← Chapters

ဆုချမယ်~

Vol. 19 Ch. 280

ဆုချမယ်~

Vol. 19 Ch. 280

နောက်တစ်နေ့ ရှုယန် တောက်ပလို့နေသည်။ အားအင်တက်ကြွစွာဖြင့် လမ်းလျှောက်လာသည်။

လင်းကျင်းကျင်းကတော့ အလွန်ရှက်ရွံ့စွာဖြင့် ရှုယန်နဲ့ အတူတူ လျှောက်လာပါသည်။

ဘာတွေဖြစ်ခဲ့သလဲဆိုတာတော့ ဘယ်သူမှ မသိနိုင်ပေ။

ဒီနေ့ ကုမ္ပဏီက ဇာတ်ညွှန်းအစမ်းဆွေးနွေးပွဲ ကျင်းပမည်ဖြစ်သည်။

ဇာတ်ညွှန်းအစမ်းဆွေးနွေးပွဲ မစခင် လင်းဖန်နဲ့ ရှုယန်တို့ အတူတူထိုင်မိကြ၏။

ရှုယန်ကို ကြည့်ကာ လင်းဖန်က်ို မေးလိုက်သည်။ “မင်း ဘာဖြစ်နေတာလဲ။ ဘာလို့ ဒီလောက် ပျော်နေတာလဲ”

ရှုယန်က တည်တည်ငြိမ်ငြိမ်ပဲ ပြောလိုက်ပါသည်။ “ဘာမှမဟုတ်ပါဘူးကွာ။ ငါယောက်ျားတစ်ယောက် ဖြစ်သွားပြီ”

လင်းဖန် နားမလည်ပါ။ “အဲ့တာဆို အရင်တုန်းက မိန်းမကြီးဖြစ်နေလို့လား”

ရှုယန်က သရော်လိုက်၏။ “မင်း နားမလည်ဘူးမလား”

လင်းဖန် ချက်ချင်းနားလည်သွားသည်။ “မဟုတ်မှလွဲရော မင်းနဲ့ ကျင်းကျင်းနဲ့က…”

ရှုယန် ပြုံးသာ ပြုံးလိုက်ပြီး ဘာမှဆက်မပြောတော့ပါ။ သူ့ပုံစံက အလွန်ကျေနပ်နေသည့် ပုံစံကြီးပင်။

ရှုယန် ဒီနေ့ ဘာကြောင့် တက်ကြွနေသလဲ လင်းဖန် နောက်ဆုံးတော့ နားလည်သွားပါပြီ။

သူနဲ့ လင်းကျင်းကျင်းတို့အကြား ပြောပြလို့မရတဲ့ ကိစ္စတစ်ခုခု ဖြစ်သွားပြီပေါ့။

သူများ ကောင်မလေးတွေများ ဘာလို့ ဒီလောက် သဘောကောင်းရတာလဲ။

လင်းဖန် သက်ပြင်းချလိုက်သည်။ သူ့ဘဝကြီးကတော့ အချစ်မဲ့နေသည်ဟု ခံစားလိုက်ရသည်။

သူ့ချစ်သူ ကြောင်မလေးက အသက်ရှူမှားလောက်အောင် လှပသည့် မိန်းကလေးဖြစ်သော်လည်း သူမကို ထိခွင့်တောင်မပေးပါ။

အခုချိန်ထိ လင်းဖန် စနစ်မစ်ရှင်ကို မအောင်နိုင်သေးပေ။

ညဘက် ထိုကိစ္စမျိုး လုပ်ဖို့မပြောနဲ့ စဥ်းတောင်စဥ်းစားကြည့်လို့မရပါ။

“မြောင်မြောင်” ရှားဝမ်ချွေ့က လင်းဖန် နောက်မှာ ရပ်နေပါသည်။ လင်းဖန်နဲ့ ရှုယန်တို့ကို အပြစ်ကင်းစင်သော မျက်လုံးလေးများဖြင့် ကြည့်နေကာ မျက်နှာလည်း အနည်းငယ် နီရဲနေပါသည်။

လင်းဖန် မလှုပ်တာကို မြင်ပြီး ရှားဝမ်ချွေ့ သူ့အင်္ကျီလက်ကို နူးညံ့စွာ ဆွဲလိုက်ရပါသည်။

လင်းဖန် မတ်တပ်ရပ်လိုက်ပြီး ရှားဝမ်ချွေ့နဲ့ ထောင့်တစ်နေရာသို့ သွားလိုက်သည်။

“နင် အားကျနေတာလား” ရှားဝမ်ချွေ့က လက်ကို ခါးနောက်ပစ်လျက် အနည်းငယ် ရှေ့ကို ကိုင်းကာ လင်းဖန်ကို ကြည့်လိုက်ပါသည်။

“နင် အကုန်ကြားသွားတာလား” လင်းဖန် ရှားဝမ်ချွေ့ကို ကြည့်လိုက်သည်။

“အွန်း~” ရှားဝမ်ချွေ့၏ မျက်နှာ ပို၍ပင် နီရဲသွားပါသည်။

“သူများ မိန်းမတွေများ သဘောကောင်းချက်နော်။ မိန်းမ နင်ကော…” လင်းဖန်က ပြုံးလိုက်၏။

“မရဘူး” ရှားဝမ်ချွေ့က လင်းဖန်ကို စိတ်ဆိုးစွာ စိုက်ကြည့်လိုက်သည်။

“ဒါဖြင့် ဘာလို့ ဆွဲခေါ်လာတာတုန်း…” လင်းဖန် သက်ပြင်းချလိုက်ပါသည်။ မိန်းကလေးတွေက တစ်ယောက်နဲ့တစ်ယောက် မတူညီကြပေ။ သူ ရှားဝမ်ချွေ့ကို အတင်းအကြပ် ခိုင်းလို့ မရပါ။

“နင်အလုပ်ကြိုးစားလို့ ဆုချမလို့လေ~”

“အဲ့လိုကိစ္စမျိုးတွေကတော့ နှစ်ဝက်ကြာတဲ့အခါ နင့်အစွမ်းအစပေါ်မူတည်မယ်~” ရှားဝမ်ချွေ့က သူမ၏ နှုတ်ခမ်းနီနီလေးဖြင့် လင်းဖန်ကို နမ်းပြီး လှည့်ထွက်သွားပါသည်။

ရှားဝမ်ချွေ့၏ နောက်ကျောကို ကြည့်ရင်း လင်းဖန် ပြုံးလိုက်သည်။

ရှုယန်နဲ့ လင်းကျင်းကျင်းတို့၏ လက်ရှိဆက်ဆံရေးကို တကယ် အားကျမိသော်လည်း လင်းဖန်က ရိုးသားဆဲဖြစ်သည်။

ဒီလောက်လှပသည့် ကောင်မလေးကို ရထားသဖြင့် လင်းဖန် ပျော်ပျော်ကြီး စောင့်နိုင်ပါသည်။

သူ့ကို ဆန္ဒရှိစွာ အပြည့်အဝ လက်ခံနိုင်မည့် နေ့ကို စောင့်နေပါမည်။

နှစ်ဝက်လောက်ကြာရင် သူမအဖေရဲ့ သဘောတူချက်ကို ရအောင်ယူဖို့ပဲ မဟုတ်လား။ ဘာခက်လို့လဲ။

သူ ၂၅ နှစ်လုံးလုံး စောင့်ခဲ့ပြီးပါပြီ။ လင်းဖန်က နောက်ထပ် နှစ်ဝက်လောက် စောင့်ရမှာ စိတ်မညစ်ပါ။

ထို့နောက် “ဘဝရဲ့ပျော်ရွှင်မှု” Season 2 ၏ ဇာတ်ညွှန်းအစမ်းဆွေးနွေးပွဲ တရားဝင် စတင်ပါပြီ။

ကုမ္ပဏီထဲကလူအားလုံး အတူတူ စုစည်းမိကြသည်။

ပရိုဂျူဆာတွေကော၊ ဒါရိုက်တာအဖွဲ့ကော၊ သရုပ်ဆောင်ပေါင်းစုံကော ဇာတ်ညွှန်းကို ဘယ်လို ရိုက်ကူးရမလဲ၊ ပိုကောင်းအောင် ဘယ်လိုရိုက်ကူးရမလဲဆိုတာကို လေးလေးနက်နက် စိစစ်နေကြပါသည်။

“လင်းဖန် ဘဝရဲ့ပျော်ရွှင်မှု ဇာတ်ညွှန်းက အရမ်းကောင်းလွန်းတယ်။ ငါတို့ ဇာတ်ညွှန်း အစမ်းဆွေးနွေးပွဲ လုပ်လာတဲ့တစ်လျှောက် အပြစ်အနာအဆာမရှိတဲ့ ဇာတ်ညွှန်းတစ်ခုကို မြင်ဖူးတာ ဒါပထမဆုံးပဲ”

“ဆရာကြီးထျန်ကျန်းကတောင် မနေ့က ညီလေးဖန်ရဲ့ ဇာတ်ညွှန်းကို ချီးကျူးသွားတယ်။ ဇာတ်လမ်းက အရမ်းရင်ထဲထိတယ်။ ဇာတ်ကောင်တွေကိုလည်း လှလှပပ ပုံဖော်ထားတာပဲ”

“အစ်ကိုဖန် ငါတို့ဒီနေရာလေးကို ဘယ်လိုပိုကောင်းအောင် ရိုက်ရင်ကောင်းမလဲ…”

“အစ်ကိုဖန် ငါတို့ကို ဒီနေရာလေး ရှင်းပြပါလား။ သေချာနားမလည်လို့”

ယွဲ့ဟွာတွင် စီအီးအိုလီက ထိုမြင်ကွင်းကိုမြင်ပြီး အလွန်ပျော်ရွှင်နေပါသည်။ ဒီ ဇာတ်ညွှန်းကို ဆယ်လီပေါင်းများစွာက လေးလေးနက်နက် လေ့ကျင့်နေကြသည်။

အဓိကသရုပ်ဆောင်တွေပဲဖြစ်ဖြစ် ဇာတ်ပို့သရုပ်ဆောင်တွေပဲဖြစ်ဖြစ် အားလုံးက ဇာတ်ညွှန်းကို အလွန်လေးနက်စွာ လေ့လာနေကြပါသည်။

စာသားတွေကို ကျက်ပြီးထားပြီဖြစ်သည့် ဆယ်လီတချို့တောင် ရှိပါသည်။

ကုမ္ပဏီထဲက ဆယ်လီအားလုံး စုစည်းမိကြ၏။ အရင်တစ်ခေါက် Weibo ပေါ်က ရေပန်းစားအကြောင်းအရာကြောင့်လည်း ပါသည်။

ဟွာစဲပစ်ချားကလူတွေက လင်းဖန်တို့ကို နာမည်ဖျက်နေကြသည်။

ဘဝရဲ့ပျော်ရွှင်မှုကို ရိုက်ကူးသည့်လူတွေက သရုပ်ဆောင်စွမ်းရည်မကောင်းကြဘဲ ကံကောင်းသဖြင့် ရေပန်းစားလာကြသည်ဟု ဆိုကြသည်.

လင်းဖန် ဇာတ်ညွှန်းကို ထုတ်လိုက်တာနဲ့ အားလုံးက လေးလေးနက်နက် လေ့လာကာ ဒီဒရမ်မာကို ကောင်းမွန်စွာ သရုပ်ဆောင်ချင်ကြပါသည်။

ဟွာစဲပစ်ချားကို အရှက်ခွဲဖို့ဖြစ်ပြီး “ဘဝရဲ့ပျော်ရွှင်မှု” Season 2ကလည်း ရိုက်ကူးပြီးနောက် ရေပန်းစားလာကြောင်း မုန်းတီးရေးသမားများကို ပြသဖို့လည်း ဖြစ်သည်။

သူတို့ ရုပ်သံဒရမ်မာတစ်ခု ရေပန်းစားလာဖို့ ကံကိုအားမကိုးခဲ့ပါ။ အားလုံး၏ ကြိုးစားအားထုတ်မှုကြောင့်သာ ဖြစ်သည်။

လင်းဖန်က “ဘဝရဲ့ပျော်ရွှင်မှု” Season 2ကို ရိုက်ကူးဖို့ ပြင်ဆင်နေသည်ဟူသည့် သတင်းက ရင်းနှီးမြှုပ်နှံသူတွေနဲ့ ကြော်ငြာသူတွေအားလုံးရဲ့ အာရုံစိုက်မှုကို ဆွဲဆောင်နိုင်ခဲ့၏။

လင်းချမ့်ဝေက လင်းဖန်ရှေ့ကို ပျော်ရွှင်စွာ လျှောက်လာပြီး ပြောလိုက်ပါသည်။

“ဘော့စ်လင်း ဒီရုပ်သံဒရမ်မာကို ရင်းနှီးမြှုပ်နှံချင်တဲ့ ကုမ္ပဏီတွေက အများကြီပဲ။ ရင်းနှီးမြှုပ်နှံသူတွေလည်း အများကြီးရှိတယ်။ အနည်းဆုံး ၂၀ ပဲ”

“ဘဝရဲ့ပျော်ရွှင်မှု” Season 2 ရိုက်ကူးရေးစတော့မယ်လို့ ရင်းနှီးမြှုပ်နှံသူတွေကြားကုန်ပြီး ဒီရုပ်သံဒရမ်မာအတွက် ရင်းနှီးမြှုပ်နှံချင်လို့ အပြေးရောက်လာကြတယ်”

“ကျွန်မတိုကို ကြော်ငြာရိုက်ကူးဖို့အတွက် လာတွေ့တဲ့ ကြော်ငြာသမားတချို့လည်း ရှိသေးတယ်။ အဲ့ဒီရင်းနှီးမြှုပ်နှံသူတွေနဲ့ ကြော်ငြာသမားတွေက စျေးလည်း တော်တော် မြင့်မြင့် ပေးထားပါတယ်” လင်းချမ့်ဝေက ပျော်ရွှင်စွာ ပြောလိုက်ပါသည်။

လင်းချမ့်ဝေကိုတောင် ဒီလောက် ပျော်ရွှင်နေအောင် လုပ်နိုင်သဖြင့် လင်းဖန်လည်း ပြုံးလိုက်ပါသည်။

“ရင်းနှီးမြှုပ်နှံသူတွေက စုစုပေါင်း ဘယ်လောက် ရင်းနှီးမြှုပ်နှံချင်တာလဲ။ ကြော်ငြာသမား ဘယ်လောက်ကကော ငါတို့နဲ့ ကြော်ငြာရိုက်ချင်တာလဲ”

လင်းချမ့်ဝေ တွက်ချက်ထားပြီးသားဖြစ်သည်။ “ဘဝရဲ့ပျော်ရွှင်မှု” Season 2ကို ရင်းနှီးမြှုပ်နှံချင်တဲ့သူ စုစုပေါင်း ရင်းနှီးမြှုပ်နှံသူ ၂၃ ယောက် ရှိပါတယ်။ စုစုပေါင်း ပမာဏက သန်း ၄၀၀ လောက် ရှိမယ်လို့ ခန့်မှန်းမိပါတယ်”

“ကြော်ငြာသမားတွေကတော့ 999 Cold Medicine နဲ့ Haday တို့ရှိတယ်။ အဲ့ဒီကုမ္ပဏီ ၂ ခုက ကျွန်မတို့ရဲ့ ရုပ်သံဒရမ်မာရဲ့ ဇာတ်ဝင်ခန်းတွေထဲ ကြော်ငြာတချို့ ထည့်ချင်နေတာ။ ကြော်ငြာအတွက် ကုမ္ပဏီ ၂ ခုက သန်း ၈၀ ပေးမှာဖြစ်ပြီး ကုမ္ပဏီ ၁ ခုချင်းစီကလည်း နောက်ထပ် သန်း ၅၀ လောက် ကျွန်မတို့ဆီမှာ ရင်းနှီးမြှုပ်နှံထားမှာပါတဲ့”

လင်းချမ့်ဝေ၏ စကားများကို နားထောင်ပြီးနောက် လင်းဖန်လည်း အနည်းငယ် စိတ်လှုပ်ရှားသွားပါသည်။

ရုပ်သံဒရမ်မာ ၂ ကားကို ပထမဆုံး ရိုက်ကူးခဲ့စဥ်က ဘယ်ကုမ္ပဏီမှ ရင်းနှီးမမြှုပ်နှံချင်ခဲ့တာကို ပြန်သတိရနေဆဲ ဖြစ်သည်။

သို့သော်လည်း ဒီတစ်ခေါက်ကတော့ လုံးဝ ခြားနားပါသည်။

ကုမ္ပဏီအကြီးစားများ အားလုံးက လင်းဖန်၏ ရုပ်သံဒရမ်မာတွင် ရင်းနှီးမြှုပ်နှံချင်ကြသည်။

အဘယ့်ကြောင့်ဆိုသော်… ဒီရုပ်သံဒရမ်မာကို ရိုက်ကူးမည့်လူက လင်းဖန်ကိုယ်တိုင်ပဲ ဖြစ်နေတာကြောင့် ဖြစ်ပါသည်။

“ဘဝရဲ့ပျော်ရွှင်မှု” Season 2ကို မူရင်းသရုပ်ဆောင်တွေကိုပဲ အသုံးပြုပြီး ရိုက်ကူးသွားမှာ ဖြစ်ပါသည်။

တစ်ချိန်တည်းမှာပဲ လင်းခဲ့ရှင်းနဲ့ ထန်ရှင်းရန်ကဲ့သို့သော မိန်းမလှလေးတွေကပါ “ဘဝရဲ့ပျော်ရွှင်မှု” Season 2 တွင် ပါဝင်လာကြတော့မည်။

ဒီလောက် လှပသည့် သရုပ်ဆောင်စာရင်းနဲ့ လင်းဖန်တို့၏ ဇာတ်ညွှန်းတို့ ပေါင်းလိုက်ပါက ဒီရုပ်သံဒရမ်မာ ရေပန်းစားလာဖို့ မခက်ခဲပါ။

ကုမ္ပဏီများစွာက ဒီရုပ်သံဒရမ်မာတွင် ရင်းနှီးမြှုပ်နှံချင်ကြသဖြင့် ယွဲ့ဟွာဖျော်ဖြေရေး ကုမ္ပဏီတစ်ခုလုံး တုန်လှုပ်သွားရသည်။

“လခွမ်း ကြမ်းလိုက်တာ။ “ဘဝရဲ့ပျော်ရွှင်မှု” Season 2 ကို ရင်းနှီးမြှုပ်နှံချင်တဲ့လူတွေ အများကြီးပါလား”

“သန်း ၄၀၀ တောင်နော်။ သန်း ၄၀၀ ရင်းနှီးမြှုပ်နှံမှုနဲ့ဆို ငါတို့ ဒီရုပ်သံဒရမ်မာကို ကောင်းကောင်း ရိုက်ကူးနိုင်ဖို့ လုံလောက်သွားပြီ”

“ဒီရုပ်သံဒရမ်မာကို ရိုက်ကူးရေးတောင် မစရသေးဘူး။ ယွမ် သန်း ၈၀ တောင်ရနေပြီ။ အဲ့ဒီ သန်း ၈၀ က ငါတို့လက်ထဲပဲ တန်းရောက်လာမှာ။ မယုံနိုင်စရာကြီး”

“ဒီရုပ်သံဒရမ်မာက အစ်ကိုဖန် ရိုက်မယ့် ဒရမ်မာပဲကို။ ဒီလောက်ရင်းနှီးမြှုပ်နှံသူတွေကို ဆွဲဆောင်နိုင်တာ အံ့သြစရာ မရှိပါဘူး။ ဘာပဲဖြစ်ဖြစ် ဒီရုပ်သံဒရမ်မာက သေချာပေါက် ရေပန်းစားလာမှာပဲလေ”

“သန်း ၄၀၀ ရင်းနှီးမြှုပ်နှံမှုတဲ့လား… လင်းဖန်ကြောင့်သာ မဟုတ်ရင် ငါတို့ကုမ္ပဏီ ဒီလောက်များတဲ့ ရင်းနှီးမြှုပ်နှံမှု ရမှာ မဟုတ်ဘူး”

“လင်းဖန်က ကြမ်းလွန်းပါတယ်ကွာ။ ဒီရုပ်သံဒရမ်မာ သေချာပေါက် နာမည်ကြီးသွားပြီး ဟွာစဲပစ်ချားကို အရှက်ကွဲအောင် လုပ်နိုင်မှာပဲ”

All Chapters