← Chapters

လင်းဖန်ရဲ့ အရမ်းကောင်းတဲ့ ဇာတ်ညွှန်းများ

Vol. 19 Ch. 278

လင်းဖန်ရဲ့ အရမ်းကောင်းတဲ့ ဇာတ်ညွှန်းများ

Vol. 19 Ch. 278

ယွဲ့ဟွာ ဖျော်ဖြေရေးတွင်…

ဒီနေ့က အလွန်အရေးကြီးသည့် နေ့တစ်နေ့ဖြစ်သည်။

အဘယ့်ကြောင့်ဆိုသော် ဒီနေ့ “ဘဝရဲ့ပျော်ရွှင်မှု” Season 2 အတွက် သရုပ်ဆောင်များကို ရွေးချယ်မည် ဖြစ်သောကြောင့် ဖြစ်ပါသည်

ဟွာစဲပစ်ချားက လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့ကို အမြဲတမ်း ပစ်မှတ်ထားနေသဖြင့် လင်းဖန် စိတ်အနှောင့်အယှက်ဖြစ်လာသည်။

ဟွာစဲပစ်ချားနဲ့ တိုက်ပွဲစတင်ပါပြီ။

ထို့ကြောင့် ဟွာစဲပစ်များကို ဖြိုခွင်းချင်ပါက သူ့လုပ်ငန်းတွေကို အသုံးချရမည်။

“ဘဝရဲ့ပျော်ရွှင်မှု” Season 1 ၏ မူရင်း သရုပ်ဆောင်အားလုံး ရောက်နေကြပါပြီ။

သို့သော်လည်း ထပ်ပေါင်းထည့်ရမည့် ဇာတ်ကောင်အသစ်တွေလည်း ရှိသည်။ ထိုဇာတ်ကောင်တွေ နေရာမှာ ဘယ်သူ သရုပ်ဆောင်မလဲဆိုသည့် နောက်ဆုံး ဆုံးဖြတ်ချက်ကို လင်းဖန်သာ ချပိုင်ခွင့် ရှိပါသည်။

“ဘဝရဲ့ပျော်ရွှင်မှု Season 2 မှာ ပါမယ့် ဇာတ်ကောင်တွေကို စနစ်တကျ ကြေညာပေးပါရစေ”

“ခေါင်းဆောင်မင်းသားက ကျွန်တော်ပါ။ ခေါင်းဆောင်မင်းသမီးက ရှားဝမ်ချွေ့။ ကျန်တဲ့ Role တွေက Season 1 နဲ့ မခြားဘူး။ အားလုံးလည်း အချိန်အားကြတဲ့ပုံပဲ။ ဘဝရဲ့ပျော်ရွှင်မှု Season 2 ကို ဒီသရုပ်ဆောင်တွေနဲ့ပဲ ပြန်ရိုက်နိုင်ရင် ပိုကောင်းတဲ့လက်ရာတစ်ခု ထုတ်လုပ်နိုင်မယ်လို့ ကျွန်တော်ယုံကြည်တယ်”

“အဲ့ဒီထဲမှာမှ ဒရမ်မာထဲ ထည့်မယ့် ဇာတ်ကောင်အသစ်တချို့ ရှိတယ်။ လင်းခဲ့ရှင်းက ဇာတ်ကောင်နေရာတစ်ခုရမယ်လို့ ကျွန်တော်ထင်တယ်။ နောက်ထပ် မိန်းကလေးဇာတ်ကောင်က ကလေးလေး ဖြစ်ရမယ်။ ထန်ရှင်းရန်ကို အစမ်းသရုပ်ဆောင် ခိုင်းကြည့်ရအောင်။ တခြား ဇာတ်ကောင်တွေက ဒီလိုပါ…”

လင်းဖန်က လင်းခဲ့ရှင်းနဲ့ ထန်ရှင်းရန်တို့ကို ကြည့်ကာ ပြုံးပြလိုက်ပါသည်။

ပြောစရာမလိုအောင် လင်းခဲ့ရှင်းက သရုပ်ဆောင်စွမ်းရည် ကောင်းမွန်သည့် ကြယ်ပွင့်တစ်ယောက် ဖြစ်သည်။

ထန်ရှင်းရန်က အသက် ၁၀ နှစ်အရွယ်သာ ရှိသေးသော်လည်း ချစ်ဖိုကောင်း၊ လှပပြီး ထက်မြက်သည့် ကျောင်းသူတစ်ယောက် ဖြစ်ပါသည်။

လင်းဖန် အရင်တစ်ခေါက် ကားအက်ဆီးဒင့်ဖြစ်တုန်းက ဒီကောင်မလေးကို ကယ်တင်ပေးခဲ့သည်။ ၁ လကျော်ကျော် အချိန်အတွင်းမှာပင် သူမဖာသာ ဆဌမတန်း ပညာအားလုံးကို လေ့လာပြီး အတန်းထဲမှာတောင် ပထမနေရာ ရခဲ့ပါသည်။

ဖြစ်ချင်တော့ ဘဝရဲ့ပျော်ရွှင်မှု ရုပ်သံဒရမ်မာထဲမှာလည်း ကလေးမလေးတစ်ယောက် ပါရမည့် Role ရှိနေသည်။ လင်းဖန် သင့်တော်သည့် သရုပ်ဆောင် ရှာမရပေ။ ထို့ကြောင့် ထန်ရှင်းရန်ကို စဥ်းစားမိလိုက်ခြင်း ဖြစ်ပါသည်။

သူမ၏ ပညာရေးကို ထိခိုက်စေမှာ မဟုတ်ဘဲ ဒီတိုင်း သရုပ်ဆောင် လာလေ့ကျင့်လို့လည်း ရပါသည်။

ထန်ရှင်းရန် ထိုစကားကို ကြားလိုက်ရတော့ အလွန်ပျော်ရွှင်သွားခဲ့သည်။ လင်းဖန်က သူမ အသက်ကို ကယ်တင်ခဲ့ပြီး အကောင်းဆုံး ကျောင်းမှာ ပညာသင်ရဖို့တောင် စီစဥ်ပေးခဲ့သည်။ ထို့ကြောင့် လင်းဖန်ကို ကျေးဇူးပြန်ဆပ်ချင်နေသည်။

စီစဥ်မှု အကုန်ပြီးဆုံးသွားသောအခါ အားလုံး အံ့သြမှင်သက်ကုန်ကြပါသည်၊။

ဘဝရဲ့ပျော်ရွှင်မှု Season 2 အတွက် သရုပ်ဆောင် စာရင်းက အလွန်ကောင်းလွန်းနေသည်။

ဘဝရဲ့ပျော်ရွှင်မှု Season 2 အတွက် ထူးချွန်သည့် သရုပ်ဆောင်များစွာ ပါဝင်လာကြသည်။

အရေးအကြီးဆုံးက စူပါစတား လင်းခဲ့ရှင်းပါ ပါဝင်လာတော့မည်။ ထို့အပြင် ထန်ရှင်းရန်ဟူသည့် ချောမောလှပသော ကလေးမလေးလည်း ပါဝင်ပါသေးသည်။

ထန်ရှင်းရန်က အသက် ၁၀ နှစ်သာ ရှိသေးသော်လည်း အလွန်လှပနေပါပြီ။ ငယ်ရွယ်သေးသော်လည်း လူတွေအများကြီးက သဘောကျနေကြပါပြီ။

ရှားဝမ်ချွေ့၊ စုရှောင်းယွီ၊ လင်းဖန်၊ လင်းကျင်းကျင်းတို့အားလုံး ဒီကလေးမလေးကို သဘောကျကြသည်။

ရှုယန်က အလွန်အားကျနေမိပါသည်။ ဒီလောက်လှပပြီး ဖြူစင်တဲ့ ကောင်မလေးကို လင်းဖန်ရဲ့ ညီမလေးဖြစ်အောင် ကောင်းကင်ဘုံက ဘယ်လိုများ ဖန်ဆင်းပေးလိုက်တာလဲ။

လက်ထောက်ဒါရိုက်တာ လုပမ်ခိုင်းက လင်းဖန်ကို ကြည်ကာ မေးလိုက်သည်။ “ဉီလေးဖန် ငါတို့ ဒီတစ်ခေါက် သရုပ်ဆောင်တွေက တော်တော်ကောင်းပါတယ်။ ပြဿနာလေး တစ်ခုပဲ ရှိတယ်။ ထန်ရှင်းရန်က အရမ်းလှတာတော့ ဟုတ်ပါတယ်။ ဒါပေမယ့် သူသရုပ်ဆောင်ရမယ့် Role က အရမ်းအရေးကြီးတယ်။ သူသာ ကောင်းကောင်း သရုပ်မဆောင်နိုင်ဘူးဆိုရင် ရုပ်သံဒရမ်မာ တစ်ခုလုံးရဲ့ အရည်အသွေးနဲ့ စံနှုန်းကျသွားနိုင်တယ်”

လုပမ်ခိုင်းက ထန်ရှင်းရန်ကို လက်မခံချင်တာ မဟုတ်သော်လည်း သရုပ်ဆောင်ပါရမီ မပါလျှင် ရုပ်သံဒရမ်မာတစ်ခုမှာ ဒီလောက်အရေးပါသည့် Role အတွက် သရုပ်ဆောင်ဖို့ အလွန်ခက်သည်

သူမ ကောင်းကောင်း သရုပ်မဆောင်နိုင်ပါက ဒရမ်မာတစ်ခုလုံး၏ နာမည် ထိခိုက်နိုင်သည်။

လင်းဖန်က ထန်ရှင်းရန်၏ ခေါင်းလေးကို ပုတ်ကာ ပြောလိုက်ပါသည်။ “ကျွန်တော် ရန်ရန်လေးကို သရုပ်ဆောင်ပညာသင်ပေးဖို့ ဆရာတွေ ငှားပေးထားတာ ကြာပြီ။ ရန်ရန်လေးရဲ့ သရုပ်ဆောင်စွမ်းရည်က အခုဆို တော်တော် ကောင်းနေပါပြီ”

“ရန်ရန်လေး ငါတို့ကို သရုပ်ဆောင်ပေးပါလား။ ငါက နင့်ရဲ့ အစ်ကိုကြီးလို သဘောထားလိုက်။ ငါက နင့်ကို အရင်ဆုံး လက်ဆွဲနှုတ်ဆက်မယ်။ ပြီးရင် တခြား မိန်းကလေးတွေနဲ့ လက်ဆွဲနှုတ်ဆက်လိုက်မယ်။ နင့်ရဲ့ စိတ်ခံစားချက် ပြောင်းလဲမှုကို သရုပ်ဆောင်ပြလိုက်” လင်းဖန် ပြုံးကာ ပြောလိုက်၏။

ဆယ်လီများစွာ၏ အာရုံစိုက်မှုအောက်တွင် လင်းဖန် စတင်ပြီး ထန်ရှင်းရန်ကို စမ်းသပ်လိုက်ပါသည်။

သူမ ပျော်သလို သရုပ်ဆောင်ရမလား စိတ်ပျက်သလို သရုပ်ဆောင်ရမလား ရှင်းရှင်းလင်းလင်း မပြောပါ။ သူမ၏ စကားလုံးများကို သူမကိုယ်တိုင် ဖန်တီးရမည်ဖြစ်ပြီး အားလုံးကလည်း သူမအပေါ်မှာပဲ မူတည်နေပါသည်။ ဒါက အခက်ခဲဆုံးအပိုင်း ဖြစ်၏။ ထန်ရှင်းရန် လင်းဖန်ဆိုလိုတာကို နားလည်မှဖြစ်မည်။

သူမ စတင် သရုပ်ဆောင်လိုက်သည်။

လင်းဖန်က ထန်ရှင်ရန်နဲ့ ပထမဆုံး လက်ဆွဲနှုတ်ဆက်လိုက်သည်။ ထန်ရှင်းရန်က အလွန်ပျော်ရွှင်ပြီး စိတ်လှုပ်ရှားသွားသည့်ပုံ ပေါက်သွားသည်။ သူမ ချိုမြိန်စွာ ပြုံးလိုက်ပြီး လင်းဖန်၏ လက်ကို ဦးစွာ ဆွဲကာ နှုတ်ဆက်လိုက်ပါသည်။

လင်းဖန် တခြား ကောင်မလေးများနဲ့ လက်ဆွဲနှုတ်ဆက်တော့ အားလုံး၏ မျက်လုံးများက ထန်ရှင်းရန်ကို စောင့်ကြည့်နေကြသည်။

ထန်ရှင်းရန်က တစ်ခွန်းမှ မပြောပါ။ သူမ ငိုလည်းမငို ဘာမှလည်း မပြောပါ။ သူမ၏ မျက်လုံး လှလှလေးများက လင်းဖန်နဲ့ တခြား ကောင်မလေးတို့ဆီ ရောက်သွားပြီး သူမ မျက်နှာပေါ်က အပြုံးလည်း ပျောက်ကွယ်သွားခဲ့ရပါသည်။

သေလောက်သည့် အကြည့်မျိုး…

သူမ စကားမပြောသော်လည်း သူမ၏ သရုပ်ဆောင်မှုက အလွန်စူးရှလွန်းသည်။

သူမက အသက် ၁၀ နှစ်အရွယ်သာ ရှိသေးသော်လည်း ငယ်ရွယ်သည့် ချစ်သူကောင်မလေးလို သရုပ်ဆောင်နိုင်ပါပြီ။

အကြည့်တစ်ခု၊ မျက်နှာထားတစ်ခုတည်းနဲ့ လင်းဖန်ကိုကြည့်နေသည်။

လင်းဖန် မပြောနဲ့ဦး၊ သူမရှေ့မှာ ဘယ်သူမှ တခြားကောင်မလေးလက်ကို မဆွဲရဲတော့ပါ။

ထန်ရှင်းရန်၏ မျက်နှာအနေအထားက ပြီးပြည့်စုံလွန်း၏။

အဓိကအချက်က သူမ အလွန်လှပနေပြီး အကြည့်ကလည်း အပြစ်အနာအဆာကင်းသည်။

သူမ၏ သရုပ်ဆောင်မှု ပြီးဆုံးသွားသောအခါ အားလုံး အံ့သြမှင်သက်သွားကြသည်။

“ရန်ရန်လေး သရုပ်ဆောင်တာ အရမ်းကောင်းတာပဲ။ သူ့မျက်နှာထားက တကယ့် သေလောက်တဲ့ အကြည့်မျိုးပဲ”

“ငါတောင် ဒီလို အာနိသင်မျိုး ခံစားရအောင် သရုပ်ဆောင်နိုင်မှာ မဟုတ်ဘူး။ လက်တွေ့ ဆန်လိုက်တာ”

“ရန်ရန်လေးရဲ့ သရုပ်ဆောင်စွမ်းရည်က အရမ်းကောင်းပါလား။ သရုပ်ဆောင်နည်း မသင်ရသေးဘဲ ဒီလိုတောင် သရုပ်ဆောင်နိုင်နေပြီလား”

အားလုံး၏ ချီးကျူးမှုအောက်တွင် ထန်ရှင်းရန် နောက်ဆုံးတော့ ပြန်ပြုံးသွားပြီး လင်းဖန်ကို ကြည့်လိုက်ပါသသည်။ “အစ်ကိုလင်းဖန်က သမီးကို ကောင်းကောင်း သင်ပေးထားလို့ပါ”

ရှုယန် ဆွံ့အသွားသည်။ လုပမ်ခိုင်းလည်း ဆွံ့အနေပါသည်။

လင်းဖန်၏ သရုပ်ဆောင်စွမ်းရည် ကောင်းမွန်တာ မပြောလိုပါ။ သို့သော် ထန်ရှင်းရန်၏ သရုပ်ဆောင်စွမ်းရည်ကောင်းတွေကိုလည်း လင်းဖန်က သင်ပေးထားခြင်း ဖြစ်သည်။

ရှုယန် သက်ပြင်းချလိုက်သည်။ “နတ်ဘုရားအစစ်သာ တကယ်ရှိရင် လင်းဖန်ပဲဖြစ်လိမ့်မယ်”

လင်းဖန်က ရိုက်ကူးရေးအဖွဲ့သားအားလုံးကို ရိုက်ကူးရေးလုပ်ဖို့ စိတ်အားထက်သန်အောင် လုပ်ပေးလိုက်ကာ အဖွဲ့ကို စည်းစည်းလုံးလုံး ဖြစ်သွားစေပါသည်။

လင်းဖန်က ဒီအဖွဲ့၏ ဗဟိုချက်ဖြစ်သည်။

လက်ရှိသရုပ်ဆောင်များအနက် ပရိုဂျူဆာ လျို့မော်၊ လက်ထောက်ဒါရိုက်တာ လုပမ်ခိုင်းနဲ့၊ နောက်ဆက်တွဲ ထုတ်လုပ်ရေး အဖွဲ့ခေါင်းဆောင် ရွှဲ့ခဲ့ရှင်း၊ ယွဲ့ဟွာ စီအီးအိုလီတို့ အားလုံး လင်းဖန်ကို အထင်ကြီးသွားကြသည်

လင်းဖန်သာ ရှိနေလျှင် ယွဲ့ဟွာဖျော်ဖြေရေးက ဟွာစဲပစ်ချားကို ရင်ဆိုင် တိုက်ခိုက်နိုင်ပါလိမ့်မည်။

ထို့အပြင် လင်းဖန် လက်အောက်မှာ အနုပညာရှင်နှစ်ယောက်ဖြစ်သည့် စုရှောင်းယွီနဲ့ လင်းခဲ့ရှင်းတို့ ရှိနေပြီဖြစ်မှန်းလည်း သူတို့ သိထားပြီးသားဖြစ်သည်။ ဒီကောင်မလေး နှစ်ယောက်၏ အနာဂတ် ဖွံ့ဖြိုးတိုးတက်မှုက သေချာပေါက် အလွန်ကောင်းမွန်ပါလိမ့်မည်။

ထန်ရှင်းရန်ကလည်း အဆင့် A ကျောင်းသူတစ်ယောက်ဖြစ်သည်။ သူမသာ အနုပညာ လောကထဲ ဝင်လာပါက လူပေါင်းများစွာ သဘောကျသည့် နတ်သမီးလေးတစ်ပါး ဖြစ်လာနိုင်ပါသည်။

ထန်ရှင်းရန်လည်း အနာဂတ်တွင် လင်းဖန် လက်အောက်က အနုပညာရှင် သေချာပေါက် ဖြစ်လာလိမ့်မည်။ ရှားဝမ်ချွေ့အပြင် ဖျော်ဖြေရေး ကုမ္ပဏီတစ်ခုကို မတည်ထောင်ရသေးခင်မှာပင် လင်းဖန်လက်အောက်မှာ အနုပညာရှင်များစွာ ရှိနေပါပြီ။

သူတို့ တစ်ယောက်ချင်းစီတိုင်းက ထိပ်တန်း ဆယ်လီတစ်ယောက် ဖြစ်လာနိုင်သည်။

“ဟုတ်ပြီ။ Role တွေကို ဆုံးဖြတ်ပြီးသွားပြီ။ အားလုံး အသင့်ပြင်ထားကြတော့။ မနက်ဖြန် ဇာတ်ညွှန်း အစမ်း ဆွေးနွေးမှု စမယ်။ ဇာတ်ညွှန်းအစမ်း ဆွေးနွေးမှု အတည်ပြုပြီးသွားရင် ရင်းနှီးမြှုပ်နှံသူတွေ လက်ခံလို့ရပြီ။ ရင်းနှီးမြှုပ်နှံသူတွေကို အတည်ပြုပြီးသွားရင် သက်ဆိုင်ရာ အဝတ်အစားတွေ ဝယ်ယူရမယ်။ ရိုက်ကူးရေးနေရာတွင် ငှားရမ်းပြီး ဝန်ထမ်းတွေ အသင့်ဖြစ်ပြီဆိုတာနဲ့ ရိုက်ကူးရေး တရားဝင်စတင်လို့ရပါပြီ” လင်းဖန် ကပြောလိုက်သည်။

လင်းဖန်က နောက်တစ်နေ့ ဇာတ်ညွှန်း အစမ်းဆွေးနွေးပွဲမစခင် တစ်ရက်လောက် နားချင်ခဲ့သည်။

သို့သော် ထင်မထားစွာဖြင့် သရုပ်ဆောင်းများစွာနဲ့ ဆရာကြီး ထျန်ကျန်းအပါအဝင် ယွဲ့ဟွာ ဖျော်ဖြေရေး၏ ဇာတ်ညွှန်းဆရာပေါင်းများစွာက အတူတူ ရပ်တည်နေကြသည်။

ရှားဝမ်ချွေ့၊ စုရှောင်းယွီ၊ လင်းခဲ့ရှင်း၊ ထန်ရှင်းရန်၊ ရှုယန်၊ လင်းကျင်းကျင်းနဲ့ တခြား ဆယ်လီများစွာကလည်း လင်းဖန်ကို မျှော်လင့်တကြီး ကြည့်နေကြပါသည်။

သူတို့ မနက်ဖြန်ထိ စောင့်နိုင်ပါဦးမလား။ လင်းဖန်ရေးထားသည့် ဇာတ်ညွှန်းများက အလွန် စိတ်လှုပ်ရှားဖို့ ကောင်းပါသည်။ ဇာတ်လမ်းတိုင်းက လူတွေရဲ့ နှလုံးသားထဲမှာ နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်သွားနိုင်သည်။ သူတို့ ဘဝရဲ့ပျော်ရွှင်မှု Season 1 ကို ရိုက်ကူးပြီးစီးသွားတုန်းက ကြည့်ရှုသူတွေကို မဆိုဦးနဲ့၊ သရုပ်ဆောင်တွေတောင် စိတ်မထိန်းနိုင်ကြပါ။

ဘဝရဲ့ပျော်ရွှင်မှု Season 2 ဇာတ်ညွှန်းကို မြင်ရဖို့ စိတ်အားထက်သန်နေကြသည်။ သရုပ်ဆောင်တိုင်းက ဒီဒရမ်မာကို ရိုက်ကူးဖို့အခွင့်အရေးကို လေးလေးနက်နက် တန်ဖိုးထားကြပါသည်။

အားလုံးက လင်းဖန်ကို စိတ်အားထက်သန်စွာ ကြည့်နေကြသည်။

ဒီလောက်ကောင်းတဲ့ ဇာတ်ညွှန်းတွေကို ရေးနိုင်တာ လင်းဖန်အပြစ် မဟုတ်ပေ။

All Chapters