ်တံတစ်ချောင်းကို လက်သည်းများဖြင့် ကိုင်ပြီး ဂရုတစိုက် ရေးနေ၏။

ချင်မူ လှည့်ကြည့်လျှင် နဂါးချီလင်က အလျင်အမြန် ကာသည်။ ချင်မူက ပြုံးလျက် ပြောလိုက်၏။ “ဖက်တီးနဂါးလည်း ဘယ်လိုကြိုးစားရမလဲ သိလာပြီပဲ... လင်းအာ၊ နင်လည်း သူ့ဆီ သင်ယူသင့်တယ်”

ဟူလင်းအာက အမြီးလေးများကို ဖက်ကာ လျှာဖြင့်လျက်၍ သန့်ရှင်းနေသည်။ သူ့စကားကိုကြားလျှင် သူမက အလေးအနက် လှမ်းပြောသည်။ “ကျွန်မလည်း ဒီရက်ပိုင်း ဘိုးဘိုးနားကန်းနဲ့တူတူ လေ့လာနေတာပါ... သူက ကျွန်မကို ဗဟုသုတကြွယ်ဝတယ်လို့တောင် ချီးကျူးသေးတယ်”

ကျားနတ်မင်းလည်း သေတ္တာအပေါ် ခုန်တက်ကာ ကြောင်လေးသဖွယ် ထိုင်လိုက်သည်။ သူက နဂါးချီလင်၏ စာအုပ်ကို ကြည့်ကာ တဟားဟား အော်ရယ်၏။ “အလုပ်ဖြစ်တယ်လား”

“ဖြစ်တာပေါ့” နဂါးချီလင်က အလေးအနက် ပြောသည်။ “ကျွန်တော့်က လူ... အဟမ်း... လူသားထိန်းချုပ်နည်းကျင့်စဉ်ကို တတ်မြောက်ထားတာ... ကျွန်တော့်ကျင့်စဉ်က နောင်တစ်ချိန်မှာ တောက်ပကျော်ကြားလာလိမ့်မယ်”

ကျားနတ်မင်းက ခေါင်းယမ်းလိုက်သည်။ “မင်းက အသေးအဖွဲကိစ္စလေးတွေအပေါ် အားစိုက်နေလွန်းတယ်... လမ်းမှန်ပေါ်မှာ အသုံးချမယ်မရှိဘူး... ဥပမာဆိုကွာ သွေးနီမီးလျှံဆေးလုံးတွေရော၊ ဓာတ်ကြီးငါးပါးကောင်းကင်အားဖြည့်ဆေးလုံးတွေကိုရော စားစရာမလိုဘူး ... မင့်ဘာသာမင်း ကျင့်ကြံတာက ဘာမဆိုထက် အသုံးဝင်တယ်”

“အစ်ကိုကြီးကျား အရင်က ဆေးလုံးစားဖူးလား” နဂါးချီလင်က မေးလိုက်သည်။

ကျားနတ်မင်းက ခေါင်းယမ်းပြန်၏။ “ငါ့အရှင်က ပြောတယ်.... ကိုယ့်ဘာသာ ကျင့်ကြံအားထုတ်တာကမှ စစ်မှန်တဲ့ ကျင့်ကြံခြင်းတဲ့... ဘယ်သူမှ ငါ့ကို စွမ်းအင်ဆေးလုံးတွေ မကျွေးဖူးဘူး”

နဂါးချီလင် ဓာတ်ကြီးငါးပါးကောင်းကင်အားဖြည့်ဆေးလုံးတစ်လုံး ထုတ်ပေးလိုက်သည်။ “စားကြည့်လိုက်”

ကျားနတ်မင်းက တစ်လုံးစားပြီး တအံ့တဩ ပြောလိုက်၏။ “သိပ်ကောင်းလိုက်တဲ့ အရသာပါလား... သာမန်အစားအစာတွေထက် အများကြီး ပိုအရသာရှိတယ်”

နဂါးချီလင်က သရော်တော်တော် ပြောလိုက်သည်။ “သွေးနီမီးလျှံဆေးလုံးက ပိုတောင် စားကောင်းသေးတယ် ... ရော့ တစ်လုံးစားကြည့်”

ကျားနတ်မင်းမှာ တစ်လုံးစားလိုက်သည်နှင့် တစ်ကိုယ်လုံး တုန်တက်သွားသည်။ မျက်လုံးမှ မျက်ရည်များပင် စီးကျလာ၏။

“ကဲ ဘယ်လောက်ကောင်းလဲ သိပြီမလား... အစ်ကိုကြီး ကျွန်တော့်ကျင့်စဉ်ကို မသင်ထားလို့ အစ်ကိုကြီးရဲ့ သခင်က ပျင်းနေတာ... ကိုယ့်ဘာသာကိုယ် ကျင့်ကြံအားထုတ်တာက စစ်မှန်တဲ့ ကျင့်ကြံခြင်းဟုတ်လား... မကြိုးစားလို့၊ မလည်လို့ အဲဒီလိုညာခိုင်းခံရတာပဲ... အစ်ကိုကြီးက သခင်ဖြစ်သူကို ထိန်းချုပ်ရမယ့်အစား သခင်ဖြစ်သူရဲ့ ထိန်းချုပ်တာကို ခံနေတယ်... ကျွန်တော့် လူထိန်းကျမ်းစဉ်ကို သင်မှ ကောင်းကောင်းစားရလိမ့်မယ်”

ကျားနတ်မင်းက ချင်မူ့ကို ကြည့်ကာ မျက်နှာချိုသွေးလိုက်သည်။ “ညီလေး၊ သွေးနီမီးလျှံဆေးလုံးတွေက စားလို့ တယ်ကောင်းတာပဲကွ... ငါ့ကို တစ်အိုးနှစ်အိုးလောက် ကျွေးလို့ရမလား”

ချင်မူ သူ့ကို စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်မိ၏။ “အစ်ကိုကြီး၊ အစ်ကိုကြီးက မိစ္ဆာကျားနတ်ဘုရားတစ်ပါး ဖြစ်နေပြီလေ.... ဘာလို့စားချင်နေတာလဲ”

“အရသာက သိပ်မဆိုးတော့ အဆာပြေလေး ဘာလေး စားလို့ရအောင်ပါ”

ချင်မူ မျက်မှောင်ကြုတ်ကာ စိတ်ရှည်ရှည်ဖြင့် မေးလိုက်သည်။ “အစ်ကိုကြီးရဲ့ မိစ္ဆာချီစွမ်းအင် ဓာတ်သတ္တိတွေက ဘာတွေလဲ”

“ရွှေနဲ့ ရေ”

ချင်မူက အတန်ကြာ တွက်ချက်ပြီး ဆေးညွှန်းရေးပေးလိုက်သည်။ “ဒါက ရွှေရေရောစပ်စွမ်းအင်ဆေးလုံးပဲ ... အစ်ကိုကြီးရဲ့ ရွှေနဲ့ ရေဓာတ်သတ္တိတွေကို မြှင့်တင်ပေးနိုင်တဲ့ ရွှေချီနဲ့ ရေချီပါတယ်... အနံ့နဲ့အရသာကောင်းစေတဲ့ ပရဆေးပင်တွေနဲ့လည်း စပ်ပေးထားတယ်။ အစ်ကိုကြီးအတွက် ကျွန်တော်ဆေးဖော်ပေးတာက အဖြေမဟုတ်ဘူး... အစ်ကိုကြီးက နတ်ဘုရားဆိုတော့ ကိုယ့်သာသာကိုယ် ‌ဖော်တော့... ဘယ်လိုဖော်ရမလဲ ကျွန်တော် သင်ပေးမယ်”

ကျားနတ်မင်းမှာ ဝမ်းသာသွားပြီး ပြုံးဖြဲဖြဲဖြင့် ပြောလိုက်သည်။ “ကိုယ့်ကိုယ်ကို အားမကိုးဘဲ သူများကို အားကိုးတာက မကောင်းဘူးတဲ့... ငါ ဆေးလုံးဖော်တတ်သွားရင် မင်းကို ဒုက္ခပေးစရာ မလိုတော့ဘူးပေါ့”

ချင်မူ သူ့ကို ရွှေရေရောစပ်စွမ်းအင်ဆေးလုံး ဖော်စပ်နည်းအား သင်ပေးလိုက်ကာ ပရဆေးပင်တချို့ ပေးလိုက်သည်။ ကျားနတ်မင်းသည် အလွန်ဉာဏ်ကောင်းသဖြင့် အတတ်မြန်၏။ ဆေးလုံးများကိုလည်း ကောင်းကောင်းမွန်မွန် ဖော်တတ်ချေသည်။

များစွာမကြာလိုက်ဘဲ ကျားနတ်မင်းက သူ့ဆီမှ ဆေးအမယ်တချို့ လာ‌တောင်း၍ ချင်မူ ပေးလိုက်သည်။

နောက်တစ်ရက် ရောက်သောအခါ သူ၏အစ်ကိုကြီးကျား ဝလာသလို ချင်မူ ခံစားနေရ၏။

သူပဲ အမြင်မှားနေသလား....

သို့သော် ကျားနက်လေးမှာ နဂါးချီလင်ဘေးတွင် အိပ်နေသည့်အချိန်တွင် ဝသည်ဟု မထင်ရရာ အလင်းအမှောင်ကြောင့်သာ အမြင်မှားခြင်း ဖြစ်လောက်ပါသည်။

၎

င

၎

၎

All Chapters