လင်းဖန်၊ ပါးချခံချင်လို့လား
Vol. 19 Ch. 271
ညနေခင်း နေဝင်စပြုနေပြီဖြစ်သည်။
လင်းဖန်က စီအီးအိုမာကို ဆက်သွယ်ပြီး ဟော်မိသားစုကို အလဲထိုးဖို့ ပြင်နေစဥ်မှာပင် ဟော်ရှင်းယုက သူ့ကိုတောင်းပန်သည့် ဗီဒီယိုတစ်ပုဒ် ပို့လာခဲ့သည်။
ဗီဒီယိုထဲမှာ လင်းဖန်ကို တောင်းပန်နေတာ ဟော်ရှင်းယုကိုယ်တိုင်ပဲ ဖြစ်ပါသည်။
ဟော်ရှင်းယုအပြင် ဆေးရုံရောက်နေသည့် ဟော်ထျန်းကပါ လင်းဖန်ကို တောင်းပန်လိုက်သည်။
ဘာကြောင့်မှန်းမသိဘဲ ဟော်ထျန်း၏ တတိယ ခြေထောက်ပါ ပက်တီးစည်းခံထားရသည်။
ဘာကြောင့်မှန်း မသေချာသော်လည်း ဟော်မိသားစု၏ ရုတ်တရက် တောင်းပန်မှုက လင်းဖန်ကို အံ့အားသင့်သွားစေသည်။
မဟုတ်မှလွဲရော စီအီးအိုမာက အရင်ဦးအောင် လှုပ်ရှားလိုက်တာများလား။
ဒါမှ မဟုတ်တခြား အကြောင်းအရင်း ရှိနေမလား။ လင်းဖန် မသေချာပါ။
နောက်ဆုံးရသတင်းကို မြင်လိုက်သောအခါ ယွမ်ချမ့်နဲ့ ယန်ရှုတို့လည်း တုန်လှုပ်သွားကြပါသည်။
"ညီလေးလင်း မင်းသိပြီးပြီလား။ တစ်ရက်တည်းနဲ့ ဟွေ့ကော်ပိုရေးရှင််းရဲ့ ရှယ်ယာတန်ဖိုးက ၁၀ ရာခိုင်နှုန်း ကျသွားတာ။ သူတို့ စျေးကွက်တန်ဖိုး ၁၀ ဘီလီယံ ဆုံးရှုံးသွားတယ်"
"ကြောက်ဖို့ ကောင်းလိုက်တာ။ ဒီလိုတိုက်ချက်မျိုးက ကာစီနိုတစ်ခုထဲက အသေးစား တိုက်ပွဲလို မဟုတ်တော့ဘူး"
"ဟော်ကော်ပိုရေးရှင်း ဒီလောက် ထိချက်ပြင်းပြင်းထိထားတာ အချိန်အတော်ကြာတဲ့အထိ ၁၀၀ ဘီလီယံ တန်ကြေးရှိတဲ့ ကုမ္ပဏီ ပြန်ဖြစ်နိုင်တော့မှာ မဟုတ်ဘူး။ ဘယ်ဘော့စ်ကြီးကများ လှုပ်ရှားလိုက်တာလဲ။”
လင်းဖန်က ပြုံးလိုက်သည်။ ဒီလိုအခြေအနေမျိုးဖြစ်လာတော့ စီအီးအိုမာ လှုပ်ရှားလိုက်တာပဲ ဖြစ်နိုင်ပါသည်။
ဒီလိုသာဆို စီအီးအိုမာကို ကျေးဇူးတင်ရမည်။
ယွမ်ဟန် နည်းပညာထဲက ထွက်လာတော့ ညနေစောင်းနေပါပြီ။
နေဝင်ဆည်းဆာ အလင်းတန်းက ယွမ်ဟန်နည်းပညာ အပြင်ဘက်ရှိ ရေကန်ငယ်လေးတစ်ခုပေါ်ကို ကျရောက်လို့နေသည်။
သစ်ပင်များက စိမ်းစိုနေပြီး လှပလွန်းပါသည်။
လင်းဖန် လှမ်းကြည့်လိုက်ရာ သစ်ပင်ဘေးမှာ ကောင်မလေး တစ်ယောက် ထိုင်နေတာကို မြင်လိုက်ရသည်။
ကောင်မလေးက သစ်ပင်များ၏ အရိပ်အောက်က ထိုင်ခုံရှည်တစ်ခုပေါ်မှာ ထိုင်နေသည်။
အဖြူရောင် စကတ်တိုတိုလေးကို ဝတ်ဆင်ထားပြီး ဖြူဖြူသွယ်သွယ် ခြေတံလေးတွေကိုလည်း ပိုင်ဆိုင်ထားပါသေးသည်။ သူမ၏ ခြေဖနောင့်များက စူးရှပြီး သူမ၏ ခြေချောင်းလေးများက မကြာခဏ ထိတွေ့နေသည်။ သူမ၏ ခြေသလုံးများက နူးညံ့စွာ ယိမ်းနွဲ့နေပြီး ဖြူဖွေးလွန်းသဖြင့် တောက်ပနေပါသည်။
နေဝင်ဆည်းဆာက သူမကို ဘေးဘက်မှ မီးမောင်းထိုးပြနေသလိုပင်။ သူမ၏ ဆံနွယ်နဲ့ စကတ်က လူတစ်ယောက်ရဲ့ နှလုံးသားကို ကျီစယ်နေသဖွယ် လေထဲမှာ ယိမ်းနွဲ့နေပါသည်။ သူမက သိမ်မွေ့သည်။ တိတ်ဆိတ်ပြီး လှပသည်။ သန့်စင်ပြီး နူးညံ့လွန်းပါသည်။
အရင်တုန်းကနဲ့ သူမ ပုံစံက ခြားနားနေသည်။ သူမက အရင်တုန်းကလောက် ချစ်ဖို့မကောင်းတော့ဘဲ သန့်စင်ပြီး အပြစ်ကင်းသည့် မိန်းကလေးတစ်ယောက်သဖွယ် ဖြစ်သွားပါပြီ။ သူမ အသက် ၂၀ အရွယ်မှာတောင် မရင့်ကျက်သေးသည့် အသက် ၁၈ နှစ်အရွယ်တစ်ယောက်လို ထင်နေရဆဲ ဖြစ်သည်။
လင်းဖန် လာနေတာကို အဝေးကမြင်လိုက်တော့ ထိုကောင်မလေး၏ နှုတ်ခမ်းများ ကွေးသွားပြီး အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။
"ဆရာရေ~" စုရှောင်းယွီ ခေါ်လိုက်ပါသည်။ သူမ၏ အသံလေးက နူးညံ့ပြီး ချိုမြိန်လွန်းသည်။
"ဘာလို့ ဒီကိုလာခဲ့တာလဲ" လင်းဖန်က ပြုံးပြီး စုရှောင်းယွီဘေးကို လျှောက်သွားလိုက်လေသည်။
"အွန်း... ဒီတိုင်း လမ်းကြုံလို့ပါ" စုရှောင်းယွီက မတ်တပ်ရပ်ပြီး လက်ကို ကျောနောက်ပစ်လိုက်သည်။ သူမ ခေါင်းကို ဘေးဘက်သို့ ယိမ်းကာ ပြုံးလိုက်ပါသည်။
"ဟော်မိသားစုကို ပြဿနာရှာဖို့ နင့်အဖေကို အကူအညီတောင်းလိုက်သေးလား" လင်းဖန်က တောက်တောက်ပပ ပြုံးကာ မေးလိုက်သည်။
"ဆရာက အရမ်းဉာဏ်ကောင်းတာပဲနော်~" စုရှောင်းယွီက ခေါင်းငြိမ့်၏။
သူမ ဒီလောက်တော်မှန်း လင်းဖန် မသိခဲ့ပါ။ သူမ အဖေက ကမ္ဘာ့အချမ်းသာဆုံးလူဖြစ်မှန်းသာ သိခဲ့ပါသည်။ စုရှောင်းယွီရဲ့အဖေသာလျှင် ဟော်ကော်ပိုရေးရှင်းရဲ့ ရှယ်ယာစျေးကွက်ကို တစ်ရက်အတွင်း ၁၀ ရာခိုင်နှုန်း လျော့ကျသွားအောင် လုပ်နိုင်ပါသည်။
"ပြီးတော့ လမ်းကြုံလို့ဆိုတဲ့ စကားမျိုးတွေနဲ့ ကိုယ့်ဆရာကိုယ် မလိမ်နဲ့ ကြားလား။ နင့်ဆရာက လိမ်ရလွယ်တဲ့ လူနဲ့ တူနေလို့လား"
"ကားထဲဝင်။ အိမ်ပြန်ရောက်ရင် အရသာ ရှိတာတွေ ချက်ကျွေးမယ်" လင်းဖန်က စုရှောင်းယွီကို ခေါင်းခေါက်လိုက်ပါသည်။
"အာဝူး ဆရာ ငါ့ကို အနိုင်ကျင့်နေတယ်" စုရှောင်းယွီ သူမခေါင်းကို ကိုင်လိုက်ပြီး လင်းဖန်၏ နောက်ကျောကို အူမြူးသောအပြုံးဖြင့် ကြည့်လိုက်သည်။
လင်းဖန်၏ နောက်ကျောကို ကြည့်ရင်း စုရှောင်းယွီ အရူးတစ်ယောက်လို ပြုံးနေမိပါသည်။
သူမ ဒီလောက် လှလှပပ ဝတ်ဆင်တာမျိုး ရှားပါသည်။ မိန်းကလေးတွေက သူများတွေ စိတ်ကျေနပ်ဖို့အတွက်နဲ့ ဘယ်တော့မှ အဝတ်အစားကို မရွေးပါ။
သို့သော်လည်း ဒီနေ့ ၁ နာရီလောက် လှလှပပ ဝတ်ဆင်ခဲ့ရသော်လည်း လင်းဖန်၏ အကြည့်က သူမအပေါ်မှာ မိနစ်ဝက်လောက်တောင် မကြာခဲ့ပါ။
လင်းဖန်အတွက် ဒီလောက်လုပ်ပေးဖို့ တန်ရဲ့လား။
စုရှောင်းယွီ သူမ၏ မျက်လုံးလှလှလေးများဖြင့် ကောင်းကင်ကြီးကို မော့ကြည့်လိုက်သည်။ သူမနှုတ်ခမ်းထက်က အပြုံးက ထိုမေးခွန်းရဲ့ အဖြေပဲဖြစ်ပါသည်။
သူမ ဘာမှ မလိုချင်ပါ။
သူမ ခေါင်းကို ခေါက်နေရင်ပဲ စုရှောင်းယွီ အချိန်အကြာကြီး ပျော်နေမိပါသည်။
တချို့အရာတွေကို ငွေနဲ့ တိုင်းတာလို့ မရပေ။
ကမ္ဘာပေါ်မှာ တန်ရဲ့လား မတန်ဘူးလားဆိုတာမျိုး ဘယ်အရာမှ မရှိပါ။
ကိုယ့်မှာ ဆန္ဒရှိမရှိ ပေါ်မှာပဲ မူတည်ပါသည်။
"ဘာလို့ ကားထဲ မဝင်သေးတာလဲ" လင်းဖန်က မေးလိုက်၏။
"သြော် ~ လာပြီ" စုရှောင်းယွီ ခေါင်းငြိမ့်လိုက်ပြီး ခပ်မြန်မြန်ပြေးသွားလိုက်သည်။
စုရှောင်းယွီတောင် ဒီလိုဖြစ်လာဖို့ မျှော်လင့်မထားပေ။
မိန်းကလေးတစ်ယောက်က ဘယ်လောက်ပဲ ထက်မြက်နေပါစေ တစ်ခါတစ်လေ အလွန် ရူးသွပ်နိုင်ပါသေးသည်။
လင်းဖန်ကား၏ အရှေ့ခုံမှာထိုင်ရင်း စုရှောင်းယွီ သူမ၏ ခြေထောက်များကို ယဥ်ကျေးစွာ နေရာချလိုက်ပါသည်။
အရှေ့ခုံမှာ ထိုင်နေသူက ခြေတံဖြူဖြူ သွယ်သွယ်နဲ့ မိန်းမလှလေးတစ်ယောက်ဖြစ်သည်။ ဘယ်သူမှ သူမကို မကြည့်ဘဲ မနေနိုင်ပါ။
သို့သော်လည်း လင်းဖန်ကတော့ ခြားနားပါသည်။
လမ်းတစ်လျှောက်လုံး စကားပြော ရယ်မောကြရင်း အိမ်ပြန်လာကြသည်။
သူ့အိမ်ကို ပြန်ရောက်လာတော့ ကောင်မလေး တစ်ယောက်က ပန်းပင် ရေလောင်းနေသည်။
သူမက ရိုးရိုးရှင်းရှင်း အဝတ်အစားများကို ဝတ်ဆင်ထားသော်လည်း အလွန်ရိုးရှင်းကာ၊ အပြစ်ကင်းစင်ပြီး ချစ်ဖို့ကောင်းပါသည်။
ထိုကောင်မလေးကို မြင်လိုက်ရသည့်အခခါ လင်းဖန် ပျော်ရွှင်စွာ ပြုံးလိုက်ပါသည်။
အချိန်အကြာကြီး ခြေကုန်လက်ပမ်းကျခဲ့ရပြီးနောက် အားလုံး ပြေလည်သွားခဲ့ပြီ။
အရေးအကြီးဆုံးက ယခု ရှားဝမ်ချွေ့ထက် သူ့မှာ ပိုက်ဆံပိုများနေပါပြီ။
လင်းဖန်အကောင့်ထဲမှာ ယွမ် သန်း ၆၀၀ ရှိနေပါပြီ။
အနာဂတ်တွင် ရှားဝမ်ချွေ့ထက် အသာစီးရနိုင်တော့မည်။ အစကတည်းက နိုင်ကိုနိုင်မှ ဖြစ်မည်ဟူသော စိတ်မျိုးဖြင့် နှစ်ဝက် အလောင်းအစားကို လုပ်ခဲ့သည်။
အဓိက အချက်က ရှားဝမ်ချွေ့ မလုံမခြုံ ဝတ်ဆင်ထားခြင်းပင်။
နှလုံးသားရေကန်ဗီလာနားမှာ ဘယ်သူမှ မရှိသလောက်ဖြစ်သော်လည်း ရှုခင်းက အလွန်လှပသည်။
ရှားဝမ်ချွေ့က လက်ပြတ်ခါးတို အင်္ကျီတစ်ထည်ကို ဝတ်ဆင်ထားသည်။ သူမ၏ ခြေတံသွယ်သွယ်ကိုလည်း မြင်ရပါသည်။
ရှားဝမ်ချွေ့က ၁၆၇ စင်တီမီတာ အရပ်ရှည်ပြီး စုရှောင်းယွီက ၁၆၄ စင်တီမီတာ အရပ်ရှည်သည်။ တစ်နည်းအားဖြင့် ရှားဝမ်ချွေ့၏ ကိုယ်လုံးကိုယ်ပေါက်က စုရှောင်းယွီထက်ပင် ပိုလှပပါသေးသည်။
လင်းဖန်က တခြား ကောင်မလေးများ၏ ခြေတံသွယ်သွယ်များကို ကြည့်ရမှာ ရှက်သော်လည်း သူ့မိန်းမရဲ့ ခြေတံသွယ်သွယ်ကို ကြည့်ရတာတော့ ပြဿနာ မရှိပါ။
လင်းဖန် စိတ်ဆိုးသွားပြီး ရှားဝမ်ချွေ့ရှေ့ကို လျှောက်သွားလိုက်ပါသည်။
"မြောင် မြောင်" ရှားဝမ်ချွေ့က ရေဖြန်းဗူးးကို ကိုင်ထားပြီး လင်းဖန်ကိုကြည့်ကာ ချစ်စရာ အပြုအမူလေး လုပ်ပြလိုက်ပါသည်။
သူမနောက်ကွယ်က ပန်းပွင့်တွေနဲ့ အပင်တွေကော၊ လှပသည့် နေဝင်ဆည်းဆာကြီးကော သူမ ဘေးနားမှာရှိသမျှ အရာအားလုံး ပျောက်ကွယ်သွားပါသည်။
သူ့မျက်လုံးထဲမှာ ရှားဝမ်ချွေ့သာရှိသည်။
ခေါင်းအစ ခြေအဆုံး လင်းဖန် သူမကို စေ့စေ့ ကြည့်လိုက်၏။ သူ့အကြည့်များက ရှားဝမ်ချွေ့ရဲ့ ခြေတံသွယ်သွယ် အနားမှာ စက္ကန့်ပိုင်းလောက် ရပ်တန့်သွားသည်။
လင်းဖန် စိတ်ဆိုးနေပါသည်။ သူမ အိမ်မှာ ပန်းပင်ရေလောင်းနေရင်တောင် ဒီလိုအဝတ်အစားမျိုးတွေ ဝတ်လို့ မရပါ။
သူမြင်တာ ကိစ္စမရှိသော်လည်း တခြားယောက်ျားတွေသာ မြင်သွားပါက လင်းဖန်ကို အလွန် မပျော်မရွှင် ဖြစ်သွားစေနိုင်ပါသည်
ရှားဝမ်ချွေ့ကို စိတ်ဆိုးစွာ ဆူငေါက်လိုက်ချင်သော်လည်း ရှားဝမ်ချွေ့၏ ကြောင်လေးလို အော်သံကို ကြားပြီးနောက် လင်းဖန် စိတ်ဆိုးချင်တောင် မဆိုးနိုင်တော့ပါ။
"ချွေ့ချွေ့ အိမ်မှာနေရင်တောင် နင်အောက်ခံဘောင်းဘီ ဝတ်ရမယ် ကြားလား" လင်းဖန်က ပြောလိုက်သည်။
ရှားဝမ်ချွေ့၏ ခြေတံသွယ်သွယ်များကိုကြည့်ရင်း သူမ ဒီလိုဝတ်ဆင်ထားတာ မသင့်တော်ဘူးဟု ခံစားမိပါသည်။
“...” ရှားဝမ်ချွေ့။
“...” စုရှောင်းယွီ။
ကောင်မလေးနှစ်ယောက် လင်းဖန်ကို တုန်လှုပ်စွာ ကြည့်လိုက်ပါသည်။
တကယ်တော့ ယုတ္တိရှိရှိ ကြည့်လိုက်လျှင် စုရှောင်းယွီမှာလည်း ခြေတံသွယ်သွယ်များ ရှိပါသည်။
ရှားဝမ်ချွေ့ရှက်သွေးဖြာသွားသည်။ "အမှိုက်ကောင် အီးကျူနိမ့်တဲ့ အမှိုက်ကောင်။ နင်ကမှ အောက်ခံဘောင်းဘီ မဝတ်တဲ့ကောင်"
လင်းဖန် အတည်ပြောခြင်း ဖြစ်သည်။ သူ မမှားနိုင်ပါ။
လင်းဖန် ဘေးပတ်လည်ကို ဝေ့ကြည့်လိုက်၏။ တခြား ဘယ်သူမှ မရှိတာကို အတည်ပြုပြီးနောက် ရှားဝမ်ချွေ့၏ စကတ်ကို မလိုက်ပါသည်။
စုရှောင်းယွီ၏ စကတ်ကို မဖို့က မဖြစ်နိုင်မှန်း သိသာပါသည်။ စုရှောင်းယွီက သူ့ကို ဒီလိုလုပ်ခွင့်ပြုပါ့မလား။
သို့သော်လည်း ကြောင်မလေး၏ စကတ်ကို မတာတော့ ပြဿနာ မရှိနိုင်ပါဓ။ အလွန်ဆုံး ၂ ချက်လောက် အကိုက်ခံရရုံသာ ရှိသည်။
မကြည့်လိုက်သောအခါ ဂျင်းဘောင်းဘီကို လင်းဖန် မြင်လိုက်ရပါသည်။
သူမ တကယ်ဝတ်ထားပါသည်။
"မသာကောင် လင်းဖန်။ နင် တကယ် ပါးချခံချင်နေတာပဲ" ရှားဝမ်ချွေ့မျက်နှာ ပို၍ပင် နီရဲသွားပါသည်။ သူမ ရေပန်းကရားကို ကိုင်လိုက်ပြီး လင်းဖန်ကို ရေနဲ့ ပက်လိုက်ပါသည်။ သူမ၏ ကောင်လေးဖြစ်နေရင်တောင် ဒီလို အနိုင်ကျင့်ခွင့် မပြုနိုင်ပါ။