← Chapters

တရားဝင်စစ်ကြေငြာခြင်း

Vol. 19 Ch. 277

တရားဝင်စစ်ကြေငြာခြင်း

Vol. 19 Ch. 277

လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့ နှစ်ယောက်စလုံး ညနေ 5:32 တွင် Weibo ပို့စ်တစ်ခု တင်ခဲ့ပါသည်။

Weibo ပို့စ်တွင် လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့၏ ဓာတ်ပုံ ၂ ပုံ ပါဝင်သည်။

ရေးသားထားသည့် ခေါင်းစဥ်ကလည်း အလွန်ရိုးရှင်းပါသည်။ အနီရောင် အသည်းပုံလေး တစ်ခုသာ ပါရှိလေ၏။

ကောလဟာလများစွာနဲ့ ရင်ဆိုင်လာရသည့်အခါ လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့ရဲ့ တုန့်ပြန်မှုက ဒါပဲဖြစ်သည်။

သူတို့နှစ်ယောက် Weiboတွင် ပို့စ်တင်လိုက်သည့်အခါ ကောလဟာလသံများ တိတ်ကုန်ကြသည်။

လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့၏ Weibo ပို့စ်အောက်တွင် ခပ်မြန်မြန်ပဲ ကောမန့် ရာချီ၊ ထောင်ချီ၊ သောင်းချီပြီး တက်လာပါသည်။

“ငါ ထင်သားပဲ။ လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့က ဘယ်လိုလုပ် လမ်းခွဲနိုင်မှာလဲ။ အကုန် ကောလဟာလတွေချည်းပဲ”

“ဟား လင်းဖန်နဲ့ရှားဝမ်ချွေ့တို့ရဲ့ ဓာတ်ပုံ ၂ ပုံက အရမ်းကြည်နူးဖို့ကောင်းတာပဲ။ သူတို့ အခု ချစ်သူတွေ ဖြစ်နေကြပြီလေ။ သူတို့ဖာသာ အတူတူနေတာ မနေတာ ဘေးလူတွေနဲ့ ဘာဆိုင်လို့လဲ”

“ကျေးဇူးပြုပြီး လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့ရဲ့ အလုပ်တွေကို အာရုံပိုစိုက်ပေးကြပါ။ ဘဝရဲ့ပျော်ရွှင်မှု Season 2 နဲ့ ဓားနှင့်နတ်သမီးဒဏ္ဍာရီ Season 3 ကို ဘယ်တော့ ထုတ်မှာလဲ”

“သဘောကျလိုက်တာ။ လင်းဖန်က ခုချိန်ထိ ချောနေတုန်းပဲ။ ရှားဝမ်ချွေ့ကလည်း အရမ်း လှတယ်”

“မင်းတို့ကို ငါသင်ခန်းစာတစ်ခုပေးမယ်။ စုရှောင်းယွီနဲ့ လင်းခဲ့ရှင်းတို့နှစ်ယောက်စလုံးက လင်းဖန် လက်အောက်က အနုပညာရှင်တွေပဲ။ ဖျော်ဖြေရေးကုမ္ပဏီတစ်ခု မတည်ထောင်ရသေးပေမယ့် သူတို့က လင်းဖန်နဲ့ ရင်းနှီးကြတယ်။ နားလည်မှု မလွဲကြနဲ့”

ပင်လယ်ဘေးတွင်…

လင်းဖန်တစ်ယောက် ရှားဝမ်ချွေ့၏ လက်ကို ကိုင်ထားပြီး ပင်လယ်လေပြည်လေညှင်းလေးအား ခံစားနေပါသည်။

ရှားဝမ်ချွေ့က လင်းဖန်ကို ကြည့်ကာ တိုးတိုးညှင်းညှင်းလေး ပြောလိုက်၏။ “လင်းဖန်၊ သူတို့ပြောသလိုမျိုး တခြား တစ်ယောက်ယောက်ကို တကယ်ကြိုက်သွားမှာလား”

ရှားဝမ်ချွေ့ ခေါင်းငုံ့လိုက်၏။ သူမ၏ မျက်လုံးလှလှလေးများ အနည်းငယ် နီရဲနေပါသည်။ သူမနဲ့ လင်းဖန်တို့က အငယ်တန်းကစလို့ အထက်တန်းအထိ အတန်းဖော်များ ဖြစ်ခဲ့ကြသည်။

သူမ လင်းဖန်ကို သဘောကျရုံတင်မဟုတ်တော့ဘဲ အားကိုးမိနေပါပြီ။

သူေ၏ အလွန်လှပသည့် ညီမဖြစ်သူ စုရှောင်းယွီလည်း လင်းဖန်ကို သဘောကျနေတာကိုလည်း ရှားဝမ်ချွေ့ သိပါသည်။

သူတို့ မျိုးရိုးနာမည်တွေ မတူသော်လည်း စုရှောင်းယွီက သူမ၏ ညီမ ဖြစ်သည်။

လင်းခဲ့ရှင်းကလည်း အလွန်လှပသူဖြစ်၏။ တစ်ချိန်တုန်းက ပေကျင်းရုပ်ရှင်တက္ကသိုလ်၏ Queen ဖြစ်ခဲ့ဖူးသူဖြစ်သဖြင့် အလွန်ကြည့်ကောင်းပါသည်။

သူ့ဘေးနားမှာ မိန်းမလှလေးများစွာ ရှိနေသဖြင့် ရှားဝမ်ချွေ့၏ စိုးရိမ်ပူပန်မှုများက ဖြစ်သင့်ပါသည်။

လင်းဖန်က ပြုံးလိုက်ပြီး ရှားဝမ်ချွေ့ကို နူးညံ့စွာ ဖက်လိုက်သည်။ သူမ၏ နဖူးကို နမ်းရှိုက်လိုက်ပြီး ခေါင်းလေးကို ပွတ်ပေးလိုက်ပါသည်။ “ဘာတွေ တွေးနေတာလဲ”

“ငါ နင်ကလွဲပြီး တခြားဘယ်သူ့မှ မကြိုက်ဘူး။ နင့်ကို ပိုင်ဆိုင်ဖို့ လွယ်ခဲ့တာမှ မဟုတ်တာ။ နင့်ကို ကာကွယ်ပေးရမှာပေါ့။ နင့်ကို လက်ထပ်ရရင် ငါဘယ်လောက် ပျော်ရမလဲ သိလား” လင်းဖန် ပြောလိုက်သည်။

“အင်း~ ဒါဆို နင်အလုပ်ကြိုးစားလေ။ နှစ်ဝက်ကြာရင် ငါ့အဖေရဲ့ စမ်းသပ်ချက်ကို နင်အောင်မှာပါ” ရှားဝမ်ချွေ့က အပြုံးဖြင့် ပြောလိုက်ပါသည်။ သူမ၏ မျက်နှာလေးက အနည်းငယ် နီရဲနေပြီး လင်းဖန်၏ လက်မောင်းပေါ်တွင် မှီလိုက်ပါသည်။

“ဒါပေါ့။ ငါအခု နေ့တိုင်း တရုတ်စစ်တုရင် လေ့ကျင့်နေတာ” လင်းဖန် ပြုံးလိုက်သည်။

အခြေအနေ အချိန်အခါမှန် ရောက်နေမှန်း မြင်သဖြင့် လင်းဖန်တစ်ယောက် ရှားဝမ်ချွေ့ကို ပွေ့ဖက်လိုက်ပြီး သူမ၏ ခန္ဓာကိုယ် နေရာတစ်ခုခုကို နူးညံ့စွာ ထိထားလိုက်သည်။

သူအလွန် သိမ်မွေ့နေမှဖြစ်မည်။ ရှားဝမ်ချွေ့ သတိထားမိသွားမှာ လင်းဖန် ကြောက်နေပါသည်။ မဟုတ်ပါက သူ စာအိတ်နီကို ရနိုင်မှာ မဟုတ်ပါ။

၁ စက္ကန့်၊ ၂ စက္ကန့်၊ ၃ စက္ကန့်…

ရှားဝမ်ချွေ့၏ အဝတ်အစားကို ထိလိုက်သည့် အခိုက်အတန့်တွင် လင်းဖန် စိတ်ထဲမှာ အချိန်ကို ရေတွက်နေလိုက်သည်။

၃၀ စက္ကန့် ထိထားနိုင်လျှင် မစ်ရှင်ကို အောင်မြင်ပြီး သန်း ၃၀၀ တန် Tomson Riviera ဗီလာကြီးကို ပိုင်ဆိုင်နိုင်ပါပြီ။

မစ်ရှင်ကို မအောင်မြင်ပါက ခံစားရမည့် အပြစ်ဒဏ်က ရက်စက်လွန်းပါသည်။

လင်းဖန်ကို ပိုစိတ်လှုပ်ရှားသွားစေသည့်အရာက ရှားဝမ်ချွေ့ သူ့ရင်ခွင်ထဲမှာ အိပ်ပျော်သွားသည့်ပုံစံပင်။

ထို့အပြင် သူမ၏ အဝတ်အစားကိုသာ ထိထားခြင်းဖြစ်သည်။ မသိမသာ ထိထားသော်လည်း ရှားဝမ်ချွေ့ သတိမထားမိနိုင်ပါ။

ဒီလိုသာဆို မစ်ရှင်အောင်မြင်ဖို့ လွယ်ကူပါလိမ့်မည်။

၂၀ စက္ကန့်… ၂၁ စက္ကန့်…

၂၇ စက္ကန့်သို့ ရောက်သောအခါ လင်းဖန်၏ အသက်ရှူနှုန်းတွေတောင် ပြောင်းလဲလာပါသည်။

ဒါ အနာဂတ်မှာ သူရပ်တည်နိုင်မလား မရပ်တည်နိုင်ဘူးလားဆိုတာနဲ့ သက်ဆိုင်နေသော အရေးကြီး မစ်ရှင်တစ်ခု ဖြစ်သည်။

ထို့နောက် ရှားဝမ်ချွေ့ မျက်လုံးများပွင့်လာပြီး လင်းဖန်၏ လက်ကို ကိုင်လိုက်သည်။

သူမ၏ ပါးပြင်များ ပန်းရောင်သန်းနေပြီး လင်းဖန်ကို ကြည့်ာ သူ့လက်ကို သူမအင်္ကျီပေါ်မှ ဖယ်လိုက်ပါသည်။

၃ စက္ကန့်သာ လိုတော့သော်လည်း ကျရှုံးသွားလေပြီ။

ရှားဝမ်ချွေ့က အရင်တစ်ခေါက်ကလောက်တော့ စိတ်မဆိုးတော့ပါ။

“လူဆိုးကောင် ထပ်မထိနဲ့နော်”

“ငါတို့ လက်ထပ်ပြီးရင် အားလုံးက နင့်အတွက်ပဲကို~” ရှားဝမ်ချွေ့ မျက်နှာနီနီရဲရဲဖြင့် ပြောလိုက်သည်။ လင်းဖန်၏ ရင်ခွင်ထဲ လှဲလျောင်းနေပြီး သူမ၏ မျက်လုံးများကို ထပ်မံ ပိတ်ထားလိုက်ပါသည်။

လင်းဖန် ဘာမှ မပြောတော့ပါ။ ကောင်းကင်ကြီးကိုသာ မော့ကြည့်ရင်း သက်ပြင်းချမိတော့သည်။

သူတို့ လက်ထပ်သည့်အချိန်ကိုရောက်လျှင် သူလည်း လူညွှန့်တုံးနေလောက်ပါပြီ။

ဒီတစ်ခေါက်လည်း လင်းဖန် မအောင်မြင်ပေ။

ဒါဘဝပပင်။ လင်းဖန် နောက်ထပ် ၃ စက္ကန့်လောက် အတင်းထိထားလို့ရသော်လည်း မလုပ်ခဲ့ပါ။

ရှားဝမ်ချွေ့ကို သူ အတင်းခိုင်းမည် မဟုတ်ပေ။။

သူမ လိုက်လျောလျှင် အဆင်ပြေပါသည်။ မလိုက်လျောပါက လင်းဖန် စာအိတ်နီကို အတင်းယူမှာ မဟုတ်ပါ။

ဘာပဲဖြစ်ဖြစ် သူ့မှာ အချိန် ၁ လတောင် ကျန်ပါသေးသည်။ အချိန်တွေ အများကြီး ရှိပါသေးသည်။

ယခု ရှားဝမ်ချွေ့က လင်းဖန်၏ ကောင်မလေးဖြစ်နေပြီ ဖြစ်သောကြောင့် သူမ ဆန္ဒများကို မကန့်ကွက်ပါ။

ခုနက အချိန်ခဏတာ ထိတွေ့လိုက်ရတာတောင် ခံစားချက်က နူးညံ့ပြီး အလွန်ပျော်ဖို့ ကောင်းပါသည်။

လက်ထပ်ပြီးသွားရင်တော့ သူ့ဘဝက ပျော်စရာတွေချည်း ပြည့်နှက်နေတော့မည်။

လင်းဖန် မျှော်လင့်ထား၏။ သူက သူတော်စင်မဟုတ်ပါ။ သူ့မိန်းမက အလွန်လှပသည်။ သူ မည်သည့်အတွေးမှ မတွေးဖို့ဆိုတာလည်း အတော်ခက်ခဲပါသည်။

သို့သော်လည်း သူတို့လက်ထပ်ပြီးသည့်အချိန်အထိ စောင့်ရမည်။

လင်းဖန်က ရှားဝမ်ချွေ့ကို သူမအခန်းဆီ ပွေ့ချီကာ ပြန်ပို့ပေးလိုက်ပြီး စောင်ခြုံပေးခဲ့သည်။

ထို့နောက် တရုတ်စစ်တုရင်ကို သွားလေ့လာနေလိုက်ပါသည်

နှစ်ဝက်အတွင်း လူသစ်အဆင့်မှ တရုတ်စစ်တုရင်မာစတာ တစ်ယောက်ဖြစ်လာဖို့ မဖြစ်နိုင်တာ မဟုတ်ပေ။

တရုတ်စစ်တုရင်ကို ကစားပြီးနောက် လင်းဖန် Weibo ကိုဖွင့်လိုက်ပြီး ကောမန့်များစွာကို ဖတ်ကြည့်လိုက်ပါသည်။

ကောလဟာလများကို ပိတ်ပစ်နိုင်ခဲ့သော်လည်း အွန်လိုင်းပေါ်မှာ တစ်ယောက်နဲ့တစ်ယောက် အငြင်းပွားနေသည့် မုန်းတီးရေးသမားများ ရှိနေဆဲဖြစ်သည်။

မုန်းတီးရေးသမားတွေကို မမြင်ရတာ ကြာပြီဖြစ်သော်လည်း အခုတော့ အုပ်လိုက်ကြီး ပြန်ပေါ်လာပါသည်။

ဟွာစဲပစ်ချားကလွဲပြီး တခြားဘယ်သူမှ မလုပ်နိုင်ပါ။

ဟွာစဲပစ်ချား၏ ဥက္ကဌ လျို့ရှမ့်က အားနည်းသည့် လင်းခဲ့ရှင်းကို အနိုင်ကျင့်ပြီး သူမ စာချုပ်ကို အသုံးချကာ သူမကို ရှင်းထုတ်ခဲ့ပါသည်။

လင်းခဲ့ရှင်း၏ တန်ဖိုးကိုမြင်သည့် လင်းဖန်က သန်း ၂၀၀ ကူညီ ဖြေရှင်းပေးခဲ့ပြီး စာချုပ် ဖျက်သိမ်းစေခဲ့သည်။

ထို့နောက် လင်းဖန်က လင်းခဲ့ရှင်းနဲ့ စာချုပ်ချုပ်ဆိုလိုက်ပါသည်။ တခြားသူတွေရဲ့အမြင်မှာတော့ ရူးမိုက်သည့် ဆုံးဖြတ်ချက် ဖြစ်ကောင်းဖြစ်နိုင်သည်။

သို့သော်လည်း လင်းဖန်က လင်းခဲ့ရှင်း၏ လုပ်ငန်းတန်ဖိုးကို နားလည်သည်။ သူမ၏ ရေပန်စားမှုနဲ့ လင်းဖန်၏ ရုပ်သံဒရမ်မာတွေနဲ့သာဆို သူမကို ပိုပြီး နာမည်ရလာအောင် ကူညီပေးဖို့ လုံလောက်ပါသည်။ ထိုအချိန်ကလျှင် သူမထံမှ ရရှိနိုင်မည့် အကျိုးအမြတ်များက သန်း ၂၀၀ ထက် အများကြီး သာလွန်နိုင်ပါသည်။

လျို့ရှမ့် စာချုပ်လျော်ကြေး သန်း ၂၀၀ ကိုရရှိပြီးနောက် Weibo ပေါ်တွင် လေလုံးထွားပြီး အလွန်ပျော်ရွှင်နေသည်ဟုတောင် ပြောခဲ့ပါသေးသည်။

စုရှောင်းယွီကိုတောင် အွန်လိုင်းပေါ်မှာ ဝေဖန်နေသည့် မုန်းတီးရေးသမားများရှိနေသည်။

စုရှောင်းယွီနဲ့ လင်းခဲ့ရှင်းတို့ ၂ ယောက်စလုံးက သူ့လက်အောက်က ဆယ်လီများ ဖြစ်ကြသည်။ သူတို့က လင်းဖန်ရဲ့ မိတ်ဆွေဆိုလည်း ဟုတ်ပါသည်။

မုန်းစရာ အကောင်းဆုံးက ဟွာစဲပစ်ချားမှာ ရှားဝမ်ချွေ့ကို ပစ်မှတ်ထားတာ အကြိမ်ပေါင်းများစွာ ရှိနေပါပြီ။ ယခုလည်း နောက်တစ်ဖန် ထပ်ပြီး ပစ်မှတ်ထားနေပြန်ပြီ။

ဟွာစဲပစ်ချား၏ ကြမ်းတမ်း၊ ယုတ်မာ၊ ရိုင်းစိုင်းသော တိုက်ခိုက်မှုများကြောင့် လင်းဖန် တကယ် ဒေါသထွက်မိပါသည်။

အားလုံးက အနုပညာလောကထဲက ကုမ္ပဏီတွေပဲဖြစ်သည်။ ဟွာစဲပစ်ချားကို ပြင်ပအား သုံးပြီး ဖျက်ဆီးနိုင်ဖို့က အလွန်ခက်ခဲသည်။ ဘာပဲဖြစ်ဖြစ် ဟွာစဲပစ်ချားက ရွေးချယ်စရာမရှိဘဲ ဒီလိုလုပ်လိုက်ရသည်။ အနုပညာလောကထဲမှာလည်း သူတို့အရင်းအမြစ်တွေ အများကြီး ရှိနေပါသည်။

လင်းဖန်က အနုပညာလောကထဲမှာ နာမည်တစ်ခုရှိသော်လည်း ဟွာစဲပစ်ချားလို ကုမ္ပဏီကြီးမျိုးနဲ့ ယှဥ်ရင်တော့ အများကြီး နိမ့်ကျနေပါသေးသည်။

ဘယ်သူမှ လင်းဖန်အတွက်နဲ့ ဟွာစဲပစ်ချားလို အကျော်အမော်ကို တိုက်ခိုက်ပေးမှာ မဟုတ်ပါ။

လင်းဖန်ကို ကူညီပေးနိုင်သည့် တစ်ဦးတည်းသောသူက သူကိုယ်တိုင်ပင်။

အနုပညာလောကထဲမှာ မားမားမတ်မတ် ရပ်တည်နိုင်မှ သူများတိုက်ခိုက်မှုတွေကို မကြောက်ရတော့မှာ ဖြစ်သည်။

ဟွာစဲပစ်ချားနဲ့ ယှဥ်ပြိုင်ချင်ပါက သူ့လုပ်ငန်းနဲ့ အနှစ်ချုပ် ခွန်အားတို့မှ တဆင့် ယှဥ်ပြိုင်ရမည်။

လူတွေဆဲကြလည်း လင်းဖန် ဂရုမစိုက်ပါဓ။

လင်းခဲ့ရှင်းနဲ့ စုရှောင်းယွီတို့ကို အနိုင်ကျင့်တာတောင် လင်းဖန် သည်းခံနိုင်သေးသည်။

သို့သော်… ဟွာစဲပစ်ချားက ရှားဝမ်ချွေ့ကို ပစ်မှတ်ထားသဖြင့် လင်းဖန် သည်းမခံနိုင်တော့ပါ။

ဟွာစဲပစ်ချားလည်း ဂရုမစိုက်ဘူး။

ဟွာစဲပစ်ချားတွင် စျေးကွက်တန်ဖိုး ၁၀ ဘီလီယံယွမ်ရှိသည်။ ကျောထောက်နောက်ခံ များစွာနဲ့ မိသားစုများစွာ၏ ထောက်ပံ့မှုကို ရရှိထားသည့် ကုမ္ပဏီကြီးတစ်ခုဖြစ်သည်။ တကယ်တော့ ၎င်း၏ စျေးကွက်တန်ဖိုးက ၁၀၀ ဘီလီယံယွမ် နီးပါးပင် ရှိပါသည်။

လင်းဖန်၏ နောက်ခံက အားကောင်းသော်လည်း နယ်ပယ်ခြင်း မတူပါ။ LV နဲ့ Chanel တို့က ကမ္ဘာလုံးဆိုင်ရာ တန်ဖိုးကြီး ဘရန်းများဖြစ်ကြပြီး Alibaba ကလည်း အနုပညာ လောကနဲ့ ဘာမှမဆိုင်ပေ။

ဟွာစဲပစ်ချားကို သက်သေ ခိုင်ခိုင်လုံလုံ မရှိဘဲ သာမန်နည်းလမ်းနဲ့ ဖြိုခွင်းဖို့က မဖြစ်နိုင်သလောက် ရှိသည်။

လင်းဖန်က ဒီလို သာမန်မဟုတ်သည့် စီးပွားရေးနည်းလမ်းများကို ရွံရှာပါသည်။

အနုပညာလောကက လင်းဖန် စွမ်းဆောင်နိုင်သည့် နေရာပဲ ဖြစ်သည်။

ဟွာစဲပစ်ချားက ဒီလောက်ရန်လိုနေမှတော့ လင်းဖန်က သူ့ခွန်အားဖြင့် အနုပညာလောကထဲက ကုမ္ပဏီအားလုံးကို သိမ်းပိုက်ကာ နောက်ဆုံးမှာ ဟွာစဲပစ်ချားကို လုံးဝ ဖျက်ဆီးပစ်လိုက်မည်။

အခုချိန်ကစပြီး…. ဟွာစဲပစ်ချားကို လင်းဖန် တရားဝင် စစ်ကြေညာလိုက်ပါပြီ။

All Chapters