ငါမအောင်မြင်ဘူးလား
Vol. 19 Ch. 273
"ငါ့ကိုလာနောက်နေတာလား မေပေး စနစ်" လင်းဖန် စိတ်ပျက်လက်ပျက် ပြောလိုက်ပါသည်။
အစကတော့ တစ်နေ့တာ မစ်ရှင်မှ သန်း ၃၀၀ တန် Tomsom Riviera ဗီလာကြီးကို အလွယ်တကူ ရနိုင်လိမ့်မည်ဟု ထင်ခဲ့မိသည်။
နောက်ဆုံးတော့ စနစ်၏ မစ်ရှင်က လင်းဖန်ကို ကြက်သီးတောင် ထသွားစေပါသည်။
ဒီလိုမစ်ရှင်ကို အောင်နိုင်ဖို့ လင်းဖန်အတွက် ခက်ခဲလွန်း၏။
သို့သော်လည်း စနစ်က ဆက်သွယ်မှုမလုပ်တတ်ဘဲ လင်းဖန်၏ အထွန့်တက်မှုများကို မတုန့်ပြန်တတ်ပေ။
တစ်လအတွင်း မစ်ရှင်ကိုမအောင်မြင်ဘဲ စာအိတ်နီကို မယူနိုင်ပါက စနစ်ပြောတာ တကယ်ဖြစ်လာနိုင်သညည်။
တစ်သက်လုံး လူညွန့်တုံးသွားမှာကို ဘယ်သူက ခံနိုင်ရည်ရှိမည်နည်း။
ရှားဝမ်ချွေ့နဲ့ သူမ ရင်ဘတ်ပေါ်က စာအိတ်နီကို ကြည့်ရင်း လင်းဖန် ရင်ခုန်လာသည်။
အရေးအကြီးဆုံးက စာအိတ်နီပဲ ဖြစ်သည်။
သန်း ၃၀၀ တန် စာအိတ်ဖြစ်၏။ Tomson Rivierea ဗီလာများ၏ တန်ဖိုးကို ၎င်းတို့၏ သန်း ၃၀၀ စျေးနဲ့ပဲ ဆုံးဖြတ်လို့ မရပါ။
အဘယ့်ကြောင့်ဆိုသော် ထိုနေရာက ဗီလာအားလုံးက အဖိုးမဖြတ်နိုင်သောကြောင့်ဖြစ်ပါသည်။
ယွမ် သန်း ၃၀၀ ရှိရင်တောင် Tomson Rivierea ဗီလာကို မဝယ်နိုင်လောက်ပါ။
ရှားဝမ်ချွေ့က အဝတ်အစားလဲပြီးပြီဖြစ်ပြီး လှပလို့နေပါသည်။ အထူးသဖြင့် စုရှောင်းယွီနဲ့ ဆန့်ကျင်ဘက်ဖြစ်သော သူမ၏ ရင်ဘတ် ဖြစ်သည်။
စုရှောင်းယွီ၏ ခန္ဓာကိုယ်က A အဆင့်ဆို ရှားဝမ်ချွေ့ရဲ့ ခန္ဓာကိုယ်က SSS အဆင့် ရှိသည်။
လင်းဖန် ပြန်စဥ်းစားကြည့်လိုက်ပြီး ရှားဝမ်ချွေ့၏ ရှေ့ကို လျှောက်သွားလိုက်ပါသည်။
"မြောင် မြောင်" ရှားဝမ်ချွေ့ လင်းဖန်ကို သူမ၏ မျက်လုံးလှလှလေးများဖြင့် ကြည့်လိုက်သည်။
"မိန်းမရေ ကိုယ်ပြောစရာရှိလို့"
"ဒီပေါ်မှာ... ပိုးကောင်တစ်ကောင်တွေ့တယ်။ ရိုက်လိုက်ရမလား" လင်းဖန် အလွန်ခွကျသည့် အကြောင်းပြချက်ကို ပေးလိုက်ပါသည်။
ရှားဝမ်ချွေ့ ထိုစကားကိုကြားတော့ မျက်နှာ နီရဲသွားပြီး လင်းဖန်ကို စိတ်ဆိုးစွာ စိုက်ကြည့်လိုက်ပါသည်။
"မသာကောင် လင်းဖန် နှာဘူး နှာဘူး"
"ငါ့ကို အနိုင်ကျင့်ချင်ရင်တောင် အဲ့လို ဆင်ခြေမျိုးနဲ့ မရဘူး" ရှားဝမ်ချွေ့ မျက်နှာ နီရဲစွာဖြင့် နောက်လှည့်သွားပါသည်။
"ငါဆင်ခြေပေးနေတာ မဟုတ်ပါဘူး။ ဒီတိုင်း ငါ့မိန်းမက လှလွန်းလို့..." လင်းဖန်က ရှင်းပြဖို့ ပြင်လိုက်သည်
ရှားဝမ်ချွေ့က အလွန်စိတ်ဆိုးနေပါသည်။ သူမ လင်းဖန်ကို ပြန်လှည့်ကြည့်လိုက်သည်။
"ဟွန်း အဲ့တာမျိုး ထပ်မပြောရင် ခွင့်လွှတ်ပေးလိုက်မယ်။ ဒါမျိုးတွေက... လက်ထပ်ပြီးမှ ရမှာ။ လက်မထပ်ရသေးခင် ဘာမှ မလုပ်ရဘူး"
ရှားဝမ်ချွေ့၏ နောက်ကျောကို ကြည့်ရင်း လင်းဖန် သက်ပြင်းချလိုက်ပါသည်။
ထင်ထားတဲ့အတိုင်းပဲ သူအငြင်းခံလိုက်ရသည်။
ခရီးလမ်းက အရှည်ကြီး လိုနေပါသေးသည်။
သူနဲ့ ရှားဝမ်ချွေ့တို့ရဲ့ ဆက်ဆံရေးက အလွန်ကောင်းမွန်သော်လည်း သူမက ဣန္ဒြေရှိသော မိန်းကလေးတစ်ယောက်ဖြစ်၏။
လင်းဖန် ရွေးချယ်စရာ မရှိတော့ပါ။ သူမကို အတင်းခိုင်းလို့လည်း မရပါ။
ရှားဝမ်ချွေ့ သူ့ကိုခုနက မြင်တာတောင် ရှက်သွေးဖြာနေပါပြီ။ သူမက အလွန်သန့်စင်ပြီး လှပကာ အလွန်ရှေးရိုးစွဲလည်း ဆန်ပါသည်။
မိန်းကလေးတစ်ယောက်အတွက် အရေးကြီးဆုံးအရာကို အိမ်ထောင်ပြုပြီးမှ အချစ်ဆုံးလူအား ပေးအပ်သင့်သည်။
လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့က ချစ်သူတွေ ဖြစ်နေကြပြီဖြစ်သော်လည်း သူတို့ အကြင်နာပေးခဲ့သည့် အကြိမ်အရေအတွက်က လက်တစ်ဖက်တည်းနဲ့ ရေတွက်လို့ ရပါသည်။
သူတို့ လက်ကိုင်နိုင်တာတောင် ကံကောင်းလှပါပြီ။
သူတို့ ပွေ့ဖက်ချင်ပါက အခြေအနေနဲ့ အချိန်အခါမှန်မှ ရမည်။
သူ ကောင်မလေး ရပြီးသား ဖြစ်သော်လည်း သူ့ဘဝကြီးက သနားဖို့ကောင်းနေဆဲပင်။
နေ့တိုင်း အိမ်မှာ ရှားဝမ်ချွေ့ရဲ့ ခြေတံသွယ်သွယ်လေးတွေကို ကြည့်ရသည်။ ကြည့်သာ ကြည့်နိုင်ပြီး ထိတွေ့လို့ မရပေ။
မဟုတ်ပါက ရှားဝမ်ချွေ့ တကယ်စိတ်ဆိုးသွားပြီး လင်းဖန်ကို ရက်အနည်းငယ် မခေါ်တော့ဘဲ နေလိမ့်မည်။
လင်းဖန်က ဒီလို တောင်းဆိုချက်မျိုး ရှားဝမ်ချွေ့ကို ပြောလိုက်သဖြင့် ဘာမှ ပြောဖို့တောင် မလိုတော့ပါ။
ကံကောင်းစွာဖြင့် ရှားဝမ်ချွေ့က လင်းဖန်၏ ကောင်မလေးဖြစ်သည်။ ထို့ကြောင့် လင်းဖန် ပြောတာ ဘာမှမဖြစ်ပေ။ ရှားဝမ်ချွေ့ရှက်သွေးသာ ဖြာသွားပြီး လင်းဖန်ကို တကယ် ပါးမချပါ။
မယုံပါက လမ်းမပေါ်ထွက်ပြီး တွေ့ရာကောင်မလေးတစ်ယောက်ကို ဒီလိုပြောဖို့ ကြိုးစားကြည့်နိုင်သည်။ အကျိုးဆက်တွေ ဘယ်လိုဖြစ်လာမလဲ စမ်းကြည့်နိုင်ပါသည်။
စာအိတ်နီက ဘာလို့ ဒီလိုနေရာမျိုးမှာမှ ပေါ်လာရတာလဲ။
လင်းဖန် ကုတင်ပေါ် လှဲလျောင်းလိုက်ပြီး သက်ပြင်းချလိုက်ပါသည်။
ကံကောင်းစွာဖြင့် သူ့မှာ အချိန် ၁ လ ရှိသည်။
ဒီတစ်ခေါက် သူ ကျရှုံးသွားပါက နောက်ထပ် အခွင့်အရေးရှာလို့ ရပါသေးသည်။
သူ တကယ် မအောင်နိုင်လျှင် တစ်သက်လုံး သူ့ပျော်ရွှင်မှုလေး ပျောက်ကွယ်သွားရတော့မည်။
အရေးအကြီးဆုံးက စနစ်တည်ရှိမှုအကြောင်း ရှားဝမ်ချွေ့ကို လင်းဖန် အသိပေးလို့ မရပါ။ မဟုတ်ပါက မစ်ရှင်ကျရှုံးသွားသလိုဖြစ်ကာ အပြစ်ဒဏ်က အလွန်ပြင်းထန်ပါလိမ့်မည်။
"ဆရာ ဘာဖြစ်လို့လဲ" စုရှောင်းယွီက လင်းဖန် ဘေးကို ပြေးလာပါသည်။
"အစ်မဝမ်ချွေ့ကို အဲ့လိုတောင်းဆိုချက်မျိုးလုပ်တာ ဆရာတော်တော်ဆိုးတာပဲ။” စုရှောင်းယွီက လျှာထုတ်ပြလိုက်ပြီး လက်ထဲမှာလည်း ငှက်ပျောသီးကိုင်ထားသည်။
"နင်က ကလေးလိုပဲ။ ဘယ်လို သာမန်မိန်းကလေးမျိုးက အဲ့လိုတောင်းဆိုချက်မျိုးကို လိုက်လျောမှာလဲ" စုရှောင်းယွီ၏ ပါးပြင်များ အနည်းငယ် ပန်းရောင်သန်းနေပါသည်။
သူမ ခုနက အရာအားလုံးကို ကြားခဲ့သည်။
"ငါက ဘယ်လိုလုပ် လူဆိုးဖြစ်သွားတာလဲ။ ကလေးတွေ နားမလည်ပါဘူး။ သွားစမ်းပါ" လင်းဖန်က လက်ရမ်းပြလိုက်ပြီး ပြောလိုက်ပါသည်။
"ဟုတ်ပါတယ် ဟုတ်ပါတယ်။ ငါနားမလည်ပါဘူး..." စုရှောင်းယွီ လှည့်ထွက်သွားသည်။ လင်းဖန်ကို စေတနာနဲ့ ဘယ်လိုလုပ်ရမလဲ ပြောပြဖို့ စီစဥ်ထားသော်လည်း လင်းဖန်က စိတ်ဝင်စားပုံမပေါ်ပါ။
ဒီလိုနဲ့ တစ်နေ့တာ ကုန်ဆုံးသွားခဲ့သည်။
နောက်တစ်နေ့ရောက်တော့ လင်းဖန်၏ ဇာတ်ညွှန်းနှစ်ပုဒ်ဖြစ်သော ဘဝရဲ့ပျော်ရွှင်မှု Season 2 နဲ့ ဓားနှင့်နတ်သမီးဒဏ္ဍာရီ Season 3 တို့ ပြီးဆုံးသွားပါပြီ။
ဒီတစ်ခေါက် "ဘဝရဲ့ပျော်ရွှင်မှု" Season 2 က ဇာတ်လမ်းတစ်ခုလုံးကို ခမ်းနားသည့် အဆုံးသတ်သို့ ခေါ်ဆောင်လာပေးခဲ့ပါပြီ။
Season 2 တွင် ဇာတ်လမ်း အတက်အကျများက ပိုပြီး ထင်ရှားလာသည်။ သရုပ်ဆောင် အားလုံး၏ စရိုက်ကိုလည်း တကယ် မြင်သာစေပါလိမ့်မည်။
ဓားနှင့်နတ်သမီးဒဏ္ဍာရီ Season 3 က Season 1 လောက် ဝမ်းနည်းဖို့မကောင်းပါ။ သို့သော်လည်း ဇာတ်လမ်းထဲမှာ ရင်နာစရာ နေရာတွေ အများကြီး ပါဝင်နေပါသေးသည်။
အမှန်ပင်။ ဇာတ်လိုက်မင်းသားနဲ့ မင်းသမီးတို့၏ ခံစားချက်ပြင်းပြသည့် ဇာတ်ဝင်ခန်းများက အဆုံးသတ်မှာ အလွန်ချိုမြိန်ပါသည်။
ဇာတ်ညွှန်း ၂ ပုဒ်စလုံးကို တစ်ပြိုင်တည်း အဆုံးသတ်ပြီးသွားသောအခါ လင်းဖန် စိတ်အေးလက်အေး သက်ပြင်းချလိုက်ပါသည်။
ကိစ္စများစွာ ဖြစ်ပျက်ခဲ့သဖြင့် သူ့ဇာတ်ညွှန်းများ၏ ပြီးမြောက်မှုအပေါ် သက်ရောက်မှု ရှိခဲ့ပါသည်။
ယခု ဇာတ်ညွှန်းတွေ နောက်ဆုံးတော့ ပြီးဆုံးသွားလေပြီ။
ဒီဇာတ်ညွှန်း ၂ ပုဒ်ကို စျေးကောင်းကောင်းနဲ့တောင် ရောင်းလို့ရနိုင်ပါသည်။
ယနေ့ စုရှောင်းယွီနဲ့ ရှားဝမ်ချွေ့တို့ အလုပ်လုပ်ဖို့ ရုံးသွားရသည်။
စုရှောင်းယွီက ယွဲ့ဟွာမှာ အလုပ်မလုပ်တော့သော်လည်း ရိုက်ကူးရေးတာ့ အတူတူလုပ်ရပါသည်။
လင်းဖန် ထွက်ဖို့ ပြင်လိုက်စဥ် ကောင်မလေး တစ်ယောက် သူ့တံခါးဝသို့ ရောက်ရှိလာသည်။
ထိုကောင်မလေး၏ မျက်လုံးများက ခိုကိုးရာမဲ့နေပြီး နီရဲနေပါသည်။
လုံခြုံရေးအစောင့်များ ထိုကောင်မလေးကို မြင်သွားတော့ ချက်ချင်းပဲ ဝင်ခွင့်ပေးလိုက်ပါသည်။
ထိုကောင်မလေးက လင်းဖန်၏ ယခင်ပြိုင်ဘက်၊ "ကြယ်ဥယျာဥ်"၏ ခေါင်းဆောင် မင်းသမီး၊ ပေကျင်းရုပ်ရှင်တက္ကသိုလ်၏ Queen ဖြစ်သည်။ တစ်ချိန်တုန်းက TikTok ဆယ်လီ အဆင့်သတ်မှတ်ချက်တွင် အဆင့် ၁ ရဖူးကာ ဆယ်လီပေါင်းများစွာကို အနိုင်ယူဖူးသူ ဖြစ်ပါသည်။
ဒီကောင်မလေးက ပုံစံအားဖြင့် ၉၃/၁၀၀ ရှိသည့် လင်းခဲ့ရှင်းပဲ ဖြစ်ပါသည်။
သူမက ပုံမှန်ဆို သွက်လက်ပြီး ပျော်ရွှင်နေတတ်သည်။ တိရိစ္ဆာန်လေးတွေကိုလည်း ချစ်တတ်ကာ အလွန်သဘောကောင်းသူ ဖြစ်ပါသည်။
အခုတော့ လင်းဖန်ရှေ့မှာ ရပ်နေပြီး အရင်ကလောက် သွက်လက်မှု မရှိတော့ပါ။ သူမ လက်မောင်းပေါ်မှာ ပွန်းရာပဲ့ရာတွေတောင် ထင်နေပါသည်။
လင်းခဲ့ရှင်းကို ဒီလိုမြင်လိုက်ရတော့ လင်းဖန်လည်း တုန်လှုပ်သွားရသည်။
လင်းခဲ့ရှင်း ဘယ်လိုဖြစ်ပြီး ဒီလိုပုံစံဖြစ်သွားတာလဲ။
"လင်းဖန် ကျွန်မ တောင်းပန်ပါတယ်.."
"ရှင့်ရှေ့ကို ကျွန်မ ဒီလိုပုံစံနဲ့ ရောက်လာတာ မဖြစ်သင့်မှန်းသိပါတယ်။ ဒါပေမယ့် အခုချိန်မှာ ကျွန်မကို ကူညီနိုင်တဲ့ တစ်ဦးတည်းသော သူက ရှင်ပဲ ရှိလို့ပါ"
"ကျွန်မ ရှင် လိုချင်တာ မှန်သမျှ ပေးပါ့မယ်။ ကျွန်မရဲ့ ခန္ဓာကိုယ်ကို လိုချင်ရင်လည်း ပေးပါ့မယ်။ ဘယ်သူ့ကိုမှ ပြန်မပြောပါဘူး..."
လင်းခဲ့ရှင်းက လင်းဖန်ကို မျက်ရည်များ ပြည့်နေသာ မျက်ဝန်းများဖြင့် ကြည့်ကာ ပြောလိုက်သည်။ သူမ ငိုမိပါတော့မည်။
"အရင်ဝင်ခဲ့ပါဦး။ ဘာတွေဖြစ်တာလဲ" လင်းဖန် မေးလိုက်သည်။
"အရင်တစ်ခေါက် ကျွန်မ ဓားနှင့်နတ်သမီးဒဏ္ဍာရီကို ပရိုမိုးရှင်းဆင်းပေးခဲ့တုန်းက ကြယ်ဥယျာဥ်ကို ဓားနှင့်နတ်သမီးဒဏ္ဍာရီက အနိုင်ယူသွားတာ ကျွန်မအပြစ်လို့ ဟွာစဲပစ်ချားက ထင်သွားတယ်"
"ကြယ်ဥယျာဥ်က ဓားနှင့်နတ်သမီးဒဏ္ဍာရီကို မနိုင်လို့ ဟွာစဲပစ်ချားကလူတွေက ကျွန်မရဲ့ စာချုပ်ကြေးကို နှိမ်ပစ်တော့မယ်။ တစ်နှစ်ကို ယွမ် သန်း ၂၀ ကနေ အခု ၂ သန်းအထိတောင် လျှော့ပစ်ကြတော့မယ်"
"ဟွာစဲပစ်ချားရဲ့ ဘော့စ် လင်းရှန်က ကျွန်မကို သူနဲ့ အိပ်ခိုင်းတယ်... ကျွန်မလက်မခံရင် ဟွာစဲပစ်ချားက ကျွန်မကို မြေတောင်မြောက်မပေးတော့ဘူးတဲ့"
"သူတို့ကို ကျွန်မငြင်းလိုက်တော့ ဟွာစဲပစ်ချားကလူတွေက ကျွန်မကို မောင်းထုတ်လိုက်ကြတယ်။ ကျွန်မပြောထားတဲ့ အသံကို မှတ်တမ်းယူထားပြီး ပြုပြင်လိုက်ကြတယ်။ ကျွန်မနဲ့ပတ်သတ်တဲ့ သတင်းဆိုးတွေအများကြီးလွှင့်ပြီး Weibo ပေါ်တင်ကြတယ်။ အခု Weibo ပေါ်မှာ ကျွန်မကို နာမည်ဖျက်နေတဲ့ လူတွေအများကြီးပဲ။ အခု Weibo ကို ကြည့်တောင် မကြည့်ရဲဘူး"
"ဟွာစဲပစ်ချားက ကျွန်မကို လုံးဝ ထုတ်ပယ်ဖို့ ဆုံးဖြတ်လိုက်ပြီ။ ကျွန်မ ဟွာစဲပစ်ချားနဲ့ စာချုပ် ဖျက်သိမ်းချင်ရင် သန်း ၃၀၀ ပေးရမယ်တဲ့။”
"ဒါပေမယ့် ကျွန်မမှာ သန်း ၁၀၀ ပဲရှိတာ။ ကျွန်မမိဘတွေက အသက်ကြိးနေပြီ။ သူတို့ကို ကျွန်မ ထောက်ပံ့ရဦးမယ်။ ကျွန်မမိဘတွေကို အနာဂတ် ကောင်းကောင်း ပေးချင်တယ်..."
လင်းခဲ့ရှင်း စားပွဲပေါ် စိတ်ပျက်လက်ပျက် မှောက်ချလိုက်ပြီး တိုးတိတ်စွာ ငိုကြွေးလိုက်ပါသည်။
ကြောင်မလေး ချွေ့ချွေ့က လင်းခဲ့ရှင်း၏ ပေါင်ပေါ် တွယ်တက်လာပြီး သူမကိုနှစ်သိမ့်နေသည်။
တစ်ခါက အလွန် ရေပန်းစားခဲ့သည့် ကျောင်းတုန်းက Queen တစ်ယောက် အခုတော့ ဟွာစဲပစ်ချား၏ ထုတ်ပယ်မှုကို လုံးဝ ခံလိုက်ရပါပြီ။
ဒါက အနုပညာလောက၏ ယုတ်ညံ့သော စည်းမျဥ်းများ ဖြစ်သည်။
အထူးသဖြင့် လှပသည့် မင်းသမီးတချို့က ပိုပြီး ကြုံရသည်။ သူတို့ဘော့စ်တွေ တောင်းဆိုသည့် တောင်းဆိုချက်တချို့ကို ငြင်းဆန်လျှင် သူတို့ ထုတ်ပယ်ခံရနိုင်ပါသည်။
ယနေ့ခေတ် အနုပညာလောကထဲမှာ မိန်းမလှလေးတွေက ရေတွက်၍ မကုန်နိုင်ပါ။
ကြီးမားသည့် အနုပညာကုမ္ပဏီတစ်ခုကသာ အရင်းအနှီးများစွာ ရှိနိုင်ပြီး ဆယ်လီတစ်ယောက်ကို မြေတောင်မြောက်ပေးနိုင်သည်။
လင်းခဲ့ရှင်း၏ စကားများစွာကို ကြားပြီးနောက် ဟွာစဲပစ်ချားအပေါ် လင်းဖန်၏ အမြင် ပိုပြီး ဆိုးရွားသွားခဲ့သည်။
အရင်တစ်ခေါက်က ရှားဝမ်ချွေ့ကို ဟွာစဲပစ်ချား ပစ်မှတ်ထားခဲ့သည်။
ဒီတစ်ခေါက်လည်း လင်းခဲ့ရှင်းကို ပေါ်တင် ပစ်မှတ်ထားသည်။
လင်းခဲ့ရှင်းက အသက် ၂၁ နှစ်သာ ရှိသေး၏။ မိန်းကလေးများ အလှပဆုံးအရွယ်မှာဖြစ်ပါသည်။
လင်းခဲ့ရှင်းက လင်းဖန်ကို သူမ၏ မျက်လုံးလှလှလေးများဖြင့် ကြည့်လိုက်သည်။ "ကျွန်မ ဘာလုပ်ရမှန်း မသိတော့ဘူး။ ဘယ်သူမှ ကျွန်မကို မကူညီပေးနိုင်ဘူး။ အဲ့တာကြောင့်... ကျွန်မ ရှင့်ကို တွေးမိသွားတာပါ"
"ဒါပေမယ့် ကျွန်မကို ဘာအကြောင်းအရင်းနဲ့ ရှင်ကူညီရမလဲဆိုတာ မသိဘူး။ ကျွန်မ ပေးနိုင်တဲ့ တန်ဖိုးအကြီးဆုံးအရာက ကျွန်မခန္ဓာကိုယ်ပဲ ရှိတယ်..."
လင်းခဲ့ရှင်း အနည်းငယ် ဝမ်းနည်းသွားသည့်ပုံပေါ်ပါသည်။
ဒီလိုအရာမျိုးတွေပြောရတာ ရှက်ဖို့ကောင်းမှန်း သူမ သိပါသည်။
သို့သော်လည်း ဟွာစဲပစ်ချားက သူမကို ထုတ်ပယ်လိုက်ပြီဖြစ်သောကြောင့် သူမ ဘယ်လုပ်ငန်းမှာမှ ပါဝင်လို့ မရတော့ပါ။
သူမ စာချုပ်ဖျက်သိမ်းကြေးကို ပေးဆောင်ရမည်။ မပေးနိုင်ပါက ထာဝရ ထုတ်ပယ်ခံရပါလိမ့်မည်။
ဟွာစဲပစ်ချား၏ ကလဲ့စားချေမှုကိုတောင် လင်းခဲ့ရှင်း ခံရနိုင်ပါသည်။
"လင်းဖန် ရှင်က ကျွန်မရဲ့ အိုင်ဒေါပါ။ ရှင် ဖန်တီးတဲ့ တီဗီရှိုးတိုင်းကို ကျွန်မ သဘောကျတယ်။ ရှင်ဆိုတဲ့ သီချင်းတိုင်းကိုလည်း ကြိုက်တယ်"
"ကျွန်မရဲ့ အိပ်မက်က ဒရမ်မာကောင်းတစ်ခုကို ရိုက်ကူးပြီး ပရိတ်သတ်ကို လှပတဲ့ လက်ရာတစ်ခု ချပြဖို့ပဲ"
"ကျွန်မကို ကူညီပေးမယ်ဆိုရင် ရှင့်အတွက် အခမဲ့ အလုပ်လုပ်ပေးပါ့မယ်။ ငွေတွေအားလုံးကိုလည်း ပြန်ဆပ်မှာပါ။ ကျွန်မ ရိုက်ကူးရေး ဆက်လုပ်နိုင်မယ်ဆို ဘာမဆို လုပ်ပါ့မယ်" လင်းခဲ့ရှင်းက မျက်လုံးနီတွတ်တွတ်ဖြင့် ပြောလိုက်သည်။
လင်းဖန်က သူမ၏ နောက်ဆုံး မျှော်လင့်ချက် ဖြစ်သည်။
မိန်းကလေးတစ်ယောက်ကို နာမည်ဖျက်ဖို့က အလွန်လွယ်ကူပါသည်။
သူမက အသက် ၂၁ နှစ်အရွယ်သာ ရှိသေးပြီး ပေကျင်းရုပ်ရှင်တက္ကသိုလ်က ဘွဲ့ရထားသူ ဖြစ်သည်။ သူမ အနုပညာလောကထဲမှာ ကြိုးစားဖို့ မျှော်မှန်းထားသူ ဖြစ်၏။
သို့သော်လည်း လက်တွေ့ဘဝက သူမကို ထိုးနှက်ခဲ့ပါပြီ။
လင်းခဲ့ရှင်း ထိုသို့ပြောရင်း သူမ၏ ကုတ်အင်္ကျီကို ချွတ်လိုက်သည်။ သူမ၏ နှင်းလိုဖြူဖွေးသော ပခုံးလေးများနဲ့ ခြေတံသွယ်သွယ်လေးများ ပေါ်လာ၏။
သူမ ပါးပြင်များ နီရဲသွားသည်။ လင်းဖန် ရွေးချယ်မည့် အချိန်ကို သူမ ရပ်စောင့်နေ၏။
မိန်းကလေးတွေကို သဘောမကျတဲ့ ယောက်ျားဆိုတာ မရှိိပါ။ သူမလို လှပသည့် မိန်းကလေးဆို ပြောဖို့တောင် မလိုပေ။
ပေကျင်းရုပ်ရှင် တက္ကသိုလ်မှ မိန်းကလေးများက အတော်လေး ကြည့်ကောင်းသည်။ ပေကျင်းရုပ်ရှင်တက္ကသိုလ်လိုနေရာမျိုးမှာ Queen ဖြစ်ခဲ့တယ်ဆိုကတည်းက သူမရဲ့ အရှိန်အဝါနဲ့ အလှအပကို ဘယ်သူမှ မယှဥ်နိုင်တော့ပါ။
လင်းဖန် အားလုံးကို နားထောင်ပြီးနောက် ရှေ့တိုးသွားပြီး လင်းခဲ့ရှင်းကို ကုတ်အင်္ကျီ ပြန်ဝတ်ပေးလိုက်ပါသည်။
သူ့ကြောင်မလေးကလွဲပြီး ဘယ်ကောင်မလေးကိုမှ အခွင့်အရေးမယူဖူးပါ။
ဒီလို အားငယ်သည့် မိန်းကလေးတစ်ယောက်ကို အနိုင်ကျင့်သဖြင့် ဟွာစဲပစ်ချားကို လင်းဖန် အတော်ဒေါသထွက်သွားသည်။
အနုပညာလောကကြီးက အမြဲတမ်း ဒီလိုတွေပဲလား။
အကုန်လုံးက ဒီတိုင်းဆိုရင် ငါတို့ ရုပ်ရှင်ကောင်းတွေ ဘယ်လိုထုတ်လုပ်နိုင်မှာလဲ။
လင်းဖန် ကုတ်အင်္ကျီ ပြန်ဝတ်ပေးလိုက်တာကို မြင်သောအခါ လင်းခဲ့ရှင်း၏ မျက်ရည်များ ထိန်းမရအောင် စီးကျလာသည်။
သူမ ခေါင်းငုံ့လိုက်ပြီး ထပ်ပြီး မော့မကြည့်ရဲတော့ပါ။
"ကျွန်မ တောင်းပန်ပါတယ် အစ်ကိုလင်းဖန်"
"ကျွန်မကို မကူညီချင်တာ စိတ်မဆိုးပါဘူး။ ကျွန်မ သွားတော့မယ်နော်။"
"အစ်ကိုလင်းဖန်၊ ကျွန်မကို အထင်တော့ မသေးလိုက်ပါနဲ့။ ကျွန်မက အဲ့လို အကျင့်ပျက်တဲ့ မိန်းကလေးမျိုး မဟုတ်ပါဘူး" လင်းခဲ့ရှင်း ပြောပြီးသွားသောအခါ သူမ လှည့်ပြေးသွားပါသည်။
သူမ၏ နောက်ကျောက အလွန်အထီးကျန်ဆန်ပြီး ခိုကိုးရာမဲ့နေပါသည်။
သူမ နောက်ထပ် ဘယ်လိုဆုံးဖြတ်ချက်တွေ ချမလဲ မသိနိုင်ပါ။
လင်းဖန်ရှေ့မှာ ထပ်ပြီး မတ်တပ်ရပ်နေဖို့ မျက်နှာတောင် မရှိတော့ဘူးဟု သူမခံစားလိုက်ရပါသည်။