သန်း ၈၀ အလွယ်တကူ ရရှိသွားခြင်း
Vol. 19 Ch. 275
နေ့လည်ခင်း ယွဲ့ဟွာဖျော်ဖြေရေးသို့ လင်းဖန် မလာမှီ ယွဲ့ဟွာဖျော်ဖြေရေး၏ ဇာတ်ညွှန်းရေး ဆရာများက လင်းဖန်ကို ကြိုတင်စောင့်မျှော်နေကြပြီဖြစ်သည်။
ယွဲ့ဟွာဖျော်ဖြေရေး၏ ဇာတ်ညွှန်းရေးဆရာများအပြင် Perfect ဖျော်ဖြေရေး၊ ဟွာယီ၊ လိုက်မီဒီယာ၊ ဘန်နားနားဖျော်ဖြေရေး၊ ဟွမ်းရွေ့မီဒီယာနဲ့ တခြား ဖျော်ဖြေရေးကုမ္ပဏီများစွာလည်း ရှိနေကြပါသည်။
လင်းဖန်က ဘဝရဲ့ပျော်ရွှင်မှု Season 2 နဲ့ ဓားနှင့်နတ်သမီးဒဏ္ဍာရီ Season 3 တို့အတွက် ဇာတ်ညွှန်းများကို နောက်ဆုံးတော့ ရေးပြီးသွားပါပြီ။
လင်းဖန်ရဲ့ ဇာတ်ညွှန်းအသစ် သတင်းများက အနုပညာလောကတစ်ခုလုံးကို ပျံ့နှံ့သွားခဲ့သည်။
အေဂျင်စီအားလုံးနီးပါး လင်းဖန်ရဲ့ ဇာတ်ညွှန်းသစ်များအား ရိုက်ကူးခွင့်ကို စာချုပ်ချုပ်ချင်နေကြသည်။
"လင်းဖန်ဘယ်တော့ရောက်မှာလဲ။ သူ့ဇာတ်ညွှန်းတွေ အခြေအနေဘယ်လိုရှိိလဲ မြင်ချင်နေပြီ"
"လင်းဖန်ရဲ့ ဘဝရဲ့ပျော်ရွှင်မှု Season 2 နဲ့ ဓားနှင့်နတ်သမီးဒဏ္ဍာရီ Season 3 တို့က တကယ့် ဂန္တဝင်လက်ရာတွေချည်းပဲ။ အထူးသဖြင့် ဓားနှင့်နတ်သမီးဒဏ္ဍာရီ Season 1 ပေါ့။ ငါငိုတောင် ငိုမိတယ်"
" ဘဝရဲ့ပျော်ရွှင်မှု Season 1 ကလည်း ကောင်းပါတယ်။ ငါကြည့်ဖူးသမျှထဲမှာ အကောင်းဆုံး တီဗီရှိုးပဲ။ မယုံနိုင်စရာ ကောင်းလောက်အောင် မိုက်တယ်"
" ဘဝရဲ့ပျော်ရွှင်မှု Season 2 နဲ့ ဓားနှင့်နတ်သမီးဒဏ္ဍာရီ Season 3 တို့ကို မြင်ချင်နေပြီ။ ဒီတစ်ခေါက်တော့ ငါတို့ကုမ္ပဏီ ဘယ်လောက်ပဲ ငွေသုံးရပါစေ ငါတို့ အဲ့ဒီရုပ်သံဒရမ်မာ ၂ ကားအတွက် ရိုက်ကူးခွင့်ကို အရ ဝယ်ရမယ်"
"လင်းဖန်ရဲ့ ဇာတ်ညွှန်းတွေက အမြဲတမ်း လက်ရာမြောက်တယ်နော်။ ရုပ်သံဒရမ်မာ ၂ ကား ဆက်တိုက်ပဲ ရေပန်းစားလာတာ။ ဒီရုပ်သံဒရမ်မာနဲ့သာ ပေါင်းလိုက်ရင် ပိုပြီးတောင် ရေပန်းစားလာနိုင်တယ်"
အေဂျင်စီများစွာ၏ ခေါင်းဆောင်များ စောင့်မျှော်နေကြသည်။
တခြားသူတွေသာသိရင် အလွန်တုန်လှုပ်သွားနိုင်သည်။
ဖျော်ဖြေရေးကုမ္ပဏီများစွာရဲ့ ခေါင်းဆောင်တွေက ဘယ်လိုလုပ်ပြီး အတူတူထိုင်နေကြတာလဲ။
ဒီနေ့ သူတို့အားလုံး လင်းဖန်၏ ဇာတ်ညွှန်း ၂ ခုအတွက် ယှဥ်ပြိုင်တိုက်ခိုက်ကြတော့မည်။
ထိုဇာတ်ညွှန်းများကို အရယူနိုင်ပါက ဒီဖျော်ဖြေရေးကုမ္ပဏီတွေက ပိုရေပန်းစားသည့် ရုပ်သံဒရမ်မာများကို ထုတ်လုပ်နိုင်ပါလိမ့်မည်။
လင်းဖန် ယွဲ့ဟွာဖျော်ဖြေရေးထဲကို ဝင်လာတော့ ဖျော်ဖြေရေးကုမ္ပဏီများစွာ၏ ခေါင်းဆောင်များက မတ်တပ်ရပ်လိုက်ပြီး သူ့ကို လက်ခုပ်တီး ကြိုဆိုလိုက်ကြသည်။
ယွဲ့ဟွာဖျော်ဖြေရေးမှ ဇာတ်ညွှန်းရေးဆရာကြီး ထျန်ကျန်းလည်း မျှော်လင့်စောင့်စားမှုများဖြင့် ပြည့်နှက်နေပါသည်။
"အားလုံးပဲ မင်္ဂလာပါ။ ကျွန်တော် ရေးထားတဲ့ ဇာတ်ညွှန်း ၂ ခုစလုံး ဇာတ်သိမ်းသွားပါပြီ"
"ဒီတစ်ခေါက် စည်းမျဥ်းတွေကလည်း အရင်တိုင်းပါပဲ။ ဇာတ်ညွှန်း ၂ ခုမှာ ဘယ်ကြယ်ပွင့်တွေ သရုပ်ဆောင်ရမလဲဆိုတာ ကျွန်တော့်မှာ ရွေးချယ်ပိုင်ခွင့်ရှိရမယ်"
"အခု ဖျော်ဖြေရေးကုမ္ပဏီ တစ်ခုစီရဲ့ တာဝန်ရှိသူတွေကို ဇာတ်ညွှန်းအပိုင်း ၃ ပိုင်းစီပေးလိုက်မယ်။ ပြီးရင် ခင်ဗျားတို့က စပြီး လေလံဆွဲရမယ်။ ဘဝရဲ့ပျော်ရွှင်မှု Season 2 မှာ အပိုင်း ၄၆ ပိုင်း ရှိတယ်။ ဓားနှင့်နတ်သမီးဒဏ္ဍာရီ Season 3 မှာတော့ အပိုင်း ၃၇ ပိုင်းရှိတယ်။ ကုမ္ပဏီတိုင်းက စျေးခေါ်ဖို့ အခွင့်အရေး တစ်ခါပဲ ရမယ်နော်။ အမြင့်ဆုံး စျေးပေးနိုင်သူက ဇာတ်ညွှန်းကို ရပါမယ်"
အကျိုးအကြောင်း ရှင်းပြပြီးသွားသောအခါ လင်းဖန် ပြန်ထိုင်လိုက်ပါသည်။
ဒီလူတွေက တိုက်ရိုက် စျေးပေးကြခြင်း မဟုတ်ပေ။
အတည်ပြုပြီးနောက် ၎င်းတို့၏ စျေးအသီးသီးကို လင်းဖန်ထံသို့ ပို့ပေးလိုက်သည်။
သာမန်လေလံပွဲလိုမဟုတ်ဘဲ တိတ်ဆိတ်သည့် လေလံပွဲတစ်ခု ဖြစ်ပါသည်။
တခြားကုမ္ပဏီတွ စျေးဘယ်လောက်ပေးသလဲ အချင်းချင်း မသိကြပါ။ ထို့ကြောင့် သူတို့ တတ်နိုင်သမျှ အများဆုံး စျေးကို ပေးကြသည်။
ဒါက လင်းဖန် ငွေတွေအများကြီးရဖို့အတွက် မဟာအခွင့်အရေးကြီးလည်း ဖြစ်သည်။
ဖျော်ဖြေရေးကုမ္ပဏီများစွာက လင်းဖန်၏ ရုပ်သံဒရမ်မာ ဇာတ်ညွှန်း ၂ ခုကို ဖွင့်ဖတ်လိုက်ကြသည်။
၎င်းတို့အနက် ဇာတ်ညွှန်းဆရာကြီးများစွာလည်း ပါဝင်ပါသည်။
ထိုဇာတ်ညွှန်းဆရာကြီးများ လင်းဖန် ရေးထားသည့် ဇာတ်ညွှန်းများကို မြင်သည့်အခါ ခြွင်းချက်မရှိ အားလုံး စိတ်ဝင်စားသွားကြလေသည်။
အထူးသဖြင့် ယွဲ့ဟွာဖျော်ဖြေရေး၏ ဆရာကြီး ထျန်ကျန်းက ပိုပြီးတောင် အံ့သြသွားရပါသည်။
ဇာတ်ညွှန်း၏ အပိုင်း ၃ ပိုင်းလောက်ကို ဖတ်ဖို့ အားလုံး အချိန် ၁ နာရီ ယူခဲ့ရသည်။
စကားလုံးတိုင်း၊ ဇာတ်ကောင်တိုင်း၏ မျက်နှာ အနေအထားနဲ့ အရှိန်အဝါ၊ အက်ရှင်တိုင်းကို အနုစိတ်ဖတ်ကြသည်။
အားလုံးက ဇာတ်လမ်းထဲ နစ်မျောသွားကြပါသည်။
ဘဝရဲ့ပျော်ရွှင်မှု Season 2 ရဲ့ ဇာတ်လမ်းပဲဖြစ်ဖြစ် ဓားနှင့်နတ်သမီးဒဏ္ဍာရီ Season 3 ပဲဖြစ်ဖြစ် အားလုံး စွဲလမ်းသွားကြသည်။
သူတို့ရှေ့မှာ ရုပ်ပုံတွေကိုတောင် မြင်ယောင်လာသလိုပင်။
ဘဝရဲ့ပျော်ရွှင်မှု ထဲက အာဏာပြိုင်ဆိုင်မှုနဲ့ အချစ်လမ်းခရီး...။
ဓားနှင့်နတ်သမီးဒဏ္ဍာရီ ၏ ခမ်းနားလှပသည့် ကမ္ဘာကြီးနဲ့ ဇာတ်ကောင်တိုင်း၏ ပြည့်ဝလှသော စရိုက်များအပါအဝင် စိတ်လှုပ်ရှားဖွယ် ဇာတ်လမ်းများက ဇာတ်ညွှန်းဆရာတိုင်းကို ဆွဲဆောင်သွားခဲ့လေပြီ။
၁ နာရီလောက်ကြာပြီးနောက်...။
ထျန်ကျန်း ထပ်ဖတ်ချင်သေးသည်။
အဓိက အချက်က... လင်းဖန်၏ ဇာတ်ညွှန်းများမှာ အခုတစ်ခေါက် ပိုတောင် ကောင်းလာခြင်းကြောင့်သာ ဖြစ်၏။
လင်းဖန် အရင်က ရေးခဲ့သည့် ဇာတ်ညွှန်း ၂ ခုထက် အများကြီး ပိုကောင်းပါသည်။
"စီအီးအိုလီ။ လင်းဖန်က တကယ့် နတ်ဘုရား တစ်ပါးပဲ။ သူ ရေးထားတဲ့ ဇာတ်ညွှန်း ၂ ခုစလုံးကို ဖတ်ကြည့်ပြီးသွားပြီ။ သူက အရမ်းတော်တာပဲ"
"လင်းဖန် အရင်တုန်းက ရေးထားတဲ့ ဇာတ်ညွှန်းတွေလည်း ကောင်းတယ်ဆိုပေမယ့် ဒီဇာတ်ညွှန်း ၂ ပုဒ်လောက်တော့ စိတ်လှုပ်ရှားဖို့ မကောင်းဘူး"
"အထူးသဖြင့် ဘဝရဲ့ပျော်ရွှင်မှု Season 2 ပေါ့။ ဇာတ်လမ်းက ပိုပြီး ကြွယ်တယ်။ အာဏာယှဥ်ပြိုင်မှုကလည်း ပိုပြီး စိတ်လှုပ်ရှားဖို့ကောင်းတယ်။ ပြီးတော့ ဇာတ်ကောင် ပုံဖော်မှုကလည်း ဘဝရဲ့ပျော်ရွှင်မှု Season 1 ထက် အများကြီး အဆင့်ပိုမြင့်တယ်။ ဇာတ်ကောင်တွေ အကုန်လုံးက တကယ့်ကို ရုပ်လုံးပိုကြွလာပါတယ်"
"ဒါတောင် ဇာတ်ညွှန်းရဲ့ ပထမ ၃ ပိုင်းပဲရှိသေးပေမယ့် အချက်အလက်တွေ အများကြီးနဲ့ ပြည့်ဝနေပြီ။ စီအီးအိုလီ။ ဒီဒရမ်မာ သေချာပေါက် ပေါက်သွားမယ်ဆိုတာ ကျွန်တော် အာမခံနိုင်နေပြီဗျာ"
"ဓားနှင့်နတ်သမီးဒဏ္ဍာရီ Season 3 ကိုတော့ ပြောဖို့တောင် မလိုတော့ဘူး။ ကြည့်တဲ့သူတိုင်း စိတ်ပါဝင်စားသွားကြလိမ့်မယ်။ သူတို့ စိတ်ဝင်စားသွားတာနဲ့ အနည်းဆုံး ၁ နာရီလောက် မထဘဲ ထိုင်ကြည့်ကြလိမ့်မယ်" ထျန်ကျန်းက လင်းဖန်ကို အလွန်မြင့်မားသော ချီးကျူးမှုတစ်ခုဖြင့် ချီးကျူးလိုက်ပါသည်။
"သူက အဲ့လောက်တောင် တော်တာလား" စီအီးအိုလီမေးလိုက်ပါသည်။ လင်းဖန်က အလွန်တော်မှန်း သူသိသော်လည်း ကျွမ်းကျင် ဇာတ်ညွှန်းရေးဆရာကြီးဖြစ်သည့် ထျန်ကျန်းကိုယ်တိုင်တောင် ချီးကျူးလိုက်ရသည်။
"စီအီးအိုလီ ဖတ်သာဖတ်ကြည့်လိုက်။ ကျွန်တော် ဘာကိုဆိုလိုလဲ နားလည်သွားလိမ့်မယ်"
"ဒီလိုဇာတ်ညွှန်းမျိုး တစ်ခါမှ မမြင်ဖူးဘူး။ ကြားလည်းမကြားဖူးဘူး။ ဒီဇာတ်ညွှန်း ၂ ပုဒ်ကို ရိုက်ကူးလို့ရလာတဲ့ ဒရမ်မာတွေလည်း သေချာပေါက် ရေပန်းစားမှာပဲ"
"ပြီးတော့ လင်းဖန်ရဲ့ သရုပ်ဆောင်တွေက အရမ်းကြမ်းလွန်းတယ်။ ရှားဝမ်ချွေ့၊ စုရှောင်းယွီ၊ လင်းခဲ့ရှင်း၊ လင်းကျင်းကျင်း၊ ရှုယန်တို့ အကုန်ပါမှာ။ အဲ့ဒီ နာမည်ကြီး ၅ ယောက်သာ အတူတူ သရုပ်ဆောင်လိုက်ရင် ဘယ်လော်ကတောင် နာမည်ကြီးသွားလိုက်မလဲ။” ထျန်ကျန်းက ပြောလိုက်၏။
စီအီးအိုလီ ချက်ချင်းပဲ ဆုံးဖြတ်ချက်ချလိုက်ပါသည်။ "ကျုပ်တို့ ဒီဇာတ်ညွှန်း ၂ ပုဒ်ရဲ့ မူပိုင်ခွင့်ကို အစွမ်းကုန် အရယူနိုင်အောင် ကြိုးစားမှဖြစ်မယ်"
"လင်းဖန်ဘာလို့ ဒီလောက်တောင် တော်ရတာလဲ။ သူ ဇာတ်ညွှန်းတစ်ခုကို ရေးလိုက်တိုင်း အမြဲတမ်း အောင်မြင်မှု အသစ်အဆန်းတွေချည်း ရလာတယ်။ ဒီတစ်ခေါက် ဇာတ်ညွှန်းဆရာ အစစ်အမှန်ဆိုတာ ဘယ်လိုလဲ ငါတို့ မြင်လိုက်ရပြီပေါ့..."
ယွဲ့ဟွာဖျော်ဖြေရေးအပြင် အထင်အမြင်တူကြသည့် ကုမ္ပဏီတွေလည်း များစွာ ရှိပါသည်။
"ဇာတ်ညွှန်းက... အရေးအသား အရမ်း ကောင်းတာပဲ"
"ဒီလိုဇာတ်ညွှန်းမျိုးကို ဝယ်ကို ဝယ်မှ ဖြစ်မယ်။ ငါတို့မှာ စျေးခေါ်ဖို့ အခွင့်အရေးတစ်ခုပဲရှိတာ။ ငါတို့ ကမ်းလှမ်းတဲ့စျေးက မြင့်မှ ဖြစ်မယ်"
"လင်းဖန်က တကယ်ပဲ ခြားနားပါလား။ လင်းဖန်ရေးထားတဲ့ ဒီဇာတ်ညွှန်းတွေက အမဲတမ်း ကောင်းနေမှာပဲ"
"လင်းဖန်က အဓိကသရုပ်ဆောင်မလား။ ဒီဇာတ်ညွှန်း ၂ ပုဒ်ကို အားလုံး စိတ်ကူးထားတာထက်ကို ကျော်ပြီး ဖန်တီးခဲ့တာ။ ရိုက်ကူးပြီးသွားတာနဲ့ သက်ရောက်မှုက သေချာပေါက် အရမ်းကောင်းမှာပဲ"
ကုမ္ပဏီအားလုံး စျေးခေါ်လိုက်ကြသည်။
ကမ်းလှမ်းဖို့အတွက် အခွင့်အရေး ၁ ခါသာ ရပါမည်။ သူတို့ ဂရုစိုက်ရမည်။
ယခင်တုန်းက တစ်ပိုင်းကို ယွမ် ၃၀၀,၀၀၀ နဲ့ ဇာတ်ညွှန်းတစ်ခုလုံးစာ ၁၃.၈ သန်းယွမ်နဲ့တင် ကြောက်ဖို့ကောင်းလောက်သည့် ပမာဏ ဖြစ်နေပါပြီ။
သို့သော်လည်း လင်းဖန်၏ ဇာတ်ညွှန်းများက ခြားနားသည်။
လင်းဖန်၏ ဘဝရဲ့ပျော်ရွှင်မှု Season 1 ဇာတ်ညွှန်းက အွန်လိုင်းပေါ်က ကြည့်ရှုသူ သမိုင်းဝင်စံချိန်ကို ချိုးဖောက်သွားခဲ့သည်။
ဓားနှင့်နတ်သမီးဒဏ္ဍာရီ Season 1ကလည်း အွန်လိုင်းပေါ် ပေါက်သွားပြီး ဂန္တဝင်လက်ရာ ဖြစ်သွားပါသည်။ ထို့အပြင် ကြည့်ရှုသူ အဆင့်သတ်မှတ်ချက်ကလည်း နှစ် ၃၀ ကြာ သမိုင်းဝင်စံချိန်ကြီးကို ချိုးဖောက်သွားခဲ့သည်။
ယနေ့ လင်းဖန် ဇာတ်ညွှန်းအသစ်များကို ထပ်ရေးထားပြီး အနုပညာလောကတစ်ခုလုံး တုန်လှုပ်နေပါပြီ။
သိပ်မကြာခင် ကုမ္ပဏီပေါင်းစုံမှ ကမ်းလှမ်းချက်များ ထွက်ပေါ်လာပါသည်။
"ဘော့စ် Perfect ဖျော်ဖြေရေးက တစ်ပိုင်းကို ယွမ် ၃၀၀,၀၀၀ ပေးပါမယ်။ Perfect ဖျော်ဖြေရေးက ဒီဇာတ်ညွှန်း ၂ ခုအတွက် စုစုပေါင်း ၂၄.၉ သန်း ကမ်းလှမ်းပါတယ်"
"ဘော့စ် ကျားရှင်း ကုမ္ပဏီက တစ်ပိုင်း်ကို ယွမ် ၄၅၀,၀၀၀ ပေးပါ့မယ်။ စုစုပေင်း ယွမ် ၃၇.၃၅ သန်းပါ"
"ဘုရားရေ ဒီကုမ္ပဏီက ပိုမြင့်တဲ့စျေး ပေးထားတယ်။ ဟွမ်းရွေ့မီဒီယာက တစ်ပိုင်းကို ယွမ် ၆၀၀,၀၀၀ နဲ့ ဒရမ်မာ ၂ ခုစလုံးကို စုစုပေါင်း ယွမ် ၄၉.၈ သန်းပေးမယ်တဲ့။ ယွမ် သန်း ၅၀ နီးပါးတောင် ကပ်နေပြီပဲ..."
"ဘော့စ် ယွဲ့ဟွာဖျော်ဖြေရေးရဲ့ ကမ်းလှမ်းချက်လည်း ထွက်လာပါပြီ"
"ယွဲ့ဟွာ ကော်ပိုရေးရှင်းက ဒီဇာတ်ညွှန်း ၂ ပုဒ်အတွက် ယွမ် ၈၃ သန်း ကမ်းလှမ်းပါတယ်။ တစ်ပိုင်းကို ယွမ် ၁ သန်းနီးပါးပဲ" လင်းချမ့်ဝေက လင်းဖန်ကို ပြောပြလိုက်ပါသည်။
လင်းဖန် ထိုစကားကို ကြားသောအခါ မျက်လုံးများ တောက်ပသွားသည်။ သူ့အသက်ရှူသံတွေပါ အနည်းငယ် မြန်ဆန်လာပါသည်။
တစ်ယောက်ယောက်က သူရေးသားထားသည့် ဇာတ်ညွှန်း ၂ပုဒ်အတွက် ရက်ရက်ရောရော ဒီလိုစျေးမျိုး ကမ်းလှမ်းလာသည်။
တစ်ပိုင်းကို ယွမ် ၁ သန်းဖြစ်သဖြင့် စုစုပေါင်း ၈၃ သန်း ယွမ်ဖြစ်သည်။
ဇာတ်ညွှန်း ၂ ပုဒ်ကို ဒီလိုစျေးနှုန်းမျိုးနဲ့ ရောင်းလိုက်ရပါက သန်း ၁၀၀ နီးပါးကပ်နေပါပြီ။
ဒီတိုင်းသာ ငွေတွေ ဆက်ရနေပါက အနာဂတ်မှာ ရှားဝမ်ချွေ့ကို အနိုင်ယူနိုင်မှာပဲ မဟုတ်လား။
နောက်ဆုံးမှာတော့ လင်းဖန်တစ်ယောက် ယွဲ့ဟွာ ဖျော်ဖြေရေးနဲ့ပဲ အလုပ်ဆက်လုပ်ဖို့ ရွေးချယ်လိုက်ပါတော့သည်။
တခြား အကြောင်းအရင်း မရှိပါ။ ယွဲ့ဟွာ ဖျော်ဖြေရေးက အမြင့်ဆုံးစျေးကို ပေးလိုက်ခြင်းကြောင့် ဖြစ်သည်။
၈၃ သန်းဆိုတာ ဗီလာတစ်လုံး ဝယ်ဖို့ လုံလောက်ပါသည်။
ယွဲ့ဟွာဖျော်ဖြေရေးတွင် ဇာတ်ညွှန်း ၂ ပုဒ်ကြောင့် လင်းဖန် ရရှိလိုက်သည့် ငွေပမာဏကို ကြားပြီး အားလုံး မျက်လုံးပြူးကုန်ကြသည်။
ရှုယန်နဲ့ လင်းကျင်းကျင်းတို့၏ မျက်လုံးများလည်း မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေပါသည်။
ရှားဝမ်ချွေ့၏ မျက်လုံးလှလှလေးများလည်း တောက်ပသွားခဲ့သည်။ ချက်ချင်းပဲ အလုပ်ပိုကြိုးစားဖို့ ဆုံးဖြတ်လိုက်၏။ မဟုတ်ပါက နှာဘူးကောင် အနိုင်ယူတာကို မကြာခင် ခံရနိုင်ပါသည်။
စုရှောင်းယွီကတော့ ဂရုမစိုက်စွာ သခွားသီးပဲ ကိုက်စားနေလိုက်ပါသည်။
လင်းခဲ့ရှင်းကတော့ လေးစားအားကျသော မျက်နှာမျိုး ဖြစ်နေ၏။ ဇာတ်ညွှန်း ၂ ပုဒ်က ယွမ် သန်း ၈၀ ကျော် တန်နေသည်။
လင်းဖန်က တော်လွန်းပါသည်။
ကုမ္ပဏီထခဲက တခြား ဝန်ထမ်းတွေလည်း မှင်သက်သွားသည့်ပုံပင်။
"လခွမ်း ၈၃ သန်းတောင်။ အစ်ကိုဖန် ရေထားတဲ့ ဇာတ်ညွှန်းတွေက ငါ့ ၂ ဘဝစာလောက် ရှာရမယ့် ပမာဏမျိုး တန်နေပါလား"
"အစ်ကိုဖန်က အရမ်းတော်တာပဲ။ ဇာတ်ညွှန်း ၂ ပုဒ်ကို ၈၃ သန်းတောင်ရတယ်။ အစ်ကိုဖန်ကို ဖားယားမှ ရတော့မယ်"
"အစ်ကိုဖန် ဇာတ်ညွှန်းကောင်းရေးနိုင်တာ သူ့အစွမ်းအစနဲ့ သူပဲလေ။ ဇာတ်ညွှန်းတစ်ပုဒ်ကို ရိုက်ကူးလိုက်တိုင်း သေချာပေါက် အွန်လိုင်းပေါ် ပေါက်သွားမှာပဲ"
"ဘာလို့လဲ မသိဘူး ငါ နည်းနည်းတောင် မနာလိုဖြစ်မိတယ်"
စာချုပ်ချုပ်ဆိုပြီးနောက် ယွမ် ၈၃ သန်း လလင်းဖန်၏ ဘဏ်အကောင့်ထဲ ရောက်လာပါသည်။
လင်းဖန်၏ စုငွေက သန်း ၅၀၀ နီးပါး ရှိနေပါပြီ။
ဒါက အစပဲရှိသေးသည်။ ရုပ်သံစီးရီးများကို ရိုက်ကူးပြီးနောက် ဒီ့ထက် ပိုရနိုင်ပါသည်။
"ဟူး... အခုချိန်ထိ ဆင်းရဲနေတုန်းပဲ။ ငါ့မှာ သန်း ၅၀၀ ပဲရှိသေးတယ်။ ငါ့မိန်းမကို နောက်ပိုင်းကျရင် အနိုင်ယူနိုင်မှ ဖြစ်လိမ့်မယ်" လင်းဖန်က ရှားဝမ်ချွေ့ရှေ့ကို သွားကာ သူ့ဖုန်းထဲဝင်လာသည့် မက်ဆေ့ကို ပြလိုက်ပါသည်။
"အရူးကောင်။ ငါ့ဘဏ်အကောင့်ထဲမှာ အခု သန်း ၇၀၀ တောင် ရှိတယ်။ နင့်ထက် ပိုများတာ အသိသာကြီး" ရှားဝမ်ချွေ့က တောက်တောက်ပပ ပြုံးလိုက်ပြီး လင်းဖန်ကို ကြည့်လိုက်သည်။ သူမ မျက်နှာ နီရဲနေပါသည်။
"ပြီးတော့ ငါ့လစာက နင့်ထက်ပိုများတယ်။ အန်ဒိုစာကြေးတွေ ဘာညာကြောင့် နင့်ထက် ဝင်ငွေလည်း ပိုများတယ်~" ရှားဝမ်ချွေ့က ပြောလိုက်၏။
လင်းဖန် ထိုစကားကိုကြားသောအခါ ချက်ချင်း စိတ်ဆိုးသွားသည်။
သူ့ကြောင်မလေး ဘယ်တုန်းက ဒီလောက် ပိုက်ဆံတွေ အများကြီး ရသွားတာလဲ။
သူကရော အလွယ်လေး အရှုံးပေးမယ့်လူမျိုးလား။
လက်ထပ်ပြီးနောက် မိသားစု အဆင့်အတန်း အရယူရန်အတွက် သူ အစွမ်းကုန် ကြိုးစားရပါမည်။