← Chapters

လည်လွန်းလို့ မွှတ်နေတာပဲ

Vol. 41 Ch. 562

လည်လွန်းလို့ မွှတ်နေတာပဲ

Vol. 41 Ch. 562

ချင်မူ့မျက်လုံးများ ဝိုင်းစက်ပြူးကျယ်သွားပြီး ရင်ထဲတွင် တုန်လှုပ်သွားသည်။ သူ၏ကျောက်စိမ်းလည်ဆွဲက မြေအောက်ဘုံအရှင်သခင် သွန်းလုပ်ပေးခဲ့ခြင်းလား။

ကျောက်စိမ်းလည်ဆွဲသည် ချင်မိသားစုအပိုင် ဖြစ်၍ သူ ငယ်စဉ်ကတည်းက ဆွဲထားခဲ့၏။ အဘယ်သို့ပြု၍ မြေအောက်ဘုံအရှင်သခင်က သွန်းလုပ်ပေးခဲ့သနည်း။

‌ကျောက်စိမ်းလည်ဆွဲနှင့် မြေအောက်ဘုံအရှင်သခင်ကား မည်သို့ပတ်သက်နေသနည်း။

သူ ကျူးလွန်ခဲ့သည့် မကောင်းမှုများက များလွန်းသောကြောင့် မြေအောက်ဘုံအရှင်သခင်က သူ့အား ကျောက်စိမ်းလည်ဆွဲဖြင့် ချုပ်နှောင်ခဲ့ခြင်းများလား။

သို့သော် သူက မွေးကင်းစကလေးသာ မဟုတ်ပါလော..... မည်သည့်မကောင်းမှုများ ကျူးလွန်နိုင်ပါမည်နည်း။

ချင်မူ မမှတ်မိပေ။ ထို့အပြင် ထာဝရငြိမ်းချမ်းရေးအင်ပါယာနှင့် ထိုက်ဧကရာဇ်ကောင်းကင်ဘုံတွင် ဂိုဏ်းသခင်ချင်သည် ကြင်နာတတ်သည်၊ စိတ်ထားမြင့်မြတ်သည်၊ သဘောထားကြီးသည်ဟု ကျော်ကြားသည်မဟုတ်ပါလော.... အဘယ်သို့ပြု၍ သူလိုလူက မကောင်းမှုကျူးလွန်ခဲ့မည်နည်း။

“ချိတ်တံဆိပ်က လျော့ရဲလာပြီပဲ” ချော်ရည်ပူမြေအောက်ဘုံအရှင်သခင်က စာအုပ်ကို ဆက်လှန်နေသည်။ “ချိတ်တံဆိပ်ကို ဖွင့်ဖို့ ကြိုးစားခဲ့တဲ့ နတ်ဘုရားတွေ၊ မိစ္ဆာတွေ ရှိခဲ့ပေမယ့် မအောင်မြင်ခဲ့ဘူး.... ဒါပေမဲ့ ချိတ်တံဆိပ်က လျော့လာလို့ မင်း လွတ်လာတော့မယ်... ကိစ္စတော့မရှိပါဘူး ... ငါ ပြန်ပြင်ပေးလိုက်မယ်”

သူ၏စာဖတ်နှုန်းက အလွန်မြန်သည်။ ချင်မူ ကျူးလွန်ခဲ့သော မကောင်းမှုအားလုံးကို လျင်မြန်စွာ ဖတ်ပြီးသွား၏။ နောက်ဆုံးစာမျက်နှာသို့ ရောက်သည့်အခါ သူက ပြောသည်။ “ထိုက်ဧကရာဇ်ကောင်းကင်ဘုံ၏ အပမြေတွင် ချင်မိသားစု၏ သားတော် ချင်ဖုန်းကျင့်သည် ဝိညာဉ်လမ်းညွှန်သုံး၍ ယိုတုကို နှောင့်ယှက်ကာ ဝိညာဉ်လေးသောင်းရှစ်ထောင်အား လွှတ်ပေးခဲ့၏။ ယင်းလုပ်ရပ်ကြောင့် မရဏတမန်တော်များလည်း ဒဏ်ရာရခဲ့သည်....”

“ဝိညာဉ်လမ်းညွှန်သုံးပြီး ဝိညာဉ်လေးသောင်းရှစ်ထောင် လွှတ်ပေးခဲ့တာက ကျွန်တော့်လက်ချက် မှန်ပေမယ့် မရဏတမန်တော်တွေ ဒဏ်ရာရအောင် လုပ်ခဲ့တာတော့ ကျွန်တော်မဟုတ်ဘူး... ချိရှကြယ်အရှင်သခင်ဝေ့လျောင် လုပ်ခဲ့တာ... အဲဒါကြောင့် သူ့ကို သွားရှာပါဗျ”

ချော်ရည်ပူမြေအောက်ဘုံအရှင်သခင်က မရဏတမန်တော်ဆီသို့ လှမ်းကြည့်ကာ မေးသည်။ “မရဏတမန်တော်တွေကို ဒဏ်ရာရအောင် လုပ်ခဲ့တာက ချိရှကြယ်အရှင်သခင်ဝေ့လျောင်လား”

“သေခြင်းရှင်ခြင်းစာအုပ်ထဲမှာ ချိရှကြယ်အရှင်သခင်ရဲ့ နာမည် ရှိခဲ့ပေမယ့် လွန်ခဲ့တဲ့ နှစ်နှစ်သောင်းက သူ သေပြီး ဝိညာဉ်ပြိုကွဲသွားတော့ ဖယ်ရှားခံလိုက်ရပါတယ်... ဒါကြောင့် သူက ယိုတုရဲ့တရားစီရင်မှုအောက်မှာ မရှိတော့ပါဘူး... ဝိညာဉ်လေးသောင်းရှစ်ထောင် လွတ်မြောက်သွားတဲ့အကြောင်းရင်းက ချင်ဖုန်းကျင့် ချိရှကြယ်အရှင်သခင်ဝေ့လျောင်ကို ဝိညာဉ်ပြန်သွင်းပေးခဲ့လို့ပါ... အဲဒါကြောင့် မရဏတမန်တော်တွေ ဒဏ်ရာရခဲ့တဲ့ အကြွေးကို ချင်ဖုန်းကျင့်စာအုပ်ထဲမှာပဲ ထည့်မှတ်လိုက်တာ ဖြစ်ပါတယ် .... သူက အသက်ရှင်နေသေးတော့ သူ့နာမည်က သေခြင်းရှင်ခြင်းစာအုပ်ထဲမှာ ရှိနေသေးတယ်မဟုတ်ပေလား” တျန်းချိကျွင်းအရာရှိမင်း၏ ကိုယ်ပွား၊ မရဏတမန်တော်က ပြန်ဖြေသည်။

ချော်ရည်ပူမြေအောက်ဘုံအရှင်သခင်က ချင်မူ့ကို ကြည့်ကာ မေး၏။ “ဒီအကြွေးကို မင်းနာမည်အောက်မှာ မှတ်ဖို့ လက်ခံလား”

“လက်မခံဘူး” ချင်မူ တမုဟုတ်ချင်း ပြန်ဖြေလိုက်သည်။

“သူ့နာမည်အောက်မှာ မှတ်လိုက်” ချော်ရည်ပူမြေအောက်ဘုံအရှင်သခင်က မရဏတမန်တော်အား ပြောလိုက်၏။ “နောက်မှ ရှင်းမယ်”

ချင်မူ့မျက်နှာ တမုဟုတ်ချင်း မည်းမှောင်သွားသည်။ “ကျွန်တော့်နာမည်အောက်မှာ မှတ်မယ်ဆိုလည်း ဘာလို့ မေးနေသေးတုန်း” သို့သော် မြေအောက်ဘုံအရှင်သခင် ‘နောက်မှ ရှင်းမယ်’ ဟု ပြောလိုက်သည့်အခါ သူ့ရင်ထဲတွင် မျှော်လင့်ချက်များ ပေါက်ဖွားလာသည်။

မြေအောက်ဘုံအရှင်သခင်က သူ့လုပ်ရပ်များ၏ အကြောင်းအကျိုးကိုသာ ပြောလို၍ ဆင့်ခေါ်ခဲ့ခြင်းဖြစ်ကြောင်း သေချာသွားချေပြီ။

ချော်ရည်ပူမြေအောက်ဘုံအရှင်သခင်က စာအုပ်အထူကြီးကို ပိတ်ပြီး သေးသေးလေး ဖြစ်နေသော ချင်မူ့ကို ငုံ့ကြည့်သည်။ “ဘာကြောင့် ယိုတုကို နှောင့်ယှက်ပြီး အဲဒီဝိညာဉ်တွေကို သက်ရှိကမ္ဘာဆီ ပြန်ခေါ်ခဲ့တာလဲ။ မင်း တစ်ခုခု မှတ်မိလား.... ယိုတုက ပုံရိပ်တွေ မင်းစိတ်ထဲ ပေါ်လာသေးလား”

ချင်မူ ကြောင်ကြောင်ငေးငေး ဖြစ်သွားပြီးနောက်‌ ခေါင်းယမ်းပြလိုက်သည်။ “ကျွန်တော် ယိုတုကနေ ထွက်... ပြည်နှင်ဒဏ်ပေးခံရတုန်းက တစ်လ၊ နှစ်လသားအရွယ်ပဲ ရှိသေးတာ မဟုတ်လား... ယိုတုက ပုံရိပ်တွေ ဘယ်လိုလုပ် စိတ်ထဲ ပေါ်လာမှာလဲ... အပမြေထဲမှာ ဝိညာဉ်တွေ ပြန်ခေါ်ခဲ့မိတာကတော့ အဲဒီလိုလုပ်ဖို့အပြင် ရွေးချယ်စရာမရှိလို့ပါ”

သူက ဝိညာဉ်လမ်းညွှန်အစီအရင်အား ထုတ်လွှတ်ခဲ့ရသည့် အကြောင်းရင်းကို ရှင်းပြပြီးနောက် ပြစ်ဒဏ်ကို တိတ်ဆိတ်စွာ စောင့်နေလိုက်သည်။

ချော်ရည်ပူမြေအောက်ဘုံအရှင်သခင်က သူ့ကို စိုက်ကြည့်နေသည်။ တခဏကြာသော် သူက မေးလိုက်၏။ “မင့်စိတ်ထဲမှာ ပေါ်လာတဲ့ ပုံရိပ်တွေ တကယ်မရှိဘူးလား... ဘာမှမမှတ်မိဘူးလား”

ချင်မူက ခေါင်းယမ်းလိုက်သည်။ “ကျွန်တော်က ဘာကို မှတ်မိနိုင်မှာမလို့လဲဗျာ” သူက ပြုံးလျက် ပြန်မေးလိုက်သည်။

“မမှတ်မိရင် ဘယ်လိုလုပ်ပြီး ယိုတုစကား တတ်သွားတာလဲ” ‌ချော်ရည်ပူမြေအောက်ဘုံအရှင်သခင်သည် သူ့ကို ထိုးဖောက်မြင်နေရသကဲ့သို့ စိုက်ကြည့်နေသည်။ တခဏကြာသော် သူက ဖြည်းညှင်းစွာ ပြော၏။ “ယိုတုစကားတတ်သွားတာကြောင့် မင်းအနေနဲ့ ယိုတုရဲ့ လမ်းစဉ်တွေ၊ ကျင့်စဉ်တွေနဲ့ ကောင်းကင်နတ်သိုင်းတွေကို ကျင့်ကြံပိုင်ခွင့်ရှိလာပြီး... မိစ္ဆာလမ်းစဉ် ကောင်းကင်ရတနာတွေကို ဖွင့်နိုင်လာတယ်... မိစ္ဆာလမ်းစဉ် ကောင်းကင်ရတနာတွေကို ဘာကြောင့် ဖွင့်နိုင်သွားလဲ မသိချင်ဘူးလား”

“မိစ္ဆာနတ်ဆိုးတွေက ယိုတုထဲက မိစ္ဆာနတ်ဘုရားတွေရဲ့ မျိုးဆက်တွေမလို့ မိစ္ဆာလမ်းစဉ် ကောင်းကင်ရတနာတွေကို ဖွင့်နိုင်တယ်... မင်း ဘာကြောင့် အဲဒီလိုဖွင့်နိုင်တာလဲ မသိချင်ဘူးလား” မရဏတမန်တော်က သူ့ဘေးမှ မေးလိုက်သည်။

“သိချင်တာပေါ့” ချင်မူက သိချင်စိတ်များဖြင့် သူ့အား ကြည့်သည်။ “ကျွန်တော်က ဘယ်လိုလုပ်ပြီး မိစ္ဆာလမ်းစဉ် ကောင်းကင်ရတနာတွေရော၊ နတ်ဘုရားလမ်းစဉ် ကောင်းကင်ရတနာတွေရော ဖွင့်နိုင်တာလဲ”

“မင်းက ရွှင်ပျော်ပျော်ကျေးရွာရဲ့ မျိုးဆက်လည်း ဖြစ်သလို၊ ယိုတုမှာ မွေးလာတဲ့ သတ္တဝါတစ်ကောင်လည်း ဖြစ်နေလို့ပဲ....”

မရဏတမန်တော် ထိုသို့ ပြောလိုက်သည့်အချိန်မှာပဲ ချော်ရည်ပူမြေအောက်ဘုံအရှင်သခင်က ကြားဖြတ်ပြောသည်။ “သူ အဲဒါတွေ သိစရာမလိုဘူး.... ငါတို့ ရှင်းပြစရာလည်း မလိုဘူး... သူ့ကို မေးခွန်းထုတ်ဖို့ ဆင့်ခေါ်ထားတာ.... ငါတို့ဆီက သတင်းပြန်နှိုက်ဖို့ ခေါ်ထားတာမဟုတ်ဘူး”

မရဏတမန်တော်မှာ သဘောပေါက်သွား၍ ပြုံးလိုက်သည်။ “သူက ကျွန်တော့်ဆီကနေ သတင်းတစ်ခု နှိုက်ထုတ်နိုင်လိုက်ပြီပဲ... ဒီကောင်လေးရဲ့ မျက်နှာပေးက တော်တော် လေးစားစရာကောင်းတယ်... သူ့လှည့်ကွက်ထဲ ကျသွားအောင် လုပ်နိုင်တယ်”

ချင်မူက မျက်နှာရဲသွားပြီး ရှက်ကိုးရှက်ကန်း ပြော၏။ “အရာရှိမင်းကြောင့် ကျွန်တော် သိချင်သွားလို့ မေးလိုက်ရုံတင်ပါ... သတင်းနှိုက်နေတာ မဟုတ်ပါဘူး... ကျွန်တော်က အခုမှ ဆယ့်ရှစ်နှစ်ပြည့်တဲ့ က‌လေးလေးပဲ ရှိပါသေးတယ်....”

မရဏတမန်တော်က ခေါင်းယမ်းလိုက်သည်။ “တကယ်ပဲ ... လိမ်နေတာလား မမြင်နိုင်ဘူး”

ချော်ရည်ပူမြေအောက်ဘုံအရှင်သခင်က ခေါင်းငုံ့ကာ ပြောလိုက်သည်။ “အဲဒီလို လှည့်ဖျားတတ်တဲ့ အကျင့်ကို လူသားတွေဆီက သူ သင်ထားတာ... သူ့စရိုက်က အဲဒီလိုမဟုတ်ဘူး... လေ့ကျင့်ပုံသွင်းခံရရင်း ပြောင်းလဲသွားတာပဲ”

“ဒါဆို သူ ပြောခဲ့တဲ့စကားက ဘယ်လောက်မှန်ပြီး ဘယ်လောက်မှားလဲ”

ချော်ရည်ပူမြေအောက်ဘုံအရှင်သခင်က ချင်မူ့စိတ်ကို ခရေစေ့တွင်းကျ သိနေသည့်အလား ပြောသည်။ “အပမြေမှာ ဝိညာဉ်တွေ ခေါ်မိတဲ့အကြောင်းရင်းကို ပြောတုန်းက အကုန်မှန်တယ်.... အဲဒီနောက်ပိုင်း စကားအများကြီး ပြောသယောင် ထင်ရပေမယ့် တကယ်တော့ ဘာမှမပြောသွားဘူး... ငါတို့ဆီက သတင်းနှိုက်ဖို့ ကြိုးစားနေတာ”

မရဏတမန်တော်မှာ ပြန်စဉ်းစားပြီး မြေအောက်ဘုံအရှင်သခင်၏စကားက မှန်နေကြောင်း သဘောပေါက်သွားသည်။

“ကျွန်တော့်အကျင့်က ဒီလိုမဟုတ်ပါဘူး... ရွာကလူကြီးတွေ သင်ပေးထားလို့သာ ဒီလိုဖြစ်လာတာပါ.... ယိုတုနဲ့ပတ်သက်ပြီး တကယ်လည်း ဘာမှမမှတ်မိပါဘူး”

“ဒီစကားက မှန်တယ်” ချော်ရည်ပူမြေအောက်ဘုံအရှင်သခင်က ပြောသည်။ “ချိတ်တံဆိပ်က ရှိနေသေးတော့ ယိုတုစကားနဲ့ပတ်သက်တဲ့ မှတ်ဉာဏ်ပဲ နိုးလာတာဖြစ်မယ်... ဖြစ်ခဲ့တာတွေ သူ ဘာမှမမှတ်မိဘူး”

ချင်မူ့နဖူးမှ ချွေးများကျလာ၏။ သူက သွေးတိုးစမ်းကြည့်လိုက်သည်။ “ကျွန်တော် အရင်တုန်းက လူတွေအများကြီး သတ်ခဲ့ဖူးတယ်.... ကျွန်တော့်မကောင်းမှုတွေ ကြီးလေးလာလောက်လား”

“ဒီစကားက မုသားပဲ... သတင်းနှိုက်ဖို့ လမ်းကြောင်းစနေတာ” ချော်ရည်ပူမြေအောက်ဘုံအရှင်သခင်က ပြောသည်။ “ဒါပေမဲ့ သူ သိချင်နေတာက လျှို့ဝှက်ချက်မဟုတ်တော့ မင်း ဖြေလို့ရတယ်”

“မသေခင် မကောင်းမှု ဘယ်လောက်ပဲကျူးလွန်ကျူးလွန် သေသွားရင်တော့ အားလုံးက တန်းတူပဲ... ယိုတုက တရားစီရင်တဲ့နေရာ မဟုတ်ဘူး... သေသူတွေနေထိုင်တဲ့ နေရာ... အင်မတန် ဆိုးရွားတဲ့ ပြစ်မှုတွေ မကျူးလွန်သရွေ့ ၊ ယိုတုကို မနှောင့်ယှက်သရွေ့ မြေအောက်ဘုံအရှင်သခင် စားတာ မခံရဘူး”

ချင်မူ စိတ်သက်သာရာရသွားသော်လည်း မရဏတမန်တော်က စကားပြော၍မပြီး‌သေးပေ။

“အင်မတန် ဆိုးရွားလွန်းတဲ့ ပြစ်မှုကျူးလွန်ရင်တော့ ဒုစရိုက်များလွန်းတဲ့အတွက် ဝဋ်ငရဲမီးနဲ့ လောင်မြှိုက်ခံရတယ်.... မြေအောက်ဘုံအရှင်သခင်က အဲဒီလူတွေကို စားပြီး သူတို့ရဲ့ဒုစရိုက်တွေနဲ့ ဝဋ်ငရဲမီးတွေကို စုပ်ယူတယ်... ယိုတုကို နှောင့်ယှက်ပြီး သေသွားတဲ့သူတွေကို သေခွင့်မပေးတဲ့ မင်းလိုလူကိုလည်း မြေအောက်ဘုံအရှင်သခင်က စားတယ်”

ချင်မူ ကြောက်လန့်သွားသည်။ မရဏတမန်‌တော်က သူ့အမူအရာကို ကြည့်ကာ ကျေနပ်သွား၏။ “ဒါပေမဲ့ ယိုတုက သက်ရှိကမ္ဘာရဲ့အရေးကိစ္စတွေမှာ ဝင်မစွက်ဖက်ဘူး.... မင်းက အသက်ရှင်နေသေးတော့ ငါတို့ မင်းကို စီရင်လို့ မရသေးဘူး.... မင်း သေတဲ့အချိန်အထိ စောင့်ရလိမ့်မယ်”

“အရာရှိမင်း... မင်း သူ့မျက်နှာပေးကြောင့် လှည့်စားခံလိုက်ရပြန်ပြီ” ချော်ရည်ပူမြေအောက်ဘုံအရှင်သခင်က ပြောသည်။

မရဏတမန်တော်မှာ မှင်သက်သွားပြီး အော်လိုက်မိ၏။ “သူ့ရည်ရွယ်ချက်က သူ အပြစ်ပေးခံရမှာလား မေးဖို့ကိုး... သတိထားနေတာအောင် လှည့်စားခံရပြန်ပြီ”

‌ချော်ရည်ပူမြေအောက်ဘုံအရှင်သခင်က ခေါင်းညိတ်ပြပြီးနောက် ချင်မူ့မျက်နှာဆီသို့ လှမ်းကြည့်သည်။ သူက ပြောလိုက်သည်။ “စကားမပြောနဲ့ .. ငါ သူ့ကို မေးကြည့်မယ်... “

ချင်မူက တိတ်ဆိတ်သွားသည်။

ချော်ရည်ပူမြေအောက်ဘုံအရှင်သခင်က လိမ္မာနေသော သူ့မျက်နှာထားကို ကြည့်ကာ စဉ်းစားသွား၏။ ထို့နောက် စကားမပြောရန် ဆုံးဖြတ်လိုက်ပြီး လက်ချောင်းကို အသာအယာ မြှောက်လိုက်သည်။ ချင်မူ့လည်ပင်းပေါ်ရှိ ကျောက်စိမ်းလည်ဆွဲကာ ဖြည်းဖြည်းချင်း မြောက်တက်လာပြီး သူ့လက်ဝါး‌ပေါ် ကျလာသည်။

ချော်ရည်ပူမြေအောက်ဘုံအရှင်သခင်က သူ၏ချိုကြီးမှ ရှည်လျားသော အတက်တစ်ခုကို နုတ်၍ ကျောက်စိမ်းလည်ဆွဲထဲသို့ စိုက်ချလိုက်သည်။ ချိုအတက်ကြီးက အထဲ နစ်မြုပ်သွားပြီး အစအနပင် ရှာမရအောင် ပျောက်ကွယ်သွား၏။

ကျောက်စိမ်းလည်ဆွဲမှ မီးစက်ကွင်းများ ဖြာထွက်လာကာ တဖြည်းဖြည်း လွင့်စင်ကျဲပါးသွားသည်။

ကျောက်စိမ်းလည်ဆွဲက ပျံတက်လာပြီး ချင်မူ့လည်ပင်းပေါ် ပြန်စွပ်သွားသည်။ သူက အင်္ကျီအောက်ထဲ ပို့ကာ ကိုယ်နှင့်မကွာ သိမ်းထားလိုက်၏။

ချော်ရည်ပူမြေအောက်ဘုံအရှင်သခင်က လက်ဝှေ့ယမ်းကာ ပြောသည်။ “ကျောက်စိမ်းလည်ဆွဲရဲ့ အခြေအနေကို မြင်ချင်လို့ ခေါ်လိုက်တာ... အခု တည်ငြိမ်သွားပြီဆိုတော့ သူ့ ပြန်ပို့လိုက်တော့... သူ သေမှ ကျန်တာတွေ ဆက်ပြောမယ်”

မရဏတမန်တော် အလျင်အမြန် ပြောလိုက်မိသည်။ “သေသွားရင် သူက...”

ချော်ရည်ပူမြေအောက်ဘုံအရှင်သခင် သူ့ကို စိုက်ကြည့်လိုက်၍ စကားမပြောရန် မိန့်ထားသည်ကို မရဏတမန်တော်မှာ သတိရသွား၏။ သူ့မှာ ပါးစပ်ထဲမှ ထွက်တော့မည့်စကားအား အလျင်အမြန် မြိုချလိုက်ရသည်။

ချော်ရည်ပူမြေအောက်ဘုံအရှင်သခင်၏ ခန္ဓာကိုယ်က ဝဲကဲ့သို့ လည်သွားပြီး သူ့အသံသည် ချော်ရည်ပူထဲမှ ထွက်လာ၏။ “တခြားသူတွေ မင်းရဲ့ ကျောက်စိမ်းလည်ဆွဲကို မထိစေနဲ့... အရာရှိမင်း ၊ မင်း သူ့ကို ပြန်လိုက်ပို့ရင် စကားမပြောမိဖို့ သတိထား”

“မြေအောက်ဘုံအရှင်သခင်၊ ကျွန်တော် အမေနဲ့ တွေ့ချင်လို့ ... တွေ့လို့ရမလား” ချင်မူ အလျင်အမြန် လှမ်းမေးလိုက်သည်။

မြေအောက်အရှင်သခင်က ပျောက်ကွယ်သွားချေပြီ။

ချင်မူမှာ ငေးငေးငိုင်ငိုင်ဖြင့် ကျန်ခဲ့သည်။ တခဏကြာသော် သူက ပြောလိုက်၏။ “အမေ့ကို တစ်ခါမှ မမြင်ဖူးလို့ တွေ့ချင်ရုံလေးပါ.... အရာရှိမင်း သူက ဘယ်လိုပုံစံလဲ သိလား”

မရဏတမန်တော်က စဉ်းစားပြီးသော် ခေါင်းညိတ်ပြသည်။

ချင်မူက မျှော်လင့်နေသောမျက်ဝန်းများဖြင့် သူ့ကို ကြည့်နေသည်။ မရဏတမန်တော်မှာ ဖြေရခက် မဖြေရခက် ဖြစ်နေတော့၏။ “မြေအောက်ဘုံအရှင်သခင်က မင်းကို စကားမပြောဖို့ အမိန့်ပေးထားတယ်”

“အရာရှိမင်း၊ ကျွန်တော့်အမေ အသက်ရှင်နေသေးလား” ချင်မူ စိတ်လှုပ်ရှားစွာ မေးလိုက်မိသည်။

မရဏတမန်တော်မှာ တခဏ တွန့်ဆုတ်နေသော်လည်း ချင်မူ၏မျက်ဝန်းများကို မြင်လျှင် ရင်ထဲ ထိသွား၍ ခေါင်းသာ ညိတ်ပြလိုက်သည်။ “မမေးနဲ့တော့ ငါ တကယ် စိတ်ညစ်နေပြီ... မြေအောက်ဘုံအရှင်သခင်ရဲ့ အမိန့်ကိုလည်း ချိုးဖောက်သလို ဖြစ်နေပြီ... သွားစို့၊ ထိုက်ဧကရာဇ်ကောင်းကင်ဘုံမှာ နေ့မရောက်သေးဘူး... ငါ မင်းကို သက်ရှိကမ္ဘာဆီ ပြန်ပို့ပေးမယ်”

ချင်မူ သူ့နောက်မှ လိုက်သွားပြီး လှေပေါ် တက်လိုက်သည်။ လမ်းတစ်လျှောက်လုံး စကားတစ်ခွန်းမှ မပြောပေ။

လှေလေးက တရွေ့ရွေ့ မျောလွင့်ရင်း မြေအောက်ဘုံအရှင်သခင်၏ ချိုများမှ ထွက်လာကာ အမှောင်ထုထဲသို့ ဝင်ရောက်လာ၏။

မြေအောက်ဘုံအရှင်သခင်၏ ခန္ဓာကိုယ်အစစ်က တုနှိုင်းမဲ့ ပြိုင်ဘက်ကင်းလောက်အောင် ကြီးမားပေသည်။ မည်မျှမြင့်မားမှန်း၊ မည်မျှကြီးမားမှန်း ချင်မူ မသိသော်လည်း လှေလေးမှာ အချိုးအကွေ့ကိုးသွယ် အဝါရောင်စမ်းချောင်းမှ ထွက်ခွာရန် အချိန်အတော်ယူလိုက်ရသည်။

မရဏတမန်တော်က ဘေးဘီဝဲယာဆီသို့ ကြည့်နေသည်။ တစ်ချက်တစ်ချက် မီးအိမ်မြှောက်ကာ ပတ်ဝန်းကျင်အား ကြည့်တတ်၏။ တခဏကြာသော် သူက အဝါရောင်အဆောင်စာရွက်တစ်ရွက်အား ချင်မူ့ထံ ပစ်ပေးပြီး ပြောသည်။ “မင်းကို ရှာနေတဲ့ကောင်တွေက ဒီအခွင့်အရေးကို လက်လွှတ်မှာမဟုတ်ဘူး... မင့်မျက်နှာပေါ် ဒီအဝါရောင်အဆောင်စာရွက် ကပ်ထားလိုက်... နတ်ဘုရားတွေ၊ မိစ္ဆာနတ်ဆိုးတွေ မင့်မျက်နှာကို မြင်ရမှာမဟုတ်တော့ဘူး... သူတို့ မြင်သမျှက အခု ငါ့ကို မင်းမြင်နေရသလို ဝေဝေဝါးဝါးပဲ ဖြစ်နေလိမ့်မယ်”

ချင်မူက အဝါရောင်အဆောင်စာရွက်ကို သူ့မျက်နှာပေါ် ကပ်ပြီး မလှုပ်ပေ။

“အပေါက်မဖောက်ဘူးပေါ့” မရဏတမန်‌တော်မှာ သိချင်စိတ်ဖြင့် လှမ်းမေးမိသည်။

ချင်မူက စိတ်မပါ့တပါ ဖြေလိုက်၏။ “စိတ်မဝင်စားဘူး”

“ဒီကောင်လေး စိတ်ကောက်နေတာပဲ”

ထိုအခိုက်အတန့်တွင် လှေလေ ရပ်သွားသည်။

မရဏတမန်တော်က အလျင်အမြန် ထရပ်ပြီး မီးအိမ်ကို မြှောက်ကာ မှင်သေသေ ပြောလိုက်သည်။ “အခုထိ လက်မလျှော့သေးဘူးလား”

“တျန်းချိကျွင်း ကျုပ်တို့ကို သက်ညှာပေးလို့ရမလား” အမှောင်ထုထဲမှ အသံတစ်သံ ထွက်လာသော်လည်း အသံများစွာ ပေါင်းစုနေသည်နှင့် တူသည်။ “ငါတို့ သူ့မျက်နှာနဲ့ သူ့နာမည်ကိုပဲ လိုတာပါ... သူ့အသက်ကို အခု မလိုချင်သေးပါဘူး”

“မင်းတို့ နှောင့်ယှက်တာ လွန်လွန်းပြီ... မြန်မြန် ပြန်ဆုတ်ကြ... ငါ့ကိုယ်အစစ် ရောက်လာရင် မင်းတို့ တစ္ဆေတောင် ဖြစ်ရမယ်မထင်နဲ့” မရဏတမန်တော်က အေးစက်စက် ပြောလိုက်၏။

လှေပေါ်တွင် ချင်မူက မှော်ဆရာနတ်ဘုရားခွေ့ဆီမှ ယူထားသည့် သေခြင်းရှင်ခြင်းစာအုပ်အား ခိုးကြောင်ခိုးဝှက် ထုတ်ကာ အမှောင်ထုဆီ လှမ်းချိန်လိုက်သည်။ စာရွက်ပေါ်၌ နာမည်ပေါ်လာသည့်အခါ သူ တုန်ရီသွားမိသည်။

“ဟီးဟီးဟီး မင်းက ကစားပွဲစလိုက်ပြီပဲ...” ထူးဆန်းသောအသံက လျင်မြန်စွာ အဝေးရောက်သွား၏။

မရဏတမန်တော် ‌ခေါင်းလှည့်ကြည့်သည့်အခါ ချင်မူ့လက်ထဲရှိ သေခြင်းရှင်ခြင်းစာအုပ်ကို မြင်သွားပြီး သက်ပြင်းချလိုက်မိသည်။ “အခု သူ့ရဲ့သရုပ်မှန်ကို မင်း သိသွားသလို၊ မင့်သရုပ်မှန်ကိုလည်း သူ သိသွားပြီ... မင်း သုံးလိုက်တာက ကောင်းကင်နတ်ဘုံရဲ့ သေခြင်းရှင်ခြင်းစာအုပ်ပဲ... အဲဒီလိုစာအုပ်မျိုး များများစားစား မရှိဘူး... သူ မင်းကို မကြာခင် လာရှာလိမ့်မယ်.... ကိုယ့်ကိုယ်ကို ဂရုစိုက်တော့”

ချင်မူ မှင်သက်သွားသည်။ ထိုအခါမှ မည်သည့်ကစားပွဲမှန်း သူ သဘောပေါက်သွားချေပြီ။

၎

င

၎

၎

All Chapters