လင်းဖန် ငွေအများကြီး ထပ်ရပြန်ပြီ
Vol. 19 Ch. 283
ယွဲ့ဟွာဖျော်ဖြေရေးတွင်… ရှယ်ယာဝင်အမြောက်အများ စုဝေးကာ ထိုင်နေကြသည်။
“စီအီးအိုလီ ဘာလို့ လင်းဖန်ကို ထုတ်လွှင့်ပြသခွင့်စရိတ်အကြောင်း ဆွေးနွေးခွင့်ပေးလိုက်တာလဲ။ ဒါ ကျုပ်တို့ ကုမ္ပဏီရဲ့ ကိစ္စ မဟုတ်ဘူးလား”
“လင်းဖန်သာ စျေးနှုန်းမြင့်မြင့် မတောင်းရင် ကျွန်တော်တို့ ကုမ္ပဏီ ငွေတွေ ဆုံးရှုံးသွားနိုင်တယ်နော်”
“လင်းဖန် ဘယ်လိုစျေးမျိုး ညှိနှိုင်းနိုင်မလဲမသိဘူး။ ဒါပေမယ့် ဘဝရဲ့ပျော်ရွှင်မှု Season 2 အတွက် အရှုံးပေါ်မှာ သေချာသလောက်ရှိတော့ ထုတ်လွှင့်ပြသခွင့်ကို သန်း ၂၀၀ ယွမ် လောက်နဲ့ ညှိနှိုင်းနိုင်ရင် အဆင်ပြေပါတယ်။ ကျုပ်တို့ ရုပ်သံဒရမ်မာာမှာ ရင်းနှီးမြှုပ်နှံမှု သန်း ၃၀၀ ကျော် ရှိပြီးသားပဲ”
“ဟူး ရွေးချယ်စရာမရှိတော့ဘူး။ ကံကောင်းလို့ ဒီရုပ်သံဒရမ်မာက ရေပန်းစားလာနိုင်ချေ ရှိတယ်။ ရေပန်းစားလာရင် နောက်ဆက်တွဲ အကျိုးအမြတ်တွေလည်း မနည်းလောက်ဘူး”
“ဒါပေမယ့် ရေပန်းစားလာမလား မလာဘူးလား ဆိုတာက မသေချာသေးဘူး။ ဘာပဲဖြစ်ဖြစ် ဟွာစဲပစ်ချားကလည်း ကျုပ်တို့ ကုမ္ပဏီကို ပစ်မှတ်ထားနေတုန်းပဲ။ ဒီဒရမ်မာကို ရေပန်းစားလာမှာ မဟုတ်ဘူးလို့ ထင်ကြတဲ့ မုန်းတီးရေးသမားတွေ အွန်လိုင်းပေါ်မှာ အများကြီး”
“ဒီဒရမ်မာသာ ရေပန်းစားမလာဘူးဆိုရင် ကျုပ်တို့ ကုမ္ပဏီ တကယ် ကြီးကြီးမားမား အရှုံးပေါ်ပြီနော်”
လင်းဖန် ကုမ္ပဏီကို ပြန်ရောက်လာတော့ လင်းချမ့်ဝေက စာချုပ်ကို ကုမ္ပဏီ၏ ဥပဒေရေးရာ ဌာနကို ပို့ဆောင်ပေးလိုက်ပြီး စီအီးအိုလီကို တင်ပြရပါသည်။
“ချမ့်ဝေ ဒီတစ်ခေါက် လင်းဖန် မူပိုင်ခွင့်ကြေး ဘယ်လောက် ညှိနှိုင်းခဲ့လဲ။ ဘယ်ဗီဒီယို ဝက်ဘ်ဆိုက်တွေနဲ့ အတူတူ အလုပ်လုပ်မှာလဲ” စီအီးအိုလီက မေးလိုက်ပါသည်။
“ယွမ် သန်း ၆၀၀ ပါ။ Tencent Arts နဲ့ iQiyi တို့နဲ့ အလုပ်လုပ်ရမှာပါ” လင််းချမ့်ဝေက ပြောလိုက်၏။
လင်းချမ့်ဝေ၏ စကားလုံးများကို ကြားလိုက်ရသည့်အခါ ယွဲ့ဟွာ အုပ်စု၏ ရှယ်ယာဝင်များအားလုံး သူမကို မယုံကြည်နိုင်စွာ ကြည့်လိုက်ပါသည်။
စီအီးအိုလီတောင် မှင်သက်သွားရသည်။ သူတို့အကုန်လုံး နားကြားမှားတာတော့ မဖြစ်နိုင်ပါဘူးနော်။
မူပိုင်ခွင့်ကြေး သန်း ၆၀၀ တဲ့။ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။
နှစ်ပေါင်းများစွာအတွင်း ရုပ်သံဒရမ်မာတစ်ခု၏ မူပိုင်ခွင့်ကြေးက သန်း ၁၀၀ လောက် ရောက်နိုင်ရင်ပဲ ကြောက်ဖို့ကောင်းလွန်းနေပါပြီ။
ဘာပဲဖြစ်ဖြစ် ဒီဗီဒီယို ဝက်ဘ်ဆိုက်တွေကလည်း အမြတ်အစွန်းရမှ ဖြစ်မှာမဟုတ်လား။
သူတို့က ဗီဒီယိုဝက်ဘ်ဆိုက် ၂ ခုနဲ့ အတူတူ အလုပ်လုပ်နေသဖြင့်ဘဝရဲ့ပျော်ရွှင်မှု Season 1 အတွက် ထုတ်လွှင့်ပြသခွင့်ကို သန်း ၁၀၀ ကျော်နဲ့ ရောင်းချနိုင်ခဲ့သည်။
ဘဝရဲ့ပျော်ရွှင်မှု Season 2 အတွက် ရင်းနှီးမြှုပ်နှံမှုများက အလွန်များပြားပြီး ငွေတွေလည်း အများကြီး ကုန်ခဲ့ပါသည်။
ငွေအများစုက ရင်းနှီးမြှုပ်နှံသူများ၏ ငွေဖြစ်သော်လည်း ယွဲ့ဟွာဖျော်ဖြေရေးက စာချုပ်ဝယ်ဖို့၊ သရုပ်ဆောင်များ၏ အနုပညာကြေးပေးဖို့နဲ့ သက်ဆိုင်ရာ ဝန်ထမ်းများကို ငှားရမ်းဖို့အတွက် ငွေသုံးရပါသေးသည်။
နောက်ဆက်တွဲ ဆယ်လီများမှ ရရှိလာသည့် ဝင်ငွေအများကြီးကို ပြန်ရဖို့လိုသည်။
လင်းဖန်က ဒီလောက် များပြားသည့် ထုတ်လွှင့်ပြသခွင့် ကြေးကို ညှိနှိုင်းလာသည်ဟု ကြားလိုက်ရသောအခါ ကုမ္ပဏီထဲက အားလုံး အလွန်ထိတ်လန့်သွားကြရပါသည်။
“ချမ့်ဝေ။ ပြန်ပြောစမ်း။ ဗီဒီယို ဝက်ဘ်ဆိုက် ၂ ခုက ထုတ်လွှင့်ပြသခွင့်အတွက် ငါတို့ကို ဘယ်လောက်ပေးမှာလဲ” စီအီးအိုလီက ပြန်မေးလိုက်ပါသည်။
“စီအီးအိုလီ မူပိုင်ခွင့်ကြေးက သန်း ၆၀၀ ပါ။ စာချုပ်ကို ဥပဒေရေးရာဌာနကို အပ်ခဲ့ပြီးပါပြီ။ မူပိုင်ခွင့်ကြေးလည်း မကြာခင် ကုမ္ပဏီရဲ့အကောင့်ထဲဝင်လာမှာပါ” လင်းချမ့်ဝေက ပြောလိုက်၏။
လင်းချမ့်ဝေ ပြောပြီးသွားမှ ကုမ္ပဏီထဲက လူတွေ အသိစိတ်ပြန်ဝင်လာပါသည်။
“ယွမ် သန်း ၆၀၀ တဲ့လား။ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ မဖြစ်နိုင်တာ။ Tencent Arts နဲ့ iQiyi တို့က သန်း ၆၀၀ တောင် ပေးမယ်လို့ ဘယ်သူက ထင်မှာလဲ”
“ဘုရားရေ သန်း ၆၀၀ တဲ့။ မိုးထိုးနေတဲ့ စျေးပါလား။ လင်းဖန်က တော်လိုက်တာ။ ဗီဒီယို ကုမ္ပဏီ ၂ ခုနဲ့ အဲ့စျေးရအောင် ဘယ်လိုများ ညှိနှိုင်းခဲ့တာလဲ”
“ငါတို့ ကုမ္ပဏီရဲ့ ပရော်ဖက်ရှင်နယ် ညှိနှိုင်းသူတွေကို ညှိနှိုင်းခိုင်းလိုက်ရင်တောင် သန်း ၆၀၀ ရနိုင်မှာ မဟုတ်ဘူး”
“ဘယ်သူက ယုံမှာလဲ။ ထုတ်လွှင့်ပြသခွင့်ကြေးတစ်ခုတည်းနဲ့ ငါတို့ ကုမ္ပဏီရဲ့ အရင်းတွေ အကုန်ပြန်ရသွားပြီ”
“လောလောဆယ် တီဗီစီးရီး ရေပန်းစားစား မစားစား အရေးမကြီးတော့ဘူး။ ငါတို့ ဘာမှ အရှုံးမရှိတော့ဘူး။ တကယ်တော့ ငါတို့ ယွမ် သန်း ၂၀၀ နီးပါးတောင် ရနိုင်လောက်တယ်”
“ငါတို့ အခွန်ဆောင်ရဦးမှာ ဆိုပေမယ့် ငါတို့ကုမ္ပဏီက သန်း ၂၀၀ လောက် ရနိုင်ပါသေးတယ်။ အားလုံးက လင်းဖန်ကျေးဇူးကြောင့်ပဲ”
“လင်းဖန်က လူတောင်ဟုတ်ရဲ့လား။ ထုတ်လွှင့်ပြသခွင့်ကြေးအတွက် ဒီလောက်စျေးမြင့်မြင့် ရအောင် ညှိနှိုင်းနိုင်ခဲ့တာပဲ။ လင်းဖန်ကို စျေးညှိနှိုင်းခိုင်းလိုက်တာ ဆုံးဖြတ်ချက်မှန်ကန်မှန်း ငါသိနေတယ်”
ကုမ္ပဏီထဲကလူအားလုံး အံ့သြတုန်လှုပ်နေသော မျက်လုံးများဖြင့် ပြောဆိုနေကြသည်။
လင်းဖန် ဘယ်လိုလုပ်လိုက်သလဲ မသိသော်လည်း ကုမ္ပဏီအကောင့်ထဲကို သန်း ၆၀၀ လောက် ရောက်နေပါပြီ။
သူတို့ နောက်ပိုင်း အခွန်ဆောင်ရမည်ဖြစ်ကာ အများကြီးကုန်ဦးမည် ဖြစ်သော်လည်း ကုမ္ပဏီက အသားတင်အမြတ် သန်း ၂၀၀ နီးပါး ရရှိဆဲဖြစ်သည်။
ဒီကာလအတွင်း ယွဲ့ဟွာဖျော်ဖြေရေးကလည်း အများကြီး ကူညီထောက်ပံ့ပေးခဲ့ပါသည်။
ရုပ်သံဒရမ်မာတစ်ခုကို ရိုက်ကူးဖို့ဆိုတာ လူပေါင်းများစွာ၏ ကူညီမှုနဲ့ ပူးပေါင်းဆောင်ရွက်မှုတို့ကို လိုအပ်သည်။ ယွဲ့ဟွာဖျော်ဖြေရေးလည်း အများကြီး အားစိုက်ထုတ်ခဲ့ကြပါသည်။
လင်းဖန်က ဘဝရဲ့ပျော်ရွှင်မှု Season 2 ၏ ဒါရိုက်တာ ဖြစ်သော်လည်း နောက်ကွယ်က ဖျော်ဖြေရေးကုမ္ပဏီကလည်း ငွေတွေ အများကြီး ရပါလိမ့်မည်။
ဘာပဲဖြစ်ဖြစ် ဝန်ထမ်းများစွာကို လစာပေးရဦးမည်ဖြစ်ကာ ကုမ္ပဏီလည်ပတ်ဖို့လည်း ငွေလိုအပ်သည် မဟုတ်ပါလား။
“စီအီးအိုလီ ကျုပ်တို့ ဒီလောက်ငွေတွေ အများကြီး ရလိုက်တာ လင်းဖန် ကျေးဇူးကြောင့်ပဲ။ ကျုပ်တို့ လင်းဖန်ကို ကောင်းကောင်း ဆုချရမှာပေါ့”
“လင်းဖန်ကို မြေတောင်မြောက်ပေးလို့ရမယ်ထင်တယ်။ လင်းဖန်က ကျုပ်တို့ ကုမ္ပဏီရဲ့ ထိပ်တန်း ဇာတ်ညွှန်းရေးဆရာကော ထိပ်တန်း ဒါရိုက်တာကော ဟုတ်တယ်။ သူ့ကို မြေတောင်မြောက်ပေးလို့ မရဘဲနေမလား”
“လင်းဖန်က အခုငွေလိုနေလောက်တယ်။ သူ့ကို သေသေချာချာ ကျေးဇူးတင်မှ။ လင်းဖန်က အားကောင်းလွန်းတယ်”
ကုမ္ပဏီ၏ ရှယ်ယာဝင်များစွာ အံ့သြ တုန်လှုပ်သွားကြပါသည်။ လင်းဖန်က ဒီလောက် မြင့်မားသည့် ထုတ်လွှင့်ပြသခွင့်ကြေးကို အရယူနိုင်ခဲ့သဖြင့် ကုမ္ပဏီထဲက လူအားလုံး အကျိုးအမြတ် ခံစားရပါတော့မည်။
“ဘဏ္ဍာရေး ဌာနကို ဆက်သွယ်ပြီး လင်းဖန်အကောင့်ထဲ ယွမ် သန်း ၈၀ လွှဲပေးလိုက်။ သူနဲ့ ထိုက်တန်ပါတယ်” စီအီးအိုလီက ပြုံးလိုက်ပါသည်။
ဒါက လင်းဖန်အတွက် ကုမ္ပဏီက ဆုချခြင်း ဖြစ်သည်။
အမှန်ပင်။ လင်းဖန် ငွေလိုနေချိန်ဖြစ်တာကိုတော့ ရှယ်ယာဝင်တွေ မသိလောက်သော်လည်း စီအီးအိုလီ သိပါသည်။
လင်းဖန်၏ စွမ်းပကားနဲ့ လူတိုင်းကို တန်ဖိုးထားအောင် လုပ်နိုင်သည်။
လင်းဖန်ကို တိုက်ခိုက်ခဲ့သည့် ၁၀၀ ဘီလီယံယွမ် ပိုင်ဆိုင်မှုရှိသော ဟော်ကော်ပိုရေးရှင်းလည်း အကြောင်းအရင်းတစ်ခုခုကြောင့် ဒုက္ခိတ ဖြစ်သွားရသည်။
လင်းဖန်နဲ့ သက်ဆိုင်နေတာ ဖြစ်လောက်သည်။
လင်းဖန်နောက်ကွယ်က နောက်ကြောင်း ရာဝဝင်ကလည်း ကြောက်ဖို့ကောင်းလောက်အောင် သန်မာလွန်းလိမ့်မည်။
ထိုအချိန်တွင် လင်းဖန်ကတော့ ရုံးခန်းထဲမှာ တရုတ်စစ်တုရင် ကစားနေသည်။
အနားမှာလည်း ဆယ်လီများစွာ ရှိသည်။ စုရှောင်းယွီ၊ လင်းကျင်းကျင်း၊ ရှုယန်၊ လင်းခဲ့ရှင်းနဲ့ ထန်ရှင်းရန်တို့ဖြစ်၏။
“လခွမ်း မင်းတို့ကြားပြီးကြပြီလား။ ဘဝရဲ့ပျော်ရွှင်မှု Season 2 အတွက် ထုတ်လွှင့်ပြသခွင့်ကို သန်း ၆၀၀ နဲ့ ရောင်းချလိုက်ပြီတဲ့”
“သောက်ရမ်း အံ့သြဖို့ကောင်းတာပဲ။ ကုမ္ပဏီကလည်း ဒီနေ့ည ဘဝရဲ့ပျော်ရွှင်မှု Season 2 ကို ထုတ်လွှင့်တော့မယ်လို့ Weibo မှာ ပို့စ်တင်လိုက်ပြီ။ တစ်ပတ်ကို ၈ ပိုင်း ပြသလိမ့်မယ်”
“အကုန်လုံးကို Tencent Arts နဲ့ iQiyi ဗီဒီယို ကုမ္ပဏီ ၂ ခုက ထုတ်လွှင့်ပြသသွားမှာ။ တခြားဘယ်သူများ ထုတ်လွှင့်ပြသခွင့်ကို သန်း ၆၀၀ လောက်ရအောင် ရောင်းနိုင်မှာလဲ”
“အစ်ကိုဖန်က ထုတ်လွှင့်ပြသခွင့်စျေးကို ညှိနှိုင်းခဲ့တဲ့သူတဲ့ အစ်ကိုဖန်က အရမ်းတော်တာပဲ”
“လခွမ်း တကယ်ကြီးလား”
ရှုယန် အံ့သြသွားသည်။ လင်းဖန်က ဇာတ်ညွှန်းရေးတတ်၊ ဒါရိုက်တာ လုပ်တတ်ရုံတင်မကဘဲ ညှိနှိုင်းမှုတွေလည်း လုပ်တတ်လိမ့်မည်ဟု သူမထင်ခဲ့ပေ။
ဒီကောင်က တန်ခိုးရှင်များလား။
အဓိက အချက်က သူသွားရောက်ညှိနှိုင်းလိုက်ချိန်တွင် သန်း ၆၀၀ ဟူသည့် မိုးထိုးနေသော စျေးနှုန်းမျိုး ရအောင် ညှိနှိုင်းနိုင်ခဲ့ခြင်းပင်။
ကုမ္ပဏီကတော့ အသေ ဆော်နေပါပြီ။
သန်း ၆၀၀ ဆိုတာ လူအများစု တစ်သက်လုံး ရှာတောင် မရနိုင်သည့် ပမာဏမျိုးဖြစ်သည်။
“ဟာ ဆရာက အရမ်းတော်တာပဲကွာ” စုရှောင်းယွီက စိတ်လှုပ်ရှားပျော်ရွှင်နေသော မျက်နှာမျိုးဖြင့် ရေခဲမုန့် စားလိုက်ပါသည်။
“တကယ် အံ့သြဖို့ကောင်းတာပဲ။ သန်း ၆၀၀ တဲ့။ ဘယ်သူက ဒီလောက်စျေးမျိုး ရအောင် ညှိနှိုင်းနိုင်မှာလဲ” လင်းခဲ့ရှင်းက အထင်ကြီးသွားသည့်ပုံပေါက်ပါသည်။
“အစ်ကိုလင်းဖန်က အတော်ဆုံးပဲ” ထန်ရှင်းရန်ကလည်း သူ့ကို လေးစားစွာဖြင့် ကြည့်လိုက်သည်။ သူမ အမြင်မှာ လင်းဖန်က အရှိန်အဝါကြီးသည့် အိုင်ဒေါတစ်ယောက်လိုပင်။ သူ့ကို ဘယ်သူမှ မတားနိုင်ပါ။
“လင်းဖန် ငါ့ကို အမှန်တိုင်း ပြောစမ်း။ ထုတ်လွှင့်ပြသခွင့်ကြေး သန်း ၆၀၀ ရပြီးသွားရင် မင်းက ဘယ်လောက်ရမှာလဲ” ရှုယန်က မေးလိုက်သည်။
အားလုံး စိတ်လှုပ်ရှားနေချိန်တွင် လင်းဖန်က ကွန်ပျူတာပေါ် တရုတ်စစ်တုရင် ကစားနေဆဲ ဖြစ်၏။
ငွေဘယ်လောက် ရလိုက်သလဲ ဆိုတဲ့ ကိစ္စနဲ့ပတ်သတ်ပြီး လင်းဖန် အလွန်တည်ငြိမ်နေပါသည်။
တကယ်တမ်း ငွေဘယ်လောက်များများ ရနိုင်မှာမို့လို့လဲ။ ရုပ်သံဒရမ်မာကို ရိုက်ကူးဖို့နဲ့တင် သန်း ၃၅၀ ကုန်ခဲ့သည်။ တခြား အထွေထွေ ကုန်ကျစရိတ်များ၊ အခွန်ကောက်ခံမှုများ၊ အာမခံများနဲ့ ကုမ္ပဏီဝန်ထမ်းများ၏ လစာများ အားလုံးကလည်း အတော်လေး များပြားပါသည်။
လင်းဖန် ဘာမှ ပြန်မပြောသည့်အခါ ရှုယန် စိတ်ပျက်လက်ပျက် ခေါင်းခါလိုက်ပါသည်။
လင်းဖန် သရဲဝင်ပူးခံထားရတာလားဘာလား သူမသိပေ။ နေ့တိုင်း တရုတ်စစ်တုရင်သာ ကစားနေသည်။
ထိုအချိန်တွင် လင်းဖန်၏ ဖုန်းသံ မြည်လာသည်။
အသိပေးစာတစ်စောင်ဖြစ်၏။ ဆောက်လုပ်ရေးဘဏ်မှ ပို့လိုက်ခြင်း ဖြစ်သည်။
[ ၆၁၁၅ ဖြင့်ဆုံးသော သင့် ပလက်တီနမ် အနက်ရောင်ကတ်သို့ အောက်တိုဘာလ ၃ ရက်နေ့၊ ညနေ ၅ နာရီတွင် RMB 80,000,000 လွှဲပြောင်းပေးလိုက်ပါသည် ]
ထိုသတင်းကို မြင်သောအခါ ရှုယန် ကြက်သေသေသွားသည်။
လင်းဖန် သွားညှိနှိုင်းလာပြီးနောက်… သန်း ၈၀ တောင် ရရှိသွားခဲ့ပါသည်။