← Chapters

သန်း ၆၀၀ တန် ထုတ်လွှင့်ပြသ မူပိုင်ခွင့်

Vol. 19 Ch. 282

သန်း ၆၀၀ တန် ထုတ်လွှင့်ပြသ မူပိုင်ခွင့်

Vol. 19 Ch. 282

ရုပ်သံဒရမ်မာအတွက် နောက်ဆက်တွဲထုတ်လုပ်မှုများ ဆောင်ရွက်ပြီးသွားသောအခါ ဘဝရဲ့ပျော်ရွှင်မှု Season 2 ကို ကြည့်လိုက်ပြီး ပြုံးလိုက်မိပါသည်။

သူထင်ထားသည့်အတိုင်း ဘဝရဲ့ပျော်ရွှင်မှု Season 2 တွင် ၄၆ ပိုင်းရှိသည်။ ဇာတ်လမ်းကလည်း အချိန်အဆက်မိကာ အတက်အကျများ ရှိပါသည်။

ရုပ်သံဒရမ်မာတစ်ခုလုံးတွင် ကြည့်ရှုမှုတန်ဖိုး အလွန်မြင့်မားစွာရှိနေပါသည်။

ထိုနေ့နေ့လည်ခင်းတွင် လင်းဖန်က Tencent Arts နဲ့ iQiyi တို့ထံသို့ ကားဖြင့်သွားခဲ့သည်။

ယနေ့အတွက် အရေးအကြီးဆုံးတာဝန်က ဘဝရဲ့ပျော်ရွှင်မှု Season 2 အတွက် ထုတ်လွှင့်ပြသမှု ပလက်ဖောင်းကို ရွေးချယ်ဖို့ ဖြစ်ပါသည်။

Tencent Arts ၏ ရုံးကိုရောက်သွားသည့်အခါ iQiyi ၏ ဝန်ထမ်းပါ ရောက်နေတာကို မြင်လိုက်ရပါသည်။

ဒီဗီဒီယို ပလက်ဖောင်း ၂ ခုက ရုပ်သံဒရမ်မာတစ်ခု၏ ထုတ်လွှင့်ပြသခွင့်ကို တစ်ပြိုင်တည်း ဝယ်ယူလေ့ရှိကြသည်။

လင်းဖန်ရောက်လာတော့ Tencent Arts နဲ့ iQiyi တို့၏ ဝန်ထမ်းများက တက်ကြွစွာဖြင့် ထွက်ကြိုကြပါသည်။

ဗီဒီယိုကုမ္ပဏီပေါင်းများစွာက လင်းဖန်၏ ဒရမ်မာအတွက် ထုတ်လွှင့်ပြသခွင့်ကို ပြိုင်ဆိုင် လုယူကြလိမ့်မည်။

ထို့ကြောင့် လင်းဖန်က ကုမ္ပဏီများစွာနဲ့ လုပ်ငန်း ပူးပေါင်းဖို့ကိစ္စကို သွားဆွေးနွေးရပါမည်။

ဒီကုမ္ပဏီ နှစ်ခုက Season 1 တုန်းက ထုတ်လွှင့်ပြသခွင့်ကို ဝယ်ယူခဲ့ကြသူများဖြစ်သဖြင့် လင်းဖန် Tencent Arts နဲ့ iQiyi တို့ထံသို့ လာရောက်ဆွေးနွေးပါသည်။

“ဒါရိုက်တာလင်း ကျွန်တော်တို့ကုမ္ပဏီက ကြိုဆိုပါတယ်။ ကျေးဇူးပြုပြီး ခဏထိုင်ပြီးတော့ လက်ဖက်ရည် သောက်ပါဦး။ ကျွန်တော်တို့ မန်နေဂျာကို ချက်ချင်း ခေါ်ပေးပါ့မယ်” ဝန်ထမ်းက လင်းဖန်ကို နွေးထွေးစွာကြည့်ပြီး လက်ဖက်ရည် တစ်ခွက် ဖျော်ပေးလိုက်ပါသည်။

လင်းဖန်က ထိုင်လိုက်၏။ လင်းချမ့်ဝေလည်း သူ့ဘေးမှာ စာရွက်စာတမ်းများကို ကိုင်လျက် မတ်တပ်ရပ်နေပါသည်။

သို့သော်လည်း သိပ်မကြာခင် Tencent Arts နဲ့ iQiyi တို့၏ မန်နေဂျာ နှစ်ယောက်စလုံး ထွက်လာပါသည်။

မန်နေဂျာအဆင့်ရှိသူတွေသာ လင်းဖန်နဲ့ လုပ်ငန်းအကြောင်း ပြောနိုင်မှာဖြစ်သည်။

လင်းန်ကို မြင်လိုက်ကြတော့ Tencent Arts နဲ့ iQiyi တို့၏ မန်နေဂျာများက လာရောက် လက်ဆွဲနှုတ်ဆက်လိုက်ကြပါသ်။

“မလိုအပ်တာတွေ မပြောဘဲ လိုရင်းပဲပြောကြရအောင်”

“အခု ဘဝရဲ့ပျော်ရွှင်မှု Season 2 အတွက် ထုတ်လွှင့်ပြသခွင့်ကို ဝယ်ဖို့ ပြိုင်ဆိုင်နေတဲ့ ကုမ္ပဏီ ၇ ခု ၈ ခုလောက်ရှိတယ်။ ဗီဒီယိုကုမ္ပဏီတွေက ပေးတဲ့ စျေးနှုန်းက ကျေနပ်စရာ မရှိရင် ဘဝရဲ့ပျော်ရွှင်မှု Season 2 ကို ရုပ်မြင်သံကြားပေါ်မှာလည်း ထုတ်လွှင့်ပြသလို့ ရတယ်နော်” လင်းဖန်က ပြုံးလျက် ပြောလိုက်သည်။

“ကျွန်မတို့ နားလည်ပါတယ်။ ဘဝရဲ့ပျော်ရွှင်မှု Season 2 အတွက် နမူနာလေး တချက်လောက် ပြပေးလို့ရမလား” Tencent Arts နဲ့ iQiyi တို့၏ မန်နေဂျာများက မေးလိုက်ပါသည်။

“ရပါတယ်” လင်းဖန်က ခေါင်းငြိမ့်လိုက်ပြီး လင်းချမ့်ဝေကို ကုမ္ပဏီနှစ်ခု၏ မန်နေဂျာများအား နမူနာပေးခိုင်းလိုက်ပါသည်။

နောက်ထပ် ၂ နာရီလောက် လင်းဖန် ထိုင်ခုံမှာ ထိုင်ကာ တိတ်ဆိတ်စွာ အနားယူနေသည်။

Tencent Arts နဲ့ iQiyi ဝန်ထမ်းများက သူ့ကို ကောင်းကောင်းမွန်မွန် ဧည့်ခံထားပါသည်။

ဘဝရဲ့ပျော်ရွှင်မှု Season 2 က ရင်းနှီးမြှုပ်နှံမှု များစွာကို ဆွဲဆောင်နိုင်ခဲ့သည်။ ထို့ကြောင့်ပဲ ဒီရုပ်သံဒရမ်မာ ထုတ်လုပ်မှုက အလွန်စေ့စပ်သေချာခဲ့တာဖြစ်ပါသည်။

နောက်ဆုံးတွင် သူတို့အရင်းတောင် ပြန်မရနိုင်ပါက ယွဲ့ဟွာဖျော်ဖြေရေး ကြီးကြီးမားမား အရှုံးပေါ်သွားပါလိမ့်မည်။

Tencent Arts နဲ့ iQiyi တို့၏ မန်နေဂျာများ၊ ဝန်ထမ်းများစွာတို့ကပါ ဘဝရဲ့ပျော်ရွှင်မှု Season 2 နမူနာကို ကြည့်ရှုနေကြပါသည်။

Season 2 အစတွင် အံ့အားသင့်ဖွယ်ရာ နိုင်ငံရေးလှည့်ကွက်များ ပါဝင်သည်။

သရုပ်ဆောင်တစ်ယောက် အဝတ်အစားတစ်မျိုးတည်းကိုပဲ တစ်ချိန်လုံးဝတ်ထားသည့် ဇာတ်ဝင်ခန်းဆိုတာ မရှိပါ။ အရံဇာတ်ကောင်များ၏ ဝတ်စုံတွေကတောင် အလွန် ကောင်းမွန်လှပါသည်။

နမူနာရုပ်ရှင်ကို ကြည့်ရှုပြီးနောက် ကုမ္ပဏီ ၂ ခု၏ ဝန်ထမ်းပေါင်းများစွာ အကြာကြီး မှင်သက်သွားကြသည်။

“ဒါပဲလား နမူနာက ဘာလို့ အရမ်းတိုနေသလို ခံစားရပါလိမ့်”

“ဒါပေမယ့် ၂ နာရီတောင် ကြာသွားပြီမဟုတ်လား။ ဒါရိုက်တာလင်းဖန်ရဲ့ သရုပ်ဆောင်က ဒီဒရမ်မာထဲမှာ အရမ်းကောင်းတာပဲ။”

“ဝတ်စုံတွေကော၊ ဓာတ်ပုံတွေရဲ့ အထူးပြုလုပ်ချက်တွေကော၊ သရုပ်ဆောင်တွေကြားက သရုပ်ဆောင်စွမ်းရည်ကော၊ ဇာတ်လမ်းဇာတ်ကွက်ကော အားလုံးက စိတ်လှုပ်ရှားဖို့ ကောင်းလွန်းတယ်”

“ဒါရိုက်တာလင်းဖန်ရဲ့ တတိယ ရုပ်သံဒရမ်မာဖြစ်တဲ့ ဘဝရဲ့ပျော်ရွှင်မှု Season 2 က သေချာပေါက် ရေပန်းစားလာမယ်လို့ ယုံကြည်တယ်။ ဒီရုပ်သံဒရမ်မာက Season 1 ထက်တောင် အများကြီး ပိုစိတ်လှုပ်ရှားဖို့ ကောင်းလာပြီ”

“ဘာပဲဖြစ်ဖြစ် ငါတို့ ဒီတီဗီရှိုးအတွက် ထုတ်လွှင့်ပြသခွင့်ကို ဝယ်ရမှဖြစ်မယ်နော်။ ဒီရှိုးမှာ ကြယ်ပွင့်ကြီးတွေ အများကြီးပါတယ်”

“ဒါရိုက်တာလင်းကတော်လိုက်တာ။ သူတီဗီရှိုးတစ်ခုကို ရိုက်ကူးလိုက်တိုင်း အမြဲတမ်း အကောင်းကြီးပဲ။ ဇာတ်ညွှန်းကိုလည်းရေး ဒါရိုက်တာလည်း လုပ်ခဲ့တာ။ အဓိကအချက်က ဒီရှိုးထဲက သရုပ်ဆောင်တိုင်းက အရမ်းသရုပ်ဆောင်ကောင်းကြတယ်”

“အထူးသဖြင့် လင်းဖန်ရဲ့ သရုပ်ဆောင်စွမ်းရည်ပေါ့။ ဆုံးဖြတ်ချက် ချလိုက်ပြီ။ ငါတို့ ဒီရုပ်သံဒရမ်မာရဲ့ ထုတ်လွှင့်ပြသခွင့်ကို ဝယ်ဖို့ ငွေတွေအများကြီး သုံးမယ်”

ကုမ္ပဏီများအတွင်း သဘောတူညီမှုများရရှိပြီးနောက် Tencent Arts နဲ့ iQiyi တို့၏ မန်နေဂျာနှစ်ယောက် လင်းဖန်ကို ပြန်လာတွေ့ကြပါသည်။

“ဒါရိုက်တာလင်း ကျွန်မတို့ ကုမ္ပဏီ ၂ ခုက ဒီရုပ်သံဒရမ်မာအတွက် ထုတ်လွှင့်ပြသခွင့်ကို ဝယ်ချင်ပါတယ်”

“ရှင်ရိုက်ကူးထားတဲ့ တီဗီစီးရီးက အရမ်းကောင်းတာပဲ။ ဖြစ်နိုင်ရင် ကျွန်မ တစ်ညလုံးတောင် ကြည့်လိုက်ချင်တယ်” Tencent Arts ၏ မန်နေဂျာဖြစ်သူက ပြုံးကာ ပြောလိုက်ပါသည်။

“ဟုတ်တယ်။ ရှိုးရဲ့ Season 2 က Season 1 ထက်တောင် ပိုကောင်းနိုင်တယ်။ နောက်တစ်ခေါက် စံချိန်ချိုးလောက်တဲ့ ကလစ်အရေအတွက်နဲ့ ကြည့်ရှုသူအရေအတွက်တွေ ထပ်ရဦးမယ်ထင်တယ်” iQiyi ၏ မန်နေဂျာက ပြောလိုက်သည်။

ဘာပဲဖြစ်ဖြစ် ဘဝရဲ့ပျော်ရွှင်မှု Season 2 ကို စောင့်မျှော်နေသည့် ပရိတ်သတ်များ အွန်လိုင်းပေါ်မှာ များစွာ ရှိပါသည်။

လင်းခဲ့ရှင်း၏ ပါဝင်မှုကြောင့် လင်းခဲ့ရှင်းရဲ့ ပရိတ်သတ်တွေလည်း ဘဝရဲ့ပျော်ရွှင်မှု Season 2 ကို ကြည့်ရှုလောက်သည်။

“စျေးပြောပါဦး” လင်းဖန်က ပြုံးလိုက်၏။

“ဒါရိုက်တာလင်း။ ကျွန်မတို့ ကွေ့ဝိုက်မနေတော့ပါဘူး။ Tencent Arts က ဘဝရဲ့ပျော်ရွှင်မှု Season 2 အတွက် သန်း ၁၆၀ ပေးပါမယ်”

“iQiyi လည်းတူတူပါပဲ။ ကျွန်မတို့လည်း ထုတ်လွှင့်ပြသခွင့်အတွက် သန်း ၁၆၀ ပေးချင်ပါတယ်” မန်နေဂျာက ပြောလိုက်ပါသည်။

သန်း ၁၆၀ စျေးနှုန်းက Season 1 ၏ ထုတ်လွှင့်ပြသခွင့် စျေးထက် ၂ ဆနီးပါး တက်သွားသည်။

ကုမ္ပဏီ ၂ ခု၏ ကမ်းလှမ်းချက်က စုစုပေါင်း ယွမ် သန်း ၃၂၀ ဖြစ်ပါသည်။

လင်းဖန်၏ ရုပ်သံဒရမ်မာ ထုတ်လွှင့်ပြသခွင့်က သန်း ၃၂၀ တန်သည်။

ဘယ်သူမဆို ဒီပမာဏကြောင့် စိတ်ပါဝင်စားသွားလောက်သည်။ သို့သော် လင်းဖန်ကတော့ မဟုတ်ပေ။

လင်းဖန် ခေါင်းခါလိုက်၏။ “စျေးက အဲ့လောက်ဆိုရင် ကျွန်တော်တို့ ညှိနှိုင်းလို့ရမယ် မထင်ဘူး”

“ဘဝရဲ့ပျော်ရွှင်မှု Season 2 မှာ ကျွန်တော်တို့ သန်း ၄၀၀ ရင်းနှီးမြှုပ်နှံထားရတာ။ ဇာတ်ညွှန်းအတွက် သန်း ၈၀ နီးပါးသုံးခဲ့တယ်။ သရုပ်ဆောင်တွေရဲ့ အနုပညာကြေး စုစုပေါင်းက သန်း ၁၂၀ ကုန်ခဲ့တယ်။ တခြား လစာတွေနဲ့ ရိုက်ကူးရေး ကုန်ကျစရိတ်တွေ အတွက် သန်း ၃၅၀ ယွမ် သုံးခဲ့ရတယ်”

“ခင်ဗျားတို့က ဘဝရဲ့ပျော်ရွှင်မှု Season 2 အတွက် ထုတ်လွှင့်ပြသခွင့်ကို သန်း ၃၂၀ တည်း ကမ်းလှမ်းမယ်ဆိုရင် ကျွန်တော်တို့ အရှုံးပေါ်လောက်တယ်” လင်းဖန်က ပြောလိုက်ပါသည်။

“ဒါရိုက်တာလင်း ရှင်က စျေးဘယ်လောက်ဆို သင့်တော်မယ်လို့ ယူဆလဲ” Tencent Arts နဲ့ iQiyi တို့၏ မန်နေဂျာများက မေးလိုက်ပါသည်။

သူတို့လည်း ဒီစျေးကို ညှိနှိုင်းရမယ်ဆိုတာ သိကြပါသည်။ အထူးသဖြင့် ဒီလိုဒရမ်မာအတွက် ထုတ်လွှင့်ပြသခွင့်ကို ဝယ်ယူသည့်အခါတွင်ဖြစ်သည်။ အလွန် အရေးကြီးလွန်းပါသည်။

ဘဝရဲ့ပျော်ရွှင်မှု Season 2 အတွက် ဗီဒီယို ကုမ္ပဏီ တစ်ခုက ထုတ်လွှင့်ပြသခွင့်ကို ဝယ်ယူနိုင်ပါက ၎င်းတို့၏ ဝက်ဘ်ဆိုက် ဝင်ရောက်သူဦးရေ မိုးထိုးတက်သွားနိုင်ပါသည်။ Tencent Arts နဲ့ iQiyi တို့အတွက်လည်း အလွန်အဆင်ပြေနိုင်သည်။

လင်းဖန်သာ ဒီနေ့ သူတို့ ရုံးထဲက ပြန်ထွက်သွားပါက တခြား ဗီဒီယိုကုမ္ပဏီတွေမှ ထုတ်လွှင့်ပြသခွင့်ကို လာဝယ်လောက်ပါသည်။

“ယွမ် သန်း ၃၀၀။ ကုမ္ပဏီတစ်ခုကို သန်း ၃၀၀။ စုစုပေါင်းဆို သန်း ၆၀၀ ပေါ့။ ဘယ်လို သဘောရလဲ” လင်းဖန်က မေးလိုက်သည်။

တကယ်တော့ ဘဝရဲ့ပျော်ရွှင်မှု Season 2 က ငွေအများကြီး မရနိုင်ပါ။ ထုတ်လွှင့်ပြသခွင့်နဲ့ ငွေအများကြီး မရနိုင်ပေ။ အလွန်ဆုံး သန်း ၁၀၀ - ၂၀၀ သာ ရနိုင်ပါသည်။

သို့သော် ဒီတီဗီစီးရီးက ကြယ်ပွင့်များကို ပိုမို ရေပန်းစားသွားအောင် လုပ်နိုင်ပြီး အပို ဝင်ငွေတွေ ရအောင်လည်း ဖန်တီးပေးနိုင်သည်။

အမှန်ပင်။ မူပိုင်ခွင့်ကြေး သန်း ၆၀၀ ဆိုတာ ကြောက်ဖို့ကောင်းလောက်သည့် ပမာဏမျိုး ဖြစ်နေပါပြီ။

ခေတ္တ ဆွေးနွေးတိုင်ပင်ပြီးနောက် ကုမ္ပဏီ ၂ ခုက လင်းဖန်ရှေ့တွင် စာချုပ်ကို ချပေးလိုက်ပါသည်။

“ဒါရိုက်တာလင်း တခြား ရုပ်သံစီးရီးဆိုရင် ကျွန်မတို့ ထုတ်လွှင့်ပြသခွင့်ကို ယွမ် သန်း ၃၀၀ ပေးပြီး ဝယ်မှာမဟုတ်ဘူး”

“ဒါပေမယ့် ရှင်ရိုက်ကူးထားတဲ့ ဒီတီဗီရှိုးက ခြားနားတယ်။ ဒီရှိုးမှာ နာမည်ကျော်သွားနိုင်တဲ့ အလားအလာရှိတယ်”

“ကျွန်မတို့ ကုမ္ပဏီ ၂ ခုပေါင်း သန်း ၆၀၀ ပေးပါ့မယ်။ ဒါရိုက်တာလင်း အလုပ်တူတူ တွဲလုပ်ရတာ ဝမ်းသာပါတယ်” Tencent Arts နဲ့ iQiyi တို့၏ မန်နေဂျာများက ပြုံးလိုက်ပါသည်။

“ဝမ်းသာပါတယ်” လင်းဖန် စာချုပ်ကို စစ်ဆေးကာ လက်မှတ်ထိုးပြီးနောက် မန်နေဂျာ နှစ်ယောက်နဲ့ လက်ဆွဲနှုတ်ဆက်လိုက်ပါသည်။

ဘဝရဲ့ပျော်ရွှင်မှု Season 2 အတွက် ထုတ်လွှင့်ပြသခွင့်များကို ရောင်းချလိုက်နိုင်ပါပြီ။

ဒီထုတ်လွှင့်ပြသခွင့် စရိတ်က အနုပညာလောကထဲတွင် စံချိန်ချိုးသွားပြန်ပါသည်။

Tencent Arts နဲ့ iQiyi တို့ တစ်ဦးစီကို သန်း ၃၀၀ စီပေးလိုက်ရပါသည်။

All Chapters