← Chapters

အတူတူနေနေကြတာလား

Vol. 19 Ch. 284

အတူတူနေနေကြတာလား

Vol. 19 Ch. 284

“လခွမ်း သန်း ၈၀ တဲ့… သန်း ၈၀ ကို ဒီလောက်လွယ်လွယ်လေး ရသွားတာလား” ရှုယန်က လင်းဖန်ကို မနာလို အားကျမှုများဖြင့် ကြည့်လိုက်သည်။

“ဘာ။ သန်း ၈၀ ဟုတ်လား” လင်းကျင်းကျင်းလည်း ကြက်သေသေသွားသည်။ သူမ၏ မျက်လုံးလှလှလေးများထဲ တုန်လှုပ်မှုများဖြင့် ပြည့်နှက်သွားသည်။

“ကြည့်ပါဦး။ ငါ့ဆရာက အရမ်းတော်တာပဲ။ တစ်ချက်တည်းနဲ့ သန်း ၈၀ တောင် ရသွားတယ်” စုရှောင်းယွီက လာမကြည့်ဘဲ အာလူးကြော်သာ ဆက်စားနေလိုက်ပါသည်။

ဆယ်လီတွေက ကိုယ့် ခန္ဓာကိုယ်ကို ဂရုစိုက်ရသည်။ အာလူးကြော်တွေ စားသည့်အခါ သေချာပေါက် ဝိတ်တက်နိုင်ပါသည်။ သို့သော်လည်း စုရှောင်းယွီကတော့ ဘာကြောင့်မှန်း မသိဘဲ ဝိတ်တက်မလာပါ။

“သန်း ၈၀ ယွမ်တဲ့။ ကြောက်ဖို့ကောင်းလိုက်တာ။ လင်းဖန် မင်းက ကုမ္ပဏီရဲ့ အဓိက ရှယ်ယာဝင်ဖြစ်သွားပြီလို့တောင် ခံစားရတယ်။ ရုပ်သံစီးရီးတွေရဲ့ ထုတ်လွှင့်ပြသခွင့်ကို ရောင်းပြီး ငွေတွေအများကြီး ရလိုက်တာပဲ။ မနာလို ဖြစ်လိုက်တာကွာ” ရှုယန်က ပြောလိုက်သည်။

အနှစ်ချုပ်အားဖြင့် သူ့လို A အဆင့် သရုပ်ဆောင် တစ်ယောက်တောင် အနုပညာကြေး ယွမ် ၁၈ သန်းသာ ရပါသည်။ ကျန်တာက အန်ဒိုစာကြေး၊ Variety Shows များနဲ့ ကြော်ငြာ ပေါင်းစုံရိုက်ကူးခြင်း အစရှိသည်တို့မှ ရရှိခြင်း ဖြစ်သည်။

ဒီလောကမှာ တီဗီရှိုးတစ်ခုတည်းနဲ့ ချမ်းသာသွားဖို့ဆိုတာ ခက်ခဲပါသည်။

ဒါက ဒီလောကကြီးထဲက ပိုကောင်းသည့် တစ်စိတ်တစ်ပိုင်းလည်း ဖြစ်သည်။ ရှားဝမ်ချွေ့လို A အဆင့် သရုပ်ဆောင်တောင် ယွမ် သန်း ၃၀ ပဲ ရရှိခဲ့ပါသည်။

ရိုက်ကူးရေးအတွက် ဆယ်လီတစ်ယောက် အနုပညာကြေး သန်း ရာချီရနေသည့် လက်ရှိ ခေတ်အတိုင်းသာဆို ကြယ်ပွင့် တစ်ယောက် နှစ်ယောက်လောက် ငှားလိုက်ရုံနဲ့ ရုပ်သံစီးရီး ရိုက်ကူးဖို့ ဘယ်မှာ ကျန်ပါတော့မည်နည်း။

“ဒါအစ်ကိုဖန်ကော ဟုတ်ရဲ့လား။ တစ်ခါတည်းနဲ့ သန်း ၈၀ တဲ့။ တော်လိုက်တာ”

“အားကျလွန်းလို ငိုတောင် ငိုချင်လာပြီ။ အစ်ကိုဖန်က ငွေရှာတာ အရမ်းမြန်တာပဲ။ အနုပညာကြေးနဲ့ ပေါင်းလိုက်ရင် စုစုပေါင်း သန်း ၁၀၀ လောက် ရသွားလောက်ပြီထင်တယ်”

“လခွမ်း။ အစ်ကိုဖန်က ကြမ်းချက်ပဲ။ သန်း ၁၀၀ တောင် ရသွားပြီ”

“ဟုတ်တယ်။ ဒီရုပ်သံဒရမ်မာကို ရိုက်ကူးထားတာလည်း အစ်ကိုဖန်ပဲကိုး။ ပြီးတော့ နာမည်ကျော် ဆယ်လီကြီးတွေကိုလည်း အကုန်လုံး သူပဲငှားခဲ့တာ။ အစ်ကိုဖန်က ဒါရိုက်တာ အဖြစ်လည်း ပါဝင်ခဲ့သေးတယ်။ သူ ဒီလောက် အများကြီးရတာ အံ့သြဖို့ မရှိပါဘူး”

“အစ်ကိုဖန် ညစာလိုက်ကျွေးပါ”

ဆယ်လီများစွာက လင်းဖန်ကို လေးစားအားကျစွာဖြင့် ကြည့်လိုက်ကြပါသည်။

လင်းကျင်းကျင်း၊ ရှုယန်၊ စုရှောင်းယွီ၊ လင်းခဲ့ရှင်းနဲ့ ရန်ရန်တို့ အားလုံး အတူတူ ထိုင်လိုက်ကြပြီး လင်းဖန်ကို ပြုံးပြလိုက်ပါသည်။

သို့သော်လည်း ရှားဝမ်ချွေ့တော့ မပါပေ။ သူမ အပြင်မှာ အလုပ်လုပ်နေပါသည်။

“ရပါတယ်။ မင်းတို့ကို ညစာကျွေးရုံပဲမလား။ ဒီနေ့ည ငါ့အိမ်မှာ လာစားကြ” လင်းဖန် အားလုံးကို ကြည့်လျက် ပြုံးပြလိုက်ပါသည်။

ကံဆိုးစွာဖြင့် ဟိုတစ်နေ့တာ မစ်ရှင်က မအောင်မြင်သေးပါ။ မဟုတ်လျှင် လင်းဖန် သန်း ၃၀၀ တန် Tomson Riviera ဗီလာကြီးကိုပါ ပိုင်ဆိုင်နေပါပြီ။

ထိုအချိန်ရောက်လျှင် လင်းဖန် အိမ်ပြောင်းနေလို့ရပါပြီ။ Tomson Riviera နဲ့ ယှဥ်လိုက်လျှင် လှိုင်းပြာပင်လယ်အော်နယ်မြေက အနည်းငယ် ပိုနိမ့်လို့နေပါသည်။

“ဝိုး အစ်ကိုလင်းဖန် ချက်ကျွေးတာကို စားရတော့မယ်” ထန်ရှင်းရန်က လင်းဖန်ကို သူမ၏ မျက်လုံးသေးသေးလေးများဖြင့် ကြည့်ကာ ဗိုက်ကို ထိပြလိုက်ပါသည်။

“ဟုတ်တယ်။ လင်းဖန် ချက်တာတွေက အရမ်းအရသာရှိတာ။ သူ့အချက်အပြုတ်စွမ်းရည် ခုတလော ဘယ်လောက်တိုးတက်သွားသလဲ သိချင်လိုက်တာ။ ငါတို့ကို ချက်ကျွေးမှ ဖြစ်မယ်” ရှုယန်ကလည်း ပြုံးလိုက်သည်။

“ဒီနေ့ည အသားကင်စားရအောင်။ အတူတူ စားကြမယ်။ ငါတို့ ၁ လကျော်လောက် ရုပ်သံဒရမ်မာ ရိုက်ထားရတာ။ အားလုံး ပင်ပန်းသွားကြပြီ” လင်းဖန်က ပြုံးလိုက်သည်။

အားလုံး၏ အားပေးမှုများနဲ့ လှိုင်းပြာပင်လယ်အော်နယ်မြေရှိ နှလုံးသားရေကန် ဗီလာသို့ ထွက်လာခဲ့ကြပါသည်။

လင်းဖန် ဂိတ်တံခါးဝကို ရောက်တော့ လုံခြုံရေးအစောင့်များက သူ့ကို ကြိုဆိုနေကြပါသည်။

လင်းဖန် ဘေးကလူတွေကို လုံခြုံရေးအစောင့်များ မြင်သွားကြသောအခါ တံတွေးမျိုချလိုက်မိကြသည်။

ကြယ်ပွင့်တစ်ယောက်ရဲ့ ဘဝက ကောင်းလိုက်တာ…

လင်းဖန်၏ ဘေးပတ်လည်တွင် ဆယ်လီများစွာရှိနေသည်။

အများစုက မိန်းမလှလေးများ ဖြစ်ကြ၏။

ဒီဆယ်လီတွေကို အပြင်မှာတွေ့ဖူးမှ ဘယ်လောက်လှပကြောင်း သိနိုင်ပါလိမ့်မည်။

တစ်ယောက်ချင်းစီတိုင်းက အသက်ရှူမှားလောက်အောင် လှပကြသည်။

စုရှောင်းယွီ၏ ချစ်ဖို့ကောင်းမှု၊ ဖြူစင်မှု။ လင်းခဲ့ရှင်း၏ ပေကျင်းရုပ်ရှင်တက္ကသိုလ်မှ Queen တစ်ယောက်ရဲ့ အလှမျိုး ဖြစ်၏။

ထန်ရှင်းရန်လေး၏ ပုံစံကိုလည်း ပြောဖို့မလိုတော့ပါ။ သူမက အတွေ့အကြုံနည်းပါးသော်လည်း သူမ၏ ပုံပန်းသဏ္ဌာန်များက တခြား အမျိုးသမီး ဆယ်လီတွေအောက် မနိမ့်ပါ။

ရှုယန်ကလည်း အလွန်ချောပါသည်။ လင်းကျင်းကျင်း၏ လက်ကို တွဲလျက် လင်းဖန်၏ အိမ်ကို သူရောက်လာခဲ့သည်။

“မင်္ဂလာနေ့လည်ခင်းပါ ညီလေးဖန်” လုံခြုံံရေးခေါင်းဆောင်ကြီးက ခန္ဓာကိုယ်ကို မတ်လိုက်ပြီး လင်းဖန်ကို ကြည့်လိုက်ပါသည်။

“မင်္ဂလာနေ့လည်ခင်းပါ။။ ဆေးလိပ်သောက်ပါဦး” လင်းဖန်က စီကရက်ဗူး တချို့ကို လှမ်းပေးလိုက်ပါသည်။ ဘာပဲဖြစ်ဖြစ် လင်းဖန်က ဒီလုံခြုံရေးအစောင့်တွေနဲ့ အတော်လေး ရင်းနှီးမှုရှိပါသည်။

“ကျေးဇူးပဲ ညီလေးဖန်” လုံခြုံရေးခေါင်းဆောင်က ပြုံးလျက် စီးကရက်ကို လက်ခံလိုက်ပါသည်။

လင်းဖန်ပေးလိုက်သည့် စီးကရက်များက အကောင်းစားများဖြစ်သည်။ ဒီက လုံခြုံရေးအစောင့်တွေက ငွေတွေအများကြီး ရရင်တောင် ဒီလိုစျေးကြီးကြီး စီးကရက်မျိုး ဝယ်မသောက်နိုင်ကြပေ။

လင်းဖန်က တစ်ခါတစ်လေ ဝိုင်တွေလည်း ပို့ပေးတတ်ပါသေးသည်။ လုံခြုံရေးအစောင့်တွေနဲ့ ရင်းနှီးထားတာ ပိုကောင်းပါသည်။

လုံခြုံရေးအစောင့်တွေရှိနေသဖြင့် လင်းဖန်၏ အိမ်ကို ပရိတ်သတ်တွေ ဝိုင်းနေတာမျိုး မဖြစ်တော့ပါ။ ဒီက လုံခြုံရေးများက အလွန်တော်ပါသည်.

“ခဏနေရင် ဝိုင်နည်းနည်းနဲ့ အိမ်မှာ ကိုယ်တိုင်လုပ်ထားတဲ့ ပေါင်မုန့်တချို့ လာပို့ပေးဦးမယ်” လင်းဖန်က ပြုံးလိုက်သည်။

“ညီလေးဖန် မင်းက သဘောကောင်းလွန်းနေတယ်” လုံခြုံရေးအစောင့်က ငြင်းချင်သဖြင့် အမြန်ပြောလိုက်သည်။

“မဟုတ်တာ မဟုတ်တာ။ ကျွန်တော့်အိမ်မှာ ဝိုင်တွေ အများကြီး ရှိတယ်။ ကျွန်တော် သောက်မကုန်ရင် ဒိတ်လွန်သွားမှာဆိုးလို့။ ပေါင်မုန့်လည်း တူတူပဲ။ ကျွန်တော်က အမြဲလိုလို အလုပ်များနေပြီး အိမ်မှာလည်း လူသိပ်မရှိတော့ အဲ့တာတွေ အကုန်မစားနိုင်ဘူး။ ကျွန်တော်နဲ့ အားနာတာချင်း လာမပြိုင်နဲ့နော်” လင်းဖန်က ပြုံးကာ ပြောလိုက်ပါသည်။

“ကောင်းပါပြီ ညီလေးဖန်။ မင်းလိုတာရှိရင် ငါတို့ကို ခေါ်လိုက်။ အားလုံး အဆင်ပြေအောင် လုပ်ပေးမယ်လို့ အာမခံပါတယ်” လုံခြုံရေး ခေါင်းဆောင်က ပျော်ရွှင်စွာဖြင့် လက်ခံလိုက်ပါသည်။

လှိုင်းပြာပင်လယ်အော်နယ်မြေတွင် သူဌေးများဖြင့် ပြည့်နှက်နေသော်လည်း လင်းဖန်လောက် သဘောကောင်းသူမျိုးနဲ့ ဆုံဖူးတာ လုံခြုံရေး ခေါင်းဆောင်ကြီးအတွက် ပထမဆုံးအကြိမ်ဖြစ်သည်။

လင်းဖန်က ဒီလုံခြုံရေးအစောင့်များကို သနားညှာတာနေတာ မဟုတ်ပါ။ သူတို့နဲ့ ခင်မင်ရင်းနှီးမှုတစ်ခု တည်ဆောက်ဖို့ သင့်တော်သည့် အကြောင်းပြချက်ကိုလည်း ရှာတွေ့ခဲ့ပါသည်။ တကယ်တမ်း တစ်ခုခုဖြစ်လာပါက သူတို့ကို သွားအကြောင်းကြားလို့ ရသည်။

လှိုင်းပြာပင်လယ်အော် အိမ်ရာရှိ လုံခြုံရေးအစောင့် အများစုက စွမ်းရည်မြင့် စစ်မှုထမ်းဟောင်းများ ဖြစ်ကြသည်။

နှလုံးသားရေကန်ဗီလာထဲသို့ ဝင်လိုက်ပြီးနောက် လင်းခဲ့ရှင်း၏ မျက်လုံးလှလှလေးများ အံ့အားသင့်မှုများဖြင့် ပြည့်နှက်သွားရသည်။

သူမ နောက်ဆုံးတစ်ခေါက် ဒီကို လာခဲ့တုန်းက ရှုခင်းကို ခံစားဖို့အတွက် စိတ်မကြည်ခဲ့ပါ။

အခုမှ လင်းဖန်၏ အိမ်က တကယ်တန်ဖိုးကြီးမားမှန်း သတိထားမိလိုက်ပါသည်။

ဒီလိုဗီလာမျိုးမှာ နေရဖို့ သူမတောင် ဘယ်လောက်ကြာကြာ အလုပ်လုပ်ရမယ်မှန်း မသိပါ။

လင်းဖန်နဲ့ ရိုက်ကူးရေးလုပ်နေခဲ့စဥ်တုန်းက တစ်လအတွင်း အလွန်ရေပန်းစားသည့် ဒရမ်မာမျိုးကို သူရိုက်ကူးနိုင်မှန်း သိခဲ့ရသည်။

တခြား ရိုက်ကူးရေးအဖွဲ့သားတွေသာဆို အနုပညာကြေး သန်း ၂၀ လောက်ရဖို့အတွက် လနဲ့ချီပြီး သို့မဟုတ် ၆ လနီးပါးလောက်တောင် ကြာနိုင်သည်။

ထို့ကြောင့် ဒီက အိမ်တစ်လုံး ဝယ်နိုင်ဖို့အတွက် လင်းခဲ့ရှင်းအဖို့ အလွန်ခက်ခဲလွန်းပါသည်။

အဆင့်မြင့်အိမ်ရာများရှိ အိမ်စျေးနှုန်းများက အဆမတန် မြင့်မားလွန်းလှသည်။

ဗီလာကြီးထဲကို ဝင်လိုက်ပြီးနောက် အားလုံးအတွက် မျက်စိကျယ်စရာတွေချည်းသာ။

လင်းဖန်၏ ဗီလာကြီးက အလွန်တန်ဖိုးကြီးမားလွန်းပါသည်။

ဒါက သူဌေးတို့၏ ကမ္ဘာ ဖြစ်သည်။

အထူးသဖြင့် ထန်ရှင်းရန်လေးအတွက် ဖြစ်သည်။ သူမ ဒီလောက်ကြီးမားသည့် အိမ်မျိုး တစ်ခါမှ မမြင်ခဲ့ဖူးပါ။

ဗီလာကြီးထဲကို ဝင်လိုက်ပြီးနောက် တခြားကမ္ဘာတစ်ခု ဖြစ်သွားခဲ့ပါသည်။

ဗီလာထဲတွင် ပန်းနဲ့ သစ်ပင်များစွာ ရှိသည်။

“လင်းဖန် ရှားဝမ်ချွေ့ဘယ်မှာလဲ ငါတို့နဲ့ အတူတူစားဖို့ မလာခိုင်းတော့ဘူးလား” ရှုယန်က မေးလိုက်သည်။

လင်းဖန်က ပြုံးကာ ပြောလိုက်သည်။ “ဝမ်ချွေ့က အလုပ်လုပ်နေတယ်။ သူပြန်လာရမယ့် အချိန်ကို သူသိပါတယ်။ အထူးတလည် အသိပေးဖို့ မလိုပါဘူး”

ဘာပဲဖြစ်ဖြစ် ညစာသက်သက်သာ ဖြစ်ပါသည်။ ညတိုင်း လင်းဖန် ချက်ပြုတ်ကာ ရှားဝမ်ချွေ့နဲ့ အတူတူ စားသောက်ပြီး ရုပ်ရှင်တောင် အတူတူကြည့်နိုင်ပါသည်။

လင်းဖန်နဲ့ ရှားဝမ်ချေ့တို့က စုံတွဲများ ဖြစ်နေကြပြီဖြစ်သည်။ သူတို့ အရမ်းကြီး လွန်လွန်ကြူးကြူး မနေနိုင်သေးသော်လည်း ညစာတော့ အတူတူ စားနိုင်ပါသေးသည်။

ထိုစကားကိုကြားလိုက်သောအခါ ရှုယန်စိတ်ထဲ ထင့်သွား၏။

အဓိပ္ပာယ်မရှိတာ။ ရှားဝမ်ချွေ့က ညစာစားပွဲအကြောင်း အသိမပေးထားဘဲနဲ့ ဘာလို့ နှလုံးသားရေကန်ဗီလာကို လာရမှာလဲ။

ထိုအကြောင်း စဥ်းစားမိသည့်အခါ ရှုယန် ကြက်သေသေသွား၏။

ဖြစ်နိုင်ချေက တစ်ခုသာ ရှိသည်။

အဲ့တာကတော့… လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့ အတူတူနေနေကြတာ ဖြစ်နိုင်ပါသည်။

ဘာကြောင့်မှန်းမသိဘဲ ရှုယန် စိတ်ညစ်သွားရသည်။

အရင်တစ်ခေါက်က လင်းကျင်းကျင်းနဲ့ သူ့ဆက်ဆံရေး တိုးတက်သွားပြီဖြစ်ကြောင်း လင်းဖန်ကို ကြွားဖို့တောင် ကြိုးစားခဲ့သေးသည်။

ဒါဆို လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့က အတူတူနေနေတာ ကြာပြီပေါ့။

ဘာတွေဖြစ်ပျက်ခဲ့သလဲဆိုတာကတော့… သူတို့အတူတူတောင် နေနေကြပြီဖြစ်သဖြင့် မေးမြန်းဖို့ လိုပါဦးမလား။

All Chapters